











Unicode

Mi ဖုန်း ဝယ်မယ်တော့မယ်ဆိုရင် (သို့မဟုတ်) miဖုန်းကို ကိုင်ထားရင် သိထားရမည့်အချက်များ

သာကောတို့အကြံက မသေးတာ အမှန်ပါ။ မြန်မာ အများစုကတော့ နောက်ပေါ်ရင် ဝယ်မယ် ဆိုတာပဲ သိတာပါ အခုဆို mi ဖုန်းကိုင်သူ မြန်မာနိုင်ငံမှာ

ငါးပုံ တပုံ နီးပါး ရှိနေကြပါပြီ။ ကိုင်ကောင်းပြီး ဈေးချိုရင်ပြီးရော သုံးနေတဲ့သူတွေ သိကြဖို့ပါ။ အခုလို ဆင်ဆာတွေ ထည့်ထားတာဟာ အသုံးပြုသူရဲ့လုံခြုံရေးကို အရမ်း ထိခိုက်စေပါတယ်။

အရေးမကြုံ သေးလို့ မသိပေမယ့် အကောင့် ဟက်ခံရတာမျိုး တို့ စက်မှာပုံ မှန်မဟုတ်တဲ့လုပ်ဆောင်မှုေ တွပြောင်းလဲ လာတာမျိုးတို့ ဆို သတိ ထားပါ။ အဲ့ဒါဆို သင့်ဖုန်း ကို သူတို့ ထိန်းချုပ် စောင့်ကြည့် နေပါပြီ။

ဆင်းကဒ် တွေ ပေါလာသည်နှင့် အမျှ လူတိုင်း ဝယ်ကိုင် နေကြပြီး အင်တာနက် ဘေတွေ အလိုလို ပျောက်တာ… အပ်ဒိတ်တွေ အလိုလို တက်တာမျိုးတွေပါ ဖြစ်လာ တတ်ပါတယ်။

အခုလို အဖြစ်အပျက်တွေ ကို လစ်ယူယေးနီးယားနိုင်ငံ မှာ စတင် ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ people media မှာတော့ အောက်ပါ အတိုင်း ဖော်ပြထားတာ ကို တွေ့ရမှာ ဖြစ်ပါ တယ်။

တရုတ် နိုင်ငံထုတ် မီဖုန်းများတွင် လိုအပ် သလို စိစစ် ဖြတ်တောက် နိုင်သည့် ပစ္စည်းကိရိယာများ ထည့်သွင်း ဖွဲ့စည်း ထားကြောင်း အစိုးရ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်

တရုတ် မီ မိုဘိုင်းဖုန်းများကို ဝယ်ယူခြင်း မပြုရန် နှင့် ဝယ်ယူထားသူများလည်း ပြန်လည်စွန့်ပစ်ရန် လစ်ယူယေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ် ပြန် ကြေညာခဲ့တယ်လို့လဲ သိရ ပါတယ်။

အသုံးပြုခြင်း မပြုခြင်းကတော့ ပရိတ်သတ်ကြီးရဲ့ဆန္ဒသာ ဖြစ်ပြီး ဗဟုသုတ အသိပညာရစေခြင်းအတွက် တင်ဆက် ပေးလိုက်ရခြင်း ဖြစ်ပါတယ် ခင်ဗျား…။

မူရင်း ရေးသား သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*