Unicode
ထမင်းပေါင်းအိုးနဲ့ ချက်တဲ့ထမင်းကို မသိုးအောင် ကြာရှည်အထားခံအောင် ပြုလုပ်နည်း
ထမင်းပေါင်းအိုး နဲ့ ချက်တိုင်း သိုးလွယ်လို့ မသိုးအောင် ဘယ်လို လုပ်ရမလဲ ဆိုပြီး မေးတာ‌တွေ့လို့.. ကိုယ့် အတွေ့အကြုံလေးကို မျှဝေ ပေးပါရစေ..
ကိုယ်လည်း အဲ့ ဒုက္ခကို တော်တော် ခံစား ခဲ့ရတာ ။ ဘယ်လောက် ဆိုးသလဲဆို မနက်ပိုင်း ချက်ထားတဲ့ ထမင်း ကို ညနေ မမှောင်ခင် အပြေအလွှား စားမှ မှီတယ်..။
မဟုတ်ရင် စားခါနီးကျ ထမင်းက သိုးရော.. ။ အဲ့လို ဖြစ်ပေါင်းများလို့ ခေါင်းဆွဲပြုတ်နဲ့ ညားရတာ အခါခါ ပါပဲ..။
ထမင်း မသိုးဖို့ ဆိုရင် ကိုယ်သိသလောက် ကတော့ ဆန်ဆေးရင် ဆန်ကို သေချာပြောင်အောင် ဆေးရမယ်..။
ပြီးရင် ထည့်ချက်မယ့် ရေကလည်း သန့် ရမယ်..။ ပြီးရင် အိုးကလည်း သန့်ရမယ်လို့ အမြဲမှတ်ထားပါတယ်…။
ခဏခဏ သိုးတဲ့ အိုးကို အရင်ဆုံး ရေထည့်ပြီး ပွက်ပွက်ဆူနေအောင် တည်ပြီး ပိုးသတ်ပါတယ်..။ ပြီးရင် အဲ့ ရေနွေးကို သွန် အိုကို‌ အခြောက်ခံပြီး ဆားနဲ့ နာနာ တိုက်ပါ တယ်…။
ကိုယ်တော့ နာရီဝက်လောက်ကို ထိုင်‌တိုက်တာ အိုးမှာ ရှိတဲ့ ဂျေးတွေက ဆားနဲ့ အတူ ပါသွားပြီး ဆားက မဲညစ်ညစ် အရောင် ပြောင်းသွား လိမ့်မယ်..။
ကိုယ် စိတ်ကျေနပ်လောက် တဲ့ အနေအထား ရောက်ရင် ပန်ကန်ဆေး အစိမ်းဖတ်ထဲ ဆပ်ပြာထည့်ပြီး သေချာ ပွတ်ဆေး လိုက်ပါ..။
အဲ့ဒါဆိုရင် မသိုးတော့တဲ့ အိုး ဖြစ်သွား ပါလိမ့်မယ်.. ။ ကိုယ်တော့ အဲ့လို လုပ်ပြီးကတည်းက ထမင်း မသိုးတော့တာ…။ နှစ်ရက်လောက် ထားလဲ ထမင်းက နဂို အတိုင်းလေးပဲ…။
တစ်ခါတလေ နှစ်ညအိပ်တွေ ဘာတွေတောင် ဖြစ်ကုန်တာ။ ဒါတောင် မသိုးတော့ဘူး.. ။အားလုံးလည်း အဆင်ပြေကြပါစေ ရှင့်…။Crd,
Be the first to comment
Leave a Reply
Your email address will not be published.
*