















Unicode

လွန်ခဲ့သောနှစ်ပေါင်း၂၆၀ကျော်က တံငါရွာလေးတစ်ရွာ… ရန်ကုန်မြို့ (သို့မဟုတ်) ဒဂုံမြို့

ရန်ကုန်မြို့တည်ခဲ့တာဟာ ခုဆိုရင် နှစ်ေ ပါင်း(၂၆၀)ကျော် ရှိခဲ့ ပါပြီ။ ရန်ကုန်လို့ ဖြစ်မလာခင်က တံငါရွာလေး တစ်ရွာမျှသာ .. နောက် ဒဂုံမြို့။

အလောင်းမင်းတရား ဒဂုံကို သိမ်းပိုက်ချိန်မှာ ဒဂုံမြို့ဟာ တောထနေပါပြီ။ ခြုံနွယ်တွေ ကို ရှင်းလင်းပြီး ရန်ကုန်မြို့ ကို တည်ထား ခဲ့ပါတယ်။

မေလ ၂ ရက် ၁၇၅၅ (သက္ကရာဇ် ၁၁၁၇၊ ကဆုန်လပြည့်ကျော် ၇ ရက် ကြာသပတေးနေ့) မှာ ရန်ကုန်မြို့ကို (၇) ရက်တည်းနဲ့ အပြီး တည်ဆော က်ခဲ့ ပါတယ်။

(၇) ရက်နဲ့ အပြီး တည်ဆောက် ခဲ့ပေမယ့် ဖြစ်ကတတ်ဆန်း လုပ်ခဲ့တာ တော့မ ဟုတ်ပါဘူး။ ကျုံး၊ မြောင်း ၊ ပြအိုး၊ တံခါး စတဲ့ မြို့အင်္ဂါတွေ ပါတဲ့ “သစ်မြို့”တစ် ခု ပါ။

ရန်အပေါင်း ကုန်စင်အောင် လုပ်ဆောင် ခဲ့တဲ့ မြို့ဖြစ်လို့ “ရန်ကုန်” လို့ သမုတ် ခဲ့ပါတယ်။ အဲ့ဒီအချိန်က ရန်ကုန်မြို့သစ်မှာ ရပ်ကွက်(၈) ခု ရှိပြီး လူဦးရေ တစ်သောင်းခန့် နေထိုင်ခဲ့ ကြ ပါတယ်။

အလောင်းမင်းတရား ရဲ့ ရန်ကုန်မြို့ မှာ ဆိပ်ကမ်း နှစ်ခု ရှိပါတယ်။ ”ဘုရင့်သင်္ဘောဆိပ်” နဲ့ “တရုတ်သင်္ဘောဆိပ်” လို့ ခေါ် ပါတယ်။

ရန်ကုန် ကို သင်္ဘောတွေ ဆိုက်ကပ်ပြီ ဆိုရင် ပါလာတဲ့ သင်္ဘောသား အရေအ တွက်၊ ကုန်ပစ္စည်း၊ လက်နက် စတဲ့ စာရင်းကို အတိအကျပေး ရ ပါတယ်။

သင်္ဘောပေါ် တက်စစ်လို့ စာရင်း မကိုက်ရင် သေချာအရေးယူမှု ပြု လုပ်ပါတယ်။ သင်္ဘောက ချတဲ့ ကုန်ပစ္စည်း အတွက် ဆယ်ရာခိုင်နှုန်း အခွန်စည်းကြပ် ပါတယ်။

သင်္ဘောသားတွေ အတွက်လည်း လုံခြုံရေး အပြည့်အဝ ယူပေးထားပါတယ်။ ရန်ကုန်မြို့ မီးဘေးအန္တရာယ် အတွက်လည်း အထူး ကြပ်မတ် ထားပါသေးတယ်။

မီးဖိုထဲထိ ဝင် ကြက်မွှေးနဲ့ သေချာ စစ်ဆေးပါတယ်။ မီးလောင်ခဲ့ရင်တော့ ရပ်ကွက်လူကြီးကိုပါ အရေးယူ စေပါတယ်။

၁၈၅၂ မှာ အင်္ဂလိပ် တို့က ဒုတိယ အင်္ဂလိ ပ်-မြန်မာ စစ်ပွဲဆင်နွှဲပြီး အောက်မြန်မာနိုင်ငံကို သိမ်းပိုက်တာကြောင့် ရန်ကုန်မြို့လည်း ကိုလိုနီနယ်ချဲ့လက်အောက် ရောက်ခဲ့ ရပါတယ်။

ဗြိတိသျှတွေဟာ ရန်ကုန်မြို့ကို တ ည်ဆောက်ရာမှာ ပန်းခြံထားရှိမယ့် နေရာတွေ ကိုလည်း အကွက်ရိုက်ပြီး စီစဉ် ထားရှိ ခဲ့ပါတယ်။

Crdးမောင်သွေးချွန်၏ အတုမရှိမော်ကွန်း တက္ကသိုလ်ခင် မောင်ဇော်၏မြို့တော် တစ်ခွင်

Be the first to comment

Leave a Reply

Your email address will not be published.


*