စိတ္ပိုင္းဆိုင္ရာ တည္ၿငိမ္ရင့္က်က္လိုသူမ်ားအတြက္…

စိတ္ပိုင္းဆိုင္ရာ တည္ၿငိမ္ရင့္က်က္လိုသူမ်ားအတြက္...
စိတ္ပိုင္းဆိုင္ရာ တည္ၿငိမ္ရင့္က်က္လိုသူမ်ားအတြက္...

စိတ္ပိုင္းဆိုင္ရာ တည္ၿငိမ္ရင့္က်က္လိုသူမ်ားအတြက္…

ဒီအခ်က္ေတြအတိုင္း လိုက္နာေနထိုင္ႏိုင္မယ္ဆိုရင္ေတာ့ စိတ္ရဲ႕ ရင့္က်က္တည္ၿငိမ္မႈေတြကို အတိုင္းအတာ တစ္ခုထိ ခံစားႏိုင္မွာျဖစ္တယ္။

၁။ ဘဝမွာ ကိုယ္လုပ္ခ်င္တာထက္ ကိုယ္လုပ္သင့္တာေတြကို ေ႐ြးခ်ယ္လုပ္ကိုင္ပါ။

၂။ အမွားတစ္ခုခု က်ဴးလြန္မိတဲ့အခါ ဝန္ခံတတ္ပါ။ အမွားေတြကေန သင္းခန္းစာ ယူတတ္ျခင္းက ကိုယ့္ကို ပိုၿပီး ရင့္က်က္ေသာလူသားတစ္ဦး အသြင္ ပုံေဖာ္ေပးသြားမယ္ဆိုတာကို ယုံၾကည္ပါ။

၃။ ဘာမွမလုပ္ဘဲ ေလးလံထိုင္းမႈိင္းေနတာနဲ႔ အလုပ္ေတြ အရမ္းလုပ္ၿပီး ေမာပန္းေနတာဟာ ပင္ပန္းတာခ်င္းတူေပမဲ့ အဓိပၸာယ္ကြာျခား လြန္းလွပါတယ္။ ဒါေၾကာင့္ ကိုယ္စိတ္ဝင္စားတဲ့ အလုပ္တစ္ခုမွာ စိတ္ေရာကိုယ္ပါ ရင္းၿပီး တစိုက္မတ္မတ္ ႀကိဳးစားလိုက္ပါ။

၄။ တစ္ခါတစ္ေလ ကိုယ္မလုပ္ႏိုင္တဲ့ အရာေတြအတြက္ ျငင္းဆိုတတ္ပါ။ ဒါမွသာ ကိုယ္တကယ္လုပ္ႏိုင္တဲ့ အရာေတြအတြက္ ပိုအားစိုက္ႏိုင္မွာပါ။

၅။ ကိုယ့္ကို အမွန္တကယ္ခ်စ္ျမတ္ႏိုးသူေတြကို ပိုမိုေမတၱာထား အခ်ိန္ေပးဆက္ဆံပါ။ ဘဝဟာ တိုေတာင္းလွပါတယ္။ ကိုယ့္ကို အေၾကာင္းအရင္းမရွိဘဲ မုန္းတီးေနသူေတြ အေၾကာင္း စဥ္းစားဖို႔ အခ်ိန္မရွိပါဘူး။

၆။ သူမ်ားကိုယ့္ကို စိတ္ဝင္စားေအာင္ ႀကိဳးစားဖို႔ထက္ ကိုယ္စိတ္ဝင္စားတဲ့ အရာေတြကို ပိုမိုအာ႐ုံစိုက္ လုပ္ေဆာင္ပါ။

၇။ ကိုယ့္မွာရွိတဲ့ အရာေတြအတြက္ အၿမဲအသိအမွတ္ျပဳ ေက်နပ္တတ္ပါ။ ဆုံးရႈံးမႈေတြ ဘယ္ေလာက္ပဲ ႀကဳံေတြ႕ေနရပါေစ ေနာက္ထပ္ႀကိဳးစားဖို႔ လက္ထဲမွာ အခ်ိန္ရွိေနေသးတယ္။ က်န္းမာသန္စြမ္းတဲ့ ကိုယ္ခႏၶာရွိေနေသးတယ္ ဆိုတာေတြကို အသိအမွတ္ျပဳတတ္ပါ။

၈။ အျခားသူေတြရဲ႕ ဘဝေအာင္ျမင္ေပ်ာ္႐ႊင္ေနတာျမင္ၿပီး ကိုယ့္ကိုယ္ကို အလိုမက် ျဖစ္ေနတာေတြ ရပ္လိုက္ပါ။ ကိုယ္လုပ္ႏိုင္တာေတြကို အေကာင္းဆုံးလုပ္ေဆာင္ၿပီး ဘဝကို ျမင့္မားလာေအာင္ စတင္ႀကိဳးစားလိုက္ပါ။

၉။ ကိုယ့္လြတ္လပ္ခြင့္ကို အေကာင္းဆုံး အသိအမွတ္ျပဳၿပီး အျပည့္အဝ ခံစားေပ်ာ္႐ႊင္ပါ။

၁ဝ။ အေျခအေနတစ္ခုကေန တစ္ခုကိုေျပာင္းလဲတဲ့အခါ ကိုယ္ေပးဆပ္လိုက္ရတဲ့ အရာေတြအတြက္ ပိုေကာင္းတာေတြ ရလာႏိုင္တယ္ဆိုတာကို နားလည္ထားပါ။

ဒီအခ်က္ေတြအတိုင္း လိုက္နာေနထိုင္ႏိုင္မယ္ဆိုရင္ေတာ့ စိတ္ရဲ႕ ရင့္က်က္တည္ၿငိမ္မႈေတြကို အတိုင္းအတာ တစ္ခုထိ ခံစားႏိုင္မွာျဖစ္တယ္။

ကိုယ့္စိတ္ထဲမွာ ျဖစ္ခ်င္လုပ္ခ်င္ေနတာေလးေတြကိုလည္း ပိုမိုခံစားနားလည္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီလိုဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ဟာ ဘဝမွာပိုၿပီး အက်ိဳးရွိရွိ ရပ္တည္လာႏိုင္ပါမယ္။
ဆုံးျဖတ္ေတြ ပိုမို ျပတ္သားခိုင္မာပါလိမ့္မယ္။

ဂႏၲဝင္မဂၢဇင္း#crd

Unicode

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်လိုသူများအတွက်…

ဒီအချက်တွေအတိုင်း လိုက်နာနေထိုင်နိုင်မယ်ဆိုရင်တော့ စိတ်ရဲ့ ရင့်ကျက်တည်ငြိမ်မှုတွေကို အတိုင်းအတာ တစ်ခုထိ ခံစားနိုင်မှာဖြစ်တယ်။

၁။ ဘဝမှာ ကိုယ်လုပ်ချင်တာထက် ကိုယ်လုပ်သင့်တာတွေကို ရွေးချယ်လုပ်ကိုင်ပါ။

၂။ အမှားတစ်ခုခု ကျူးလွန်မိတဲ့အခါ ဝန်ခံတတ်ပါ။ အမှားတွေကနေ သင်းခန်းစာ ယူတတ်ခြင်းက ကိုယ့်ကို ပိုပြီး ရင့်ကျက်သောလူသားတစ်ဦး အသွင် ပုံဖော်ပေးသွားမယ်ဆိုတာကို ယုံကြည်ပါ။

၃။ ဘာမှမလုပ်ဘဲ လေးလံထိုင်းမှိုင်းနေတာနဲ့ အလုပ်တွေ အရမ်းလုပ်ပြီး မောပန်းနေတာဟာ ပင်ပန်းတာချင်းတူပေမဲ့ အဓိပ္ပာယ်ကွာခြား လွန်းလှပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုမှာ စိတ်ရောကိုယ်ပါ ရင်းပြီး တစိုက်မတ်မတ် ကြိုးစားလိုက်ပါ။

၄။ တစ်ခါတစ်လေ ကိုယ်မလုပ်နိုင်တဲ့ အရာတွေအတွက် ငြင်းဆိုတတ်ပါ။ ဒါမှသာ ကိုယ်တကယ်လုပ်နိုင်တဲ့ အရာတွေအတွက် ပိုအားစိုက်နိုင်မှာပါ။

၅။ ကိုယ့်ကို အမှန်တကယ်ချစ်မြတ်နိုးသူတွေကို ပိုမိုမေတ္တာထား အချိန်ပေးဆက်ဆံပါ။ ဘဝဟာ တိုတောင်းလှပါတယ်။ ကိုယ့်ကို အကြောင်းအရင်းမရှိဘဲ မုန်းတီးနေသူတွေ အကြောင်း စဉ်းစားဖို့ အချိန်မရှိပါဘူး။

၆။ သူများကိုယ့်ကို စိတ်ဝင်စားအောင် ကြိုးစားဖို့ထက် ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကို ပိုမိုအာရုံစိုက် လုပ်ဆောင်ပါ။

၇။ ကိုယ့်မှာရှိတဲ့ အရာတွေအတွက် အမြဲအသိအမှတ်ပြု ကျေနပ်တတ်ပါ။ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲ ကြုံတွေ့နေရပါစေ နောက်ထပ်ကြိုးစားဖို့ လက်ထဲမှာ အချိန်ရှိနေသေးတယ်။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာရှိနေသေးတယ် ဆိုတာတွေကို အသိအမှတ်ပြုတတ်ပါ။

၈။ အခြားသူတွေရဲ့ ဘဝအောင်မြင်ပျော်ရွှင်နေတာမြင်ပြီး ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာတွေ ရပ်လိုက်ပါ။ ကိုယ်လုပ်နိုင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ပြီး ဘဝကို မြင့်မားလာအောင် စတင်ကြိုးစားလိုက်ပါ။

၉။ ကိုယ့်လွတ်လပ်ခွင့်ကို အကောင်းဆုံး အသိအမှတ်ပြုပြီး အပြည့်အဝ ခံစားပျော်ရွှင်ပါ။

၁ဝ။ အခြေအနေတစ်ခုကနေ တစ်ခုကိုပြောင်းလဲတဲ့အခါ ကိုယ်ပေးဆပ်လိုက်ရတဲ့ အရာတွေအတွက် ပိုကောင်းတာတွေ ရလာနိုင်တယ်ဆိုတာကို နားလည်ထားပါ။

ဒီအချက်တွေအတိုင်း လိုက်နာနေထိုင်နိုင်မယ်ဆိုရင်တော့ စိတ်ရဲ့ ရင့်ကျက်တည်ငြိမ်မှုတွေကို အတိုင်းအတာ တစ်ခုထိ ခံစားနိုင်မှာဖြစ်တယ်။

ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်လုပ်ချင်နေတာလေးတွေကိုလည်း ပိုမိုခံစားနားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ဟာ ဘဝမှာပိုပြီး အကျိုးရှိရှိ ရပ်တည်လာနိုင်ပါမယ်။
ဆုံးဖြတ်တွေ ပိုမို ပြတ်သားခိုင်မာပါလိမ့်မယ်။

ဂန္တဝင်မဂ္ဂဇင်း#crd

Be the first to comment

Leave a Reply

Your email address will not be published.


*