၀င္ေငြ ေကာင္းေနပါရဲ့နဲ႔ မ်ားမ်ားမစုေဆာင္းနိုင္ရျခင္းရဲ့ အေၾကာင္းရင္း (၆) ခ်က္

၀င္ေငြ ေကာင္းေနပါရဲ့နဲ႔ မ်ားမ်ားမစုေဆာင္းနိုင္ရျခင္းရဲ့ အေၾကာင္းရင္း (၆) ခ်က္
၀င္ေငြ ေကာင္းေနပါရဲ့နဲ႔ မ်ားမ်ားမစုေဆာင္းနိုင္ရျခင္းရဲ့ အေၾကာင္းရင္း (၆) ခ်က္

၀င္ေငြ ေကာင္းေနပါရဲ့နဲ႔ မ်ားမ်ားမစုေဆာင္းနိုင္ရျခင္းရဲ့ အေၾကာင္းရင္း (၆) ခ်က္

(၁) အပင္ပန္းခံရွာၿပီး မသုံးပဲေနရမယ္ဆိုတာႀကီးက မဟုတ္ေသးပါဘူးကြာဟု အေတြးရွိျခင္း

ဒီလိုေတြးတတ္တဲ့သူေတြ ေျပာေလ့ရွိတာက “ငါကေတာ့ ပစၥဳပၸန္တည့္တည့္ကိုပဲ ၾကည့္တယ္၊ ဘဝဆိုတာ တိုတိုေလး ေပ်ာ္ေပ်ာ္ေနရဖို့ အေရးႀကီးတယ္”

အနာဂတ္အတြက္ ရွာေဖြစုေဆာင္းျခင္း လုပ္ဖို့အတြက္ သိပ္စိတ္မဝင္စား။ မျဖစ္မေနလုပ္ရမယ္ဆိုလည္း ေနာက္မွ လုပ္မည္။ ဒီေန႔ေတာ့ ေပ်ာ္မည္။ ဝင္ေငြရဲ့ ၁၀ ပုံ တစ္ပုံကို စုပါတို့
စုၿပီးမွ က်န္တာကို သုံးပါတို့ ဆိုတဲ့ စကားေတြက သူတို့အတြက္ မဟုတ္။

(၂) ဘတ္ဂ်တ္ မသတ္မွတ္ထားျခင္း

တိုင္းတာလို့မရရင္ ထိန္းခ်ဳပ္လို့ မရနိုင္။ ကိုယ့္အေနနဲ႔ တစ္လတာအတြင္း ဘာေတြ သုံးဖို့ရွိၿပီး၊ ဘယ္ေလာက္သုံးစြဲမယ္ ဆိုတာမ်ိဳးကို ႀကိဳတင္ တြက္ဆထားျခင္းမရွိဘဲ ပိုက္ဆံအိတ္ထဲ ျဖည့္လိုက္ သုံးၿပီးေလ်ာ့သြားရင္ ျပန္ျဖည့္လိုက္ ျပဳလုပ္တတ္ျခင္း။

(၃) အသုံးစာရင္း မွတ္ေလ့မရွိျခင္း

ေငြသုံးစြဲမွုဟာ ေမွာ္ဆန္တယ္လို့ ကၽြန္ေတာ္အျမဲ ေျပာေလ့ရွိတယ္။
ပိုက္ဆံေတြသာ ေျပာင္သြားတယ္ ဘာေတြ သုံးလိုက္မိပါလိမ့္လို့ ျပန္စဥ္းစားေတာ့လည္း အကုန္ျပန္မထြက္ဘူး။

ေငြသုံးစြဲမွုကို အထိန္းအကြပ္တစ္ခု ျဖစ္ေစတဲ့ ဘတ္ဂ်က္သတ္မွတ္ထားျခင္း မရွိေတာ့ ဘယ္ေလာက္ကုန္ကုန္ ျပႆနာလို့လည္း သိပ္မျမင္ေတာ့ဘူး။

ဒီေတာ့ ဘာေတြသုံးမိလိုက္လဲ ဆိုတာလည္း အေရးမႀကီးေတာ့ၿပီမို့ အသုံးစာရင္း မွတ္တဲ့အလုပ္ပိုႀကီးကိုလည္း လုပ္ေနစရာ မလိုေတာ့ဘူးေပါ့။

(၄) က်ားႀကီးေျခရာႀကီး

စာရင္းမရွိ အင္းမရွိ နဲ႔ ကိုယ့္အိတ္ထဲကပိုက္ဆံ ကိုယ့္ပိုက္ဆံ ဆိုတဲ့မူနဲ႔ သြားေနမွေတာ့ …
ဒီေခတ္ႀကီးမယ္ အာ႐ုံငါးပါးအရသာ ခံဖို့အတြက္ ဆြဲေဆာင္နိုင္တဲ့ အရာေတြကလည္း ေပါမ်ားတာနဲ႔ေတာ့ တည့္တည့္ႀကီး ေတြ႕ၾကၿပီေပါ့။

ပစၥည္းတစ္ခု လိုခ်င္ရင္ ပိုက္ဆံဘယ္ေလာက္က်န္ေသးသလဲဆိုတာနဲ႔ လကုန္ဖို့ ဘယ္ႏွရက္လိုေသးသလဲ ဆိုတာေလာက္ကို ခ်ိန္ဆၿပီး အဆင္ေျပရင္ မွာခ်လိုက္တာပဲ။ လိုခ်င္ေနတာလား၊ လိုအပ္ေနတာလား ဆိုတာလည္း သိပ္မစဥ္းစားေတာ့ဘူး။

ကိုယ္လိုခ်င္တာေတြကို မဆင္မျခင္ လိုက္ၿပီးဝယ္ေနမယ္ဆို တစ္ခ်ိန္မွာ ကိုယ္လိုအပ္တဲ့အရာေတြကို ထုတ္ၿပီး ေရာင္းရတဲ့ ဘဝ ဆိုက္လိမ့္မယ္ဆိုတဲ့ စကားေတြဟာလည္း သူနဲ႔ လားလားမွ မဆိုင္။

(၅) ေနာက္ဆုံးေပၚေရာဂါ

ဖုန္းအသစ္ထြက္ရင္ လဲခ်င္တယ္။ ဆိုင္အသစ္ေလးေကာင္းတယ္ဆို ေရာက္ၿပီးၿပီ။ ေနာက္ဆုံးေပၚ မဟုတ္ေတာင္ တံဆိပ္ကေလးက ဆရာက်ေနမွ။

(၆) လက္မရြံ့ အေႂကြးယူသမား

လကလည္း ကုန္ေတာ့မယ္ ဒါေလးကလည္း ဒီတစ္ရက္ပဲ ေဈးခ်တာ။ ကိစၥမရွိပါဘူးေလ လကုန္တာနဲ႔ ျပန္ေပးလို့ ရတာပဲ တစ္ေယာက္ေယာက္ဆီက ခဏ ဆြဲလိုက္တာေပါ့။

ဒီလိုနဲ႔ ေနာက္လရဲ့ ဝင္ေငြကို ႀကိဳသုံးတတ္လာတယ္။ ပိုက္ဆံေခ်းထားၿပီး ေသခ်ာ မမွတ္ထားတာေတြ။ Credit ကဒ္ေတြကို ဟန္ပါပါ သုံးထားခဲ့တာေတြ။

ၿပီးေတာ့ ဒီအေႂကြးေတြကို ဦးစားေပးၿပီး အေက်ဆပ္နိုင္ဖို့ မႀကိဳးစားပဲ သုံးျမဲဆက္သုံးေနေတာ့ အတိုးေတြပါ လိုက္ၿပီး ႀကီးထြားလာတယ္။ ဒီလိုနဲ႔ လုံးလည္လိုက္ရာကေန ဟုတ္တိပတ္တိ စုေဆာင္းျဖစ္တဲ့ဆီ မေရာက္လာေတာ့ဘူး။

အခု ဒီစာကို ဆုံးသည္အထိ ဖတ္ျဖစ္ခဲ့တဲ့ မိတ္ေဆြဟာ ဒီ (၆) ခ်က္စလုံးနဲ႔ မညႇိပဲ ဒီအခ်က္ေတြ အားလုံးနဲ႔ ဆန္က်င့္ဘက္ ျပဳမွုေဆာင္ရြက္ျဖစ္ေနတယ္ ဆိုရင္ေတာ့ ဒါဟာ အရမ္းေကာင္းတဲ့ လကၡဏာပဲလို့ ယူဆနိုင္ပါတယ္။

(၆) ခ်က္မွာ တစ္ခ်က္ျဖစ္ေစ တစ္ခ်က္ထက္ပို၍ျဖစ္ေစ မိမိႏွင့္ တိုက္ဆိုင္မွု ရွိေနပါက အခ်ိန္မွီ ျပဳျပင္နိုင္ၾကပါေစေၾကာင္း

Unicode

၀င်ငွေ ကောင်းနေပါရဲ့နဲ့ များများမစုဆောင်းနိုင်ရခြင်းရဲ့ အကြောင်းရင်း (၆) ချက်

(၁) အပင်ပန်းခံရှာပြီး မသုံးပဲနေရမယ်ဆိုတာကြီးက မဟုတ်သေးပါဘူးကွာဟု အတွေးရှိခြင်း

ဒီလိုတွေးတတ်တဲ့သူတွေ ပြောလေ့ရှိတာက “ငါကတော့ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်တယ်၊ ဘဝဆိုတာ တိုတိုလေး ပျော်ပျော်နေရဖို့ အရေးကြီးတယ်”

အနာဂတ်အတွက် ရှာဖွေစုဆောင်းခြင်း လုပ်ဖို့အတွက် သိပ်စိတ်မဝင်စား။ မဖြစ်မနေလုပ်ရမယ်ဆိုလည်း နောက်မှ လုပ်မည်။ ဒီနေ့တော့ ပျော်မည်။ ဝင်ငွေရဲ့ ၁၀ ပုံ တစ်ပုံကို စုပါတို့
စုပြီးမှ ကျန်တာကို သုံးပါတို့ ဆိုတဲ့ စကားတွေက သူတို့အတွက် မဟုတ်။

(၂) ဘတ်ဂျတ် မသတ်မှတ်ထားခြင်း

တိုင်းတာလို့မရရင် ထိန်းချုပ်လို့ မရနိုင်။ ကိုယ့်အနေနဲ့ တစ်လတာအတွင်း ဘာတွေ သုံးဖို့ရှိပြီး၊ ဘယ်လောက်သုံးစွဲမယ် ဆိုတာမျိုးကို ကြိုတင် တွက်ဆထားခြင်းမရှိဘဲ ပိုက်ဆံအိတ်ထဲ ဖြည့်လိုက် သုံးပြီးလျော့သွားရင် ပြန်ဖြည့်လိုက် ပြုလုပ်တတ်ခြင်း။

(၃) အသုံးစာရင်း မှတ်လေ့မရှိခြင်း

ငွေသုံးစွဲမှုဟာ မှော်ဆန်တယ်လို့ ကျွန်တော်အမြဲ ပြောလေ့ရှိတယ်။
ပိုက်ဆံတွေသာ ပြောင်သွားတယ် ဘာတွေ သုံးလိုက်မိပါလိမ့်လို့ ပြန်စဉ်းစားတော့လည်း အကုန်ပြန်မထွက်ဘူး။

ငွေသုံးစွဲမှုကို အထိန်းအကွပ်တစ်ခု ဖြစ်စေတဲ့ ဘတ်ဂျက်သတ်မှတ်ထားခြင်း မရှိတော့ ဘယ်လောက်ကုန်ကုန် ပြဿနာလို့လည်း သိပ်မမြင်တော့ဘူး။

ဒီတော့ ဘာတွေသုံးမိလိုက်လဲ ဆိုတာလည်း အရေးမကြီးတော့ပြီမို့ အသုံးစာရင်း မှတ်တဲ့အလုပ်ပိုကြီးကိုလည်း လုပ်နေစရာ မလိုတော့ဘူးပေါ့။

(၄) ကျားကြီးခြေရာကြီး

စာရင်းမရှိ အင်းမရှိ နဲ့ ကိုယ့်အိတ်ထဲကပိုက်ဆံ ကိုယ့်ပိုက်ဆံ ဆိုတဲ့မူနဲ့ သွားနေမှတော့ …
ဒီခေတ်ကြီးမယ် အာရုံငါးပါးအရသာ ခံဖို့အတွက် ဆွဲဆောင်နိုင်တဲ့ အရာတွေကလည်း ပေါများတာနဲ့တော့ တည့်တည့်ကြီး တွေ့ကြပြီပေါ့။

ပစ္စည်းတစ်ခု လိုချင်ရင် ပိုက်ဆံဘယ်လောက်ကျန်သေးသလဲဆိုတာနဲ့ လကုန်ဖို့ ဘယ်နှရက်လိုသေးသလဲ ဆိုတာလောက်ကို ချိန်ဆပြီး အဆင်ပြေရင် မှာချလိုက်တာပဲ။ လိုချင်နေတာလား၊ လိုအပ်နေတာလား ဆိုတာလည်း သိပ်မစဉ်းစားတော့ဘူး။

ကိုယ်လိုချင်တာတွေကို မဆင်မခြင် လိုက်ပြီးဝယ်နေမယ်ဆို တစ်ချိန်မှာ ကိုယ်လိုအပ်တဲ့အရာတွေကို ထုတ်ပြီး ရောင်းရတဲ့ ဘဝ ဆိုက်လိမ့်မယ်ဆိုတဲ့ စကားတွေဟာလည်း သူနဲ့ လားလားမှ မဆိုင်။

(၅) နောက်ဆုံးပေါ်ရောဂါ

ဖုန်းအသစ်ထွက်ရင် လဲချင်တယ်။ ဆိုင်အသစ်လေးကောင်းတယ်ဆို ရောက်ပြီးပြီ။ နောက်ဆုံးပေါ် မဟုတ်တောင် တံဆိပ်ကလေးက ဆရာကျနေမှ။

(၆) လက်မရွံ့ အကြွေးယူသမား

လကလည်း ကုန်တော့မယ် ဒါလေးကလည်း ဒီတစ်ရက်ပဲ ဈေးချတာ။ ကိစ္စမရှိပါဘူးလေ လကုန်တာနဲ့ ပြန်ပေးလို့ ရတာပဲ တစ်ယောက်ယောက်ဆီက ခဏ ဆွဲလိုက်တာပေါ့။

ဒီလိုနဲ့ နောက်လရဲ့ ဝင်ငွေကို ကြိုသုံးတတ်လာတယ်။ ပိုက်ဆံချေးထားပြီး သေချာ မမှတ်ထားတာတွေ။ Credit ကဒ်တွေကို ဟန်ပါပါ သုံးထားခဲ့တာတွေ။

ပြီးတော့ ဒီအကြွေးတွေကို ဦးစားပေးပြီး အကျေဆပ်နိုင်ဖို့ မကြိုးစားပဲ သုံးမြဲဆက်သုံးနေတော့ အတိုးတွေပါ လိုက်ပြီး ကြီးထွားလာတယ်။ ဒီလိုနဲ့ လုံးလည်လိုက်ရာကနေ ဟုတ်တိပတ်တိ စုဆောင်းဖြစ်တဲ့ဆီ မရောက်လာတော့ဘူး။

အခု ဒီစာကို ဆုံးသည်အထိ ဖတ်ဖြစ်ခဲ့တဲ့ မိတ်ဆွေဟာ ဒီ (၆) ချက်စလုံးနဲ့ မညှိပဲ ဒီအချက်တွေ အားလုံးနဲ့ ဆန်ကျင့်ဘက် ပြုမှုဆောင်ရွက်ဖြစ်နေတယ် ဆိုရင်တော့ ဒါဟာ အရမ်းကောင်းတဲ့ လက္ခဏာပဲလို့ ယူဆနိုင်ပါတယ်။

(၆) ချက်မှာ တစ်ချက်ဖြစ်စေ တစ်ချက်ထက်ပို၍ဖြစ်စေ မိမိနှင့် တိုက်ဆိုင်မှု ရှိနေပါက အချိန်မှီ ပြုပြင်နိုင်ကြပါစေကြောင်း

Be the first to comment

Leave a Reply

Your email address will not be published.


*