” တစ္ခြန္းတည္းေသာ ဆုံးမစကား”
ဧကရာဇ္မင္းတစ္ပါးဟာ သူ႔ထံမွာ ရွိရွိသမၽွ ပညာရွိတို့ကို ေခၚယူၿပီး ေမးတယ္။ “ကိစၥတိုင္း၊ အေျခအေနတိုင္း၊ ေနရာတိုင္း၊ အခ်ိန္တိုင္း မွာ ျဖစ္နိုင္တဲ့ ေပ်ာ္ရႊင္မွုတိုင္း၊ ဝမ္းနည္းမွုတိုင္း၊ က်ရွုံးမွုတိုင္း၊ ေအာင္ျမင္မွုတိုင္း အတြက္ အသင့္ေတာ္ဆုံး တစ္ခြန္းထဲေသာ ဆုံးမစကား ရွိသလား။”
ပညာရွိတို့ အားလုံးအက်ပ္ရိုက္သြားစဥ္မွာ ပညာရွိတစ္ေယာက္ရဲ့ အနားက ပညာေတာ္သင္ လူငယ္ တစ္ေယာက္က စာတစ္အိတ္ကို ဘုရင္ႀကီးကို ေထာင္ျပလို့ ေျပာတယ္။
“ဒီအႀကံျပဳစာက ကၽြန္ေတာ့္အေဖ မေသခင္ေပးသြားခဲ့တဲ့ စာပါ။ ကိစၥတိုင္း၊ အေျခအေနတိုင္း၊ ေနရာ တိုင္း၊ အခ်ိန္တိုင္း မွာ ေတြ႕ၾကဳံလာတဲ့ အခက္အခဲတိုင္းမွာ ဒီစာဟာ လမ္းညႊန္မွု ေပးနိုင္ပါတယ္။
ဒါ့အျပင္ ေအာင္ျမင္မွုတိုင္းကိုလည္း ဒီစာဟာ သုံးသပ္တတ္ပါတယ္။ ေျပာရမယ္ဆိုရင္ မင္းႀကီး အတြက္ အသင့္ေတာ္ဆုံး အေျဖဟာ ဒီအထဲမွာ ေခါက္လ်က္သားကေလး ရွိေနပါတယ္ မင္းႀကီး။
တစ္ခုပဲရွိပါတယ္။ မင္းႀကီး အခက္ခဲဆုံးအခ်ိန္ေရာက္မွသာ ထုတ္ဖတ္ရပါ့မယ္။ အေမာ္ႂကြားနိုင္ဆုံး အခ်ိန္ေတြမွာ သုံးသပ္ခိုင္း ရပါ့မယ္။”
ဒါနဲ႔ ဧကရာဇ္မင္းႀကီးက ယူသိမ္း ထားလိုက္ၿပီးေတာ့ ေမ့ေမ့ေပ်ာက္ေပ်ာက္ ထားလိုက္တယ္။ မၾကာမီ ကာလ တစ္ခုမွာ အိမ္နီးခ်င္းနိုင္ငံေတြရဲ့ က်ဴးေက်ာ္တိုက္ခိုက္ျခင္းကို ခံရတယ္။ တိုင္းျပည္ ကိုစြန္႔ေျပး လို့ နီးစပ္ရာ ေတာကို က်န္သေလာက္စစ္ အင္အား နဲ႔ ခိုဝင္ ပုန္းေန ရတဲ့အထိပဲ။
တစ္ညမွာေတာ့ စိတ္ပ်က္ လက္ပ်က္နဲ႔ စမ္းေခ်ာင္းေလးေဘးမွာ ထိုင္ေနတဲ့ ဧကရာဇ္မင္းႀကီး ဟာ လူငယ္ေလး ေပးတဲ့ စာကို အမွတ္မထင္ သတိရ သြားခဲ့တယ္။ ဒါနဲ႔ ထုတ္ဖတ္ၾကည့္တဲ့ အခါမွာ ဘာေရးထားသလဲဆိုေတာ့ …
"သိပ္ႀကီးက်ယ္ခမ္းနားတဲ့ ကိစၥမဟုတ္ပါဘူး။ ဒါလည္း တစ္ခ်ိန္မွာ ၿပီးသြားမွာပါပဲ"
ဧကရာဇ္မင္းႀကီးဟာ မရွင္းလို့ ထပ္ဖတ္ရင္း ထပ္ဖတ္ရင္းနဲ႔ ႐ုတ္တရက္ အသိတစ္ခ်က္ လင္းကနဲ ဝင္လာခဲ့တယ္။
“ဟုတ္သားပဲ! ငါ ငယ္စဥ္တုန္းက ဖခင္ရဲ့ ျမႇားတံနဲ႔ ယူေဆာ့ ကစားမိလို့ ႀကိမ္းေမာင္း ခံရမွာကို ေသေလာက္ေအာင္ ေၾကာက္လန္႔ အားငယ္ ခဲ့ဖူးတယ္။ တကယ္လဲ ဖခင္ သိတဲ့အခါ ႀကိမ္းေမာင္းခံ ရတယ္။
ႀကိမ္းေမာင္း ခံရၿပီး သြားတဲ့အခါ ငါ့မွာ ဘာအပူအပင္မွ မရွိေတာ့။ အခု ကိစၥဟာလည္း ဒီလို အားငယ္ ေၾကာက္လန္႔ေနခ်ိန္လိုပဲ။ သိပ္ႀကီးက်ယ္ခမ္းနားတဲ့ ကိစၥ မဟုတ္။ တစ္ခ်ိန္မွာ ၿပီးသြား မွာပါပဲ။”
ဒီလို စဥ္းစားမိလိုက္တဲ့ အခါမွာေတာ့ ဧကရာဇ္မင္းႀကီးဆီမွာ ဘာအပူအပင္မွ မရွိေတာ့ဘူး။ မ်က္ႏွာဟာ တည္ၿငိမ္လာတယ္။ စမ္းေခ်ာင္းေလးေဘးမွာ ႐ုတ္တရက္ဝင္လာတဲ့ အားေတြနဲ႔ သူမတ္တပ္ ထရပ္လိုက္တယ္။
ၿပီးတာနဲ႔ ရွိသမၽွ ေသနာပတိေတြကို ေခၚတယ္။ အေကာင္းဆုံး ဗ်ဴဟာေတြကို ဝိုင္းဖြဲ႕ ေဆြးေႏြး ၾကတယ္။ စိတ္ဓာတ္က်ေနသူေတြကို ဧကရာဇ္မင္းႀကီး ကိုယ္တိုင္ အားေပးစကားဆိုတယ္။ တစ္ဖြဲ႕လုံး ဟာ စိတ္ဓာတ္ေတြ ျပန္လည္ တက္ႂကြ လာခဲ့တယ္။
ေနာက္ဆုံးမွာ ေသခ်ာ အကြက္ခ် စီမံလို့ တိုင္းျပည္ ကို ျပန္လည္ ထိုးေဖာက္ဝင္ေရာက္ၿပီး ရန္သူေတြကို အနိုင္ တိုက္ထုတ္လိုက္ နိုင္ခဲ့ တယ္။
စစ္ပြဲ အနိုင္ရတဲ့ ညမွာ ဧကရာဇ္ မင္းႀကီးဟာ တိုင္းသူ ျပည္သားေတြနဲ႔ ေပ်ာ္ပြဲရႊင္ပြဲႀကီး ခမ္းနားစြာ က်င္းပတယ္။ ပန္းေတြ အဆင္အယင္ေတြနဲ႔ လွပၿပီးေတာ့ စားပြဲေသာက္ပြဲေတြနဲ႔ တတိုင္းျပည္လုံး ေပ်ာ္ရႊင္ျမဴးတူးေနခ်ိန္ ဧကရာဇ္ မင္းႀကီးဟာ ပညာေတာ္သင္ လူငယ္ရဲ့ စကားသံကို ျပန္လည္ ၾကားေယာင္မိလာတယ္။
((ေအာင္ျမင္မွုတိုင္းကိုလည္း ဒီစာဟာ သုံးသပ္တတ္ပါတယ္ မင္းႀကီး…။))
ဒါနဲ႔ပဲ အခုလို ေအာင္ျမင္ရဆုံးအခ်ိန္မွာ ဖတ္သင့္တဲ့စာ လို့ ယူဆၿပီး စာကို ေနာက္တစ္ခါ ထုတ္ဖတ္ ျပန္တယ္။
“သိပ္ႀကီးက်ယ္ခမ္းနားတဲ့ ကိစၥမဟုတ္ပါဘူး။ ဒါလည္း တစ္ခ်ိန္မွာ ၿပီးသြားမွာပါပဲ။”
ဒုတိယအႀကိမ္ သူ႔ေခါင္းထဲ အသိတစ္ခ်က္ လင္းခနဲ လက္ခနဲ ထပ္ဝင္လာျပန္တယ္။
“အင္း ဟုတ္သားပဲ။ ရန္သူေတြ ဝင္ေရာက္တိုက္ခိုက္ျခင္း မျပဳမီတုန္းက ဒီလိုမ်ိဳး ခမ္းနားမွုဟာ ငါ့ဆီမွာ ရွိေနခဲ့တာပဲ။
ဒါေပမယ့္ ဝင္ေရာက္တိုက္ခိုက္ျခင္း ခံရတဲ့ အခါမွာ ဘာက်န္ေတာ့လို့လဲ။ ဒီစာေၾကာင့္ သာ မဟုတ္ရင္ အခုေလာက္ထိ ေတာထဲမွာ စိတ္ပ်က္လက္ပ်က္ ဆက္ ထိုင္ေနမိမွာ မဟုတ္လား။
ေအာင္နိုင္ျခင္းေတြ စည္းစိမ္ေတြ အားလုံးဟာလည္း တကယ္ကို သိပ္ႀကီးက်ယ္ ခမ္းနားတဲ့ ကိစၥ မဟုတ္ဘူး။ တစ္ခ်ိန္မွာ ၿပီးသြား မွာပါပဲ။”
ဧကရာဇ္မင္းႀကီးဟာ ႐ုတ္တရက္ ေပ်ာ္ရႊင္ေနရာက တိတ္ဆိတ္သြားျပန္တယ္။ ေစာေစာေလးက တရိပ္ရိပ္ တက္ေနတဲ့ ငါကြ ဆိုတဲ့ မာန္ေလးဟာလဲ ဘာမွ အစရွာမရေအာင္ က်ိဳးေၾက ပ်က္ဆီး သြားခဲ့တယ္။
ပုံျပင္မွ ေပးလိုေသာ အသိတရား
ဘဝဆိုတာ စကားလုံး၂ လုံးထဲနဲ႔ ဖြဲ႕ထားတဲ့အတိုင္း တိုေတာင္းလြန္းလွပါတယ္။ေပ်ာ္ရႊင္မွုေတြ ဟာလည္း တစ္ခ်ိန္မွာ ” ၿပီးသြားမွာပါပဲ”
ဝမ္းနည္းမွုေတြ သည္လည္း တစ္ခ်ိန္မွာ “ၿပီးသြားမွာပါပဲ ”
ဆုံးရွုံးမွုေတြဟာလည္း တစ္ခ်ိန္မွာ” ၿပီးသြားမွာ ျဖစ္သလို ”
ေအာင္ျမင္မွုေတြသည္လည္း တစ္ခ်ိန္မွာ” ၿပီးသြားမွာပါပဲ ”
ကိုယ္ လုပ္စရာရွိတာကို လုပ္ ကိုယ္ ျဖစ္ခ်င္တာကို ရသေလာက္ လုပ္သြား မွသာ တန္ဖိုးရွိေသာ ဘဝ အျဖစ္ ကၽြန္ေတာ္တို့ ေနထိုင္ သြားနိုင္မွာ ျဖစ္ပါတယ္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။
Unicode
” တစ်ခွန်းတည်းသော ဆုံးမစကား”
ဧကရာဇ်မင်းတစ်ပါးဟာ သူ့ထံမှာ ရှိရှိသမျှ ပညာရှိတို့ကို ခေါ်ယူပြီး မေးတယ်။ “ကိစ္စတိုင်း၊ အခြေအနေတိုင်း၊ နေရာတိုင်း၊ အချိန်တိုင်း မှာ ဖြစ်နိုင်တဲ့ ပျော်ရွှင်မှုတိုင်း၊ ဝမ်းနည်းမှုတိုင်း၊ ကျရှုံးမှုတိုင်း၊ အောင်မြင်မှုတိုင်း အတွက် အသင့်တော်ဆုံး တစ်ခွန်းထဲသော ဆုံးမစကား ရှိသလား။”
ပညာရှိတို့ အားလုံးအကျပ်ရိုက်သွားစဉ်မှာ ပညာရှိတစ်ယောက်ရဲ့ အနားက ပညာတော်သင် လူငယ် တစ်ယောက်က စာတစ်အိတ်ကို ဘုရင်ကြီးကို ထောင်ပြလို့ ပြောတယ်။
“ဒီအကြံပြုစာက ကျွန်တော့်အဖေ မသေခင်ပေးသွားခဲ့တဲ့ စာပါ။ ကိစ္စတိုင်း၊ အခြေအနေတိုင်း၊ နေရာ တိုင်း၊ အချိန်တိုင်း မှာ တွေ့ကြုံလာတဲ့ အခက်အခဲတိုင်းမှာ ဒီစာဟာ လမ်းညွှန်မှု ပေးနိုင်ပါတယ်။
ဒါ့အပြင် အောင်မြင်မှုတိုင်းကိုလည်း ဒီစာဟာ သုံးသပ်တတ်ပါတယ်။ ပြောရမယ်ဆိုရင် မင်းကြီး အတွက် အသင့်တော်ဆုံး အဖြေဟာ ဒီအထဲမှာ ခေါက်လျက်သားကလေး ရှိနေပါတယ် မင်းကြီး။
တစ်ခုပဲရှိပါတယ်။ မင်းကြီး အခက်ခဲဆုံးအချိန်ရောက်မှသာ ထုတ်ဖတ်ရပါ့မယ်။ အမော်ကြွားနိုင်ဆုံး အချိန်တွေမှာ သုံးသပ်ခိုင်း ရပါ့မယ်။”
ဒါနဲ့ ဧကရာဇ်မင်းကြီးက ယူသိမ်း ထားလိုက်ပြီးတော့ မေ့မေ့ပျောက်ပျောက် ထားလိုက်တယ်။ မကြာမီ ကာလ တစ်ခုမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းကို ခံရတယ်။ တိုင်းပြည် ကိုစွန့်ပြေး လို့ နီးစပ်ရာ တောကို ကျန်သလောက်စစ် အင်အား နဲ့ ခိုဝင် ပုန်းနေ ရတဲ့အထိပဲ။
တစ်ညမှာတော့ စိတ်ပျက် လက်ပျက်နဲ့ စမ်းချောင်းလေးဘေးမှာ ထိုင်နေတဲ့ ဧကရာဇ်မင်းကြီး ဟာ လူငယ်လေး ပေးတဲ့ စာကို အမှတ်မထင် သတိရ သွားခဲ့တယ်။ ဒါနဲ့ ထုတ်ဖတ်ကြည့်တဲ့ အခါမှာ ဘာရေးထားသလဲဆိုတော့ …
“သိပ်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါလည်း တစ်ချိန်မှာ ပြီးသွားမှာပါပဲ”
ဧကရာဇ်မင်းကြီးဟာ မရှင်းလို့ ထပ်ဖတ်ရင်း ထပ်ဖတ်ရင်းနဲ့ ရုတ်တရက် အသိတစ်ချက် လင်းကနဲ ဝင်လာခဲ့တယ်။
“ဟုတ်သားပဲ! ငါ ငယ်စဉ်တုန်းက ဖခင်ရဲ့ မြှားတံနဲ့ ယူဆော့ ကစားမိလို့ ကြိမ်းမောင်း ခံရမှာကို သေလောက်အောင် ကြောက်လန့် အားငယ် ခဲ့ဖူးတယ်။ တကယ်လဲ ဖခင် သိတဲ့အခါ ကြိမ်းမောင်းခံ ရတယ်။
ကြိမ်းမောင်း ခံရပြီး သွားတဲ့အခါ ငါ့မှာ ဘာအပူအပင်မှ မရှိတော့။ အခု ကိစ္စဟာလည်း ဒီလို အားငယ် ကြောက်လန့်နေချိန်လိုပဲ။ သိပ်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စ မဟုတ်။ တစ်ချိန်မှာ ပြီးသွား မှာပါပဲ။”
ဒီလို စဉ်းစားမိလိုက်တဲ့ အခါမှာတော့ ဧကရာဇ်မင်းကြီးဆီမှာ ဘာအပူအပင်မှ မရှိတော့ဘူး။ မျက်နှာဟာ တည်ငြိမ်လာတယ်။ စမ်းချောင်းလေးဘေးမှာ ရုတ်တရက်ဝင်လာတဲ့ အားတွေနဲ့ သူမတ်တပ် ထရပ်လိုက်တယ်။
ပြီးတာနဲ့ ရှိသမျှ သေနာပတိတွေကို ခေါ်တယ်။ အကောင်းဆုံး ဗျူဟာတွေကို ဝိုင်းဖွဲ့ ဆွေးနွေး ကြတယ်။ စိတ်ဓာတ်ကျနေသူတွေကို ဧကရာဇ်မင်းကြီး ကိုယ်တိုင် အားပေးစကားဆိုတယ်။ တစ်ဖွဲ့လုံး ဟာ စိတ်ဓာတ်တွေ ပြန်လည် တက်ကြွ လာခဲ့တယ်။
နောက်ဆုံးမှာ သေချာ အကွက်ချ စီမံလို့ တိုင်းပြည် ကို ပြန်လည် ထိုးဖောက်ဝင်ရောက်ပြီး ရန်သူတွေကို အနိုင် တိုက်ထုတ်လိုက် နိုင်ခဲ့ တယ်။
စစ်ပွဲ အနိုင်ရတဲ့ ညမှာ ဧကရာဇ် မင်းကြီးဟာ တိုင်းသူ ပြည်သားတွေနဲ့ ပျော်ပွဲရွှင်ပွဲကြီး ခမ်းနားစွာ ကျင်းပတယ်။ ပန်းတွေ အဆင်အယင်တွေနဲ့ လှပပြီးတော့ စားပွဲသောက်ပွဲတွေနဲ့ တတိုင်းပြည်လုံး ပျော်ရွှင်မြူးတူးနေချိန် ဧကရာဇ် မင်းကြီးဟာ ပညာတော်သင် လူငယ်ရဲ့ စကားသံကို ပြန်လည် ကြားယောင်မိလာတယ်။
((အောင်မြင်မှုတိုင်းကိုလည်း ဒီစာဟာ သုံးသပ်တတ်ပါတယ် မင်းကြီး…။))
ဒါနဲ့ပဲ အခုလို အောင်မြင်ရဆုံးအချိန်မှာ ဖတ်သင့်တဲ့စာ လို့ ယူဆပြီး စာကို နောက်တစ်ခါ ထုတ်ဖတ် ပြန်တယ်။
“သိပ်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါလည်း တစ်ချိန်မှာ ပြီးသွားမှာပါပဲ။”
ဒုတိယအကြိမ် သူ့ခေါင်းထဲ အသိတစ်ချက် လင်းခနဲ လက်ခနဲ ထပ်ဝင်လာပြန်တယ်။
“အင်း ဟုတ်သားပဲ။ ရန်သူတွေ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုမီတုန်းက ဒီလိုမျိုး ခမ်းနားမှုဟာ ငါ့ဆီမှာ ရှိနေခဲ့တာပဲ။
ဒါပေမယ့် ဝင်ရောက်တိုက်ခိုက်ခြင်း ခံရတဲ့ အခါမှာ ဘာကျန်တော့လို့လဲ။ ဒီစာကြောင့် သာ မဟုတ်ရင် အခုလောက်ထိ တောထဲမှာ စိတ်ပျက်လက်ပျက် ဆက် ထိုင်နေမိမှာ မဟုတ်လား။
အောင်နိုင်ခြင်းတွေ စည်းစိမ်တွေ အားလုံးဟာလည်း တကယ်ကို သိပ်ကြီးကျယ် ခမ်းနားတဲ့ ကိစ္စ မဟုတ်ဘူး။ တစ်ချိန်မှာ ပြီးသွား မှာပါပဲ။”
ဧကရာဇ်မင်းကြီးဟာ ရုတ်တရက် ပျော်ရွှင်နေရာက တိတ်ဆိတ်သွားပြန်တယ်။ စောစောလေးက တရိပ်ရိပ် တက်နေတဲ့ ငါကွ ဆိုတဲ့ မာန်လေးဟာလဲ ဘာမှ အစရှာမရအောင် ကျိုးကြေ ပျက်ဆီး သွားခဲ့တယ်။
ပုံပြင်မှ ပေးလိုသော အသိတရား
ဘဝဆိုတာ စကားလုံး၂ လုံးထဲနဲ့ ဖွဲ့ထားတဲ့အတိုင်း တိုတောင်းလွန်းလှပါတယ်။ပျော်ရွှင်မှုတွေ ဟာလည်း တစ်ချိန်မှာ ” ပြီးသွားမှာပါပဲ”
ဝမ်းနည်းမှုတွေ သည်လည်း တစ်ချိန်မှာ “ပြီးသွားမှာပါပဲ ”
ဆုံးရှုံးမှုတွေဟာလည်း တစ်ချိန်မှာ” ပြီးသွားမှာ ဖြစ်သလို ”
အောင်မြင်မှုတွေသည်လည်း တစ်ချိန်မှာ” ပြီးသွားမှာပါပဲ ”
ကိုယ် လုပ်စရာရှိတာကို လုပ် ကိုယ် ဖြစ်ချင်တာကို ရသလောက် လုပ်သွား မှသာ တန်ဖိုးရှိသော ဘဝ အဖြစ် ကျွန်တော်တို့ နေထိုင် သွားနိုင်မှာ ဖြစ်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
Leave a Reply