သားလိမၼာ သမီးအလိမၼာေလးေတြ ပိုင္ဆိုင္ခ်င္လား… ဖတ္ၾကည့္ေနာ္…

သားလိမၼာ သမီးအလိမၼာေလးေတြ ပိုင္ဆိုင္ခ်င္လား... ဖတ္ၾကည့္ေနာ္…
သားလိမၼာ သမီးအလိမၼာေလးေတြ ပိုင္ဆိုင္ခ်င္လား... ဖတ္ၾကည့္ေနာ္…

သားလိမၼာ သမီးအလိမၼာေလးေတြ ပိုင္ဆိုင္ခ်င္လား… ဖတ္ၾကည့္ေနာ္…

ကြၽန္ေတာ္က ေယာကၡမအိမ္မွာ လိုက္ေနရသည့္ သမက္တစ္ေယာက္ေပါ့။ တစ္ေန႔မွာေတာ့… ဇနီးသည္ရဲ႕ လက္ဝါးတစ္စုံဟာ သားေလးရဲ႕ ေက်ာျပင္အထက္မွာ ေရာက္သြားၿပီး သားျဖစ္သူကို ႐ိုက္၍ ပါးစပ္ကလည္း စကားေတြ တတြတ္တြတ္နဲ႔ ေျပာေနရွာ ပါတယ္။

သူမရဲ႕ဖခင္ႀကီးက ၾကားေတာ့ အခန္းထဲမွ ထြက္လာၿပီး ဟဲ့…ဟဲ့…သမီး… ဘယ့္ႏွယ္ ေျမးေလးကို တအား႐ိုက္ေနရတာလဲကြယ္။ ဒီလိုပါ အေဖ…သမီး ေရခ်ိဳးသြားတဲ့အခ်ိန္ မွန္တင္ခုံေပၚမွာ ပိုက္ဆံေလး တစ္ေထာင္တန္တစ္႐ြက္ ခ်ထား ခဲ့တယ္။

ဒီနားမွာလည္း သူတစ္ေယာက္ထဲပဲ ရွိတာ။ ေမးေတာ့လည္း မယူဘူးပဲ အတင္းျငင္းၿပီး လိမ္ေနတယ္။ ဒီေငြကို သူမယူလို႔ ဘယ္သူယူမွာလဲ အေဖရဲ႕။ ဒါနဲ႔ ရွာလိုက္ေတာ့ သူ႔ဆီက ေတြ႕တယ္အေဖ။

ျဖစ္ေၾကာင္းကုန္စင္ကို ေသခ်ာ သိလိုက္ရတဲ့ အေဖက သူ႔သမီးကို ခုလို ဆုံးမစကားေလး ေျပာပါတယ္။ သမီးရယ္… ေျမးေလးကို ခုလို ႐ိုက္လိုက္ေတာ့ လိမ္မာသြားေရာလား…? ဒီမယ္ သမီး… မိခင္နဲ႔ ဖခင္ဆိုတဲ့ စကားဟာ သူ႔မွာ အဓိပၸါယ္ ရွိတယ္။

မိခင္ဆိုတာ… မိမိရရ ထိထိမိမိ ၾကင္ၾကင္နာနာ ခင္ခင္မင္မင္နဲ႔ သား သမီးကို လိမၼာေအာင္ သြန္သင္ ဆုံးမရမယ္။ ဖခင္ဆိုတာ… ေဖးေဖးမမ ေႏြးေႏြးေထြးေထြး ခ်စ္ခ်စ္ခင္ခင္ျဖစ္ေအာင္ သား သမီးေတြကို လမ္းျပ ေနထိုင္ႏိုင္ရတယ္။

သားသမီး တစ္ေယာက္က မိဘ တစ္ေယာက္ကို ခ်စ္တာနဲ႔ ေၾကာက္တာ မတူဘူးေနာ္ သမီး။ ေၾကာက္တယ္ဆိုတာ…တိရစာၦန္မိုလို႔ ေၾကာက္တာ။

ဒီေတာ့ သမီးအေနနဲ႔ ကိုယ့္ကိုယ္ကို တိရစာၦန္တစ္ေကာင္ အျဖစ္ခံ မလား-? သား သမီးက ေၾကာက္တယ္ ဆိုတာထက္ ခ်စ္တတ္ေအာင္ သင္ေပးပါ။

ဘာျဖစ္လို႔လဲ ဆိုေတာ့…

လူဆိုတာ ေၾကာက္ရင္ လိမ္တဲ့အဆင့္ထိ ေရာက္သြားတတ္တယ္ေနာ္သမီး။ လိမ္ပါမ်ားေတာ့… မယုံၾကည္ျခင္းေတြ သံသယစိတ္ေတြ ဝင္လာမယ္။ ေလာကမွာ… မိဘက သား သမီးကို မယုံ၊ သား သမီးက မိဘကို မယုံၾကည္။ ဇနီးသည္က ခင္ပြန္းကို မယုံ၊

ခင္ပြန္းသည္က သူ႔ဇနီးကို မယုံၾကည္။ ဆရာက တပည့္ကို မယုံ၊ တပည့္က ဆရာကို မယုံၾကည္။ ေဈးဝယ္သူက ေဈးေရာင္းသူကို မယုံ၊ေဈးေရာင္းသူက ေဈးဝယ္သူကို မယုံၾကည္။ အစိုးရကျပည္သူေတြကို မယုံ…

ျပည္သူေတြက အစိုးရကို မယုံၾကည္ေတာ့ဘူး ဆိုရင္… ဒီမယုံၾကည္ျခင္းေတြရဲ႕ ေနာက္ကြယ္မွာ သံသယစိတ္ေတြ ပါလာၿပီး ေနာက္ဆုံး မလိုလားအပ္တဲ့ ျပႆနာေတြ မ်ားစြာျဖစ္ႏိုင္တယ္။သတိထားပါ သမီး။

ဒါေၾကာင့္… ဘယ္အရာကိုမွ မလိမ္မိေစနဲ႔… ဟန္မေဆာင္မိေစနဲ႔။ ႐ိုးသားပြင့္လင္းစြာ ေျပာဆိုပါ။ ငါ့ေျမးေလးကိုမ႐ိုက္ပဲ သမီးက ခုလိုေလးေျပာၾကည့္ပါလား… သားေလးေရ… ဒီနားမွာေမေမ ေငြေလးတစ္ေထာင္

ခ်ထားတယ္။ သားသား မျမင္မိဘူးလား…? သူက မသိေအာင္ ယူထားတယ္လို႔ သမီးရဲ႕စိတ္ထဲမွာ ထင္ေနရင္… သားေလးေရ…ဒီပိုက္ဆံဟာ သားေလး ေက်ာင္းသြားရင္ ေမေမက မုန႔္ဖိုးေပးဖို႔ ခ်ထားတာေနာ္…။ အဲဒီအခါ သားေလးက ေျပာလာမယ္။

ဟုတ္ကဲ့ ေမေမ… သားေလေမေမ မသိေအာင္ ယူထားမိတယ္ လို႔ေျဖမယ္။ ဒီေတာ့မွ သားကို ခုလို ဆုံးမပါ။ သားေလး…ေနာက္ဆို ေမေမ မသိပဲ သူမ်ားပစၥည္းေတြကို မကိုင္ရဘူးေနာ္… မယူရဘူးေနာ္။ သူတစ္ပါးပစၥည္းကို ယူရင္ ငရဲႀကီးတတ္တယ္။

ေမေမက သားေလး ငရဲက်မွာ မလိုလားလို႔ပါ ဆိုၿပီး… အျပစ္ျပၿပီး ဆုံးမလိုက္ရင္ ေနာက္ဆို ဒီေျမးေလးဟာ လိမ္ပါဆိုလို႔ မလိမ္ေတာ့ပဲ ႀကီးတဲ့အထိ လိမၼာသြားႏိုင္တယ္ေနာ္…။အေဖေျပာတာ လကၡံရဲ႕လားသမီး? ဟုတ္…လက္ခံပါတယ္ ေဖေဖ။

ေနာက္ကို မွတ္ထား သမီး…ကိုယ့္ရဲ႕ သား သမီးကို ေကာင္းေစခ်င္ရင္ ဘယ္ေတာ့မွ လူေတြၾကားထဲမွာ သား သမီးကို မေငါက္မိေစနဲ႔။ အျပစ္မေျပာမိေစနဲ႔။ မ႐ိုက္မိေစနဲ႔။

သူတို႔ကို လိမၼာေစခ်င္ရင္ ကိုယ္ျဖစ္ခ်င္တဲ့ ပုံစံေလးေတြကို မိဘနဲ႔ သားသမီး ႏွစ္ေယာက္ထဲရွိတဲ့ အခ်ိန္ၾကမွ ေမတၱာစိတ္နဲ႔ ဆုံးမေပးပါ။

ေနာက္ၿပီး လူေတြရဲ႕ေရွ႕မွာ ဒီသား ဒီသမီးေတြ လိမၼာတဲ့ အေၾကာင္း ေတာ္တဲ့အေၾကာင္းေလးေတြ မ်ားမ်ားေျပာေပးပါ။

ဒါဆို… သူတို႔ အၿမဲတမ္း လိမၼာသြားလိမ့္မယ္သမီး။ ဟုတ္ကဲ့ပါ ေဖေဖ…။ သမီး ကိုယ့္စိတ္ကို မထိန္းမိပဲ သားေလးကို ေၾကာက္ေအာင္ ႐ိုက္မိတယ္။ ေနာက္ဆို သတိထားၿပီး ဆုံးမပါ့မယ္ေဖေဖ။

ကြၽန္ေတာ္လည္း ေဘးနားကနားေထာင္ၿပီး ငိုေနတဲ့သားေလးကို ရင္ခြင္ေလးထဲထည့္၍ ႏွစ္သိမ့္ေပးေနမိပါတယ္။ စိတ္ထဲကေနၿပီး အေဖ့ရဲ႕ ဆုံးမစကားေလးေတြအေပၚမွာ သေဘာက် ႏွစ္သက္ၿပီး ခ်ီးက်ဴးမိပါသည္။

ေလာကထဲရွိ မိခင္ ဖခင္မ်ားအားလုံး ရတနာထိုက္ေသာ သားေကာင္းရတနာ သမီးေကာင္းရတနာမ်ား ပိုင္ဆိုင္ႏိုင္ၾကပါေစ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

သားလိမ္မာ သမီးအလိမ္မာလေးတွေ ပိုင်ဆိုင်ချင်လား… ဖတ်ကြည့်နော်…

ကျွန်တော်က ယောက္ခမအိမ်မှာ လိုက်နေရသည့် သမက်တစ်ယောက်ပေါ့။ တစ်နေ့မှာတော့… ဇနီးသည်ရဲ့ လက်ဝါးတစ်စုံဟာ သားလေးရဲ့ ကျောပြင်အထက်မှာ ရောက်သွားပြီး သားဖြစ်သူကို ရိုက်၍ ပါးစပ်ကလည်း စကားတွေ တတွတ်တွတ်နဲ့ ပြောနေရှာ ပါတယ်။

သူမရဲ့ဖခင်ကြီးက ကြားတော့ အခန်းထဲမှ ထွက်လာပြီး ဟဲ့…ဟဲ့…သမီး… ဘယ့်နှယ် မြေးလေးကို တအားရိုက်နေရတာလဲကွယ်။ ဒီလိုပါ အဖေ…သမီး ရေချိုးသွားတဲ့အချိန် မှန်တင်ခုံပေါ်မှာ ပိုက်ဆံလေး တစ်ထောင်တန်တစ်ရွက် ချထား ခဲ့တယ်။

ဒီနားမှာလည်း သူတစ်ယောက်ထဲပဲ ရှိတာ။ မေးတော့လည်း မယူဘူးပဲ အတင်းငြင်းပြီး လိမ်နေတယ်။ ဒီငွေကို သူမယူလို့ ဘယ်သူယူမှာလဲ အဖေရဲ့။ ဒါနဲ့ ရှာလိုက်တော့ သူ့ဆီက တွေ့တယ်အဖေ။

ဖြစ်ကြောင်းကုန်စင်ကို သေချာ သိလိုက်ရတဲ့ အဖေက သူ့သမီးကို ခုလို ဆုံးမစကားလေး ပြောပါတယ်။ သမီးရယ်… မြေးလေးကို ခုလို ရိုက်လိုက်တော့ လိမ်မာသွားရောလား…? ဒီမယ် သမီး… မိခင်နဲ့ ဖခင်ဆိုတဲ့ စကားဟာ သူ့မှာ အဓိပ္ပါယ် ရှိတယ်။

မိခင်ဆိုတာ… မိမိရရ ထိထိမိမိ ကြင်ကြင်နာနာ ခင်ခင်မင်မင်နဲ့ သား သမီးကို လိမ္မာအောင် သွန်သင် ဆုံးမရမယ်။ ဖခင်ဆိုတာ… ဖေးဖေးမမ နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင်ဖြစ်အောင် သား သမီးတွေကို လမ်းပြ နေထိုင်နိုင်ရတယ်။

သားသမီး တစ်ယောက်က မိဘ တစ်ယောက်ကို ချစ်တာနဲ့ ကြောက်တာ မတူဘူးနော် သမီး။ ကြောက်တယ်ဆိုတာ…တိရစ္ဆာန်မိုလို့ ကြောက်တာ။

ဒီတော့ သမီးအနေနဲ့ ကိုယ့်ကိုယ်ကို တိရစ္ဆာန်တစ်ကောင် အဖြစ်ခံ မလား-? သား သမီးက ကြောက်တယ် ဆိုတာထက် ချစ်တတ်အောင် သင်ပေးပါ။

ဘာဖြစ်လို့လဲ ဆိုတော့…

လူဆိုတာ ကြောက်ရင် လိမ်တဲ့အဆင့်ထိ ရောက်သွားတတ်တယ်နော်သမီး။ လိမ်ပါများတော့… မယုံကြည်ခြင်းတွေ သံသယစိတ်တွေ ဝင်လာမယ်။ လောကမှာ… မိဘက သား သမီးကို မယုံ၊ သား သမီးက မိဘကို မယုံကြည်။ ဇနီးသည်က ခင်ပွန်းကို မယုံ၊

ခင်ပွန်းသည်က သူ့ဇနီးကို မယုံကြည်။ ဆရာက တပည့်ကို မယုံ၊ တပည့်က ဆရာကို မယုံကြည်။ ဈေးဝယ်သူက ဈေးရောင်းသူကို မယုံ၊ဈေးရောင်းသူက ဈေးဝယ်သူကို မယုံကြည်။ အစိုးရကပြည်သူတွေကို မယုံ…

ပြည်သူတွေက အစိုးရကို မယုံကြည်တော့ဘူး ဆိုရင်… ဒီမယုံကြည်ခြင်းတွေရဲ့ နောက်ကွယ်မှာ သံသယစိတ်တွေ ပါလာပြီး နောက်ဆုံး မလိုလားအပ်တဲ့ ပြဿနာတွေ များစွာဖြစ်နိုင်တယ်။သတိထားပါ သမီး။

ဒါကြောင့်… ဘယ်အရာကိုမှ မလိမ်မိစေနဲ့… ဟန်မဆောင်မိစေနဲ့။ ရိုးသားပွင့်လင်းစွာ ပြောဆိုပါ။ ငါ့မြေးလေးကိုမရိုက်ပဲ သမီးက ခုလိုလေးပြောကြည့်ပါလား… သားလေးရေ… ဒီနားမှာမေမေ ငွေလေးတစ်ထောင်

ချထားတယ်။ သားသား မမြင်မိဘူးလား…? သူက မသိအောင် ယူထားတယ်လို့ သမီးရဲ့စိတ်ထဲမှာ ထင်နေရင်… သားလေးရေ…ဒီပိုက်ဆံဟာ သားလေး ကျောင်းသွားရင် မေမေက မုန့်ဖိုးပေးဖို့ ချထားတာနော်…။ အဲဒီအခါ သားလေးက ပြောလာမယ်။

ဟုတ်ကဲ့ မေမေ… သားလေမေမေ မသိအောင် ယူထားမိတယ် လို့ဖြေမယ်။ ဒီတော့မှ သားကို ခုလို ဆုံးမပါ။ သားလေး…နောက်ဆို မေမေ မသိပဲ သူများပစ္စည်းတွေကို မကိုင်ရဘူးနော်… မယူရဘူးနော်။ သူတစ်ပါးပစ္စည်းကို ယူရင် ငရဲကြီးတတ်တယ်။

မေမေက သားလေး ငရဲကျမှာ မလိုလားလို့ပါ ဆိုပြီး… အပြစ်ပြပြီး ဆုံးမလိုက်ရင် နောက်ဆို ဒီမြေးလေးဟာ လိမ်ပါဆိုလို့ မလိမ်တော့ပဲ ကြီးတဲ့အထိ လိမ္မာသွားနိုင်တယ်နော်…။အဖေပြောတာ လက္ခံရဲ့လားသမီး? ဟုတ်…လက်ခံပါတယ် ဖေဖေ။

နောက်ကို မှတ်ထား သမီး…ကိုယ့်ရဲ့ သား သမီးကို ကောင်းစေချင်ရင် ဘယ်တော့မှ လူတွေကြားထဲမှာ သား သမီးကို မငေါက်မိစေနဲ့။ အပြစ်မပြောမိစေနဲ့။ မရိုက်မိစေနဲ့။

သူတို့ကို လိမ္မာစေချင်ရင် ကိုယ်ဖြစ်ချင်တဲ့ ပုံစံလေးတွေကို မိဘနဲ့ သားသမီး နှစ်ယောက်ထဲရှိတဲ့ အချိန်ကြမှ မေတ္တာစိတ်နဲ့ ဆုံးမပေးပါ။

နောက်ပြီး လူတွေရဲ့ရှေ့မှာ ဒီသား ဒီသမီးတွေ လိမ္မာတဲ့ အကြောင်း တော်တဲ့အကြောင်းလေးတွေ များများပြောပေးပါ။

ဒါဆို… သူတို့ အမြဲတမ်း လိမ္မာသွားလိမ့်မယ်သမီး။ ဟုတ်ကဲ့ပါ ဖေဖေ…။ သမီး ကိုယ့်စိတ်ကို မထိန်းမိပဲ သားလေးကို ကြောက်အောင် ရိုက်မိတယ်။ နောက်ဆို သတိထားပြီး ဆုံးမပါ့မယ်ဖေဖေ။

ကျွန်တော်လည်း ဘေးနားကနားထောင်ပြီး ငိုနေတဲ့သားလေးကို ရင်ခွင်လေးထဲထည့်၍ နှစ်သိမ့်ပေးနေမိပါတယ်။ စိတ်ထဲကနေပြီး အဖေ့ရဲ့ ဆုံးမစကားလေးတွေအပေါ်မှာ သဘောကျ နှစ်သက်ပြီး ချီးကျူးမိပါသည်။

လောကထဲရှိ မိခင် ဖခင်များအားလုံး ရတနာထိုက်သော သားကောင်းရတနာ သမီးကောင်းရတနာများ ပိုင်ဆိုင်နိုင်ကြပါစေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*