
























Unicode

ကိုယ်ပိုင်စီးပွါးရေးလုပ်မယ်ဆိုရင် မဖြစ်မနေသိထားသင့်တဲ့အချက် (၆)ချက်

ကိုယ်ပိုင်စီးပွါးရေးလုပ်တာကချမ်းသာတာမှန်ပေမဲ့ကျရှုံးနေတဲ့တဲ့သူတွေလဲအများကြီးရှိပါတယ်။ဒါကြောင့်ကိုယ်ပိုက်စီးပွါးရေးလုပ်တာ့မယ်ဆိုရင်မဖြစ်မနေသိထားသင့်တဲ့အခြေခံအချက်(၆)ချက်ကိုအကြံပြုချင်ပါတယ်ခင်ဗျ ။

(၁) လိုအပ်ချက်ကို ကြည့်ပါ

ကုန်ပစ္စည်းတခုကို ထုတ်လုပ်ရောင်းချတော့မယ်ဆိုရင် လက်ရှိဈေးကွက်မှာ ရှိနေတဲ့ပစ္စည်းကို ထုတ်လုပ်ရောင်းချမယ်ဆိုရင် သူ့ကိုကျော်ပြီးဈေးကွက်ထဲကို ထိုးဖောက်ဖို့ဆိုတာမလွယ်ပါဘူး။

ဒါကြောင့် ကိုယ့်ပက်ဝန်းကျင်ရဲ့လိုအပ်ချက်ကိုလေ့လာပြီး အမှန်တကယ်လိုအပ်နေတဲ့ပစ္စည်းကို ထုတ်လုပ်ရောင်းချပါ။

(၂) ကြော်ငြာအား ကောင်းရမယ်

ကိုယ့်ရဲ့ products က ကြီးသည်ပဲဖြစ်စေ၊ သေးသည်ပဲဖြစ်စေ ဈေးကွက်ထဲကိုရောက်ဖို့အတွက် ကြော်ငြာအားကောင်းဖို့ လိုပါတယ်။

ကိုယ် ထုတ်လုပ်လိုက်တဲ့ပစ္စည်း Quality က ဘယ်လောပဲကောင်းနေပါစေ ကြော်ငြာ အားမကောင်းပဲ ဈေးကွက်ထဲကိုရောက်ဖို့ မလွယ်ပါဘူး။

အဒီအတွက် ကိုယ်ပိုင် Websites , Page တွေထောင်ပြီး အဒီကနေကြာ်ငြာလို့ရပါတယ်။

(၃) ပေါင်းသင်းဆက်ဆံရေး ရှိရမယ်

ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့အခါ Network က အင်မတန်အရေးကြီးပါတယ်။ကိုယ့်အပေါင်းအသင်းတွေက ကိုယ့်လုပ်ငန်းကို ဝန်းရံ ပေးဖို့ လိုပါတယ် ။အပေါင်းအသင်း တွေက အားပေးတာနဲ့ သင့်လုပ်ငန်း လည်ပတ်နေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ဆိုရင် Network တည်ဆောက်ဖို့ လိုပါတယ်။ ဒါကြောင့်ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေဟာ ကိုယ့်ရဲ့လုပ်ငန်းကို ပိုမိုတွင်ကျယ်ပြီး ပိုမိုအောင်မြင်နိုင်ပါတယ်။

(၄) ဦးဆောင်နိုင်မှုစွမ်းရည်

သင့်လုပ်ငန်း ကြီးထွားလာတာနဲ့အမျှ သင့်ရဲ့ဦးဆောင်မှု စွမ်းရည်ဟာ အရေးကြီးလာပါပြီ။လူတွေကိုဦးဆောင်ဖို့ လိုလာပါပြီ။ လူတွေကိုဦးဆောင်ဖို့ရာ သင့်ကိုသင် ဦးဆောင်ဖို့လိုပါတယ်။

လူတွေကို အားပေးနိုင်ရမယ်။ လူတွေကို လမ်းညွှန်နိုင်ရမယ်။ လူတွေကို အုပ်ချုပ်နိုင်ရမယ်။ ဒါကြောင့် သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ပညာ လိုအပ်ပါတယ်။

(၅) ငွေကြေး စီမံခန့်ခွဲမှု

လုပ်ငန်းတိုင်းက ငွေနဲ့လည်ပတ်ကြတာပါ ။ငွေမပါပဲလည်ပတ်တဲ့လုပ်ငန်းမရှိပါဘူး။ဒါကြောင့်ငွေကို ကောင်းကောင်း စီမံနိုင်ဖို့ လိုပါတယ် ။လုပ်ငန်းက မြတ်နေတဲ့အခါ ထပ်ချဲ့သင့် မချဲ့သင့် စဉ်းစားရသလို လုပ်ငန်းရှုံးနေတဲ့အခါ ထက်ထည့်သင့် မထည့်သင့် စဉ်းစားရပါတယ်။

လုပ်ငန်းတိုင်းဟာ ငွကြေးပေါ် အခြေခံပြီး လုပ်ကြရတာဖြစ်တဲ့အတွက် ငွေကို မစီမံတတ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေပါလိမ့်မယ်။ငွေစာရင်း ရှင်းတမ်းတွေက အစသေချာထုတ်ပြန်ဖို့ လိုသလို ငွေကိုလဲစိစစ် သုံးစွဲဖို့ လိုပါမယ်။

(၆) တောင့်ခံနိုင်မဲ့ ငွေအရင်းအနီး

ကိုယ်က ပထဆုံးစလုပ်တာ ဖြစ်တဲ့အတွက် ဈေးကွက်ထဲလွယ်လွယ်နဲ့ ရောက်ဖို့တော့ မလွယ်ပါဘူး။ အချိန်အတိုင်းအတာတခုထိတော့ စောင့်ရမယ်။

အချို့လုပ်ငန်းတွေဆို သူတို့ရဲ့ Products က စားသုံးသူတွေလက်ထဲရောက်ပြီး စသိလာချိန်လေးမှာ လုပ်ငန်းဆက်ပြီးလည်ပက်ဖို့အတွက် ငွေအရင်းပြတ်တောက်သွားတဲ့အတွက် ဆက်ပြီးမလည်ပတ်တော့ပဲ ရပ်လိုက်ရတာမျိုးလဲရှိပါတယ်။

အဲလိုမဖြစ်အောင် ကိုယ့်ရဲ့ထုတ်ကုန်ကို စားသုံးသူလက်ထဲရောက်တဲ့အထိ လည်ပတ်နိုင်အောင် တောင့်ခံနိုင်တဲ့ငွေအရင်းနှီးလည်း ရှိထားဖို့ လိုပါတယ်။

ဒီအချက်လေးတွေက မိတ်ဆွေတို့အတွက် အကျိုးရှိစေတယ်ဆိုရင် ပြန်လည်မျှဝေပေးခဲ့ပါအုံးနော်။ အားလုံးပဲအနာဂတ်မှာအာင်မြင်ကြီးပွါးတိုးတက်ကြပါစေ…။

Be the first to comment

Leave a Reply

Your email address will not be published.


*