ေျခအိတ္စြပ္ျပီး ညဘက္အိပ္သင့္/ မသင့္

ေျခအိတ္စြပ္ျပီး ညဘက္အိပ္သင့္/ မသင့္
ေျခအိတ္စြပ္ျပီး ညဘက္အိပ္သင့္/ မသင့္

ေျခအိတ္စြပ္ျပီး ညဘက္အိပ္သင့္/ မသင့္

ငယ္ငယ္က ေတာင္ႀကီး တေခါက္ေရာက္ေတာ့ နယ္ခံ လူႀကီးက ညဘက္ေျခအိတ္စြပ္မအိပ္နဲ႔မ်က္စိထိခိုက္တယ္လို႔ေျပာပါတယ္။

အသက္ငယ္ေသးလို႔ အေအးဒါဏ္ ခံႏိုင္တာက တေၾကာင္းေျခအိတ္စြပ္ေလ့မရွိတာက တေၾကာင္း အထူးတလည္ေရွာင္စရာ မရွိခဲ့ပါ။ ဒါေပမယ့္ ေအးတဲ့ေဒသမွာ ညဘက္ ေျခအိတ္ စြပ္ မအိပ္ရဘူး ဆိုတဲ့သတိေပး

စကားကို အမွတ္ အသား ျပဳလာခဲ့ပါတယ္။ အသက္ႀကီးတဲ့ အခါက်ေတာ့လည္း ေျခအိပ္စြပ္တတ္တဲ့ အေလ့အက်င့္ မရွိတာေၾကာင့္ ေဆာင္းရာသီ ေရာက္လည္း အေႏြးထည္ ထူထူဝတ္ ေစာင္ လုံေအာင္ျခဳံ ဒီလိုနဲ႔ပဲ ည အေအး ကို အံတုခဲ့တာၾကာလွပါၿပီ။

တစ္ေန႔က အသက္ ၈၅ ႏွစ္ ရွိတဲ့လူနာ တစ္ေယာက္ ေျခက်င္းဝတ္ ယားလြန္းလို႔ ကပ္ေျကးနဲ႔ ျခစ္ပစ္တာ အသားေတြ ပြန္းပဲ့ ေရာင္ရမ္းကုန္လို႔ ေဆးခန္း ေရာက္လာပါတယ္။
လူနာက သူ႔အနာ ဒါဏ္ရာေတြ ျပမယ္ဆိုၿပီး ေျခေထာက္ ခုတင္ေပၚ တင္လိုက္ေတာ့ ေျခအိတ္စြပ္ထားတာ သတိျပဳမိတယ္။

ညအိပ္တဲ့အခါ ေျခအိတ္ စြပ္အိတ္သလား ေမးတဲ့အခါ စြပ္အိပ္တယ္တဲ့…ေျခအိတ္ စြပ္ ျခင္းနဲ႔ ပတ္သက္တဲ့ ငယ္ငယ္က အသိက စိတ္ထဲမွာ ျပဴထြက္ လာတယ္။

အသက္ ၈၅ ႏွစ္ လူႀကီး တစ္ေယာက္ အရြယ္နဲ႔ မမွ် သန္သန္ မာမာ ရွိေနတာကို သေဘာက် ေနတာ ဆိုေတာ့…ေျခအိတ္ စြပ္အိပ္တဲ့ အေလ့အက်င့္ေၾကာင့္ မ်က္စိမ်ား ထိခိုက္သြားခဲ့ေသာ္ ဆိုတဲ့ စိုးရိမ္ ပူပန္မူက စိတ္ထဲေရာက္လာပါတယ္။

ညဘက္ ေျခအိတ္ စြပ္အိပ္ျခင္းက အႏၲရာယ္ ကင္း မကင္းသိခ်င္ လာပါတယ္။ အင္တာနက္က က်န္းမာေရး ဆိုက္ေတြထဲ လိုက္ရွာၾကည့္ေတာ့ ေတြ႕ပါတယ္။ အျပစ္ရယ္လို ေဖာ္ျပတာ မေတြ႕ရဘဲ ေကာင္းက်ဳိး ေတြ ေဖာ္ျပတာပဲ ေတြ႕ရပါတယ္။

ျ​မန္ျမန္ အိပ္ေပ်ာ္ေစတယ္

ေလ့လာမူမ်ားအရ ေျခအိတ္စြပ္လွ်က္ အိပ္ျခင္းက အိပ္ေပ်ာ္ဖို႔ အေထာက္အကူျပဳတာ ေတြ႕ရပါတယ္။

အိပ္ရာထဲ ေျခအိတ္ စြပ္လွ်က္ အိပ္ရင္ ပူေလွာင္ ေနလိမ့္မည္ဟု ထင္စရာရွိပါသည္။ အမွန္က ဒီလို ေျခအိတ္ စြပ္ထားျခင္းက ကိုယ္တြင္း အပူခ်ိန္ ထိန္းသိမ္းမူကို အေထာက္အကူ ျပဳတာ ေတြ႕ရပါသည္။

၂၀၀၇ ခုႏွစ္က စမ္းသပ္မူ တစ္ခုက ရိုးရိုးေျခအိတ္ စြပ္ထားသည္ ျဖစ္ျဖစ္ , အပူေပး
ထားတဲ့ေျခအိတ္ စြပ္ထားသည္ျဖစ္ေစ လွ်င္ျမန္စြာအိပ္ေပ်ာ္ေစတာကိုေတြ႕ရွိခဲ့ပါတယ္။

ရွင္းျပခ်က္

ကိုယ္တြင္း အပူ ဓာတ္က ညဖက္မွာ က်ဆင္းသြားပါတယ္။ မနက္ ၄ နာရီ ေလာက္မွာ အနိမ့္ဆုံး ကိုေရာက္ရွိပါတယ္။

ပုံမွန္ ကိုယ္အပူခ်ိန္က 98.6F ဖာရင္ဟိုက္ ျဖစ္ပါတယ္။ ၂၄ နာရီတေလွ်ာက္မွာ ၁. ၂ ဒီဂရီ အေျပာင္းအလဲရွိပါတယ္။

ေျခအိတ္စြပ္ထားလို႔ ေျခေထာက္ ေႏြးလာျခင္းက ေသြးေၾကာ မ်ား က်ယ္လာေစပါတယ္။ေ သြးေၾကာက်ယ္လာၿပီး အေရျပားမွတဆင့္ အပူစြန္႔ထုတ္ပါတယ္။ အေရျပား ပူေႏြး လာပါတယ္။

ဒီနည္းနဲ႔ ခႏၶာကိုယ္တြင္း အပူခ်ိန္.. core body temperature က်ဆင္းေစပါတယ္။ အပူခ်ိန္ က်ဆင္းျခင္းက ဦးေႏွာက္ကို ည အခ်ိန္ေရာက္ၿပီ လို႔သတင္း ပို႔ပါတယ္။ အေရျပား ပူေႏြး လာျခင္းက ျမန္ျမန္ အိပ္ေစပါတယ္။

လူ ခႏၶာမွာ ဇီဝနာရီ biological clock ရွိပါတယ္။ ကိုယ္တြင္း အပူခ်ိန္ core body temperature ကbiological clock နဲ႔ ဆက္စပ္ပါတယ္။

၄င္းတို႔ရဲ႕ စည္းခ်က္က် လုပ္ေဆာင္မူကို circadian rhythm လို႔ေခၚပါတယ္။ circadian rhythm က အိပ္ခ်ိန္ကို သတ္မွတ္ပါတယ္။

သူ႔ေၾကာင့္ လူဟာ ညေရာက္လွ်င္ အိပ္ခ်င္ၿပီး မနက္က်ႏိုးလာတာ ျဖစ္ပါတယ္။ ကိုယ္အပူခ်ိန္က မနက္ကစၿပီး တျဖည့္ျဖည္း တက္လာတာ ေန႔လည္ ေနာက္ပိုင္းအခ်ိန္မွာ အျမင့္ဆုံး ေရာက္လာပါတယ္။

ဒီအခ်ိန္ေတြမွာ လူက ႏိုးၾကားၿပီး ဖ်တ္လတ္ေနပါတယ္။ လူ အိပ္သြားၿပီ ဆိုလွ်င္ ကိုယ္အပူခ်ိန္ ၁.၂ ဒီဂရီ ေလာက္က်ဆင္းသြားပါၿပီ .. ဒါဟာ ကိုယ္တြင္းအဂါၤေတြ အတြက္ အပူကို ထိန္းသိမ္းထားလိုက္လို႔ ျဖစ္ပါတယ္။

ေျခအိတ္စြပ္ၿပီး အိပ္တဲ့အခါ ဒီအပူထိန္းျခင္းအတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။ ေရးေနာ့လကၡဏာ ေလ်ာ့ပါးေစတယ္( Reducing Raynaud’s Symptoms )။

အလြန္ေအးတဲ့အခါ အလြန္ဖိစီးေနတဲ့အခါ ေျခဖ်ားလက္ဖ်ားမွာ ေသြးေၾကာေတြ က်ဥ္းကုန္ၿပီး ေသြးေလွ်ာက္နည္းသြားလို႔ ေျခလက္ေတြ ျပာလာၿပီး ထုံက်ဥ္လာတာကို ေရေနာေရာဂါ ရျခင္းလို႔ေခၚပါတယ္။

ေျခအိတ္ စြပ္အိပ္မယ္ဆိုရင္ ဒီလို ေရေနာလကၡဏာ ခံစားရမူ ေလ်ာ့ေစမွာျဖစ္ပါတယ္။

အပူျပန္ျခင္းကို ကာကြယ္ပါတယ္( Preventing hot flushes )

ေသြးဆုံးခ်ိန္မွာ အမ်ဳိးသမီးမ်ားက ေခၽြးထြက္လြန္ျခင္း ရင္တုန္ျခင္းနဲ႔အတူ မ်က္ႏွာမွာ အပူေတြ ထြက္ေနတတ္ပါတယ္။ ေျခအိတ္ စြပ္ေပးျခင္းက ကာကြယ္ပါတယ္။

လိင္အတြက္ေကာင္းတယ္

better sex popular news story from 2005 အရ အိပ္ခ်ိန္မွာ ေျခအိတ္စြပ္အိတ္တဲ့ စုံတြဲေတြမွာ လိင္ဆက္ဆံမူ ပိုမိုၿပီးေျမာက္ေစေၾကာင္း ေတြ႕ခဲ့ရပါတယ္။

ေျခအိတ္က ေခ်ာင္ေခ်ာင္လည္လည္ ျဖစ္ဖို႔ လိုပါတယ္။ ေခ်ာင္လည္တာ ေရြးခ်ယ္ဝယ္သင့္ပါတယ္။

ေျခ အိတ္က တင္းက်ပ္ေနရင္ ေသြးေလ်ာက္ျခင္းကို အေႏွာက္အရွက္ ျဖစ္ေစပါတယ္။ ထူထဲ ေႏြးေထြးတဲ့ ေျခအိတ္မွန္သမွ် အသံုးျပဳႏိုင္ပါတယ္…..။

Crd:ေဒါက္တာ ျမင့္သိန္း

Unicode

ခြေအိတ်စွပ်ပြီး ညဘက်အိပ်သင့်/ မသင့်

ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြီးက ညဘက်ခြေအိတ်စွပ်မအိပ်နဲ့မျက်စိထိခိုက်တယ်လို့ပြောပါတယ်။

အသက်ငယ်သေးလို့ အအေးဒါဏ် ခံနိုင်တာက တကြောင်းခြေအိတ်စွပ်လေ့မရှိတာက တကြောင်း အထူးတလည်ရှောင်စရာ မရှိခဲ့ပါ။ ဒါပေမယ့် အေးတဲ့ဒေသမှာ ညဘက် ခြေအိတ် စွပ် မအိပ်ရဘူး ဆိုတဲ့သတိပေး

စကားကို အမှတ် အသား ပြုလာခဲ့ပါတယ်။ အသက်ကြီးတဲ့ အခါကျတော့လည်း ခြေအိပ်စွပ်တတ်တဲ့ အလေ့အကျင့် မရှိတာကြောင့် ဆောင်းရာသီ ရောက်လည်း အနွေးထည် ထူထူဝတ် စောင် လုံအောင်ခြုံ ဒီလိုနဲ့ပဲ ည အအေး ကို အံတုခဲ့တာကြာလှပါပြီ။

တစ်နေ့က အသက် ၈၅ နှစ် ရှိတဲ့လူနာ တစ်ယောက် ခြေကျင်းဝတ် ယားလွန်းလို့ ကပ်ကြေးနဲ့ ခြစ်ပစ်တာ အသားတွေ ပွန်းပဲ့ ရောင်ရမ်းကုန်လို့ ဆေးခန်း ရောက်လာပါတယ်။
လူနာက သူ့အနာ ဒါဏ်ရာတွေ ပြမယ်ဆိုပြီး ခြေထောက် ခုတင်ပေါ် တင်လိုက်တော့ ခြေအိတ်စွပ်ထားတာ သတိပြုမိတယ်။

ညအိပ်တဲ့အခါ ခြေအိတ် စွပ်အိတ်သလား မေးတဲ့အခါ စွပ်အိပ်တယ်တဲ့…ခြေအိတ် စွပ် ခြင်းနဲ့ ပတ်သက်တဲ့ ငယ်ငယ်က အသိက စိတ်ထဲမှာ ပြူထွက် လာတယ်။

အသက် ၈၅ နှစ် လူကြီး တစ်ယောက် အရွယ်နဲ့ မမျှ သန်သန် မာမာ ရှိနေတာကို သဘောကျ နေတာ ဆိုတော့…ခြေအိတ် စွပ်အိပ်တဲ့ အလေ့အကျင့်ကြောင့် မျက်စိများ ထိခိုက်သွားခဲ့သော် ဆိုတဲ့ စိုးရိမ် ပူပန်မူက စိတ်ထဲရောက်လာပါတယ်။

ညဘက် ခြေအိတ် စွပ်အိပ်ခြင်းက အန္တရာယ် ကင်း မကင်းသိချင် လာပါတယ်။ အင်တာနက်က ကျန်းမာရေး ဆိုက်တွေထဲ လိုက်ရှာကြည့်တော့ တွေ့ပါတယ်။ အပြစ်ရယ်လို ဖော်ပြတာ မတွေ့ရဘဲ ကောင်းကျိုး တွေ ဖော်ပြတာပဲ တွေ့ရပါတယ်။

မြန်မြန် အိပ်ပျော်စေတယ်

လေ့လာမူများအရ ခြေအိတ်စွပ်လျှက် အိပ်ခြင်းက အိပ်ပျော်ဖို့ အထောက်အကူပြုတာ တွေ့ရပါတယ်။

အိပ်ရာထဲ ခြေအိတ် စွပ်လျှက် အိပ်ရင် ပူလှောင် နေလိမ့်မည်ဟု ထင်စရာရှိပါသည်။ အမှန်က ဒီလို ခြေအိတ် စွပ်ထားခြင်းက ကိုယ်တွင်း အပူချိန် ထိန်းသိမ်းမူကို အထောက်အကူ ပြုတာ တွေ့ရပါသည်။

၂၀၀၇ ခုနှစ်က စမ်းသပ်မူ တစ်ခုက ရိုးရိုးခြေအိတ် စွပ်ထားသည် ဖြစ်ဖြစ် , အပူပေး
ထားတဲ့ခြေအိတ် စွပ်ထားသည်ဖြစ်စေ လျှင်မြန်စွာအိပ်ပျော်စေတာကိုတွေ့ရှိခဲ့ပါတယ်။

ရှင်းပြချက်

ကိုယ်တွင်း အပူ ဓာတ်က ညဖက်မှာ ကျဆင်းသွားပါတယ်။ မနက် ၄ နာရီ လောက်မှာ အနိမ့်ဆုံး ကိုရောက်ရှိပါတယ်။

ပုံမှန် ကိုယ်အပူချိန်က 98.6F ဖာရင်ဟိုက် ဖြစ်ပါတယ်။ ၂၄ နာရီတလျှောက်မှာ ၁. ၂ ဒီဂရီ အပြောင်းအလဲရှိပါတယ်။

ခြေအိတ်စွပ်ထားလို့ ခြေထောက် နွေးလာခြင်းက သွေးကြော များ ကျယ်လာစေပါတယ်။ေ သွးကြောကျယ်လာပြီး အရေပြားမှတဆင့် အပူစွန့်ထုတ်ပါတယ်။ အရေပြား ပူနွေး လာပါတယ်။

ဒီနည်းနဲ့ ခန္ဓာကိုယ်တွင်း အပူချိန်.. core body temperature ကျဆင်းစေပါတယ်။ အပူချိန် ကျဆင်းခြင်းက ဦးနှောက်ကို ည အချိန်ရောက်ပြီ လို့သတင်း ပို့ပါတယ်။ အရေပြား ပူနွေး လာခြင်းက မြန်မြန် အိပ်စေပါတယ်။

လူ ခန္ဓာမှာ ဇီဝနာရီ biological clock ရှိပါတယ်။ ကိုယ်တွင်း အပူချိန် core body temperature ကbiological clock နဲ့ ဆက်စပ်ပါတယ်။

၎င်းတို့ရဲ့ စည်းချက်ကျ လုပ်ဆောင်မူကို circadian rhythm လို့ခေါ်ပါတယ်။ circadian rhythm က အိပ်ချိန်ကို သတ်မှတ်ပါတယ်။

သူ့ကြောင့် လူဟာ ညရောက်လျှင် အိပ်ချင်ပြီး မနက်ကျနိုးလာတာ ဖြစ်ပါတယ်။ ကိုယ်အပူချိန်က မနက်ကစပြီး တဖြည့်ဖြည်း တက်လာတာ နေ့လည် နောက်ပိုင်းအချိန်မှာ အမြင့်ဆုံး ရောက်လာပါတယ်။

ဒီအချိန်တွေမှာ လူက နိုးကြားပြီး ဖျတ်လတ်နေပါတယ်။ လူ အိပ်သွားပြီ ဆိုလျှင် ကိုယ်အပူချိန် ၁.၂ ဒီဂရီ လောက်ကျဆင်းသွားပါပြီ .. ဒါဟာ ကိုယ်တွင်းအဂါၤတွေ အတွက် အပူကို ထိန်းသိမ်းထားလိုက်လို့ ဖြစ်ပါတယ်။

ခြေအိတ်စွပ်ပြီး အိပ်တဲ့အခါ ဒီအပူထိန်းခြင်းအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ရေးနော့လက္ခဏာ လျော့ပါးစေတယ်( Reducing Raynaud’s Symptoms )။

အလွန်အေးတဲ့အခါ အလွန်ဖိစီးနေတဲ့အခါ ခြေဖျားလက်ဖျားမှာ သွေးကြောတွေ ကျဉ်းကုန်ပြီး သွေးလျှောက်နည်းသွားလို့ ခြေလက်တွေ ပြာလာပြီး ထုံကျဉ်လာတာကို ရေနောရောဂါ ရခြင်းလို့ခေါ်ပါတယ်။

ခြေအိတ် စွပ်အိပ်မယ်ဆိုရင် ဒီလို ရေနောလက္ခဏာ ခံစားရမူ လျော့စေမှာဖြစ်ပါတယ်။

အပူပြန်ခြင်းကို ကာကွယ်ပါတယ်( Preventing hot flushes )

သွေးဆုံးချိန်မှာ အမျိုးသမီးများက ချွေးထွက်လွန်ခြင်း ရင်တုန်ခြင်းနဲ့အတူ မျက်နှာမှာ အပူတွေ ထွက်နေတတ်ပါတယ်။ ခြေအိတ် စွပ်ပေးခြင်းက ကာကွယ်ပါတယ်။

လိင်အတွက်ကောင်းတယ်

better sex popular news story from 2005 အရ အိပ်ချိန်မှာ ခြေအိတ်စွပ်အိတ်တဲ့ စုံတွဲတွေမှာ လိင်ဆက်ဆံမူ ပိုမိုပြီးမြောက်စေကြောင်း တွေ့ခဲ့ရပါတယ်။

ခြေအိတ်က ချောင်ချောင်လည်လည် ဖြစ်ဖို့ လိုပါတယ်။ ချောင်လည်တာ ရွေးချယ်ဝယ်သင့်ပါတယ်။

ခြေ အိတ်က တင်းကျပ်နေရင် သွေးလျောက်ခြင်းကို အနှောက်အရှက် ဖြစ်စေပါတယ်။ ထူထဲ နွေးထွေးတဲ့ ခြေအိတ်မှန်သမျှ အသုံးပြုနိုင်ပါတယ်…..။

Crd:ဒေါက်တာ မြင့်သိန်း

Be the first to comment

Leave a Reply

Your email address will not be published.


*