မိုးသီး ေၾကြတတ္တဲ့အခ်ိန္ႏွင့္ မိုးသီး ေၾကြရျခင္း အေၾကာင္းရင္း

မိုးသီး ေၾကြတတ္တဲ့အခ်ိန္ႏွင့္ မိုးသီး ေၾကြရျခင္း အေၾကာင္းရင္း
မိုးသီး ေၾကြတတ္တဲ့အခ်ိန္ႏွင့္ မိုးသီး ေၾကြရျခင္း အေၾကာင္းရင္း

မိုးသီး ေၾကြတတ္တဲ့အခ်ိန္ႏွင့္ မိုးသီး ေၾကြရျခင္း အေၾကာင္းရင္း

မိုးသီး (Hail) မ်ားဟာ မိုးတိမ္ေတာင္မ်ားမွ အမ်ားဆုံးေႂကြက် တတ္ၾက ပါတယ္။ မိုးတိမ္ေတာင္ ဆိုတာ အခုလိုေႏြဦးကာလမ်ိဳးမွာ အပူခ်ိန္ ျမင့္မားျခင္းေၾကာင့္ ျဖစ္ေပၚလာရတဲ့ တိမ္တိုက္ႀကီးေတြ ျဖစ္ပါတယ္။

အဂၤလိပ္လို Thunderstorms လို႕ ေခၚပါတယ္။ ေလပူ လေအးေတြ အထက္ေအာက္ စုန္ ဆန္ တိုက္ခတ္ေနတဲ့ တိမ္တိုက္ႀကီး တစ္ခုပါပဲ.. ။အပူဟာ ေလနဲ႔ ေရ ကို ပြေစၿပီး အထက္သို႔ တက္ေစ ပါတယ္။

အထက္သို႔ တက္သြားတဲ့ ေလ ေနရာကို ေအးေသာေလမ်ားက ဝင္ေရာက္ ေနရာယူပါတယ္။ ေလပူေတြဟာ အထက္သို႔ ဆန္တက္ၿပီး ေလေအးေတြကေတာ့ ေအာက္သို႔ စိုက္ဆင္းပါတယ္။

အထက္သို႔ ေရာက္လာတဲ့ ေလနဲ႔အတူ ေရခိုးေရေငြ႕ေတြဟာ မိုးတိမ္ေတာင္ရဲ႕ အေပၚဖက္မွာ ေရခဲျခင္း (တနည္း) မိုးသီးမ်ား ျဖစ္လို႔ လာပါတယ္။

မိုးတိမ္ေတာင္ ျဖစ္စဥ္မွာ အပူခ်ိန္ အတက္အက် ျပင္းထန္တဲ့ အတြက္ ေလတိုက္ခတ္မႈလည္း အားေကာင္း ပါတယ္။

အဲ ဒီေလျပင္းမ်ားေၾကာင့္ မိုးသီးမ်ားဟာ ေႂကြက်ဖို႔ အေၾကာင္းဖန္လာ ပါေတာ့တယ္..။ဒါေပမယ့္.. မိုးတိမ္ေတာင္ထဲမွာ ေအာက္ကပင့္တဲ့ ေလအားကလည္း ရွိေနျပန္ေတာ့..

မိုးသီးမ်ားဟာ မေႂကြက်ပဲ တိမ္တိုက္အထက္ သို႔ ျပန္ဆန္တက္ၾကျပန္ပါတယ္။ အဲဒီအခါမွာ တိမ္တိုက္ထဲက ေရေတြ ကို ထပ္မံ ပြတ္တိုက္မိၿပီး ေရခဲေတြ ထပ္မံေပါင္းစပ္ ျဖစ္ေပၚလာပါတယ္။

အဲ့ဒါေၾကာင့္ မိုးသီးတစ္လုံး ကို ၾကည့္လိုက္လွ်င္ ၾကည္လင္ျပတ္သားတဲ့ (မူလ) ေရခဲ (Glaze) ေနတဲ့ေနရာေတြၾကားမွာ ပုံစံ မမွန္တဲ့ ေရခဲသီး (Rime)ေလးေတြ ကပ္ေနတာကို ေတြ႕ရမွာပါ။

ေရခဲေတြ တျဖည္းျဖည္း စုကပ္ရင္း အေလးခ်ိန္မ်ားလာတဲ့ အခါ (သို႔မဟုတ္) အေပၚကို ဆန္တက္ေနတဲ့ ေလေၾကာင္း အားေလ်ာ့သြားတဲ့ အခါမွာေတာ့ မိုးသီးေတြဟာ အခဲလိုက္ ေျမေပၚသို႔ က်ေရာက္ လာပါေတာ့တယ္။

မိုးတိမ္ေတာင္ ရာသီဥတုေတြ အမ်ားဆုံး ျဖစ္တတ္တဲ့ ဧၿပီလ နဲ႔ ေမလ တို႔မွာ ရံဖန္ရံခါ မိုးသီးမ်ားေႂကြက်ျခင္းကို က်ေနာ္တို႔ ႀကဳံေတြ႕ၾကရပါတယ္။

အနာဂတ္ ပညာေရးအတြက္.. သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Unicode

မိုးသီး ကြွေတတ်တဲ့အချိန်နှင့် မိုးသီး ကြွေရခြင်း အကြောင်းရင်း

မိုးသီး (Hail) များဟာ မိုးတိမ်တောင်များမှ အများဆုံးကြွေကျ တတ်ကြ ပါတယ်။ မိုးတိမ်တောင် ဆိုတာ အခုလိုနွေဦးကာလမျိုးမှာ အပူချိန် မြင့်မားခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ တိမ်တိုက်ကြီးတွေ ဖြစ်ပါတယ်။

အင်္ဂလိပ်လို Thunderstorms လို့ ခေါ်ပါတယ်။ လေပူ လအေးတွေ အထက်အောက် စုန် ဆန် တိုက်ခတ်နေတဲ့ တိမ်တိုက်ကြီး တစ်ခုပါပဲ.. ။အပူဟာ လေနဲ့ ရေ ကို ပွစေပြီး အထက်သို့ တက်စေ ပါတယ်။

အထက်သို့ တက်သွားတဲ့ လေ နေရာကို အေးသောလေများက ဝင်ရောက် နေရာယူပါတယ်။ လေပူတွေဟာ အထက်သို့ ဆန်တက်ပြီး လေအေးတွေကတော့ အောက်သို့ စိုက်ဆင်းပါတယ်။

အထက်သို့ ရောက်လာတဲ့ လေနဲ့အတူ ရေခိုးရေငွေ့တွေဟာ မိုးတိမ်တောင်ရဲ့ အပေါ်ဖက်မှာ ရေခဲခြင်း (တနည်း) မိုးသီးများ ဖြစ်လို့ လာပါတယ်။

မိုးတိမ်တောင် ဖြစ်စဉ်မှာ အပူချိန် အတက်အကျ ပြင်းထန်တဲ့ အတွက် လေတိုက်ခတ်မှုလည်း အားကောင်း ပါတယ်။

အဲ ဒီလေပြင်းများကြောင့် မိုးသီးများဟာ ကြွေကျဖို့ အကြောင်းဖန်လာ ပါတော့တယ်..။ဒါပေမယ့်.. မိုးတိမ်တောင်ထဲမှာ အောက်ကပင့်တဲ့ လေအားကလည်း ရှိနေပြန်တော့..

မိုးသီးများဟာ မကြွေကျပဲ တိမ်တိုက်အထက် သို့ ပြန်ဆန်တက်ကြပြန်ပါတယ်။ အဲဒီအခါမှာ တိမ်တိုက်ထဲက ရေတွေ ကို ထပ်မံ ပွတ်တိုက်မိပြီး ရေခဲတွေ ထပ်မံပေါင်းစပ် ဖြစ်ပေါ်လာပါတယ်။

အဲ့ဒါကြောင့် မိုးသီးတစ်လုံး ကို ကြည့်လိုက်လျှင် ကြည်လင်ပြတ်သားတဲ့ (မူလ) ရေခဲ (Glaze) နေတဲ့နေရာတွေကြားမှာ ပုံစံ မမှန်တဲ့ ရေခဲသီး (Rime)လေးတွေ ကပ်နေတာကို တွေ့ရမှာပါ။

ရေခဲတွေ တဖြည်းဖြည်း စုကပ်ရင်း အလေးချိန်များလာတဲ့ အခါ (သို့မဟုတ်) အပေါ်ကို ဆန်တက်နေတဲ့ လေကြောင်း အားလျော့သွားတဲ့ အခါမှာတော့ မိုးသီးတွေဟာ အခဲလိုက် မြေပေါ်သို့ ကျရောက် လာပါတော့တယ်။

မိုးတိမ်တောင် ရာသီဥတုတွေ အများဆုံး ဖြစ်တတ်တဲ့ ဧပြီလ နဲ့ မေလ တို့မှာ ရံဖန်ရံခါ မိုးသီးများကြွေကျခြင်းကို ကျနော်တို့ ကြုံတွေ့ကြရပါတယ်။

အနာဂတ် ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Be the first to comment

Leave a Reply

Your email address will not be published.


*