အေၾကာေဆး သြင္းျခင္းႏွင့္ သတိျပဳရမည့္ အခ်က္မ်ား

အေၾကာေဆး သြင္းျခင္းႏွင့္ သတိျပဳရမည့္ အခ်က္မ်ား
အေၾကာေဆး သြင္းျခင္းႏွင့္ သတိျပဳရမည့္ အခ်က္မ်ား

အေၾကာေဆး သြင္းျခင္းႏွင့္ သတိျပဳရမည့္ အခ်က္မ်ား

ကိုထြန္းေက်ာ္… ကုန္ထမ္းရတာ မ်ားသြားလို႔ ထင္သည္။ ေညာင္းကိုက္သည္။ ပိုဆိုးသည္မွာ ကိုယ္ လက္ေတြ မသယ္ခ်င္ေလာက္ေအာင္ ျဖစ္ေနသည္။ လႈပ္ရွားရတာ အားနည္းသလို ျဖစ္ေနတာ ၃-၄ ရက္ ရွိၿပီ။

အရင္က အလုပ္ျပန္လွ်င္ ပုံမွန္ ေသာက္ေနက် အရက္ေလး ၁ ပုလင္းေလာက္ ေသာက္လွ်င္ ပင္ပန္းတာ သက္သာသလို ျဖစ္ေသာ္လည္း အားနည္းတာက အခုရက္ပိုင္း မသက္သာ။

ညေနေတာ့ အရက္မေသာက္ေသးဘဲ သူငယ္ခ်င္း ၫႊန္းသလို လမ္းထိပ္ကေ ဆးခန္းမွာ အေၾကာေဆး ၀င္သြင္းဦးမည္။

အိမ္ေရာက္တာနဲ႔ ကိုထြန္းေက်ာ္ ဝင္အိပ္ျဖစ္သည္။ အေၾကာအားေဆး ၀င္သြင္းလိုက္ေသာ္လည္း သူမ်ားေတြေျပာသလို လန္းမသြား။

ေနာက္ေန႔ မနက္ထေတာ့ ကိုထြန္းေက်ာ္ေျခေထာက္ေတြ မလႈပ္ႏိုင္ေတာ့။ လက္ကို အားျပဳ ထမည္ႀကံေတာ့လည္း လက္ပါ ေကာင္းေကာင္းမလႈပ္ႏိုင္ေတာ့။

သို႔ႏွင့္ ကိုထြန္းေက်ာ္ တစ္ေယာက္ အင္းစိန္ေဆး႐ုံ ေရာက္လာသည္။ ဆရာ၀န္ေတြကေတာ့ ပိုတက္စီယမ္ (potassium) ေခၚ သက္ေစာင့္ဓာတ္ နည္းတာလို႔ ေျပာသည္။

ဒီထက္ နည္းလာရင္ အသက္ရႉမရ ျဖစ္လာ၊ ႏွလုံးရပ္ၿပီး ေသတဲ့အထိ ျဖစ္လာႏိုင္မည္ဟု ေျပာသည္။ ၿပီးေတာ့ အေၾကာေဆး သြင္းလိုက္ေသးလားဟု ပါရဂူႀကီးက ေမးေသးသည္။

သြင္းမိသည္လို႔ေျဖေတာ့ ေနာက္ဆို ဆင္ျခင္ဖို႔ ေျပာသည္။ ပိုတက္စီယမ္ နည္းေနခ်ိန္ အေၾကာေဆးသြင္းမိရင္ ပိုနည္းသြားတတ္သည္တဲ့။

ျဖစ္စဥ္ (၂)

ေဒၚေအးမူတစ္ေယာက္ ေနရ ထိုင္ရမေကာင္း ျဖစ္ေနသည္မွာ လႏွင့္ခ်ီေနၿပီ ျဖစ္သည္။ ႏုံးလြယ္ ပင္ပန္းလြယ္သည္။ ေရ မၾကာမၾကာ ငတ္သည္။ ေျခေထာက္ေတြ ထုံသလို က်င္သလို ျဖစ္ေနသည္။

လမ္းထိပ္က ေဆးခန္းမွာေတာ့ အေၾကာေဆး သြားသြားသြင္းျဖစ္သည္။ ေဝဒနာကေတာ့ သိပ္ မသက္သာလွ။

တစ္ရက္ ေဒၚေအးမူ ႐ုတ္တရက္ မူးလဲသည္။ ေခြၽးေစးေတြလည္း ျပန္လာသည္။ သတိေတာ့ အၾကာႀကီး လစ္မသြား။ ေမာသည္ေမာသည္ ဆို၍ ေျမာက္ဥကၠလာပေဆး႐ုံ ပို႔လိုက္ၾကသည္။

ႏွလုံးေသြးေၾကာပိတ္သည္ဟု ေျပာသည္။ ဆီးခ်ိဳလည္း အရမ္း တက္ေနသည္။ ဆရာ၀န္ေမးေသာ ဆီးခ်ိဳ လကၡဏာေတြက ေဒၚေအးမူအရင္ျဖစ္ေနသည့္ အတိုင္း ဆင္တူေနသည္။

ဆီးခ်ိဳတက္လို႔ ျဖစ္ေနသည့္ လကၡဏာေတြကို ဂလူးကို႔စ္အေၾကာေဆးေတြ ထိုးေနေတာ့ ပိုဆိုးသြားေၾကာင္း ပါရဂူႀကီးက ရွင္းျပသည္။

ရွင္းလင္းခ်က္

ေဆးခန္းတြင္ အေၾကာေဆးသြင္းခ်င္လို႔ပါ ဆိုၿပီး လာေသာလူနာမ်ိဳးကို ေဆးခန္းထိုင္ေသာ ဆရာ၀န္တိုင္း ေတြ႕ဖူးၾကပါသည္။

အေၾကာအားေဆးတြင္ မ်ားေသာအားျဖင့္ ဂလူးကို႔စ္(glucose) ႏွင့္ ဗီတာမင္ဓာတ္မ်ား (vitamin B2, B6, B12 etc.) ထည့္သြင္း ထိုးေလ့ရွိသည္။

ဂလူးကို႔စ္သည္ အခ်ိဳဓာတ္ျဖစ္သည္။ အခ်ိဳဓာတ္ ေသြးထဲေရာက္လာလွ်င္ ဦးေႏွာက္ႏွင့္ တျခား ကိုယ္အဂၤါ အစိတ္အပိုင္းမ်ားသို႔ ဆက္ေရာက္သြားသည္။ ထိုအခါ လူက လန္းဆန္းသြားသလို ခံစားရသည္။

ပါ၀င္ေသာ ဗီတာမင္ဓာတ္မ်ား ေၾကာင့္လည္း အား ပိုရွိသြားသည္ဟု ထင္ၾကသည္။ ထို႔ေၾကာင့္လည္း အေၾကာအားေဆးသြင္းလွ်င္ အားရွိသြားသည္၊ ေနလို႔ေကာင္းသြားသည္ဟု ခံစားသြားၾကရျခင္း ျဖစ္သည္။

သို႔ေသာ္ တကယ္တမ္း သိပၸံနည္းက် တြက္ၾကည့္လွ်င္ ေရရွည္အတြက္ အာနိသင္ သိပ္မထူးလွသည္ကို ေတြ႕ရွိၾကရမည္။

အေၾကာေဆး တစ္ခါသြင္းစာ ဂလူးကို႔စ္တစ္လုံးတြင္ ၅ သို႔ ၁၀ ဂရမ္သာ ပါေလ့ရွိသည္။ ကီလိုကယ္လိုရီ ဆိုေသာ ယူနစ္ႏွင့္တြက္လွ်င္ ၁၀ ဂရမ္တြင္မွ ၄၀ ကီလိုကယ္လိုရီသာ ရပါသည္။

ထမင္း တစ္ခါစားျပင္သေလာက္သည္ ၃၀၀ ကီလိုကယ္လိုရီခန္႔ ရသည္။ လူတစ္ေယာက္အတြက္ တစ္ေန႔တာ လိုအပ္ခ်က္သည္ အၾကမ္းအားျဖင့္ ၂၀၀၀ ကီလိုကယ္လိုရီ လိုသည္။ ထိုပမာဏကို ထမင္းအျပင္ အဆီဓာတ္ႏွင့္ အသားတို႔မွ ရသည္။

ထို႔ေၾကာင့္ အေၾကာထိုးေဆးမွရေသာ ကီလိုကယ္လိုရီသည္ တစ္ေန႔တာ လိုအပ္ခ်က္ႏွင့္ယွဥ္လွ်င္ ဘာမွ မဟုတ္သည္ကို ေတြ႕ႏိုင္ပါသည္။

ပုလင္းႀကီး တစ္လုံး (၁၀% ဂလူးကို႔စ္) တြင္ပင္ ဂလူးကို႔စ္ ၅၀ ဂရမ္သာ ပါရာ ၂၀၀ ကီလိုကယ္လိုရီသာ ရေပလိမ့္မည္။

အေၾကာေဆး ဂလူးကို႔စ္သည္ အဓိကအားျဖင့္ ေသြးတြင္း အခ်ိဳဓာတ္က်ေနေသာလူမ်ားတြင္ အဓိက သုံးၾကျခင္းျဖစ္သည္။

အေၾကာေဆး တြင္ပါေသာ ဗီတာမင္ဓာတ္မ်ားသည္လည္း ေသြးေၾကာထဲ တိုက္႐ိုက္ေရာက္သြားသည့္အတြက္ ျမန္ျမန္အာနိသင္ရွိႏိုင္သည္မွာ မွန္ေသာ္လည္း ပုံမွန္စားေသာက္ႏိုင္သူတစ္ေယာက္အတြက္ ထိုးရေလာက္ေအာင္မလိုပါ။

အစားအေသာက္တြင္ ပါသေလာက္ႏွင့္ လုံေလာက္ႏိုင္သလို လိုအပ္ပါက အားေဆးေသာက္လွ်င္လည္း လုံေလာက္ႏိုင္ပါသည္။

ထို႔ျပင္ ေသြးေပါင္က်ေနလွ်င္လည္း ဂလူးကို႔စ္ အေၾကာေဆးသြင္း႐ုံႏွင့္ ေသြးေပါင္ျပန္မတက္ႏိုင္ပါ။

ထို႔ေၾကာင့္ ပုံမွန္ စားႏိုင္ေသာက္ႏိုင္သူ တစ္ေယာက္အတြက္ သီးသန္႔ အေၾကာေဆးသြင္းရန္ မလိုအပ္ပါ။

အေၾကာေဆး သြင္းရန္လိုေနၿပီဟု ထင္ေနၾကေသာ ႏုံးျခင္း၊ အားမရွိျခင္း စသည့္လကၡဏာမ်ားသည္လည္း အေပၚတြင္ေျပာခဲ့သလို ပိုတက္စီယမ္ နည္းျခင္း၊ ဆီးခ်ိဳျဖစ္ျခင္း စသည့္ေရာဂါတစ္ခုခု၏ လကၡဏာမ်ားျဖစ္ေနတတ္သည္။

ထိုအခါမ်ိဳးတြင္ ဂလူးကို႔စ္အေၾကာေဆးသြင္းလိုက္မွ ပိုဆိုးသြားတတ္သည္။ တျခားဘာေရာဂါမွမရွိလွ်င္လည္း အေၾကာေဆးတြင္ပါေသာ ဓာတ္တစ္ခုခုကိုမတည့္ျခင္း ျဖစ္ႏိုင္ပါေသးသည္။

ေဆးခန္းထိုင္ၾကေသာ ဆရာ၀န္မ်ားႀကဳံေတြ႕ေနၾကရေသာ အခက္အခဲမွာ အေၾကာေဆးသြင္းလို၍ လာေသာလူနာမ်ားတြင္ ေဖာ္ျပပါေရာဂါလကၡဏာ တစ္စုံတစ္ခု သံသယရွိ၍ ထပ္မံ စစ္ေဆးလိုသည့္အခါ လူနာဘက္က အေၾကာေဆးသြင္းဖို႔သာ အာ႐ုံထားၾကၿပီး ဘာမွ ထပ္မစစ္ခ်င္ၾကျခင္းပင္။

ဆရာ၀န္ က အေၾကာေဆးမသြင္းသင့္ဟု ရွင္းျပလိုက္လွ်င္ပင္ အေၾကာေဆးသြင္းေပးေသာ ရမ္းကုထံ ေရာက္သြားတတ္သည္။ အေၾကာေဆးသြင္းျခင္းကို မ်ားစြာ အက်ိဳးရွိသည္ဟု ထင္ၾကျခင္းေၾကာင့္ပင္ ျဖစ္သည္။

ထိုေၾကာင့္လည္း ယခုစာစုကို ေရးသားတင္ျပရျခင္း ျဖစ္ပါသည္။

မလိုအပ္ဘဲ အေၾကာေဆး မသြင္းၾကရန္ႏွင့္ ဆရာ၀န္က အေၾကာေဆးသြင္းရန္ မသင့္ေတာ္ေၾကာင္း ရွင္းျပသည့္အခါ လက္ခံၿပီး တျခားေရာဂါမ်ားကို ဆက္ရွာရန္ လိုအပ္လာပါက ဆက္လက္ စစ္ေဆးမႈခံယူရန္ အထူးအေရးႀကီးေၾကာင္း တင္ျပ လိုက္ပါသည္။

ေလးစားစြာျဖင့္ Credit : Dr. Pyae Phyo Kyaw

Unicode

အကြောဆေး သွင်းခြင်းနှင့် သတိပြုရမည့် အချက်များ

ကိုထွန်းကျော်… ကုန်ထမ်းရတာ များသွားလို့ ထင်သည်။ ညောင်းကိုက်သည်။ ပိုဆိုးသည်မှာ ကိုယ် လက်တွေ မသယ်ချင်လောက်အောင် ဖြစ်နေသည်။ လှုပ်ရှားရတာ အားနည်းသလို ဖြစ်နေတာ ၃-၄ ရက် ရှိပြီ။

အရင်က အလုပ်ပြန်လျှင် ပုံမှန် သောက်နေကျ အရက်လေး ၁ ပုလင်းလောက် သောက်လျှင် ပင်ပန်းတာ သက်သာသလို ဖြစ်သော်လည်း အားနည်းတာက အခုရက်ပိုင်း မသက်သာ။

ညနေတော့ အရက်မသောက်သေးဘဲ သူငယ်ချင်း ညွှန်းသလို လမ်းထိပ်ကေ ဆးခန်းမှာ အကြောဆေး ဝင်သွင်းဦးမည်။

အိမ်ရောက်တာနဲ့ ကိုထွန်းကျော် ဝင်အိပ်ဖြစ်သည်။ အကြောအားဆေး ဝင်သွင်းလိုက်သော်လည်း သူများတွေပြောသလို လန်းမသွား။

နောက်နေ့ မနက်ထတော့ ကိုထွန်းကျော်ခြေထောက်တွေ မလှုပ်နိုင်တော့။ လက်ကို အားပြု ထမည်ကြံတော့လည်း လက်ပါ ကောင်းကောင်းမလှုပ်နိုင်တော့။

သို့နှင့် ကိုထွန်းကျော် တစ်ယောက် အင်းစိန်ဆေးရုံ ရောက်လာသည်။ ဆရာဝန်တွေကတော့ ပိုတက်စီယမ် (potassium) ခေါ် သက်စောင့်ဓာတ် နည်းတာလို့ ပြောသည်။

ဒီထက် နည်းလာရင် အသက်ရှူမရ ဖြစ်လာ၊ နှလုံးရပ်ပြီး သေတဲ့အထိ ဖြစ်လာနိုင်မည်ဟု ပြောသည်။ ပြီးတော့ အကြောဆေး သွင်းလိုက်သေးလားဟု ပါရဂူကြီးက မေးသေးသည်။

သွင်းမိသည်လို့ဖြေတော့ နောက်ဆို ဆင်ခြင်ဖို့ ပြောသည်။ ပိုတက်စီယမ် နည်းနေချိန် အကြောဆေးသွင်းမိရင် ပိုနည်းသွားတတ်သည်တဲ့။

ဖြစ်စဉ် (၂)

ဒေါ်အေးမူတစ်ယောက် နေရ ထိုင်ရမကောင်း ဖြစ်နေသည်မှာ လနှင့်ချီနေပြီ ဖြစ်သည်။ နုံးလွယ် ပင်ပန်းလွယ်သည်။ ရေ မကြာမကြာ ငတ်သည်။ ခြေထောက်တွေ ထုံသလို ကျင်သလို ဖြစ်နေသည်။

လမ်းထိပ်က ဆေးခန်းမှာတော့ အကြောဆေး သွားသွားသွင်းဖြစ်သည်။ ဝေဒနာကတော့ သိပ် မသက်သာလှ။

တစ်ရက် ဒေါ်အေးမူ ရုတ်တရက် မူးလဲသည်။ ချွေးစေးတွေလည်း ပြန်လာသည်။ သတိတော့ အကြာကြီး လစ်မသွား။ မောသည်မောသည် ဆို၍ မြောက်ဥက္ကလာပဆေးရုံ ပို့လိုက်ကြသည်။

နှလုံးသွေးကြောပိတ်သည်ဟု ပြောသည်။ ဆီးချိုလည်း အရမ်း တက်နေသည်။ ဆရာဝန်မေးသော ဆီးချို လက္ခဏာတွေက ဒေါ်အေးမူအရင်ဖြစ်နေသည့် အတိုင်း ဆင်တူနေသည်။

ဆီးချိုတက်လို့ ဖြစ်နေသည့် လက္ခဏာတွေကို ဂလူးကို့စ်အကြောဆေးတွေ ထိုးနေတော့ ပိုဆိုးသွားကြောင်း ပါရဂူကြီးက ရှင်းပြသည်။

ရှင်းလင်းချက်

ဆေးခန်းတွင် အကြောဆေးသွင်းချင်လို့ပါ ဆိုပြီး လာသောလူနာမျိုးကို ဆေးခန်းထိုင်သော ဆရာဝန်တိုင်း တွေ့ဖူးကြပါသည်။

အကြောအားဆေးတွင် များသောအားဖြင့် ဂလူးကို့စ်(glucose) နှင့် ဗီတာမင်ဓာတ်များ (vitamin B2, B6, B12 etc.) ထည့်သွင်း ထိုးလေ့ရှိသည်။

ဂလူးကို့စ်သည် အချိုဓာတ်ဖြစ်သည်။ အချိုဓာတ် သွေးထဲရောက်လာလျှင် ဦးနှောက်နှင့် တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းများသို့ ဆက်ရောက်သွားသည်။ ထိုအခါ လူက လန်းဆန်းသွားသလို ခံစားရသည်။

ပါဝင်သော ဗီတာမင်ဓာတ်များ ကြောင့်လည်း အား ပိုရှိသွားသည်ဟု ထင်ကြသည်။ ထို့ကြောင့်လည်း အကြောအားဆေးသွင်းလျှင် အားရှိသွားသည်၊ နေလို့ကောင်းသွားသည်ဟု ခံစားသွားကြရခြင်း ဖြစ်သည်။

သို့သော် တကယ်တမ်း သိပ္ပံနည်းကျ တွက်ကြည့်လျှင် ရေရှည်အတွက် အာနိသင် သိပ်မထူးလှသည်ကို တွေ့ရှိကြရမည်။

အကြောဆေး တစ်ခါသွင်းစာ ဂလူးကို့စ်တစ်လုံးတွင် ၅ သို့ ၁၀ ဂရမ်သာ ပါလေ့ရှိသည်။ ကီလိုကယ်လိုရီ ဆိုသော ယူနစ်နှင့်တွက်လျှင် ၁၀ ဂရမ်တွင်မှ ၄၀ ကီလိုကယ်လိုရီသာ ရပါသည်။

ထမင်း တစ်ခါစားပြင်သလောက်သည် ၃၀၀ ကီလိုကယ်လိုရီခန့် ရသည်။ လူတစ်ယောက်အတွက် တစ်နေ့တာ လိုအပ်ချက်သည် အကြမ်းအားဖြင့် ၂၀၀၀ ကီလိုကယ်လိုရီ လိုသည်။ ထိုပမာဏကို ထမင်းအပြင် အဆီဓာတ်နှင့် အသားတို့မှ ရသည်။

ထို့ကြောင့် အကြောထိုးဆေးမှရသော ကီလိုကယ်လိုရီသည် တစ်နေ့တာ လိုအပ်ချက်နှင့်ယှဉ်လျှင် ဘာမှ မဟုတ်သည်ကို တွေ့နိုင်ပါသည်။

ပုလင်းကြီး တစ်လုံး (၁၀% ဂလူးကို့စ်) တွင်ပင် ဂလူးကို့စ် ၅၀ ဂရမ်သာ ပါရာ ၂၀၀ ကီလိုကယ်လိုရီသာ ရပေလိမ့်မည်။

အကြောဆေး ဂလူးကို့စ်သည် အဓိကအားဖြင့် သွေးတွင်း အချိုဓာတ်ကျနေသောလူများတွင် အဓိက သုံးကြခြင်းဖြစ်သည်။

အကြောဆေး တွင်ပါသော ဗီတာမင်ဓာတ်များသည်လည်း သွေးကြောထဲ တိုက်ရိုက်ရောက်သွားသည့်အတွက် မြန်မြန်အာနိသင်ရှိနိုင်သည်မှာ မှန်သော်လည်း ပုံမှန်စားသောက်နိုင်သူတစ်ယောက်အတွက် ထိုးရလောက်အောင်မလိုပါ။

အစားအသောက်တွင် ပါသလောက်နှင့် လုံလောက်နိုင်သလို လိုအပ်ပါက အားဆေးသောက်လျှင်လည်း လုံလောက်နိုင်ပါသည်။

ထို့ပြင် သွေးပေါင်ကျနေလျှင်လည်း ဂလူးကို့စ် အကြောဆေးသွင်းရုံနှင့် သွေးပေါင်ပြန်မတက်နိုင်ပါ။

ထို့ကြောင့် ပုံမှန် စားနိုင်သောက်နိုင်သူ တစ်ယောက်အတွက် သီးသန့် အကြောဆေးသွင်းရန် မလိုအပ်ပါ။

အကြောဆေး သွင်းရန်လိုနေပြီဟု ထင်နေကြသော နုံးခြင်း၊ အားမရှိခြင်း စသည့်လက္ခဏာများသည်လည်း အပေါ်တွင်ပြောခဲ့သလို ပိုတက်စီယမ် နည်းခြင်း၊ ဆီးချိုဖြစ်ခြင်း စသည့်ရောဂါတစ်ခုခု၏ လက္ခဏာများဖြစ်နေတတ်သည်။

ထိုအခါမျိုးတွင် ဂလူးကို့စ်အကြောဆေးသွင်းလိုက်မှ ပိုဆိုးသွားတတ်သည်။ တခြားဘာရောဂါမှမရှိလျှင်လည်း အကြောဆေးတွင်ပါသော ဓာတ်တစ်ခုခုကိုမတည့်ခြင်း ဖြစ်နိုင်ပါသေးသည်။

ဆေးခန်းထိုင်ကြသော ဆရာဝန်များကြုံတွေ့နေကြရသော အခက်အခဲမှာ အကြောဆေးသွင်းလို၍ လာသောလူနာများတွင် ဖော်ပြပါရောဂါလက္ခဏာ တစ်စုံတစ်ခု သံသယရှိ၍ ထပ်မံ စစ်ဆေးလိုသည့်အခါ လူနာဘက်က အကြောဆေးသွင်းဖို့သာ အာရုံထားကြပြီး ဘာမှ ထပ်မစစ်ချင်ကြခြင်းပင်။

ဆရာဝန် က အကြောဆေးမသွင်းသင့်ဟု ရှင်းပြလိုက်လျှင်ပင် အကြောဆေးသွင်းပေးသော ရမ်းကုထံ ရောက်သွားတတ်သည်။ အကြောဆေးသွင်းခြင်းကို များစွာ အကျိုးရှိသည်ဟု ထင်ကြခြင်းကြောင့်ပင် ဖြစ်သည်။

ထိုကြောင့်လည်း ယခုစာစုကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

မလိုအပ်ဘဲ အကြောဆေး မသွင်းကြရန်နှင့် ဆရာဝန်က အကြောဆေးသွင်းရန် မသင့်တော်ကြောင်း ရှင်းပြသည့်အခါ လက်ခံပြီး တခြားရောဂါများကို ဆက်ရှာရန် လိုအပ်လာပါက ဆက်လက် စစ်ဆေးမှုခံယူရန် အထူးအရေးကြီးကြောင်း တင်ပြ လိုက်ပါသည်။

လေးစားစွာဖြင့် Credit : Dr. Pyae Phyo Kyaw

Be the first to comment

Leave a Reply

Your email address will not be published.


*