ေရႊဟာ ရင္ႏွီးျမွဳပ္ႏွံမႈေကာင္းတခု ျဖစ္ႏိုင္ပါသလား…

ေရႊဟာ ရင္ႏွီးျမွဳပ္ႏွံမႈေကာင္းတခု ျဖစ္ႏိုင္ပါသလား...
ေရႊဟာ ရင္ႏွီးျမွဳပ္ႏွံမႈေကာင္းတခု ျဖစ္ႏိုင္ပါသလား...

ေရႊဟာ ရင္ႏွီးျမွဳပ္ႏွံမႈေကာင္းတခု ျဖစ္ႏိုင္ပါသလား…

သမိုင္းေၾကာင္း တစ္ေလွ်ာက္မွာတည္းက ေ႐ႊဟာ အလြန္တန္ဖိုးရွိတဲ့ ကုန္ပစၥည္းတစ္ခုအျဖစ္ အသိမွတ္ျပဳ ခံထားရပါတယ္။

ေ႐ႊကို ပိုင္ဆိုင္ထားျခင္းဟာ ေငြေၾကးေဖာင္းပြမႈအတြက္ အေကာင္းဆုံး စည္း႐ိုးတစ္ခုနဲ႔ တူတယ္လို႔လည္း ဆိုထားၾကပါတယ္။

ေ႐ႊကို ရင္းႏွီးျမႇဳပ္ႏွံျခင္းရဲ႕ အဓိက အားသာခ်က္မွာဆိုရင္ ေ႐ႊဟာ ကမာၻ႔ေဈးကြက္မွာ ဝယ္လိုအား အခိုင္အမာ ရွိထားၿပီး ျဖစ္ပါတယ္။

အေပၚမွာ ေျပာခဲ့သလို ေ႐ႊဝယ္ထားျခင္းျဖင့္ ငြေၾကးေဖာင္းပြမႈကိုလည္း ေလွ်ာ့ခ်ႏိုင္ပါတယ္။ ဘ႑ာေရးေဈးကြက္ အတြက္ဆိုလည္း ေ႐ႊဟာ အေကာင္းဆုံး စံနမူနာ တစ္ခု ျဖစ္ပါတယ္။

ေ႐ႊကို စုေဆာင္းတဲ့အခါမွာ မတူကြဲျပားတဲ့ အေၾကာင္း အမ်ိဳးမ်ိဳးနဲ႔ စုေဆာင္းၾကပါတယ္ ။ ဘာေၾကာင့္လဲဆိုရင္ တစ္ခ်ိဳ႕ေသာ ယဥ္ေက်းမႈ ေခတ္ေတြမွာေတာ့ ခ်မ္းသာႂကြယ္ဝမႈနဲ႔ စုေဆာင္းမႈ ပုံစံတစ္မ်ိဳးျဖစ္ၿပီး ထိုလူေတြဟာ ငြေၾကးေဖာင္းပြမႈကိုလည္း ေလွ်ာ့ခ်ခ်င္ေသာေၾကာင့္ျဖစ္သည္။

အထူးသျဖင့္ အေနာက္ႏိုင္ငံေတြမွာ ေ႐ႊကို ရင္းႏွီးျမႇဳပ္ႏွံျခင္းက ေငြေၾကးေဖာင္းပြမႈကို တားျမစ္ဖို႔နဲ႔ သူတို႔ရဲ႕ အစုရွယ္ရာေတြကို ထိန္းညႇိဖို႔ ၊ စေတာ့ေဈးကြက္နဲ႔ မသက္ဆိုင္တဲ့ ပိုင္ဆိုင္မႈ တစ္ခုကို ပိုင္ဆိုင္လိုတာေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံၾကတာ ျဖစ္ပါတယ္။

အတိုးႏႈန္း က်ဆင္းလာျခင္း ၊ ေငြေၾကးေဖာင္းပြမႈေတြ ျမင့္တက္လာျခင္းတို႔ ျဖစ္လာတဲ့အခါ ရင္းႏွီးျမႇဳပ္ႏွံသူေတြက ေ႐ႊကို ရင္းႏွီးျမႇဳပ္ႏွံဖို႔အတြက္ ပိုၿပီး ေမွ်ာ္လင့္ လာၾကပါတယ္။

အကယ္၍ အေရးတႀကီး ေငြေၾကး လိုအပ္မႈ အေၾကာင္း တစ္စုံတစ္ရာ ရွိလာခဲ့တဲ့ အခါမွာ ေ႐ႊဝယ္ထားမယ္ဆိုရင္ ဒီေ႐ႊကို ျပန္လည္ ေရာင္းခ်လို႔လည္း ရတာေၾကာင့္ ေ႐ႊဝယ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံထားတာဟာ အမွား မရွိပါဘူး။

ေ႐ႊက ပုပ္သိုးသြားႏိုင္မယ့္ ပစၥည္းတစ္ခုလည္း မဟုတ္သလို ရင္းႏွီးမႈေကာင္း တစ္ခုပဲ ျဖစ္ပါတယ္။ ေရွးလူႀကီးေတြ ေျပာခဲ့သလို ပိုက္ဆံရွိၿပီဆိုရင္ တျခားဘာမွမလုပ္နဲ႔ ။

“ေ႐ႊဝယ္ပါ ေ႐ႊစုပါတဲ့” ေ႐ႊဟာ ရွိတဲ့အခါ တန္ဆာဆိုသလို မရွိတဲ့အခါမွာလည္း ဝမ္းစာျဖစ္ပါတယ္ ။ ဒါေၾကာင့္ ေ႐ႊဟာ ရင္းႏွီးျမႇဳပ္ႏွံမႈ အေကာင္းဆုံးတစ္ခု ျဖစ္ပါတယ္။Crd

Unicode

ရွှေဟာ ရင်နှီးမြှုပ်နှံမှုကောင်းတခု ဖြစ်နိုင်ပါသလား…

သမိုင်းကြောင်း တစ်လျှောက်မှာတည်းက ရွှေဟာ အလွန်တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတစ်ခုအဖြစ် အသိမှတ်ပြု ခံထားရပါတယ်။

ရွှေကို ပိုင်ဆိုင်ထားခြင်းဟာ ငွေကြေးဖောင်းပွမှုအတွက် အကောင်းဆုံး စည်းရိုးတစ်ခုနဲ့ တူတယ်လို့လည်း ဆိုထားကြပါတယ်။

ရွှေကို ရင်းနှီးမြှုပ်နှံခြင်းရဲ့ အဓိက အားသာချက်မှာဆိုရင် ရွှေဟာ ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအား အခိုင်အမာ ရှိထားပြီး ဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့သလို ရွှေဝယ်ထားခြင်းဖြင့် ငွကြေးဖောင်းပွမှုကိုလည်း လျှော့ချနိုင်ပါတယ်။ ဘဏ္ဍာရေးဈေးကွက် အတွက်ဆိုလည်း ရွှေဟာ အကောင်းဆုံး စံနမူနာ တစ်ခု ဖြစ်ပါတယ်။

ရွှေကို စုဆောင်းတဲ့အခါမှာ မတူကွဲပြားတဲ့ အကြောင်း အမျိုးမျိုးနဲ့ စုဆောင်းကြပါတယ် ။ ဘာကြောင့်လဲဆိုရင် တစ်ချို့သော ယဉ်ကျေးမှု ခေတ်တွေမှာတော့ ချမ်းသာကြွယ်ဝမှုနဲ့ စုဆောင်းမှု ပုံစံတစ်မျိုးဖြစ်ပြီး ထိုလူတွေဟာ ငွကြေးဖောင်းပွမှုကိုလည်း လျှော့ချချင်သောကြောင့်ဖြစ်သည်။

အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ရွှေကို ရင်းနှီးမြှုပ်နှံခြင်းက ငွေကြေးဖောင်းပွမှုကို တားမြစ်ဖို့နဲ့ သူတို့ရဲ့ အစုရှယ်ရာတွေကို ထိန်းညှိဖို့ ၊ စတော့ဈေးကွက်နဲ့ မသက်ဆိုင်တဲ့ ပိုင်ဆိုင်မှု တစ်ခုကို ပိုင်ဆိုင်လိုတာကြောင့် ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။

အတိုးနှုန်း ကျဆင်းလာခြင်း ၊ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာခြင်းတို့ ဖြစ်လာတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေက ရွှေကို ရင်းနှီးမြှုပ်နှံဖို့အတွက် ပိုပြီး မျှော်လင့် လာကြပါတယ်။

အကယ်၍ အရေးတကြီး ငွေကြေး လိုအပ်မှု အကြောင်း တစ်စုံတစ်ရာ ရှိလာခဲ့တဲ့ အခါမှာ ရွှေဝယ်ထားမယ်ဆိုရင် ဒီရွှေကို ပြန်လည် ရောင်းချလို့လည်း ရတာကြောင့် ရွှေဝယ်ပြီး ရင်းနှီးမြှုပ်နှံထားတာဟာ အမှား မရှိပါဘူး။

ရွှေက ပုပ်သိုးသွားနိုင်မယ့် ပစ္စည်းတစ်ခုလည်း မဟုတ်သလို ရင်းနှီးမှုကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ရှေးလူကြီးတွေ ပြောခဲ့သလို ပိုက်ဆံရှိပြီဆိုရင် တခြားဘာမှမလုပ်နဲ့ ။

“ရွှေဝယ်ပါ ရွှေစုပါတဲ့” ရွှေဟာ ရှိတဲ့အခါ တန်ဆာဆိုသလို မရှိတဲ့အခါမှာလည်း ဝမ်းစာဖြစ်ပါတယ် ။ ဒါကြောင့် ရွှေဟာ ရင်းနှီးမြှုပ်နှံမှု အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။Crd

Be the first to comment

Leave a Reply

Your email address will not be published.


*