ခ်င္း(ဂ်င္း)၏ ေဘးထြက္ဆိုးက်ိဳးမ်ား

ခ်င္း(ဂ်င္း)၏ ေဘးထြက္ဆိုးက်ိဳးမ်ား
ခ်င္း(ဂ်င္း)၏ ေဘးထြက္ဆိုးက်ိဳးမ်ား

ခ်င္း(ဂ်င္း)၏ ေဘးထြက္ဆိုးက်ိဳးမ်ား

ဓာတ္ခြဲခန္းတြင္ ခ်င္း၏ အႏၲရာယ္ကင္းရွင္းမႈ စမ္းသပ္ခ်က္အေျဖမ်ား (Pre-clinical safety data) ႏွင့္ လူမ်ားတြင္ အႏၲာရယ္ကင္းရွင္းမႈ စမ္းသပ္ခ်က္အေျဖမ်ား (Clinical safety data) အရ ခ်င္းသည္ ပုံမွန္သုံးစြဲလွ်င္ ႀကီးမားေသာ ေဘးထြက္ဆိုးက်ိဳး (Side effect) မရရွိႏိုင္ပါ။

ထို႔ေၾကာင့္ ကြၽန္ေတာ္တို႔ ေနစဥ္စားေနၾကသည့္ ဟင္းရန္မ်ားတြင္ အၿမဲထည့္ခ်က္၍ ရျခင္းျဖစ္ပါသည္။ ယေန႔ အသုံးျပဳေနသည့္ အေနာက္တိုင္းေဆးဝါးမ်ားထက္လည္း ေဘးထြက္ဆိုးက်ိဳး အလြန္နည္းပါသည္။

သို႔ေသာ္ လိုအပ္သည့္ပမာဏထက္ မ်ားသြားခဲ့လွ်င္ ရင္ပူတတ္ပါသည္။ LD50 ဟုေခၚသည့္ ႂကြက္မ်ားတြင္ ၅၀% ေသေစႏိုင္သည့္ ပမာဏမွာ 5 g/kg body weight ျဖစ္ပါသည္။

လူႏွင့္ႏႈိင္းယွဥ္လွ်င္ ေပါင္ ၁၀၀ ရွိေသာ လူတစ္ေယာက္သည္ ၂၅၀ ဂရမ္ကို တစ္ခါတည္းစားခဲ့လွ်င္ ေသေစႏိုင္ေၾကာင္း ခန႔္မွန္းရသည့္ ပမာဏျဖစ္သည္။

လက္ေတြ႕၌လည္း ၂၅၀ ဂရမ္ (၁၅ က်ပ္သား) ရွိသည့္ပမာဏကို တစ္ထိုင္တည္းစားသုံးရန္ မျဖစ္ႏိုင္ပါ။

ေဆးဖက္ဝင္အာနိသင္ အျပည့္အဝရရွိရန္ စားသုံးနည္း

ေဆးဖက္ဝင္အာနိသင္မ်ား ပါဝင္မႈသည္ ေျခာက္ေနသည့္ခ်င္းထက္ အစိုဓာတ္ အနည္းငယ္ရွိေသာ ခ်င္းတြင္ ပိုမိုပါဝင္ပါသည္။ အပူႏွင့္ေတြ႕လွ်င္ ဂ်င္ဂ်ီေရာ (Gingerol) မ်ားသည္ ဇင္ဂ်ီ႐ုန္း (Zingerone) အျဖစ္ ေျပာင္းသြားသည့္အတြက္

အာနိသင္ေလ်ာ့သြားႏိုင္ေသာေၾကာင့္ ဟင္းခ်က္စားျခင္းထက္ သန႔္ရွင္းေသာေရျဖင့္ ခ်င္းကို ေဆးေၾကာၿပီး ပါးပါးလွီးကာ အစိမ္းအတိုင္း ဝါးစားလွ်င္ ပို၍ေကာင္းပါသည္။

ျမန္မာႏိုင္ငံတြင္ အမ်ားစားသုံးေလ့ရွိသည့္ ခ်င္းသုပ္ သုပ္စားသည့္ အေလ့အထမွာလည္း လြန္စြာေကာင္းမြန္ပါသည္။ ခ်င္းဇီးျပားစသည့္ သေရစာမ်ားမွာလည္း မႈိမတက္လွ်င္ အက်ိဳးရွိပါသည္။

အေကာင္းဆုံးနည္းလမ္းမွာ ခ်င္းကို အဆီအႏွစ္ (Extract) ထုတ္ယူၿပီး ပ်ားရည္ႏွင့္ေရာကာ ခ်င္းပ်ားရည္အျဖစ္ ေသာက္သုံးျခင္းျဖစ္ပါသည္။

ပ်ားရည္ႏွင့္ ေရာထားသည့္အတြက္ အနံ႔၊ အရသာႏွင့္ ျပည့္စုံကာ တာရွည္အထားခံၿပီး အူနံရံကို ထိခိုက္ေစသည့္ ေဘးထြက္ဆိုးက်ိဳးလည္း ေလ်ာ့နည္းေစပါသည္။

အေအးမိဖ်ားနာေနလွ်င္ ခ်င္းတစ္မ်ိဳးတည္း သို႔မဟုတ္ ပ်ားရည္ႏွင့္ေရာထားသည့္ ခ်င္းပ်ားရည္ကို ေသာက္ပါက ေသြးေၾကာေလးမ်ား က်ယ္လာၿပီး ေႏြးသြားေစပါသည္။

ထို႔ေၾကာင့္ ခ်င္းကို ယခုအခါတြင္ သဘာဝနည္းျဖင့္ ေဖာ္စပ္ျပဳလုပ္ထားသည့္ အေအးမိဖ်ားနာေပ်ာက္ေဆး (Cold tablet) မ်ား၌ ထည့္သြင္းအသုံးျပဳလာၾကသည္။

အမ်ိဳးသမီးမ်ား ဓမၼတာမမွန္ျခင္းႏွင့္ ဓမၼတာလာစဥ္ ကိုက္ခဲျခင္းတို႔ကို ေပ်ာက္ကင္းေစျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ ကိုယ္လက္အဆစ္အမ်က္ ကိုက္ခဲျခင္းတို႔ကို သက္သာေစျခင္း၊ ေသြးခဲျခင္းႏွင့္

ေသြးေၾကာပိတ္ျခင္းမ်ားကို ကာကြယ္ေပးၿပီး ေသြးလည္ပတ္မႈ ေကာင္းေစျခင္း အစရွိသည့္ အက်ိဳးအာနိသင္မ်ားရွိေသာ ခ်င္းကို နည္းလမ္းမွန္မွန္ျဖင့္ ပုံမွန္စားသုံးသင့္ေၾကာင္း အႀကံျပဳလိုပါသည္။

ေဒါက္တာခင္ေမာင္လြင္ (FAME)#ကိုးကားခ်က္ – “မီးဖိုေခ်ာင္သုံး အစားအစာမ်ားႏွင့္ က်န္းမာေရး” စာအုပ္၊ အခန္း (၃) ခ်င္း (ဂ်င္း) အေၾကာင္းမွ ထုတ္ႏုတ္ေဖာ္ျပသည္။

Unicode

ချင်း(ဂျင်း)၏ ဘေးထွက်ဆိုးကျိုးများ

ဓာတ်ခွဲခန်းတွင် ချင်း၏ အန္တရာယ်ကင်းရှင်းမှု စမ်းသပ်ချက်အဖြေများ (Pre-clinical safety data) နှင့် လူများတွင် အန္တာရယ်ကင်းရှင်းမှု စမ်းသပ်ချက်အဖြေများ (Clinical safety data) အရ ချင်းသည် ပုံမှန်သုံးစွဲလျှင် ကြီးမားသော ဘေးထွက်ဆိုးကျိုး (Side effect) မရရှိနိုင်ပါ။

ထို့ကြောင့် ကျွန်တော်တို့ နေစဉ်စားနေကြသည့် ဟင်းရန်များတွင် အမြဲထည့်ချက်၍ ရခြင်းဖြစ်ပါသည်။ ယနေ့ အသုံးပြုနေသည့် အနောက်တိုင်းဆေးဝါးများထက်လည်း ဘေးထွက်ဆိုးကျိုး အလွန်နည်းပါသည်။

သို့သော် လိုအပ်သည့်ပမာဏထက် များသွားခဲ့လျှင် ရင်ပူတတ်ပါသည်။ LD50 ဟုခေါ်သည့် ကြွက်များတွင် ၅၀% သေစေနိုင်သည့် ပမာဏမှာ 5 g/kg body weight ဖြစ်ပါသည်။

လူနှင့်နှိုင်းယှဉ်လျှင် ပေါင် ၁၀၀ ရှိသော လူတစ်ယောက်သည် ၂၅၀ ဂရမ်ကို တစ်ခါတည်းစားခဲ့လျှင် သေစေနိုင်ကြောင်း ခန့်မှန်းရသည့် ပမာဏဖြစ်သည်။

လက်တွေ့၌လည်း ၂၅၀ ဂရမ် (၁၅ ကျပ်သား) ရှိသည့်ပမာဏကို တစ်ထိုင်တည်းစားသုံးရန် မဖြစ်နိုင်ပါ။

ဆေးဖက်ဝင်အာနိသင် အပြည့်အဝရရှိရန် စားသုံးနည်း

ဆေးဖက်ဝင်အာနိသင်များ ပါဝင်မှုသည် ခြောက်နေသည့်ချင်းထက် အစိုဓာတ် အနည်းငယ်ရှိသော ချင်းတွင် ပိုမိုပါဝင်ပါသည်။ အပူနှင့်တွေ့လျှင် ဂျင်ဂျီရော (Gingerol) များသည် ဇင်ဂျီရုန်း (Zingerone) အဖြစ် ပြောင်းသွားသည့်အတွက်

အာနိသင်လျော့သွားနိုင်သောကြောင့် ဟင်းချက်စားခြင်းထက် သန့်ရှင်းသောရေဖြင့် ချင်းကို ဆေးကြောပြီး ပါးပါးလှီးကာ အစိမ်းအတိုင်း ဝါးစားလျှင် ပို၍ကောင်းပါသည်။

မြန်မာနိုင်ငံတွင် အများစားသုံးလေ့ရှိသည့် ချင်းသုပ် သုပ်စားသည့် အလေ့အထမှာလည်း လွန်စွာကောင်းမွန်ပါသည်။ ချင်းဇီးပြားစသည့် သရေစာများမှာလည်း မှိုမတက်လျှင် အကျိုးရှိပါသည်။

အကောင်းဆုံးနည်းလမ်းမှာ ချင်းကို အဆီအနှစ် (Extract) ထုတ်ယူပြီး ပျားရည်နှင့်ရောကာ ချင်းပျားရည်အဖြစ် သောက်သုံးခြင်းဖြစ်ပါသည်။

ပျားရည်နှင့် ရောထားသည့်အတွက် အနံ့၊ အရသာနှင့် ပြည့်စုံကာ တာရှည်အထားခံပြီး အူနံရံကို ထိခိုက်စေသည့် ဘေးထွက်ဆိုးကျိုးလည်း လျော့နည်းစေပါသည်။

အအေးမိဖျားနာနေလျှင် ချင်းတစ်မျိုးတည်း သို့မဟုတ် ပျားရည်နှင့်ရောထားသည့် ချင်းပျားရည်ကို သောက်ပါက သွေးကြောလေးများ ကျယ်လာပြီး နွေးသွားစေပါသည်။

ထို့ကြောင့် ချင်းကို ယခုအခါတွင် သဘာဝနည်းဖြင့် ဖော်စပ်ပြုလုပ်ထားသည့် အအေးမိဖျားနာပျောက်ဆေး (Cold tablet) များ၌ ထည့်သွင်းအသုံးပြုလာကြသည်။

အမျိုးသမီးများ ဓမ္မတာမမှန်ခြင်းနှင့် ဓမ္မတာလာစဉ် ကိုက်ခဲခြင်းတို့ကို ပျောက်ကင်းစေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်အဆစ်အမျက် ကိုက်ခဲခြင်းတို့ကို သက်သာစေခြင်း၊ သွေးခဲခြင်းနှင့်

သွေးကြောပိတ်ခြင်းများကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှု ကောင်းစေခြင်း အစရှိသည့် အကျိုးအာနိသင်များရှိသော ချင်းကို နည်းလမ်းမှန်မှန်ဖြင့် ပုံမှန်စားသုံးသင့်ကြောင်း အကြံပြုလိုပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)#ကိုးကားချက် – “မီးဖိုချောင်သုံး အစားအစာများနှင့် ကျန်းမာရေး” စာအုပ်၊ အခန်း (၃) ချင်း (ဂျင်း) အကြောင်းမှ ထုတ်နုတ်ဖော်ပြသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*