က်န္းမာျခင္း၊ ခ်မ္းသာ ဥစၥာ ႂကြယ္ဝျခင္း၊ အသက္ရွည္ျခင္း၊ ေပ်ာ္႐ႊင္ျခင္း တို႔ကို ေပးစြမ္းႏိုင္တဲ့ အင္ၾကင္းေက်ာက္ အေၾကာင္း

က်န္းမာျခင္း၊ ခ်မ္းသာ ဥစၥာ ႂကြယ္ဝျခင္း၊ အသက္ရွည္ျခင္း၊ ေပ်ာ္႐ႊင္ျခင္း တို႔ကို ေပးစြမ္းႏိုင္တဲ့ အင္ၾကင္းေက်ာက္ အေၾကာင္း
က်န္းမာျခင္း၊ ခ်မ္းသာ ဥစၥာ ႂကြယ္ဝျခင္း၊ အသက္ရွည္ျခင္း၊ ေပ်ာ္႐ႊင္ျခင္း တို႔ကို ေပးစြမ္းႏိုင္တဲ့ အင္ၾကင္းေက်ာက္ အေၾကာင္း

က်န္းမာျခင္း၊ ခ်မ္းသာ ဥစၥာ ႂကြယ္ဝျခင္း၊ အသက္ရွည္ျခင္း၊ ေပ်ာ္႐ႊင္ျခင္း တို႔ကို ေပးစြမ္းႏိုင္တဲ့ အင္ၾကင္းေက်ာက္ အေၾကာင္း

ျမန္မာအေခၚ အင္ၾကင္းေက်ာက္သည္ ဂရိဘာသာ petra မွဆင္းသက္လာၿပီး ေက်ာက္သားအသြင္ေျ ပာင္းသြားေသာ သစ္ပင္ သစ္ကိုင္း သစ္သား ဟု အဓိပၸါယ္ ရပါသည္။ အဂၤလိပ္ဘာသာျဖင့္ petrified wood ဟု ေခၚေဝၚပါသည္။

ထို႔ေၾကာင့္ အင္ၾကင္းေက်ာက္သည္ အင္ၾကင္းပင္ တစ္မ်ိဳးထည္း မွ ျဖစ္ေသာေက်ာက္ကို ဆိုသည္ မဟုတ္ဘဲ မည္သည့္သစ္ပင္ သစ္ကိုင္း သစ္သား မွ အသြင္ေျပာင္းျဖစ္လာေသာေက်ာက္မ်ားကို အင္ၾကင္းေက်ာက္ဟု ေယ်ဘူယ သုံးစြဲေသာနာမည္ျဖစ္ပါသည္။

ကမာၻေပၚရွိအင္ၾကင္းေက်ာက္မ်ားသည္ လြန္ခဲ့ေသာ ႏွစ္သန္းေပါင္း ၅ သန္းမွ သန္း ၂၀၀ အၾကားတြင္ ေပါက္ေရာက္ခဲ့ေသာ သစ္ပင္ သစ္သား သစ္ကိုင္းမ်ား၏ ႐ုပ္ႂကြင္းမ်ားျဖစ္ၾကပါသည္။

ျမန္မာႏိုင္ငံအတြင္းတြင္ေတြ႕ရေသာ အင္ၾကင္းေက်ာက္မ်ားမွာ ႏွစ္သန္းေပါင္း ၅ သန္း မွ သန္း ၁၇၀ ၾကား ရွိသည္ဟု ေဖာ္ျပထားသည္ကို ေတြ႕ရပါသည္။

လြန္ခဲ့ေသာ ႏွစ္သန္းေပါင္းမ်ားစြာက ကမာၻေပၚတြင္ ေပါက္ေရာက္ေနေသာ သစ္ပင္မ်ားသည္ လဲက်ေသဆုံးသြားၿပီး သဲႏုန္းေျမမ်ား ဖုန္းလြမ္းခံရျခင္း မီးေတာင္ေခ်ာ္ျပာမ်ား ဖုံးလြမ္းခံရျခင္းတို႔ေၾကာင့္ ေျမမ်က္ႏွာျပင္ေအာက္သို႔ ေရာက္ရွိ ခဲ့ရပါသည္ ။

ကမာၻေျမ အေပၚယံလႊာတြင္ အေပါမ်ားဆုံးျဖစ္ေသာ ဆီလီကာ သလင္း ဓာတ္ပစၥည္းတို႔ တိုးဝင္ဓာတ္ျပဳျခင္းကို ခံၾက ရပါသည္။

သစ္ပင္သစ္သား၏ ဆဲလ္မ်ား ထဲသို႔ ေအာက္ဆီဂ်င္ႏွင့္ လဲလွယ္ဓာတ္ျပဳရပါသည္။ ႏွစ္ေပါင္းမ်ားစြာ ေျမႀကီးထု၏ ဖိအား အပူခ်ိန္ တို႔ေၾကာင့္ မပ်က္စီးဘဲ က်န္ေနသည့္သစ္ပင္ သစ္သား အစိတ္အပိုင္းမ်ားသည္ ေက်ာက္တုံးအျဖစ္ ေျပာင္းလဲသြားရပါသည္။

ေျမႀကီးထု၏ ဖိအား၊ အပူခ်ိန္ႏွင့္ ဓာတ္ျပဳသည့္ ပစၥည္းမ်ားအေပၚမူတည္၍ ေနရာအသီးသီးတြင္ အရည္အေသြး အမ်ိဳးမ်ိဳး ကြဲျပားစြာေတြ႕ရေလ့ ရွိပါသည္။ ဓာတ္ျပဳသည့္ ပစၥည္းမ်ားေရာေႏွာပါဝင္မႈေၾကာင့္ အေရာင္အမ်ိဳးမ်ိဳ းစြဲထင္ရပါသည္

ကာဗြန္ ဓာတ္ျပဳမႈေၾကာင့္ အနက္ေရာင္ကိုေဘာ့ဓာတ္ျပဳမႈေၾကာင့္ အစိမ္းေရာင္ အျပာေရာင္ခ႐ိုမီယံ ဓာတ္ျပဳမႈေၾကာင့္ အစိမ္းေရာင္ အျပာေရာင္… ေကာ့ပါး ဓာတ္ျပဳမႈေၾကာင့္ အစိမ္းေရာင္ အျပာရာင္ အိုင္းယြင္းေအာက္ဆိုက္ ဓာတ္ျပဳမႈေၾကာင့္

အနီ , အညိဳ ,အဝါေရာင္မင္းဂနိ ဓာတ္ျပဳမႈေၾကာင့္ ပန္းေရာင္ လိေမၼာ္ေရာင္မန္ဂနိေအာက္ဆိုက္ ဓာတ္ျပဳမႈေၾကာငိ့ အဝါေရာင္ အနက္ေဖ်ာ့ အစရွိသျဖင့္ ေက်ာက္တြင္ အေရာင္မ်ားစြဲထင္ရပါသည္။

ကမာၻေပၚတြင္ အင္ၾကင္းေက်ာက္ကို ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံတြင္ ေတြ႕ရွိရသည္ဟု သိရပါသည္။ ဩစေတးလွ် , အာဂ်င္တီးနား , ဘယ္လ္ဂ်ီယံ , ဘရာဇီး , ကေနဒါ , တ႐ုပ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း ,

ခ်က္ , ဂ်ာမဏီ , အီေကြေဒါ ,အီဂ်စ္ , ျပင္သစ္ , ဂရိ ,ဟန္ေဂရီ , အိႏၵိယ , အင္ဒိုနီးရွား , ျမန္မာ , အစၥေရး , လစ္ဗ်ား , နမ္ဘီးယားနယူးဇီလန္ , ေဆာ္ဒီအာေရဗ် , ထိုင္း , ယူကရိန္း , အဂၤလန္ ႏွင့္ အေမရိကန္ျပည္ေထာင္စု တို႔တြင္ ေတြ႕ရသည္ဟု သိရပါသည္။

အင္ၾကင္းေက်ာက္၏ အရည္အေသြးကိုလိုက္၍ တကီလိုလွ်င္ $ 1 မွ $20 အထိ အမ်ိဳးမ်ိဳး ေရင္းဝယ္ၾကသည္ကို ေတြ႕ရပါသည္။ အလြန္ရွားပါးေသာ အခ်က္မ်ား ပါရွိသည့္ ေက်ာက္မ်ားသည္ တကီလို $100 ေက်ာ္ ေရာင္းခ်သည္ကို ေလ့လာသိရွိရပါသည္။

ႏိုင္ငံတကာမွ အင္ၾကင္းေက်ာက္ပညာရွင္မ်ား လက္ခံတင္ျပထားသည့္ ေက်ာက္ကို တန္ဖိုးတက္ေစေသာ အခ်က္မ်ား၊ တန္ဖိုးက်ေစေသာ အခ်က္မ်ားကို ေဖာ္ျပေပးပါမည္…

အင္ၾကင္းေက်ာက္ကို တန္ဖိုးတက္ေစေသာ အခ်က္မ်ား

လွပ၍ ေတာက္ပေသာ အေရာင္ ရွိရမည္။ အေရာင္ အေသြး စုံလင္စြာ ပါရွိရမည္။ အလင္းမႈန္ မွ အလင္းေပါက္ ေက်ာက္သားျဖစ္ရမည္။ အဂိတ္ (သို႔) အိုပယ္ တိုးဝင္ေနေသာ ေက်ာက္သားျဖစ္ရမည္။ သစ္သား အမွ်င္အေၾကာမ်ား ထင္ရွားစြာ ပါရွိရမည္။

အပင္၏ သစ္သား၏ အေခါက္အတိုင္း မပ်က္စီးဘဲ လွပစြာ ရွိရမည္။ အခက္အလက္မ်ား အေပါက္ႀကီးမ်ား စသည္ျဖင့္ မက်ိဳးမပဲ့ ရွိေနရမည္။ အပင္စားေသာ ပိုးေကာင္ အင္းဆက္ႀကီး ေကာင္မ်ား အပင္အတြင္း ေက်ာက္ျဖစ္လွ်က္ ပါရွိရမည္။

အင္ၾကင္းေက်ာက္ကို တန္ဖိုးက်ေစေသာ အဓိကအခ်က္မ်ား

မြဲေျခာက္ေျခာက္ အေရာင္ရွိေနေသာ အလင္းပိတ္ေသာ ေက်ာက္သားပြေသာ႐ႊံ႕မ်ား ထုံးဂ်ိဳးမ်ား ပါမ်ားစြာ ပါေနေသာ အခ်က္မ်ားသည္ တန္ဖိုးက်ေစပါသည္။

ကမာၻ ႏိုင္ငံအခ်ိဳ႕ တြင္ ၁၉၇၂ ခုႏွစ္ခန႔္ မွ စတင္၍ အင္ၾကင္းေက်ာက္ အလွဆင္ပစၥည္းမ်ား ထုတ္လုပ္ ေရာင္းဝယ္ သုံးစြဲေနၾကၿပီျဖစ္ပါတယ္။ က်ေနာ္တို႔ ျမန္မာႏိုင္ငံတြင္ မေကြးတိုင္းေဒသႀကီး , မန္းေလးတိုင္းေဒသႀကီး စစ္ကိုင္းတိုင္းေဒသႀကီး ႏွင့္ ကခ်င္ျပည္နယ္ တို႔တြင္ အင္ၾကင္းေက်ာက္မ်ားေတြ႕ႏိုင္ပါသည္။

အင္ၾကင္းေက်ာက္မ်ားသည္ ေက်ာက္စိမ္းမ်ားကဲ့သို႔ တေနရာထဲတြင္ စုၿပဳံျဖစ္ေပၚေနျခင္း မရွိပါ။ ဟိုေနရာတစ္ခု ဒီေနရာတစ္ခု ျပန႔္က်ဲ၍သာ ေတြ႕ႏိုင္ပါသည္။ သို႔ျဖစ္၍ လုပ္ကြက္မ်ား ရယူ၍ လုပ္ကိုင္ရန္ ခက္ခဲလွပါသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀၀ ေက်ာ္မွ ယေန႔အထိ ေက်ာက္စိမ္းမ်ား မ်ားစြာထုတ္ယူႏိုင္ေသာ္လည္း အင္ၾကင္းေက်ာက္ကို မည္သည့္ႏိုင္ငံတြင္မွ ေက်ာက္စိမ္းမ်ား ထုတ္သလို ေပါမ်ားစြာ ထုတ္ယူႏိုင္ျခင္းမရွိပါ။ ေတြ႕ရခဲေသာေၾကာင့္ ျဖစ္ပါသည္။ ရွားပါးျခင္းဂုဏ္သတၱအျပည့္ရွိသည္ကို ေတြ႕ရပါသည္။

မပ်က္မစီးဘဲ ႏွစ္သန္းေပါင္းမ်ားစြာက ျဖစ္ေပၚခဲ့ၿပီး မာဆင့္ ၇ ရွိေသာ တာရွည္ခံသည့္ သတၱိလည္းရွိပါသည္။ ေရာင္အေသြး အမ်ိဳးႏွင့္ လွပေသာ သတၱိလည္းရွိပါသည္။

အင္ၾကင္းေက်ာက္ကို အိမ္ၿခံအတြင္း ထားရွိလွ်င္ျဖစ္ေစ ဝတ္ဆင္လွ်င္ျဖစ္ေစ က်န္းမာျခင္း ဥစၥာ ႂကြယ္ဝျခင္း အသက္ရွည္ျခင္း ေပ်ာ္႐ႊင္ျခင္း တို႔ကို ေပးစြမ္းသည္ဟု ေရွးေဟာင္း ဂရိစာေပမ်ားႏွင့္ ျမန္မာ့ေလာကီပညာရွင္မ်ားက မွတ္တမ္းမ်ား ဆိုခဲ့ၾကပါသည္။

သို႔ျဖစ္ပါ၍ ျမန္မာ့အင္ၾကင္းေက်ာက္မ်ားကို ျမန္မာမ်ား ပိုင္ဆိုင္ႏိုင္ၾကၿပီး အက်ိဳးေက်းဇူးမ်ား ရရွိပါေစေၾကာင္း ဆုေတာင္းေမတၱာ ပို႔သအပ္ပါသည္..။Credit:ဆန္းမိုးေအာင္(မုံ႐ြာ)

Unicode

ကျန်းမာခြင်း၊ ချမ်းသာ ဥစ္စာ ကြွယ်ဝခြင်း၊ အသက်ရှည်ခြင်း၊ ပျော်ရွှင်ခြင်း တို့ကို ပေးစွမ်းနိုင်တဲ့ အင်ကြင်းကျောက် အကြောင်း

မြန်မာအခေါ် အင်ကြင်းကျောက်သည် ဂရိဘာသာ petra မှဆင်းသက်လာပြီး ကျောက်သားအသွင်ေြ ပာင်းသွားသော သစ်ပင် သစ်ကိုင်း သစ်သား ဟု အဓိပ္ပါယ် ရပါသည်။ အင်္ဂလိပ်ဘာသာဖြင့် petrified wood ဟု ခေါ်ဝေါ်ပါသည်။

ထို့ကြောင့် အင်ကြင်းကျောက်သည် အင်ကြင်းပင် တစ်မျိုးထည်း မှ ဖြစ်သောကျောက်ကို ဆိုသည် မဟုတ်ဘဲ မည်သည့်သစ်ပင် သစ်ကိုင်း သစ်သား မှ အသွင်ပြောင်းဖြစ်လာသောကျောက်များကို အင်ကြင်းကျောက်ဟု ယျေဘူယ သုံးစွဲသောနာမည်ဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိအင်ကြင်းကျောက်များသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၅ သန်းမှ သန်း ၂၀၀ အကြားတွင် ပေါက်ရောက်ခဲ့သော သစ်ပင် သစ်သား သစ်ကိုင်းများ၏ ရုပ်ကြွင်းများဖြစ်ကြပါသည်။

မြန်မာနိုင်ငံအတွင်းတွင်တွေ့ရသော အင်ကြင်းကျောက်များမှာ နှစ်သန်းပေါင်း ၅ သန်း မှ သန်း ၁၇၀ ကြား ရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ကမ္ဘာပေါ်တွင် ပေါက်ရောက်နေသော သစ်ပင်များသည် လဲကျသေဆုံးသွားပြီး သဲနုန်းမြေများ ဖုန်းလွမ်းခံရခြင်း မီးတောင်ချော်ပြာများ ဖုံးလွမ်းခံရခြင်းတို့ကြောင့် မြေမျက်နှာပြင်အောက်သို့ ရောက်ရှိ ခဲ့ရပါသည် ။

ကမ္ဘာမြေ အပေါ်ယံလွှာတွင် အပေါများဆုံးဖြစ်သော ဆီလီကာ သလင်း ဓာတ်ပစ္စည်းတို့ တိုးဝင်ဓာတ်ပြုခြင်းကို ခံကြ ရပါသည်။

သစ်ပင်သစ်သား၏ ဆဲလ်များ ထဲသို့ အောက်ဆီဂျင်နှင့် လဲလှယ်ဓာတ်ပြုရပါသည်။ နှစ်ပေါင်းများစွာ မြေကြီးထု၏ ဖိအား အပူချိန် တို့ကြောင့် မပျက်စီးဘဲ ကျန်နေသည့်သစ်ပင် သစ်သား အစိတ်အပိုင်းများသည် ကျောက်တုံးအဖြစ် ပြောင်းလဲသွားရပါသည်။

မြေကြီးထု၏ ဖိအား၊ အပူချိန်နှင့် ဓာတ်ပြုသည့် ပစ္စည်းများအပေါ်မူတည်၍ နေရာအသီးသီးတွင် အရည်အသွေး အမျိုးမျိုး ကွဲပြားစွာတွေ့ရလေ့ ရှိပါသည်။ ဓာတ်ပြုသည့် ပစ္စည်းများရောနှောပါဝင်မှုကြောင့် အရောင်အမျိုးမျို းစွဲထင်ရပါသည်

ကာဗွန် ဓာတ်ပြုမှုကြောင့် အနက်ရောင်ကိုဘော့ဓာတ်ပြုမှုကြောင့် အစိမ်းရောင် အပြာရောင်ခရိုမီယံ ဓာတ်ပြုမှုကြောင့် အစိမ်းရောင် အပြာရောင်… ကော့ပါး ဓာတ်ပြုမှုကြောင့် အစိမ်းရောင် အပြာရာင် အိုင်းယွင်းအောက်ဆိုက် ဓာတ်ပြုမှုကြောင့်

အနီ , အညို ,အဝါရောင်မင်းဂနိ ဓာတ်ပြုမှုကြောင့် ပန်းရောင် လိမ္မော်ရောင်မန်ဂနိအောက်ဆိုက် ဓာတ်ပြုမှုကြောငိ့ အဝါရောင် အနက်ဖျော့ အစရှိသဖြင့် ကျောက်တွင် အရောင်များစွဲထင်ရပါသည်။

ကမ္ဘာပေါ်တွင် အင်ကြင်းကျောက်ကို နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် တွေ့ရှိရသည်ဟု သိရပါသည်။ ဩစတေးလျှ , အာဂျင်တီးနား , ဘယ်လ်ဂျီယံ , ဘရာဇီး , ကနေဒါ , တရုပ်နိုင်ငံ အနောက်မြောက်ပိုင်း ,

ချက် , ဂျာမဏီ , အီကွေဒေါ ,အီဂျစ် , ပြင်သစ် , ဂရိ ,ဟန်ဂေရီ , အိန္ဒိယ , အင်ဒိုနီးရှား , မြန်မာ , အစ္စရေး , လစ်ဗျား , နမ်ဘီးယားနယူးဇီလန် , ဆော်ဒီအာရေဗျ , ထိုင်း , ယူကရိန်း , အင်္ဂလန် နှင့် အမေရိကန်ပြည်ထောင်စု တို့တွင် တွေ့ရသည်ဟု သိရပါသည်။

အင်ကြင်းကျောက်၏ အရည်အသွေးကိုလိုက်၍ တကီလိုလျှင် $ 1 မှ $20 အထိ အမျိုးမျိုး ရေင်းဝယ်ကြသည်ကို တွေ့ရပါသည်။ အလွန်ရှားပါးသော အချက်များ ပါရှိသည့် ကျောက်များသည် တကီလို $100 ကျော် ရောင်းချသည်ကို လေ့လာသိရှိရပါသည်။

နိုင်ငံတကာမှ အင်ကြင်းကျောက်ပညာရှင်များ လက်ခံတင်ပြထားသည့် ကျောက်ကို တန်ဖိုးတက်စေသော အချက်များ၊ တန်ဖိုးကျစေသော အချက်များကို ဖော်ပြပေးပါမည်…

အင်ကြင်းကျောက်ကို တန်ဖိုးတက်စေသော အချက်များ

လှပ၍ တောက်ပသော အရောင် ရှိရမည်။ အရောင် အသွေး စုံလင်စွာ ပါရှိရမည်။ အလင်းမှုန် မှ အလင်းပေါက် ကျောက်သားဖြစ်ရမည်။ အဂိတ် (သို့) အိုပယ် တိုးဝင်နေသော ကျောက်သားဖြစ်ရမည်။ သစ်သား အမျှင်အကြောများ ထင်ရှားစွာ ပါရှိရမည်။

အပင်၏ သစ်သား၏ အခေါက်အတိုင်း မပျက်စီးဘဲ လှပစွာ ရှိရမည်။ အခက်အလက်များ အပေါက်ကြီးများ စသည်ဖြင့် မကျိုးမပဲ့ ရှိနေရမည်။ အပင်စားသော ပိုးကောင် အင်းဆက်ကြီး ကောင်များ အပင်အတွင်း ကျောက်ဖြစ်လျှက် ပါရှိရမည်။

အင်ကြင်းကျောက်ကို တန်ဖိုးကျစေသော အဓိကအချက်များ

မွဲခြောက်ခြောက် အရောင်ရှိနေသော အလင်းပိတ်သော ကျောက်သားပွသောရွှံ့များ ထုံးဂျိုးများ ပါများစွာ ပါနေသော အချက်များသည် တန်ဖိုးကျစေပါသည်။

ကမ္ဘာ နိုင်ငံအချို့ တွင် ၁၉၇၂ ခုနှစ်ခန့် မှ စတင်၍ အင်ကြင်းကျောက် အလှဆင်ပစ္စည်းများ ထုတ်လုပ် ရောင်းဝယ် သုံးစွဲနေကြပြီဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံတွင် မကွေးတိုင်းဒေသကြီး , မန်းလေးတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် တို့တွင် အင်ကြင်းကျောက်များတွေ့နိုင်ပါသည်။

အင်ကြင်းကျောက်များသည် ကျောက်စိမ်းများကဲ့သို့ တနေရာထဲတွင် စုပြုံဖြစ်ပေါ်နေခြင်း မရှိပါ။ ဟိုနေရာတစ်ခု ဒီနေရာတစ်ခု ပြန့်ကျဲ၍သာ တွေ့နိုင်ပါသည်။ သို့ဖြစ်၍ လုပ်ကွက်များ ရယူ၍ လုပ်ကိုင်ရန် ခက်ခဲလှပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်မှ ယနေ့အထိ ကျောက်စိမ်းများ များစွာထုတ်ယူနိုင်သော်လည်း အင်ကြင်းကျောက်ကို မည်သည့်နိုင်ငံတွင်မှ ကျောက်စိမ်းများ ထုတ်သလို ပေါများစွာ ထုတ်ယူနိုင်ခြင်းမရှိပါ။ တွေ့ရခဲသောကြောင့် ဖြစ်ပါသည်။ ရှားပါးခြင်းဂုဏ်သတ္တအပြည့်ရှိသည်ကို တွေ့ရပါသည်။

မပျက်မစီးဘဲ နှစ်သန်းပေါင်းများစွာက ဖြစ်ပေါ်ခဲ့ပြီး မာဆင့် ၇ ရှိသော တာရှည်ခံသည့် သတ္တိလည်းရှိပါသည်။ ရောင်အသွေး အမျိုးနှင့် လှပသော သတ္တိလည်းရှိပါသည်။

အင်ကြင်းကျောက်ကို အိမ်ခြံအတွင်း ထားရှိလျှင်ဖြစ်စေ ဝတ်ဆင်လျှင်ဖြစ်စေ ကျန်းမာခြင်း ဥစ္စာ ကြွယ်ဝခြင်း အသက်ရှည်ခြင်း ပျော်ရွှင်ခြင်း တို့ကို ပေးစွမ်းသည်ဟု ရှေးဟောင်း ဂရိစာပေများနှင့် မြန်မာ့လောကီပညာရှင်များက မှတ်တမ်းများ ဆိုခဲ့ကြပါသည်။

သို့ဖြစ်ပါ၍ မြန်မာ့အင်ကြင်းကျောက်များကို မြန်မာများ ပိုင်ဆိုင်နိုင်ကြပြီး အကျိုးကျေးဇူးများ ရရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်..။Credit:ဆန်းမိုးအောင်(မုံရွာ)

Be the first to comment

Leave a Reply

Your email address will not be published.


*