“အကြက္႐ိုက္ ေရာင္းေနသည့္ တန္ဖိုးနည္းေျမကြက္ကို ဝယ္လိုသူမ်ား သိထားသင့္ေသာ အခ်က္မ်ားႏွင့္ လတ္တေလာ သတင္းမ်ား”(ျပန္လည္မ်ွေ၀ျခင္းျဖစ္ပါသည္။)

အကြက္႐ိုက္ ေရာင္းေနသည့္ တန္ဖိုးနည္းေျမကြက္ကို ဝယ္လိုသူမ်ား သိထားသင့္ေသာ အခ်က္မ်ားႏွင့္ လတ္တေလာ သတင္းမ်ား
အကြက္႐ိုက္ ေရာင္းေနသည့္ တန္ဖိုးနည္းေျမကြက္ကို ဝယ္လိုသူမ်ား သိထားသင့္ေသာ အခ်က္မ်ားႏွင့္ လတ္တေလာ သတင္းမ်ား

“အကြက္႐ိုက္ ေရာင္းေနသည့္ တန္ဖိုးနည္းေျမကြက္ကို ဝယ္လိုသူမ်ား သိထားသင့္ေသာ အခ်က္မ်ားႏွင့္ လတ္တေလာ သတင္းမ်ား”(ျပန္လည္မ်ွေ၀ျခင္းျဖစ္ပါသည္။)

၁။ “အကြက္႐ိုက္ေရာင္းတဲ့ ေျမကို ဝယ္လိုသူမ်ား အထူး သတိျပဳစရာေတြ”

လယ္ေျမေတြကို အကြက္႐ိုက္ၿပီး တခ်ိဳ႕ aရာင္းခ်ေနသည္ကိုေတြ႕ရွိရပါသည္။ ေစ်းအရမ္းေပါတယ္ဆိုၿပီး မိတ္ေဆြမ်ား မ၀ယ္မိေစဖို႔ ေအာက္ပါအခ်က္မ်ားကို ဗဟုသုတ အေနျဖင့္ အလိမ္မခံရေအာင္ တင္ျပေပးလိုက္ပါသည္။

၁။ ပုံစံ ၁၀၅ ဆိုတာ တည္ေနရာ ေဖာ္ျပရန္၊ ေျမအမ်ိဳးအစား ေဖာ္ျပရန္၊ အိမ္ေဆာက္လုပ္ခြင့္ ေလွ်ာက္ထားရာတြင္ တည္ေနရာ ၫြန္းဆိုရန္… ၿမိဳ႕ေျမျဖစ္ပါက ဂရံ ေလွ်ာက္ထားရာတြင္ တည္ေနရာ ၫြန္းဆိုရန္၊ စသည္တို႔အတြက္ ျဖစ္သည္။

ပုံစံ ၁၀၅ ကို ယာ၊ ဥယ်ာဥ္၊ ေတာင္ယာ ၊ လန (၃၉ ) ၊ ၃ (ခ) ၊ ယခု ၃၀ (ခ) အတြက္ ထုတ္ေပးေသာစာ႐ြက္စာတမ္းမ်ားတြင္ေတြ႕ႏိုင္ပါသည္။

၂။ လယ္ေျမျဖစ္ေစ၊ယာေျမျဖစ္ေစ၊သက္ဆိုင္ရာဌာနမွ ပယ္ဖ်က္ျခင္း မျပဳေသးသ၍ စိုက္ပ်ိဳးရန္မွလြဲ၍ အျခားနည္းလမ္းျဖင့္အသုံးျပဳခြင့္ လုံးဝမရွိပါ။

၃။ လယ္ေျမျဖစ္ေစ၊ ယာေျမျဖစ္ေစ အျခားနည္းလမ္းျဖင့္ အသုံးျပဳလိုပါက (ဥပမာ -အိမ္ေဆာက္ရန္၊ ငါးကန္တူးရန္၊ အုတ္စက္တည္ရန္ စသည္ျဖင့္)သီးျခားေလွ်ာက္ထားၿပီးမွ အသုံးျပဳႏိုင္မည္။

၄။ လယ္ယာေျမ ျဖစ္ပါက ယခင္ ဥပေဒ အရ ႏိုင္ငံပိုင္သာျဖစ္ၿပီး ယခု ဥပေဒမ်ားအရ ပိုင္ဆိုင္ခြင့္သာ ရရွိႏိုင္မည္။

၅။ တရားဝင္ အစိုးရ၏ ၿမိဳ႕သစ္ တိုးခ်ဲ႕စီမံကိန္း မွလြဲ၍ လယ္ေျမ၊ ယာေျမကို လူေနအိမ္ေျခ အျဖစ္အကြက္႐ိုက္ေရာင္းခ်ျခင္းသည္ တရားမဝင္ပါ။

မျဖစ္ေသးခင္ေတာ့ ေအးေဆးပါ။ ဥပေဒ ေၾကာင္းအရအတိအက် ေဆာင္႐ြက္လာပါက ဝယ္ယူသူမ်ား မိမိတို႔ရဲ႕ ေခြၽးနည္းစာမ်ားသာဆုံးရႈံး မွာျဖစ္ပါသည္။

အကြက္႐ိုက္ေရာင္းတဲ့ေျမကို ဝယ္လိုသူမ်ားအတြက္ သတိျပဳစရာ သတင္း

၂။ “ၿမိဳ႕စြန္မ်ားတြင္ အကြက္ခ် ေရာင္းေနသည့္ တန္ဖိုးနည္း ေျမကြက္မ်ား သတိထားသင့္ဟုဆို”

ပုံစံ(၁၀၅)က်ၿပီဟုဆိုကာၿမိဳ႕စြန္မ်ားတြင္ အကြက္ခ် ေရာင္း ခ်ေနသည့္ က်ပ္သိန္း ၂၀ ခန္႔ ေပါက္ေစ်းရွိ တန္ဖိုးနည္းေျမ ကြက္မ်ားကို ခိုင္မာမႈမရွိဘဲ မဝယ္ယူသင့္ေၾကာင္း အိမ္ၿခံေျမအက်ိဳး ေဆာင္မ်ားက ေျပာသည္။

ၿမိဳ႕စြန္ဧရိယာမ်ားတြင္ ၿမိဳ႕သစ္စီမံကိန္း ဧရိယာအတြင္း ပါဝင္ႏိုင္မည္ဟု ယူဆၿပီး လိုက္လံဝယ္ယူေနသူမ်ားအား အိမ္ၿခံေျမ အက်ိဳးေဆာင္ မ်ားက သတိေပး ေနျခင္းျဖစ္သည္။

ပုံစံ(၁၀၅) ဆိုသည္မွာ ပိုင္ဆိုင္မႈ အာမခံခ်က္ အတြက္ မဟုတ္ဘဲ တည္ေနရာ၊ေျမအမ်ိဳးအစား၊ဂရန္ေလွ်ာက္ထားရာတြင္ လိုအပ္သည့္ အခ်က္အလက္သာ ျဖစ္ၿပီး ေျမစာရင္းဌာနက ထုတ္ေပးထားသည့္ တစ္ႏွစ္သာ အက်ဳံးဝင္ေသာ ေထာက္ခံခ်က္တစ္ခု ျဖစ္ေၾကာင္း အထက္ပါ လုပ္ငန္းရွင္က ဆိုသည္။

အစိုးရ၏တရားဝင္စီမံကိန္း မလာမခ်င္း ယင္းေနရာမ်ားတြင္ အကြက္႐ိုက္၍ လူေနအိမ္ေျခအျဖစ္ ေရာင္းခ်ျခင္းမွာ တရားမဝင္ေၾကာင္း ၎က ဆိုသည္။

အမ်ားစုမွာ လယ္ေျမမ်ား တြင္ အကြက္ခ်ေရာင္းခ်ေနျခင္းျဖစ္ၿပီး ေဒသခံေျမအေရာင္းအဝယ္သမားမ်ား၊ လယ္သမားမ်ားကအဓိက ေရာင္းခ်ေနၾကကာ

သြားေရာက္ဝယ္ယူမည္ဆိုပါက ကြၽမ္းက်င္သူမ်ားႏွင့္တိုင္ပင္ေဆြးေႏြးသင့္ေၾကာင္းအိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းရွင္မ်ားက ဆိုသည္။

‘‘ဘာမွမျဖစ္ဘူးဆိုၿပီး ဝယ္ရင္ေတာ့ ရတယ္။ ျဖစ္လာလို႔ ဥပေဒအေၾကာင္းအရ ရွင္းရင္ေတာ့ မလြယ္ဘူး’’ ဟု သီရိစံအိမ္ၿခံေျမ အက်ိဳးေဆာင္ လုပ္ငန္းရွင္ဦးျမင့္ေဝက ေျပာသည္။(မိုးညိဳ)

လယ္ယာေျမေပၚတြင္အျခားနည္းအသုံးျပဳသူမ်ားအတြက္ သတိျပဳစရာ သတင္း

၃။ “လယ္ယာေျမေပၚတြင္ ခြင့္ျပဳခ်က္မဲ့ အျခားလုပ္ငန္းလုပ္သူမ်ားထံမွ ဒဏ္ေၾကး က်ပ္သိန္းခုနစ္ေထာင္ေက်ာ္ရရွိဟုဆို”

မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ စိုက္ပ်ိဳးေျမမ်ားေပၚတြင္ စိုက္ပ်ိဳးေရး မေဆာင္႐ြက္သည့္အျပင္ ခြင့္ျပဳခ်က္မရွိဘဲ အျခားနည္းအသုံးျပဳသူ ၂၅၂ဦးထံမွ ဒဏ္ေၾကး က်ပ္သိန္း ခုနစ္ေထာင္ေက်ာ္

လက္ရွိအစိုးရသက္တမ္းအတြင္း ရရွိေၾကာင္းမႏၲေလးတိုင္းေဒသႀကီးလယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

အဆိုပါဒဏ္ေၾကးမ်ားကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕ရန္ပုံေငြအျဖစ္ထားရွိၿပီး လယ္ယာေျမဥပေဒအရ အေရးယူရာတြင္ လုပ္ငန္းရွင္ ၂၅၂ ဦးထံမွ ဧက ၆၂၉ ေက်ာ္အတြက္ ဒဏ္ေၾကး က်ပ္သိန္းခုနစ္ေထာင္ေက်ာ္ရရွိျခင္းျဖစ္ေၾကာင္း ၄င္းက ဆိုသည္။

လယ္ယာေျမမ်ားေပၚတြင္ အေဆာက္အဦေဆာက္ျခင္း၊ လမ္းေဖာက္ထားျခင္းႏွင့္ အျခားလုပ္ငန္းမ်ား လုပ္ကိုင္ေနမႈမ်ားကို သက္ဆိုင္ရာၿမိဳ႕နယ္ လယ္ယာေျမ စီမံခန္႔ခြဲေရးအဖြဲ႕က စိစစ္ခ်က္အရ အေရးယူထားျခင္းျဖစ္ေၾကာင္း ၄င္းကရွင္းျပသည္။

လယ္ယာေျမ မ်ားေပၚတြင္ အျခားလုပ္ငန္း လုပ္ကိုင္လိုပါက အသုံးျပဳခြင့္ေလွ်ာက္ထားရန္ လိုအပ္ၿပီး ယာေျမျဖစ္ပါက တိုင္းေဒသႀကီး အစိုးရက ခြင့္ျပဳခ်က္ေပးႏိုင္ၿပီးလယ္ေျမျဖစ္ပါက လယ္ယာေျမေလွ်ာက္ထားရေၾကာင္း အဆိုပါဌာနထံမွသိရသည္။

လယ္ ယာေျမမ်ားေပၚတြင္ ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္ေနသူမ်ားအေနႏွင့္ ဥပေဒႏွင့္အညီ ဒဏ္ေၾကး တစ္ဧကလွ်င္ ဒဏ္ေငြက်ပ္ ၁ဝသိန္းေပးေဆာင္ကာ

လယ္ယာေျမ အျခားနည္း အသုံးျပဳခြင့္ခ်ထားေပးမႈရွိေသာ္လည္း ၾကန္႔ၾကာမႈမ်ား ရွိေနေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ေမြးျမဴေရးလုပ္ငန္းရွင္မ်ားက ဆိုသည္။

လယ္ ယာေျမမ်ားေပၚတြင္ လူေနရန္အတြက္ အကြက္႐ိုက္ေရာင္းခ်ေနမႈမ်ား ရွိေနသည့္အျပင္ မႏၲေလးၿမိဳ႕အနီးတစ္ဝိုက္ရွိ လယ္ယာေျမမ်ားေပၚတြင္ ေနအိမ္မ်ား

ေဆာက္လုပ္ကာေက်း႐ြာမ်ားခ်ဲ႕ထြင္လာသျဖင့္ စိုက္ပ်ိဳးေျမမ်ား ဆုံးရႈံးလ်က္ရွိေၾကာင္း မႏၲေလးၿမိဳ႕အေျခစိုက္ အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားက ေျပာၾကားသည္။

လယ္ယာေျမမ်ားေပၚတြင္အျခားနည္းအသုံးျပဳခြင့္ ေလွ်ာက္ထားရာတြင္စက္သုံးဆီအေရာင္းဆိုင္မ်ား၊ ဟိုတယ္မ်ားေဆာင္႐ြက္ရန္ေလွ်ာက္ထားမႈရွိေၾကာင္းမႏၲေလးတိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနထံမွ သိရသည္။

credit:property journal / 7day daily & The Voice Weekly

“အိမ္ၿခံေျမ လမ္းဆုံ page မွ ကူးယူေဖာ္ျပပါသည္။

Unicode

“အကွက်ရိုက် ရောင်းနေသည့် တန်ဖိုးနည်းမြေကွက်ကို ဝယ်လိုသူများ သိထားသင့်သော အချက်များနှင့် လတ်တလော သတင်းများ”(ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)

၁။ “အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာတွေ”

လယ်မြေတွေကို အကွက်ရိုက်ပြီး တချို့ aရာင်းချနေသည်ကိုတွေ့ရှိရပါသည်။ ဈေးအရမ်းပေါတယ်ဆိုပြီး မိတ်ဆွေများ မဝယ်မိစေဖို့ အောက်ပါအချက်များကို ဗဟုသုတ အနေဖြင့် အလိမ်မခံရအောင် တင်ပြပေးလိုက်ပါသည်။

၁။ ပုံစံ ၁၀၅ ဆိုတာ တည်နေရာ ဖော်ပြရန်၊ မြေအမျိုးအစား ဖော်ပြရန်၊ အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်… မြို့မြေဖြစ်ပါက ဂရံ လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊ စသည်တို့အတွက် ဖြစ်သည်။

ပုံစံ ၁၀၅ ကို ယာ၊ ဥယျာဉ်၊ တောင်ယာ ၊ လန (၃၉ ) ၊ ၃ (ခ) ၊ ယခု ၃၀ (ခ) အတွက် ထုတ်ပေးသောစာရွက်စာတမ်းများတွင်တွေ့နိုင်ပါသည်။

၂။ လယ်မြေဖြစ်စေ၊ယာမြေဖြစ်စေ၊သက်ဆိုင်ရာဌာနမှ ပယ်ဖျက်ခြင်း မပြုသေးသ၍ စိုက်ပျိုးရန်မှလွဲ၍ အခြားနည်းလမ်းဖြင့်အသုံးပြုခွင့် လုံးဝမရှိပါ။

၃။ လယ်မြေဖြစ်စေ၊ ယာမြေဖြစ်စေ အခြားနည်းလမ်းဖြင့် အသုံးပြုလိုပါက (ဥပမာ -အိမ်ဆောက်ရန်၊ ငါးကန်တူးရန်၊ အုတ်စက်တည်ရန် စသည်ဖြင့်)သီးခြားလျှောက်ထားပြီးမှ အသုံးပြုနိုင်မည်။

၄။ လယ်ယာမြေ ဖြစ်ပါက ယခင် ဥပဒေ အရ နိုင်ငံပိုင်သာဖြစ်ပြီး ယခု ဥပဒေများအရ ပိုင်ဆိုင်ခွင့်သာ ရရှိနိုင်မည်။

၅။ တရားဝင် အစိုးရ၏ မြို့သစ် တိုးချဲ့စီမံကိန်း မှလွဲ၍ လယ်မြေ၊ ယာမြေကို လူနေအိမ်ခြေ အဖြစ်အကွက်ရိုက်ရောင်းချခြင်းသည် တရားမဝင်ပါ။

မဖြစ်သေးခင်တော့ အေးဆေးပါ။ ဥပဒေ ကြောင်းအရအတိအကျ ဆောင်ရွက်လာပါက ဝယ်ယူသူများ မိမိတို့ရဲ့ ချွေးနည်းစာများသာဆုံးရှုံး မှာဖြစ်ပါသည်။

အကွက်ရိုက်ရောင်းတဲ့မြေကို ဝယ်လိုသူများအတွက် သတိပြုစရာ သတင်း

၂။ “မြို့စွန်များတွင် အကွက်ချ ရောင်းနေသည့် တန်ဖိုးနည်း မြေကွက်များ သတိထားသင့်ဟုဆို”

ပုံစံ(၁၀၅)ကျပြီဟုဆိုကာမြို့စွန်များတွင် အကွက်ချ ရောင်း ချနေသည့် ကျပ်သိန်း ၂၀ ခန့် ပေါက်ဈေးရှိ တန်ဖိုးနည်းမြေ ကွက်များကို ခိုင်မာမှုမရှိဘဲ မဝယ်ယူသင့်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

မြို့စွန်ဧရိယာများတွင် မြို့သစ်စီမံကိန်း ဧရိယာအတွင်း ပါဝင်နိုင်မည်ဟု ယူဆပြီး လိုက်လံဝယ်ယူနေသူများအား အိမ်ခြံမြေ အကျိုးဆောင် များက သတိပေး နေခြင်းဖြစ်သည်။

ပုံစံ(၁၀၅) ဆိုသည်မှာ ပိုင်ဆိုင်မှု အာမခံချက် အတွက် မဟုတ်ဘဲ တည်နေရာ၊မြေအမျိုးအစား၊ဂရန်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်သာ ဖြစ်ပြီး မြေစာရင်းဌာနက ထုတ်ပေးထားသည့် တစ်နှစ်သာ အကျုံးဝင်သော ထောက်ခံချက်တစ်ခု ဖြစ်ကြောင်း အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။

အစိုးရ၏တရားဝင်စီမံကိန်း မလာမချင်း ယင်းနေရာများတွင် အကွက်ရိုက်၍ လူနေအိမ်ခြေအဖြစ် ရောင်းချခြင်းမှာ တရားမဝင်ကြောင်း ၎င်းက ဆိုသည်။

အများစုမှာ လယ်မြေများ တွင် အကွက်ချရောင်းချနေခြင်းဖြစ်ပြီး ဒေသခံမြေအရောင်းအဝယ်သမားများ၊ လယ်သမားများကအဓိက ရောင်းချနေကြကာ

သွားရောက်ဝယ်ယူမည်ဆိုပါက ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေးသင့်ကြောင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များက ဆိုသည်။

‘‘ဘာမှမဖြစ်ဘူးဆိုပြီး ဝယ်ရင်တော့ ရတယ်။ ဖြစ်လာလို့ ဥပဒေအကြောင်းအရ ရှင်းရင်တော့ မလွယ်ဘူး’’ ဟု သီရိစံအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်ဦးမြင့်ဝေက ပြောသည်။(မိုးညို)

လယ်ယာမြေပေါ်တွင်အခြားနည်းအသုံးပြုသူများအတွက် သတိပြုစရာ သတင်း

၃။ “လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မဲ့ အခြားလုပ်ငန်းလုပ်သူများထံမှ ဒဏ်ကြေး ကျပ်သိန်းခုနစ်ထောင်ကျော်ရရှိဟုဆို”

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေများပေါ်တွင် စိုက်ပျိုးရေး မဆောင်ရွက်သည့်အပြင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုသူ ၂၅၂ဦးထံမှ ဒဏ်ကြေး ကျပ်သိန်း ခုနစ်ထောင်ကျော်

လက်ရှိအစိုးရသက်တမ်းအတွင်း ရရှိကြောင်းမန္တလေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဒဏ်ကြေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေအဖြစ်ထားရှိပြီး လယ်ယာမြေဥပဒေအရ အရေးယူရာတွင် လုပ်ငန်းရှင် ၂၅၂ ဦးထံမှ ဧက ၆၂၉ ကျော်အတွက် ဒဏ်ကြေး ကျပ်သိန်းခုနစ်ထောင်ကျော်ရရှိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လယ်ယာမြေများပေါ်တွင် အဆောက်အဦဆောက်ခြင်း၊ လမ်းဖောက်ထားခြင်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေမှုများကို သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က စိစစ်ချက်အရ အရေးယူထားခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

လယ်ယာမြေ များပေါ်တွင် အခြားလုပ်ငန်း လုပ်ကိုင်လိုပါက အသုံးပြုခွင့်လျှောက်ထားရန် လိုအပ်ပြီး ယာမြေဖြစ်ပါက တိုင်းဒေသကြီး အစိုးရက ခွင့်ပြုချက်ပေးနိုင်ပြီးလယ်မြေဖြစ်ပါက လယ်ယာမြေလျှောက်ထားရကြောင်း အဆိုပါဌာနထံမှသိရသည်။

လယ် ယာမြေများပေါ်တွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေနှင့် ဥပဒေနှင့်အညီ ဒဏ်ကြေး တစ်ဧကလျှင် ဒဏ်ငွေကျပ် ၁ဝသိန်းပေးဆောင်ကာ

လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်ချထားပေးမှုရှိသော်လည်း ကြန့်ကြာမှုများ ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များက ဆိုသည်။

လယ် ယာမြေများပေါ်တွင် လူနေရန်အတွက် အကွက်ရိုက်ရောင်းချနေမှုများ ရှိနေသည့်အပြင် မန္တလေးမြို့အနီးတစ်ဝိုက်ရှိ လယ်ယာမြေများပေါ်တွင် နေအိမ်များ

ဆောက်လုပ်ကာကျေးရွာများချဲ့ထွင်လာသဖြင့် စိုက်ပျိုးမြေများ ဆုံးရှုံးလျက်ရှိကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။

လယ်ယာမြေများပေါ်တွင်အခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင်စက်သုံးဆီအရောင်းဆိုင်များ၊ ဟိုတယ်များဆောင်ရွက်ရန်လျှောက်ထားမှုရှိကြောင်းမန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။

credit:property journal / 7day daily & The Voice Weekly

“အိမ်ခြံမြေ လမ်းဆုံ page မှ ကူးယူဖော်ပြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*