အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း ဘာမြေအမျိုးအစားဖြစ်နိုင်တယ်… မြေပြန့်လား၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်နဲ့နီးလား…..စသည်ဖြင့် ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင် ကျနော်လည်း စုပီးသားဖြစ်သွားအောင် သိထားသလောက်လေး ပြောရရင်း..
၇။ ယာမြေ ဆိုရင် Y
၁၃။ ဓနိမြေ ဆိုရင် D
၁၄။ အပိုင်ရမြေ O
၁၅။ အပိုင် ဂရန်မြေ G
Unicode
မြေအမျိုးအစားများနှင့် သင်္ကေတအက္ခရာ များရဲ့ အဓိပ္ပါယ်
ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်။ ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ… ပေ ၆၀×၇၀ လောက်ကျယ်တယ်… အကြံပေးပါအုံးတဲ့။
ဒါနဲ့ ကျနော်လည်း ခင်များဝယ်မဲ့မြေအတွက် ရှိတဲ့စာရွက်လေး ပို့ပေးပါပေါ့။ သူကလည်း viber ကနေ မြေပုံလေးတစ်ပုံ ပို့ပေးတယ်။
ကျနော်က ကြည့်ပီး ခင်များဟာ လယ်မြေ အမျိုးအစားပဲ… သစ်ပင်စိုက်ဖို့ဝယ်တာလားလို့မေးတော့… မဟုတ်ဘူး နေဖို့ပဲ… ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ၊ ဝိုင်းကွက်တွေနဲ့ပဲတဲ့။
ဆရာက ဒီနေရာကို ရောက်ဘူးလားတဲ့။ ကျနော်ကလည်း မရောက်ဘူးပါဘူး။ မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့ အရောင်ကိုကြည့်ပီး ပြောတာပါလို့ပြောလိုက်တော့။ အဲလို ကြည့်လို့ရလားတဲ့။
ရပါတယ်… ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်ဗျာ၊ ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ဗျာ။
အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ၊ ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊ သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့။
အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း ဘာမြေအမျိုးအစားဖြစ်နိူင်တယ်… မြေပြန့်လား၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်နဲ့နီးလား…..စသည်ဖြင့် ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင် ကျနော်လည်း စုပီးသားဖြစ်သွားအောင် သိထားသလောက်လေး ပြောရရင်း..
မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့….
၁။ မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ ပြသတက်ပီး၊ ပထမတန်းစားဆိုရင် R1၊ ဒုတိယတန်းစား ဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3၊ တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။
၂။ အစိုးရ ဆည်ရေသောက် လယ်မြေဆိုရင် RG
၃။ ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေဆိုရင် RP
၄။ ကန်ရေသောက် မူရင်းလယ် ဆိုရင် TM
၅။ မူရင်း လယ်မြေဆိုရင် M/MY
၆။ ချောင်းရေဝင် မြေဆိုရင် C
၇။ ယာမြေ ဆိုရင် Y
၈။ ရာဘာကြက်ပေါင်စေး စိုက်မြေဆိုရင် RR
၉။ တောင်ယာ မြေဆိုရင် TY/YY
၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY
၁၁။ ကိုင်းမြေရင့် ဆိုရင် KY
၁၂။ ဥယျာဉ်ခြံမြေ ဆိုရင် G/U
၁၃။ ဓနိမြေ ဆိုရင် D
၁၄။ အပိုင်ရမြေ O
၁၅။ အပိုင် ဂရန်မြေ G
၁၆။ အငှား ဂရန်မြေ L ….. စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။ မိမိဝယ်မဲ့မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတလေးကို ကြည့်ပီး မိမိဘာသာ အကြမ်းဖျင်း ခွဲခြားနိူင်ပါတယ်။
Credit Original#ဥပဒေရေးရာ#မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*