ၿခံစည္း႐ိုးကာတဲ့သံျပားေတြကို ထုတ္လုပ္ထားျခင္းရဲ႕ တကယ့္ရည္႐ြယ္ခ်က္က ဘာလဲ…

ၿခံစည္း႐ိုးကာတဲ့သံျပားေတြကို ထုတ္လုပ္ထားျခင္းရဲ႕ တကယ့္ရည္႐ြယ္ခ်က္က ဘာလဲ...
ၿခံစည္း႐ိုးကာတဲ့သံျပားေတြကို ထုတ္လုပ္ထားျခင္းရဲ႕ တကယ့္ရည္႐ြယ္ခ်က္က ဘာလဲ...

ၿခံစည္း႐ိုးကာတဲ့သံျပားေတြကို ထုတ္လုပ္ထားျခင္းရဲ႕ တကယ့္ရည္႐ြယ္ခ်က္က ဘာလဲ…

အဲဒီသံျပားေတြက အေရးေပၚေလယာဥ္ကြင္းေတြမွာ ေျပးလမ္းကို အျမန္ခင္းႏိုင္ေအာင္ သုံးတဲ့ အျပားေတြျဖစ္ပါတယ္။

M8 PSP (pierced steel planking) ဒုတိယ ကမာၻစစ္ႀကီးအတြင္းမွာ အေမရိကန္ အင္ဂ်င္နီယာေတြက စတင္ တီထြင္ခဲ့တာ ျဖစ္ပါတယ္။

ေျမသား ေျပးလမ္းေပၚမွာ အတက္အဆင္း လုပ္တဲ့အခါ ေျမသား မညီညာတာေတြ၊ ေပ်ာ့၀င္ ကြၽံ၀င္တာေတြ ျဖစ္တတ္တဲ့ အတြက္ ေျပးလမ္းကို ညီညာ မာေက်ာေအာင္ အျမန္ဆုံး လုပ္ႏိုင္မဲ့ နည္းကို တီထြင္ရင္း M8 landing mat ကို ေတြ႕ရွိ ထုတ္လုပ္ ႏိုင္ခဲ့ပါတယ္။

M8 landing mat အျပား တစ္ျပားဟာ ၁၀ ေပ ရွည္ၿပီး ၁၅ လက္မ က်ယ္ပါတယ္။ အေပါက္ ၂၉ ေပါက္ပါ အတန္း ၃ တန္း ပါ၀င္လို႔ စုစုေပါင္း ၈၇ ေပါက္ ပါ၀င္ပါတယ္။ ေဘးပါတ္လည္မွာ တျပားနဲ႔ တျပား ခ်ိတ္ဆက္လို႔ရေအာင္ အဖို အမငုတ္ေတြ ပါ၀င္ပါတယ္။

အေပါက္ေတြ ေဖာက္ထားတာက အေလးခ်ိန္နည္းေအာင္နဲ႔ အေပါက္ေတြရဲ႕ တဖက္ကို အနားစ ရွည္ထြက္ထားျခင္းအားျဖင့္ ေျမျပင္မွာ ထိတဲ့အခါ ေျမႀကီးနဲ႔ ငုတ္သဖြယ္ ခ်ိတ္မိေနေအာင္ ျဖစ္ပါတယ္။

ေပ ၅၀၀၀ ေျပးလမ္းတစ္ခုကို အင္ဂ်င္နီယာ အနည္းငယ္နဲ႔ ၂ ရက္အတြင္း ခင္းႏိုင္ပါတယ္။ ဒုတိယ ကမာၻစစ္အတြင္းမွာ M8 landing mat တန္ခ်ိန္ ၂ သန္းခန္႔ ထုတ္လုပ္ ခဲ့ပါတယ္။

ပစိဖိတ္ စစ္မ်က္ႏွာ၊ ေနာ္မန္ဒီကမ္းတက္ၿပီးခ်ိန္မွာ ဥေရာပ စစ္မ်က္ႏွာ ေတြမွာ သုံးခဲ့ပါတယ္။ ဗီယက္နမ္စစ္မွာေတာ့ အေမရိကန္ေတြ ဟာ ဖုန္ေတြ သဲေတြ ေလယာဥ္ အင္ဂ်င္ထဲ မ၀င္ေအာင္ M8A1 landing mat ကို အေပါက္ေတြ မပါဘဲ ထုတ္လုပ္ ခဲ့ပါတယ္။

စစ္ၿပီး ကာလမွာေတာ့ ေလယာဥ္ေျပးလမ္း မသုံးေတာ့တဲ့ အတြက္ လူေနအိမ္ ၿခံစည္း႐ိုးေတြ၊ အကာေတြ အျဖစ္ သုံးခဲ့ ၾကပါတယ္။

ျမန္မာႏိုင္ငံ ေနရာ ေတာ္ေတာ္မ်ားမ်ား မွာ ၿခံစည္း႐ိုး အျဖစ္ သုံးေနၾကတာ ေတြ႕ရပါတယ္။
တန္ဘိုး ရွိတဲ့ ဗဟုသုတ မို႔ သင့္မိတ္ေဆြေတြ အားလုံး သိေအာင္ ျပန္ရွယ္ေပးၾကပါဦးေနာ္…

မူရင္းေရးသားသူအား ေလးစားစြာ ခရတ္ဒစ္ေပးပါသည္။

Unicode

ခြံစည်းရိုးကာတဲ့သံပြားတွေကို ထုတ်လုပ်ထားခြင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ…

အဲဒီသံပြားတွေက အရေးပေါ်လေယာဉ်ကွင်းတွေမှာ ပြေးလမ်းကို အမြန်ခင်းနိုင်အောင် သုံးတဲ့ အပြားတွေဖြစ်ပါတယ်။

M8 PSP (pierced steel planking) ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းမှာ အမေရိကန် အင်ဂျင်နီယာတွေက စတင် တီထွင်ခဲ့တာ ဖြစ်ပါတယ်။

မြေသား ပြေးလမ်းပေါ်မှာ အတက်အဆင်း လုပ်တဲ့အခါ မြေသား မညီညာတာတွေ၊ ပျော့ဝင် ကျွံဝင်တာတွေ ဖြစ်တတ်တဲ့ အတွက် ပြေးလမ်းကို ညီညာ မာကျောအောင် အမြန်ဆုံး လုပ်နိုင်မဲ့ နည်းကို တီထွင်ရင်း M8 landing mat ကို တွေ့ရှိ ထုတ်လုပ် နိုင်ခဲ့ပါတယ်။

M8 landing mat အပြား တစ်ပြားဟာ ၁၀ ပေ ရှည်ပြီး ၁၅ လက်မ ကျယ်ပါတယ်။ အပေါက် ၂၉ ပေါက်ပါ အတန်း ၃ တန်း ပါဝင်လို့ စုစုပေါင်း ၈၇ ပေါက် ပါဝင်ပါတယ်။ ဘေးပါတ်လည်မှာ တပြားနဲ့ တပြား ချိတ်ဆက်လို့ရအောင် အဖို အမငုတ်တွေ ပါဝင်ပါတယ်။

အပေါက်တွေ ဖောက်ထားတာက အလေးချိန်နည်းအောင်နဲ့ အပေါက်တွေရဲ့ တဖက်ကို အနားစ ရှည်ထွက်ထားခြင်းအားဖြင့် မြေပြင်မှာ ထိတဲ့အခါ မြေကြီးနဲ့ ငုတ်သဖွယ် ချိတ်မိနေအောင် ဖြစ်ပါတယ်။

ပေ ၅၀၀၀ ပြေးလမ်းတစ်ခုကို အင်ဂျင်နီယာ အနည်းငယ်နဲ့ ၂ ရက်အတွင်း ခင်းနိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ M8 landing mat တန်ချိန် ၂ သန်းခန့် ထုတ်လုပ် ခဲ့ပါတယ်။

ပစိဖိတ် စစ်မျက်နှာ၊ နော်မန်ဒီကမ်းတက်ပြီးချိန်မှာ ဥရောပ စစ်မျက်နှာ တွေမှာ သုံးခဲ့ပါတယ်။ ဗီယက်နမ်စစ်မှာတော့ အမေရိကန်တွေ ဟာ ဖုန်တွေ သဲတွေ လေယာဉ် အင်ဂျင်ထဲ မဝင်အောင် M8A1 landing mat ကို အပေါက်တွေ မပါဘဲ ထုတ်လုပ် ခဲ့ပါတယ်။

စစ်ပြီး ကာလမှာတော့ လေယာဉ်ပြေးလမ်း မသုံးတော့တဲ့ အတွက် လူနေအိမ် ခြံစည်းရိုးတွေ၊ အကာတွေ အဖြစ် သုံးခဲ့ ကြပါတယ်။

မြန်မာနိုင်ငံ နေရာ တော်တော်များများ မှာ ခြံစည်းရိုး အဖြစ် သုံးနေကြတာ တွေ့ရပါတယ်။
တန်ဘိုး ရှိတဲ့ ဗဟုသုတ မို့ သင့်မိတ်ဆွေတွေ အားလုံး သိအောင် ပြန်ရှယ်ပေးကြပါဦးနော်…

မူရင်းရေးသားသူအား လေးစားစွာ ခရတ်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*