ဝက္သားဒုတ္ထိုး၊ အကင္ ႀကိဳက္သူေတြ… ဖတ္ၾကည့္ပါ

ဝက္သားဒုတ္ထိုး၊ အကင္ ႀကိဳက္သူေတြ... ဖတ္ၾကည့္ပါ
ဝက္သားဒုတ္ထိုး၊ အကင္ ႀကိဳက္သူေတြ... ဖတ္ၾကည့္ပါ

ဝက္သားဒုတ္ထိုး၊ အကင္ ႀကိဳက္သူေတြ… ဖတ္ၾကည့္ပါ

ဆရာဝန္ညီေလး တစ္ေယာက္ရဲ႕ေဆးခန္းကို လာျပတာ အသက္ ၂၀ ေက်ာ္ေကာင္ကေလး၊ သူ႔စအိုကေန ( intestinal fluke လို႔ေခၚတဲ့ ) အေကာင္အရွင္ေလးေတြ ထြက္ထြက္ေနတာ

ေပၚလိုက္ ေပ်ာက္လိုက္နဲ႔ ၃- ၄ ႏွစ္ေလာက္ ရွိၿပီတဲ့…။ သတိထားမိတာေတာ့ အဲဒီ မတိုင္ခင္ ဝက္သားတုတ္ထိုးေတြ အေတာ္စားျဖစ္တယ္လို႔ ေျပာတယ္။

အဲဒီအေကာင္ေလးေတြသာ အသည္းထဲမွာ တြယ္ကပ္မိရင္ အေတာ္ကို ဆိုးဆိုး႐ြား႐ြား ဒုကၡေပးေတာ့မွာ။ ဒီလပိုင္း/ ႏွစ္ပိုင္းေတြမွာ ေဆး႐ုံမွာလည္း မၾကာခဏေတြ႕လာရတာေတြက အသက္ ၃၀ ဝန္းက်င္ လူနာေတြ အစာအိမ္ကင္ဆာ၊ အူမႀကီးကင္ဆာေတြနဲ႔၊

တစ္ခ်ိဳ႕ဆိုရင္ ခြဲလို႔ မရႏိုင္ေတာ့တဲ့ အေျခအေနမို႔ အသက္ ၃၀ ေက်ာ္ေလးမွာပဲ ေသမင္းရက္ခ်ိန္းကို ထိုင္ေစာင့္ေနရတဲ့ ဘဝေတြကို ျဖစ္လို႔။

အဲဒီလို လူနာေတြ ကို ေတြ႕ရ ျမင္ရ ၾကားရတိုင္း လမ္းေဘးမွာ မက်က္တက်က္ျပဳတ္ေတြထိုင္စားေနတဲ့ တုတ္ထိုး ဆိုင္ေတြ ၊ မက်က္တက်က္ ကင္တဲ့အျပင္

မီးခိုးေငြ႕ေတြ ေညႇာ္ေငြ႕ေတြပါ ႐ိုက္ထားတဲ့ အကင္ဆိုင္ေတြနဲ႔ တစ္ခါတေလ ေခါင္းထဲ ဗိုက္ထဲက ေသြးေတြေတာင္ထြက္လာတတ္ေသးတဲ့ ငါးကင္ေတြ…

ေနာက္တစ္ခါ ဆိုင္ႀကီး ကနားႀကီးေတြနဲ႕ ေရာင္းၿပီး ေဈးႀကီးေပးစားရတဲ့ ဆိုင္ေတြက ပြက္ပြက္ဆူေနတဲ့ အိုးထဲထည့္ၿပီး က်က္မွန္း မသိ မက်က္မွန္း မသိ ဆယ္စားေနၾကတဲ့ အသား ငါး ပုစြန္ေတြနဲ႔

readymade အသင့္စား အစားအစာလို႔ေခၚတဲ့ ေခါက္ဆြဲေျခာက္ ၾကာဇံေျခာက္ ေကာ္ဖီမစ္ တီးမစ္ေတြကို မ်က္စိထဲမွာ ေျပးျမင္ မိတယ္။

အသိဉာဏ္ ဗဟုသုတ မရွိလို႔ စားတာလားဆိုေတာ့လည္း ကိုယ့္ဆရာဝန္ေတြေတာင္ အေတာ္မ်ားမ်ား အားေပးၾကတာ ေတြ႕ရတယ္။ တစ္ခါတေလ ႀကဳံလို႔ အေျပာင္းအလဲ အျဖစ္

စားမိတာမ်ိဳးက မသိသာလွေပမယ့္ တစ္ခ်ိဳ႕လူေတြကေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ စြဲစြဲလန္းလန္းကို စားၾကတာလည္း ေတြ႕ရတယ္။

အဲဒီ လူေတြထဲမွာ ဒီအစာေတြဟာ ဒီလို ဒုကၡေတြ ေပးတတ္တယ္ဆိုတာ သိတဲ့သူေတြ အမ်ားႀကီး ပါတာလည္း ေတြ႕ရတယ္။ အဲဒီေတာ့ ေျပာစရာက တစ္ခုပဲ ရွိေတာ့တယ္… ေသရဲရင္ စားသာ စားၾကေပေတာ့လို႔ပဲ….။ မူရင္းေရးသူကို credit ေပးပါတယ္။

Unicode

ဝက်သားဒုတ်ထိုး၊ အကင် ကြိုက်သူတွေ… ဖတ်ကြည့်ပါ

ဆရာဝန်ညီလေး တစ်ယောက်ရဲ့ဆေးခန်းကို လာပြတာ အသက် ၂၀ ကျော်ကောင်ကလေး၊ သူ့စအိုကနေ ( intestinal fluke လို့ခေါ်တဲ့ ) အကောင်အရှင်လေးတွေ ထွက်ထွက်နေတာ

ပေါ်လိုက် ပျောက်လိုက်နဲ့ ၃- ၄ နှစ်လောက် ရှိပြီတဲ့…။ သတိထားမိတာတော့ အဲဒီ မတိုင်ခင် ဝက်သားတုတ်ထိုးတွေ အတော်စားဖြစ်တယ်လို့ ပြောတယ်။

အဲဒီအကောင်လေးတွေသာ အသည်းထဲမှာ တွယ်ကပ်မိရင် အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးတော့မှာ။ ဒီလပိုင်း/ နှစ်ပိုင်းတွေမှာ ဆေးရုံမှာလည်း မကြာခဏတွေ့လာရတာတွေက အသက် ၃၀ ဝန်းကျင် လူနာတွေ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာတွေနဲ့၊

တစ်ချို့ဆိုရင် ခွဲလို့ မရနိုင်တော့တဲ့ အခြေအနေမို့ အသက် ၃၀ ကျော်လေးမှာပဲ သေမင်းရက်ချိန်းကို ထိုင်စောင့်နေရတဲ့ ဘဝတွေကို ဖြစ်လို့။

အဲဒီလို လူနာတွေ ကို တွေ့ရ မြင်ရ ကြားရတိုင်း လမ်းဘေးမှာ မကျက်တကျက်ပြုတ်တွေထိုင်စားနေတဲ့ တုတ်ထိုး ဆိုင်တွေ ၊ မကျက်တကျက် ကင်တဲ့အပြင်

မီးခိုးငွေ့တွေ ညှော်ငွေ့တွေပါ ရိုက်ထားတဲ့ အကင်ဆိုင်တွေနဲ့ တစ်ခါတလေ ခေါင်းထဲ ဗိုက်ထဲက သွေးတွေတောင်ထွက်လာတတ်သေးတဲ့ ငါးကင်တွေ…

နောက်တစ်ခါ ဆိုင်ကြီး ကနားကြီးတွေနဲ့ ရောင်းပြီး ဈေးကြီးပေးစားရတဲ့ ဆိုင်တွေက ပွက်ပွက်ဆူနေတဲ့ အိုးထဲထည့်ပြီး ကျက်မှန်း မသိ မကျက်မှန်း မသိ ဆယ်စားနေကြတဲ့ အသား ငါး ပုစွန်တွေနဲ့

readymade အသင့်စား အစားအစာလို့ခေါ်တဲ့ ခေါက်ဆွဲခြောက် ကြာဇံခြောက် ကော်ဖီမစ် တီးမစ်တွေကို မျက်စိထဲမှာ ပြေးမြင် မိတယ်။

အသိဉာဏ် ဗဟုသုတ မရှိလို့ စားတာလားဆိုတော့လည်း ကိုယ့်ဆရာဝန်တွေတောင် အတော်များများ အားပေးကြတာ တွေ့ရတယ်။ တစ်ခါတလေ ကြုံလို့ အပြောင်းအလဲ အဖြစ်

စားမိတာမျိုးက မသိသာလှပေမယ့် တစ်ချို့လူတွေကတော့ နှစ်နှစ်ခြိုက်ခြိုက် စွဲစွဲလန်းလန်းကို စားကြတာလည်း တွေ့ရတယ်။

အဲဒီ လူတွေထဲမှာ ဒီအစာတွေဟာ ဒီလို ဒုက္ခတွေ ပေးတတ်တယ်ဆိုတာ သိတဲ့သူတွေ အများကြီး ပါတာလည်း တွေ့ရတယ်။ အဲဒီတော့ ပြောစရာက တစ်ခုပဲ ရှိတော့တယ်… သေရဲရင် စားသာ စားကြပေတော့လို့ပဲ….။ မူရင်းရေးသူကို credit ပေးပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*