ဆိုးအတူ ေကာင္းအတူ ဘ၀ကိုျဖတ္သန္းခဲ့တဲ့ အိမ္ေထာင္သည္ေတြ ဖတ္ၾကည့္လိုက္ပါ…

ဆိုးအတူ ေကာင္းအတူ ဘ၀ကိုျဖတ္သန္းခဲ့တဲ့ အိမ္ေထာင္သည္ေတြ ဖတ္ၾကည့္လိုက္ပါ...
ဆိုးအတူ ေကာင္းအတူ ဘ၀ကိုျဖတ္သန္းခဲ့တဲ့ အိမ္ေထာင္သည္ေတြ ဖတ္ၾကည့္လိုက္ပါ...

ဆိုးအတူ ေကာင္းအတူ ဘ၀ကိုျဖတ္သန္းခဲ့တဲ့ အိမ္ေထာင္သည္ေတြ ဖတ္ၾကည့္လိုက္ပါ…

သူ႔ဘဝက က်ပန္း ပန္းရံအလုပ္သမား ဘဝကေနစၿပီး တျဖည္းျဖည္းနဲ႔ သံလွ်က္ကိုင္ ပန္းရံဆရာတစ္ေယာက္ ျဖစ္လာခဲ့တယ္။ အဲ့ကေန တဆင့္ၿပီးတဆင့္

ကန္ထ႐ိုက္ လုပ္ငန္းရွင္ျဖစ္လာရာက တျဖည္းျဖည္းနဲ႔ အိမ္ၿခံေျမ ကုမၼဏီမွ ာရွယ္ရာေတြဝင္ရာက ခုဆို အိမ္ၿခံေျမနဲ႔ ေဆာက္လုပ္ေရးကုမၼဏီ ပိုင္ရွင္ျဖစ္လာခဲ့တယ္။

သူ႔ကုမၼဏီ ဟာ နာမည္ေတာ္ေတာ္ေလးရေနၿပီး အဲ့ဒီအရာဟာ သူ႔စိတ္ေတြကိုေျပာင္းလဲ လာေစခဲ့ေတာ့တယ္။ သူ႔ရဲ႕ပန္ရံ အလုပ္သမားဘဝကတည္းက ႏွစ္ေပါင္းမ်ားစြာ အတူတူေပါင္းသင္း ေစာင့္ေလွ်ာက္လာခဲ့ေပးတဲ့ မယားဟာ

ညိဳညိဳညႇက္ညႇက္ ပိန္ပိန္ပါးပါး ညိဳေခ်ာေလးကေန ခုဆို ဝဝတုတ္တုတ္ မဲမဲ တူးတူးႀကီး ျဖစ္လာတယ္။ အသားအေရ ေတြကလည္း ႏုနယ္ေျပျပစ္ရာကေန တေျဖးေျဖးၾကမ္းတမ္းခက္ေထာ္ယုံမက တေန႔တျခား တြန႔္လိမ္အေရးအေၾကာင္း ထင္လာ ခဲ့တယ္။

သူမ်ားမယား ေခ်ာေခ်ာလွလွေတြနဲ႔ယွဥ္ရင္ ပုံဆိုးပန္းဆိုးျဖစ္ေနတဲ့ သူမယားကို တျဖည္းျဖည္းစိတ္ကုန္လာ ညီးေငြ႕လာခဲ့ေတာ့တယ္။ ဒါေပမဲ့ သူ႔မယားအေၾကာင္းေတြးမိတိုင္း အတိတ္တုန္းက အတူတူ ပင္ပန္းဆင္းရဲခဲ့တာေတြကိုလဲ ေမ့မရခဲ့ဘူး။

ဒါေပမဲ့ သူ႔အေနနဲ႔ သူမယားရဲ႕ ႐ုပ္ရည္နဲ႔ခႏၲာကိုယ္ကို သီးမခံႏိုင္တဲ့အဆုံး စုံတြဲဘဝကိုေတာ္ေလာက္ၿပီလို႔ စဥ္းစားတယ္။ အမွန္ေတာ့ သူနဲ႔ ပေရာပရီျဖစ္ၿပီး အေပးအယူမွ်ေနတဲ့ သူ႔ရဲ႕ကုမၼဏီက အတြင္းေရးမႉးမေလးကို သူသေဘာက်ေနခဲ့တာပါ။

ဒါနဲ႔ သူ႔မိန္းမနာမည္နဲ႔ ဘဏ္စာအုပ္လုပ္ၿပီး သိန္း ၁၀၀၀ ထည့္ထားေပးတယ္။ ၿပီးေတာ့အိမ္တစ္လုံး လည္းဝယ္ထားေပးၿပီး သူ႔မိန္းမကို လုံေလာက္ျပည့္စုံေအာင္ ေထာက္ပံ့ေပးထားခဲ့တယ္။

သူ႔အေနနဲ႔ တာဝန္မဲ့တဲ့သူ မျဖစ္ခ်င္တဲ့အတြက္ မယားျဖစ္သူရဲ႕ အနာဂါတ္အတြက္ကို ၾကိဳတင္ျပင္ဆင္ ေပးထားခဲ့တယ္။ သူ႔မယားကို အခက္မေတြ႕ေစခ်င္ဘူး။ ဒီလိုမွမဟုတ္ရင္ သူ႔စိတ္ထဲ ေကာင္းမွာ လိပ္ျပာလုံမွာ မဟုတ္ဘူး။

ေနာက္ဆုံးေတာ့ သူ႔အစီအစဥ္ေတြကို သူ႔မိန္းမကိုေျပာျပလိုက္တယ္

သူမဟာ သူ႔ရဲ႕အေၾကာင္းျပခ်က္နဲ႔ ေတာင္းဆိုခ်က္ေတြကို ႐ို႐ိုက်ိဳးက်ိဳးနဲ႔ ၿငိမ္ၿငိမ္ေလး ထိုင္နားေထာင္ေပးတယ္။

သတ္မွတ္ထားတဲ့ ေန႔ေရာက္ေတာ့ သူ႔မိန္းမကို အိမ္ဂရမ္နဲ႔ စာခ်ဳပ္စာတမ္းေတြ ဘဏ္စာအုပ္ေတြကို လြဲေပးၿပီး ႏွစ္ ၂၀ ေက်ာ္လက္တြဲလာတဲ့ ဘဝကို အဆုံးသတ္လိုက္ၿပီး အလုပ္႐ုံးခန္းဆီကို ထြက္လာခဲ့ေတာ့တယ္။

တမနက္လုံးသူ စိတ္ေတြဂဏွာမၿငိမ္ဘူး။ ေန႔လည္ခင္းက်ေတာ့ သူအိမ္ျပန္လာေတာ့ သူမိန္းမလည္း ထြက္သြားခဲ့ၿပီ။ သူမဟာ သူဝယ္ထားေပးတဲ့ အိမ္ေသာ့နဲ႔အိမ္ဂရမ္ေတြ၊ ဘဏ္စာအုပ္ေတြကို သူ႔အိပ္ယာေဘးမွာ ခ်ထားေပးခဲ့တယ္။

အဲ့ေအာက္မွာ သူမ ေရးထားတဲ့ စာတစ္ေစာင္လည္း ရွိေနတယ္။ ကြၽန္မျပန္သြားၿပီ ေနာ္… အေမတို႔႐ြာကိုပဲျပန္မွာပါ ၊ ရွင္ရွာထားတဲ့ ပိုက္ဆံေတြ အိမ္ေတြ ကြၽန္မအတြက္ မလိုအပ္လို႔ ျပန္ထားခဲ့လိုက္တယ္။ အေမတို႔ဆီမွာ ကြၽန္မအတြက္ အကုန္ရွိတာပဲ။

အဝတ္အစားေတြ အိပ္ရာခင္းနဲ႔ ၿခဳံေစာင္အထူေတြ ကြၽန္မေလ်ာ္ထားေပးခဲ့တယ္။ အဝတ္ဘီဒိုရဲ႕ေအာက္ဆုံးထပ္မွာ ထည့္ထားတယ္။ ေအးတဲ့အခါ ယူၿခဳံဖို႔မေမ့နဲ႔အုန္း။ အဝတ္ေတြကို ခ်ိတ္နဲ႔ ခ်ိတ္ထားေပးတယ္။

ရွင့္ရဲ႕ေျခအိပ္ေတြနဲ႔ ခါးပတ္ေတြက ဘီဒိုအလယ္ထပ္မွာေနာ္။ အတြင္းခံေတြလဲ ေလ်ာ္ထားၿပီး အဝတ္ဘီဒို ဘယ္ဖက္ကအံဆြဲထဲမွာ လိပ္ၿပီးစီထားတယ္ေနာ္ ကြၽန္မမရွိေတာ့ေပမဲ့ ဆရာေပးထားတဲ့ အစာအိမ္ေဆးေတြ ေသာက္ဖို႔မေမ့နဲ႔အုန္း။

ေနာက္တစ္ခု ရွင္က အိမ္ေသာ့ခဏခဏေမ့တတ္ က်ေပ်ာက္တတ္လို႔ ကြၽန္မေသာ့အပိုေတြလုပ္ထားၿပီး ၿခံေစာင့္ဦးေလးႀကီးအိမ္မွာ အပ္ထားေပးတယ္ေနာ္။

မနက္အလုပ္သြားခါနီးရင္ အိပ္ရာေခါင္းရင္းက ျပတင္းေပါက္ကို ပိတ္သြားဖို႔ မေမ့နဲ႔အုန္း။ မိုး႐ြာလို႔မိုးပက္ရင္ အိပ္ရာေတြစို႐ြဲကုန္မယ္။

ကြၽန္မရွင္ႀကိဳက္တဲ့ ဆိတ္သားေျခာက္နဲ႔ ဝက္သားေျခာက္ေနတစ္လွမ္းသားေတြ ၄၊ ၅ ပိသာေလာက္ လုပ္ထားၿပီး ေၾကာင္အိမ္ထဲမွာ အိပ္နဲ႔ထည့္ထားခဲ့တယ္။

စားခ်င္တဲ့အခါ ဆီအိုးေလးတည္ၿပီး ေၾကာ္စားလိုက္ယုံပဲ။ ၿပီးေတာ့ ဟင္းခ်ိဳမုန႔္မပါပဲ ႐ြာကဆုံဆီသန႔္ေတြနဲ႔ ေၾကာ္ထားတဲ့ ဘာလေခ်ာင္ေၾကာ္ပုလင္းေတြလဲ ေၾကာင္အိမ္ ဒုတိယအဆင့္မွာရွိတယ္။ တင့္ေဆြတို႔နဲ႔ ဘီယာျမည္းမျပစ္လိုက္နဲ႔အုန္း။

သူမ ေရးထားတဲ့စာလုံးေတြက ေၾကာင္ျခစ္ထားသလိုပဲ။ မညီမညာနဲ႔ လက္ေရးကလဲ စုတ္ျပတ္သတ္ေနတာပဲ ဒါေပမဲ့ စာလုံးတိုင္းဟာ သူမရဲ႕ ျဖဴစင္တဲ့ စိတ္ထားအမွန္ေတြဆိုတာ သူခံစားမိေလတိုင္း ႏွလုံးသားထဲမွာ တစစ္စစ္နဲ ႔နာက်င္လာတယ္။

သူေၾကာင္အိမ္ထဲက ဘာလေခ်ာင္ပုလင္းေတြထုတ္ၾကည့္ၿပီး သူသာမန္ဆင္းရဲသား ငမြဲေလးဘဝ လြန္ခဲ့တဲ့ ႏွစ္၂၀ ကတုန္းက သူ႔ကိုဒီလိုပဲ ဘာလေခ်ာင္ေၾကာ္ေတြေၾကာ္ေကြၽးခဲ့တုန္းက သူ ေပ်ာ္႐ြင္ၾကည္ႏူးခဲ့ရဖူးတယ္။

အဲ့ဒီတုန္းက ဘဝတစ္ေလွ်ာက္လုံးမွာ သူမကိုေပ်ာ္႐ြင္ေအာင္ထားရမယ္လို႔ သူ႔ကိုယ္သူဂတိ ေပးခဲ့ဖူးတယ္။ သူခ်က္ခ်င္းပဲ ကားေမာင္းထြက္ၿပီး သူ႔မိန္းမကိုလိုက္ရွာတယ္။ နာရီဝက္ေလာက္ၾကာေတာ့ ကားဂိတ္မွာ သူ႔မိန္းမကို ေတြ႕တယ္။

သူ႔တစ္ကိုယ္လုံးလဲ ေခြၽးေတြ႐ြဲနစ္ေနတာပဲ သူမိန္းမကိုေဒါသနဲ႔လွမ္းေအာ္တယ္။ နင္ကဘယ္ကိုသြားမလို႔လဲ။ ငါအခုအလုပ္ကျပန္လာတာ တစ္ေနကုန္ပင္ပန္းလာတာ ထမင္းေတာင္မစားရေသးဘူး အိမ္ရွင္မတာဝန္ဆိုတာ ဒီလိုပဲလင္ကို ပစ္ထားရသလား ?

ငါနဲ႔ခုခ်က္ခ်င္းအိမ္ျပန္လိုက္ခဲ့ သူ႔ဇနီးလည္း မ်က္ရည္ေတြစီးက်လာရင္း ထိုင္ရာကထၿပီး သူ႔ေနာက္ကို တိတ္တိတ္ဆိတ္ဆိတ္ပဲ လိုက္လာခဲ့ေတာ့တယ္ ။ သူမမ်က္နာမွာလည္း မ်က္ရည္စေတြနဲ႔ ၿပဳံးလာတယ္။

သူမမသိတာက သူ႔ေရွ႕ကစိုက္စိုက္နဲ႔ေလ်ာက္ေနနဲ႔ သူေယာက္်ား ရဲ႕ ပါးမွာမ်က္ရည္ေတြ စီးက်ေနတယ္ဆိုတာပါပဲ။ ေစာေစာက ကားဂိတ္ကို သူကားေမာင္းလာေတာ့ လမ္းမွာတစ္လမ္းလုံးသူစိုးရိမ္လာတာ သူမကိုျပန္ရွာ လို႔မေတြ႕ေတာ့မွာကိုပဲ အရမ္းေၾကာက္ေနခဲ့တာပါ။

သူဟာ သူ႔ကိုယ္သူႀကိမ္ဆဲမိတယ္။ ဘာလိုအဲ့ေလာက္ေတာင္အသုံးမက်တာလဲ။ ဘာမဟုတ္တဲ့ တစ္ျခားမိန္းမ လွတာေလးနဲ႔ပဲ သူ႔ကိုသိပ္ခ်စ္သိပ္႐ိုေသၿပီး သူနဲ႔အတူ ေအးအတူပူအမွ်

ႏွစ္ေပါင္း၂၀ေက်ာ္ အပင္ပန္းအဆင္းရဲအတူတူခံလာတဲ့ မိန္းမကိုပစ္ပယ္ဖို႔စဥ္းစားမိရတာလဲေပါ့။ တကယ္ဆို သူမဟာ သူ႔ဘဝရဲ႕ ခြဲခြာမရတဲ့ ဘဝအစိတ္အပိုင္းတစ္ခုပါပဲဆိုတာ သူနားလည္သြားပါၿပီ။

ေပ်ာ္႐ြင္မႈ႕ဆိုတာ ဘဏ္စာအုပ္ထဲက ေငြေၾကးပမာဏေပၚမွာမမူတည္ပါဘူး ။ ကိုယ္ခ်စ္တဲ့သူရဲ႕ အၿပဳံးေပၚမွာတာမူတည္တာပါ။လြပ္လပ္မႈ႕ဆိုတာ လူတိုင္းအတြက္ျဖစ္ႏိုင္ပါတယ္။ ကိုယ္ကသာေ႐ြးခ်ယ္မလားဆိုတာ မူတည္သြားတာပါ။

မူရင္းေရးသားသူကို ေလးစားစြာ credit ေပးပါသည္။

Unicode

ဆိုးအတူ ကောင်းအတူ ဘဝကိုဖြတ်သန်းခဲ့တဲ့ အိမ်ထောင်သည်တွေ ဖတ်ကြည့်လိုက်ပါ…

သူ့ဘဝက ကျပန်း ပန်းရံအလုပ်သမား ဘဝကနေစပြီး တဖြည်းဖြည်းနဲ့ သံလျှက်ကိုင် ပန်းရံဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။ အဲ့ကနေ တဆင့်ပြီးတဆင့်

ကန်ထရိုက် လုပ်ငန်းရှင်ဖြစ်လာရာက တဖြည်းဖြည်းနဲ့ အိမ်ခြံမြေ ကုမ္မဏီမှ ာရှယ်ရာတွေဝင်ရာက ခုဆို အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးကုမ္မဏီ ပိုင်ရှင်ဖြစ်လာခဲ့တယ်။

သူ့ကုမ္မဏီ ဟာ နာမည်တော်တော်လေးရနေပြီး အဲ့ဒီအရာဟာ သူ့စိတ်တွေကိုပြောင်းလဲ လာစေခဲ့တော့တယ်။ သူ့ရဲ့ပန်ရံ အလုပ်သမားဘဝကတည်းက နှစ်ပေါင်းများစွာ အတူတူပေါင်းသင်း စောင့်လျှောက်လာခဲ့ပေးတဲ့ မယားဟာ

ညိုညိုညှက်ညှက် ပိန်ပိန်ပါးပါး ညိုချောလေးကနေ ခုဆို ဝဝတုတ်တုတ် မဲမဲ တူးတူးကြီး ဖြစ်လာတယ်။ အသားအရေ တွေကလည်း နုနယ်ပြေပြစ်ရာကနေ တဖြေးဖြေးကြမ်းတမ်းခက်ထော်ယုံမက တနေ့တခြား တွန့်လိမ်အရေးအကြောင်း ထင်လာ ခဲ့တယ်။

သူများမယား ချောချောလှလှတွေနဲ့ယှဉ်ရင် ပုံဆိုးပန်းဆိုးဖြစ်နေတဲ့ သူမယားကို တဖြည်းဖြည်းစိတ်ကုန်လာ ညီးငွေ့လာခဲ့တော့တယ်။ ဒါပေမဲ့ သူ့မယားအကြောင်းတွေးမိတိုင်း အတိတ်တုန်းက အတူတူ ပင်ပန်းဆင်းရဲခဲ့တာတွေကိုလဲ မေ့မရခဲ့ဘူး။

ဒါပေမဲ့ သူ့အနေနဲ့ သူမယားရဲ့ ရုပ်ရည်နဲ့ခန္တာကိုယ်ကို သီးမခံနိုင်တဲ့အဆုံး စုံတွဲဘဝကိုတော်လောက်ပြီလို့ စဉ်းစားတယ်။ အမှန်တော့ သူနဲ့ ပရောပရီဖြစ်ပြီး အပေးအယူမျှနေတဲ့ သူ့ရဲ့ကုမ္မဏီက အတွင်းရေးမှူးမလေးကို သူသဘောကျနေခဲ့တာပါ။

ဒါနဲ့ သူ့မိန်းမနာမည်နဲ့ ဘဏ်စာအုပ်လုပ်ပြီး သိန်း ၁၀၀၀ ထည့်ထားပေးတယ်။ ပြီးတော့အိမ်တစ်လုံး လည်းဝယ်ထားပေးပြီး သူ့မိန်းမကို လုံလောက်ပြည့်စုံအောင် ထောက်ပံ့ပေးထားခဲ့တယ်။

သူ့အနေနဲ့ တာဝန်မဲ့တဲ့သူ မဖြစ်ချင်တဲ့အတွက် မယားဖြစ်သူရဲ့ အနာဂါတ်အတွက်ကို ကြိုတင်ပြင်ဆင် ပေးထားခဲ့တယ်။ သူ့မယားကို အခက်မတွေ့စေချင်ဘူး။ ဒီလိုမှမဟုတ်ရင် သူ့စိတ်ထဲ ကောင်းမှာ လိပ်ပြာလုံမှာ မဟုတ်ဘူး။

နောက်ဆုံးတော့ သူ့အစီအစဉ်တွေကို သူ့မိန်းမကိုပြောပြလိုက်တယ်

သူမဟာ သူ့ရဲ့အကြောင်းပြချက်နဲ့ တောင်းဆိုချက်တွေကို ရိုရိုကျိုးကျိုးနဲ့ ငြိမ်ငြိမ်လေး ထိုင်နားထောင်ပေးတယ်။

သတ်မှတ်ထားတဲ့ နေ့ရောက်တော့ သူ့မိန်းမကို အိမ်ဂရမ်နဲ့ စာချုပ်စာတမ်းတွေ ဘဏ်စာအုပ်တွေကို လွဲပေးပြီး နှစ် ၂၀ ကျော်လက်တွဲလာတဲ့ ဘဝကို အဆုံးသတ်လိုက်ပြီး အလုပ်ရုံးခန်းဆီကို ထွက်လာခဲ့တော့တယ်။

တမနက်လုံးသူ စိတ်တွေဂဏှာမငြိမ်ဘူး။ နေ့လည်ခင်းကျတော့ သူအိမ်ပြန်လာတော့ သူမိန်းမလည်း ထွက်သွားခဲ့ပြီ။ သူမဟာ သူဝယ်ထားပေးတဲ့ အိမ်သော့နဲ့အိမ်ဂရမ်တွေ၊ ဘဏ်စာအုပ်တွေကို သူ့အိပ်ယာဘေးမှာ ချထားပေးခဲ့တယ်။

အဲ့အောက်မှာ သူမ ရေးထားတဲ့ စာတစ်စောင်လည်း ရှိနေတယ်။ ကျွန်မပြန်သွားပြီ နော်… အမေတို့ရွာကိုပဲပြန်မှာပါ ၊ ရှင်ရှာထားတဲ့ ပိုက်ဆံတွေ အိမ်တွေ ကျွန်မအတွက် မလိုအပ်လို့ ပြန်ထားခဲ့လိုက်တယ်။ အမေတို့ဆီမှာ ကျွန်မအတွက် အကုန်ရှိတာပဲ။

အဝတ်အစားတွေ အိပ်ရာခင်းနဲ့ ခြုံစောင်အထူတွေ ကျွန်မလျော်ထားပေးခဲ့တယ်။ အဝတ်ဘီဒိုရဲ့အောက်ဆုံးထပ်မှာ ထည့်ထားတယ်။ အေးတဲ့အခါ ယူခြုံဖို့မမေ့နဲ့အုန်း။ အဝတ်တွေကို ချိတ်နဲ့ ချိတ်ထားပေးတယ်။

ရှင့်ရဲ့ခြေအိပ်တွေနဲ့ ခါးပတ်တွေက ဘီဒိုအလယ်ထပ်မှာနော်။ အတွင်းခံတွေလဲ လျော်ထားပြီး အဝတ်ဘီဒို ဘယ်ဖက်ကအံဆွဲထဲမှာ လိပ်ပြီးစီထားတယ်နော် ကျွန်မမရှိတော့ပေမဲ့ ဆရာပေးထားတဲ့ အစာအိမ်ဆေးတွေ သောက်ဖို့မမေ့နဲ့အုန်း။

နောက်တစ်ခု ရှင်က အိမ်သော့ခဏခဏမေ့တတ် ကျပျောက်တတ်လို့ ကျွန်မသော့အပိုတွေလုပ်ထားပြီး ခြံစောင့်ဦးလေးကြီးအိမ်မှာ အပ်ထားပေးတယ်နော်။

မနက်အလုပ်သွားခါနီးရင် အိပ်ရာခေါင်းရင်းက ပြတင်းပေါက်ကို ပိတ်သွားဖို့ မမေ့နဲ့အုန်း။ မိုးရွာလို့မိုးပက်ရင် အိပ်ရာတွေစိုရွဲကုန်မယ်။

ကျွန်မရှင်ကြိုက်တဲ့ ဆိတ်သားခြောက်နဲ့ ဝက်သားခြောက်နေတစ်လှမ်းသားတွေ ၄၊ ၅ ပိသာလောက် လုပ်ထားပြီး ကြောင်အိမ်ထဲမှာ အိပ်နဲ့ထည့်ထားခဲ့တယ်။

စားချင်တဲ့အခါ ဆီအိုးလေးတည်ပြီး ကြော်စားလိုက်ယုံပဲ။ ပြီးတော့ ဟင်းချိုမုန့်မပါပဲ ရွာကဆုံဆီသန့်တွေနဲ့ ကြော်ထားတဲ့ ဘာလချောင်ကြော်ပုလင်းတွေလဲ ကြောင်အိမ် ဒုတိယအဆင့်မှာရှိတယ်။ တင့်ဆွေတို့နဲ့ ဘီယာမြည်းမပြစ်လိုက်နဲ့အုန်း။

သူမ ရေးထားတဲ့စာလုံးတွေက ကြောင်ခြစ်ထားသလိုပဲ။ မညီမညာနဲ့ လက်ရေးကလဲ စုတ်ပြတ်သတ်နေတာပဲ ဒါပေမဲ့ စာလုံးတိုင်းဟာ သူမရဲ့ ဖြူစင်တဲ့ စိတ်ထားအမှန်တွေဆိုတာ သူခံစားမိလေတိုင်း နှလုံးသားထဲမှာ တစစ်စစ်နဲ့နာကျင်လာတယ်။

သူကြောင်အိမ်ထဲက ဘာလချောင်ပုလင်းတွေထုတ်ကြည့်ပြီး သူသာမန်ဆင်းရဲသား ငမွဲလေးဘဝ လွန်ခဲ့တဲ့ နှစ်၂၀ ကတုန်းက သူ့ကိုဒီလိုပဲ ဘာလချောင်ကြော်တွေကြော်ကျွေးခဲ့တုန်းက သူ ပျော်ရွင်ကြည်နူးခဲ့ရဖူးတယ်။

အဲ့ဒီတုန်းက ဘဝတစ်လျှောက်လုံးမှာ သူမကိုပျော်ရွင်အောင်ထားရမယ်လို့ သူ့ကိုယ်သူဂတိ ပေးခဲ့ဖူးတယ်။ သူချက်ချင်းပဲ ကားမောင်းထွက်ပြီး သူ့မိန်းမကိုလိုက်ရှာတယ်။ နာရီဝက်လောက်ကြာတော့ ကားဂိတ်မှာ သူ့မိန်းမကို တွေ့တယ်။

သူ့တစ်ကိုယ်လုံးလဲ ချွေးတွေရွဲနစ်နေတာပဲ သူမိန်းမကိုဒေါသနဲ့လှမ်းအော်တယ်။ နင်ကဘယ်ကိုသွားမလို့လဲ။ ငါအခုအလုပ်ကပြန်လာတာ တစ်နေကုန်ပင်ပန်းလာတာ ထမင်းတောင်မစားရသေးဘူး အိမ်ရှင်မတာဝန်ဆိုတာ ဒီလိုပဲလင်ကို ပစ်ထားရသလား ?

ငါနဲ့ခုချက်ချင်းအိမ်ပြန်လိုက်ခဲ့ သူ့ဇနီးလည်း မျက်ရည်တွေစီးကျလာရင်း ထိုင်ရာကထပြီး သူ့နောက်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ လိုက်လာခဲ့တော့တယ် ။ သူမမျက်နာမှာလည်း မျက်ရည်စတွေနဲ့ ပြုံးလာတယ်။

သူမမသိတာက သူ့ရှေ့ကစိုက်စိုက်နဲ့လျောက်နေနဲ့ သူယောက်ျား ရဲ့ ပါးမှာမျက်ရည်တွေ စီးကျနေတယ်ဆိုတာပါပဲ။ စောစောက ကားဂိတ်ကို သူကားမောင်းလာတော့ လမ်းမှာတစ်လမ်းလုံးသူစိုးရိမ်လာတာ သူမကိုပြန်ရှာ လို့မတွေ့တော့မှာကိုပဲ အရမ်းကြောက်နေခဲ့တာပါ။

သူဟာ သူ့ကိုယ်သူကြိမ်ဆဲမိတယ်။ ဘာလိုအဲ့လောက်တောင်အသုံးမကျတာလဲ။ ဘာမဟုတ်တဲ့ တစ်ခြားမိန်းမ လှတာလေးနဲ့ပဲ သူ့ကိုသိပ်ချစ်သိပ်ရိုသေပြီး သူနဲ့အတူ အေးအတူပူအမျှ

နှစ်ပေါင်း၂၀ကျော် အပင်ပန်းအဆင်းရဲအတူတူခံလာတဲ့ မိန်းမကိုပစ်ပယ်ဖို့စဉ်းစားမိရတာလဲပေါ့။ တကယ်ဆို သူမဟာ သူ့ဘဝရဲ့ ခွဲခွာမရတဲ့ ဘဝအစိတ်အပိုင်းတစ်ခုပါပဲဆိုတာ သူနားလည်သွားပါပြီ။

ပျော်ရွင်မှု့ဆိုတာ ဘဏ်စာအုပ်ထဲက ငွေကြေးပမာဏပေါ်မှာမမူတည်ပါဘူး ။ ကိုယ်ချစ်တဲ့သူရဲ့ အပြုံးပေါ်မှာတာမူတည်တာပါ။လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာရွေးချယ်မလားဆိုတာ မူတည်သွားတာပါ။

မူရင်းရေးသားသူကို လေးစားစွာ credit ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*