ရန္သူ႔ရဲ႕ ဦးေခါင္းကို ျဖတ္လာႏိုင္ရင္ ဆုခ်ီးျမႇင့္တဲ့ ဓေလ့ရွိခဲ့တဲ့ နာဂ မ်ိဳးႏြယ္စု

ရန္သူ႔ရဲ႕ ဦးေခါင္းကို ျဖတ္လာႏိုင္ရင္ ဆုခ်ီးျမႇင့္တဲ့ ဓေလ့ရွိခဲ့တဲ့ နာဂ မ်ိဳးႏြယ္စု
ရန္သူ႔ရဲ႕ ဦးေခါင္းကို ျဖတ္လာႏိုင္ရင္ ဆုခ်ီးျမႇင့္တဲ့ ဓေလ့ရွိခဲ့တဲ့ နာဂ မ်ိဳးႏြယ္စု

ရန္သူ႔ရဲ႕ ဦးေခါင္းကို ျဖတ္လာႏိုင္ရင္ ဆုခ်ီးျမႇင့္တဲ့ ဓေလ့ရွိခဲ့တဲ့ နာဂ မ်ိဳးႏြယ္စု

အိႏၵိယ ျမန္မာနယ္စပ္မွာ ေနထိုင္ ၾကတဲ့ နာဂ ေခါင္းျဖတ္သမားေတြဟာ သူတို႔ရဲ႕အေသးစိတ္က်တဲ့ ေဆးမွင္ေၾကာင္မ်ားနဲ႔ ရန္သူ႔ေခါင္းကို တိုက္ပြဲမွာ ျဖတ္လာ ႏိုင္ခဲ့ရင္ ဆုေငြခ်ီးျမႇင့္တဲ့ ဓေလ့ကို က်င့္သုံး ခဲ့တာကို

ဓာတ္ပုံဆရာတစ္ေယာက္က မွတ္တမ္း တင္ႏိုင္ ခဲ့ပါတယ္။ ဒါ့အျပင္ လူေခါင္းခြံမ်ားနဲ႔ ကြၽဲခ်ိဳမ်ားကို ဆုတံဆိပ္မ်ား ကဲ့သို႔ ခ်ိတ္ဆြဲထားၿပီး ဒီ ဦးေခါင္းခြံမ်ားဟာ သူတို႔ရဲ႕ ရဲစြမ္းသတၱိနဲ႔ ခ်မ္းသာႂကြယ္၀မႈကို ေဖာ္ျပ တယ္လို႔ နာဂေခါင္းျဖတ္ မ်ိဳးႏြယ္စုက ခံယူ ထားၾကပါတယ္။

ဒီလို ရွားပါးတဲ့ ဓာတ္ပုံေတြကိုေတာ့ အိႏၵိယႏိုင္ငံ နာဂျပည္နယ္မွာ အဂၤလန္ ဓာတ္ပုံဆရာ ပီတီေအာက္ဖို႔က ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ” ကြၽန္ေတာ္ တကယ္ နာဂမ်ိဳးႏြယ္စုရဲ႕ ဓာတ္ပုံေတြကို ႐ိုက္ကူး ႏိုင္ခဲ့တယ္။ မ်ိဳးႏြယ္စုမွာ

စစ္တိုက္သူေယာက္်ားမ်ား က တိုက္ပြဲ အျပန္မွာ ရန္သူရဲ႕ ဦးေခါင္းမ်ားကို ျဖတ္ၿပီး ျပန္သယ္လာၾကတယ္။ နာဂေခါင္းျဖတ္ မ်ိဳးႏြယ္စုဟာ လူသားစားတဲ့ လူ႐ိုင္းမ်ား မဟုတ္ၾကေပမဲ့ တိုက္ပြဲက ျပန္လာၿပီဆို ရန္သူဦးေခါင္းေတြကို

ျခင္းတစ္လုံးထဲ ထည့္ၿပီး ထိုဦးေခါင္းခြံေတြကို ဆုတံဆိပ္မ်ားကဲ့သို႔ အိမ္မွာ ခင္းက်င္းထားတယ္။ ဒါ့အျပင္ သတ္ႏိုင္ခဲ့တဲ့ ဦးေခါင္းခြံ မ်ားလာရင္ ေခါင္းျဖတ္ နာဂစစ္သားကို ဂုဏ္ျပဳတဲ့အေနနဲ႔

ရင္ဘတ္နဲ႔ မ်က္ႏွာမွာ ေဆးမွင္ေၾကာင္မ်ားကို ထိုးေပးၾကတယ္ ” လို႔ ဆိုပါတယ္။ ေခါင္းျဖတ္နာဂ မ်ိဳးႏြယ္စုဟာ ျမန္မာႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံ ထိစပ္ေနတဲ့ နယ္စပ္အတြင္းမွာ ေနထိုင္ၾကေပမဲ့ သူတို႔ဟာ ျမန္မာႏိုင္ငံမွ လူမ်ိဳးမ်ားနဲ႔ ပိုရင္းႏွီးတယ္လို႔ ခံယူ ထားၾကတယ္လို႔ သိရပါတယ္။

လူသတ္ ေခါင္းျဖတ္ခဲ့တာဟာ ၁၉၇၀ ေလာက္မွာ ရပ္တန္႔ခဲ့ေပမဲ့ ေခါင္းျဖတ္ နာဂေတြဟာ ဒီဓေလ့ကို ႐ိုးရာ အေမြအျဖစ္ ထိန္းသိမ္းထားတုန္းပဲ လို႔ သိရပါတယ္။ ေခါင္းျဖတ္နာဂေတြဟာ အိႏၵိယ ပိုင္နက္မွာ ေနထိုင္ၾကေပမဲ့

အိႏၵိယ ယဥ္ေက်းမႈေတြနဲ႔ မေရာေႏွာၾကသလို႔ ေဒဝါလီ ပြဲေတာ္ေန႔ေတြမွာေတာင္ ၀င္ေရာက္ ဆင္ႏႊဲေလ့ မရွိ ၾကပါဘူး။ ေခါင္းျဖတ္ နာဂမ်ိဳးႏြယ္စုဟာ ဓားမ်ားကို ကိုင္ေဆာင္ၿပီး အမဲလိုက္ေလ့ ရွိၾကသလို ကြၽဲႏြားမ်ား ေမြးျမဴေလ့ ရွိၾကတယ္ လို႔ သိရပါတယ္။

နာဂမ်ိဳးႏြယ္စုဟာ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ဘက္ပိုင္းနဲ႔ ျမန္မာႏိုင္ငံ အေနာက္ေျမာက္ဘက္ပိုင္းမွာ အမ်ားစု အေျခခ် ေနထိုင္ၿပီး အိႏၵိယႏိုင္ငံ နာဂျပည္နယ္မွာ လူဦးေရ အမ်ားဆုံး ျဖစ္ၿပီး

မဏိပူရ နဲ႔ အာသံတို႔မွာလည္း အနည္းငယ္ ေနထိုင္ ၾကတယ္လို႔ သိရပါတယ္။ နာဂ မ်ိဳးႏြယ္စုအတြက္ တိုက္ပြဲမွာ ရန္သူကို ေခါင္းျဖတ္ၿပီး သယ္လာႏိုင္တာထက္ ဂုဏ္ယူဖို႔ ေကာင္းတာ ဘာမွ မရွိသလို ၁၉ ရာစု ေတာက္ေလွ်ာက္မွာ

နာဂလူမ်ိဳးမ်ား ေခါင္းျဖတ္တဲ့ အေလ့အထကို က်င့္သုံးခဲ့ၿပီး ၁၉၇၀ တစ္ဝိုက္မွာေတာ့ ေပ်ာက္ကြယ္သြားခဲ့တယ္လို႔ သိရပါတယ္။ Share – Sooth မွ ကူးယူ ေဖာ္ျပျခင္း ျဖစ္သည္။ လူမ်ိဳးစုကို ထိခိုက္လိုစိတ္ မရွိပါ။ က်န္ေတာ့္ အခ်စ္ဆုံး သူငယ္ခ်င္းထဲက တစ္ေယာက္က နာဂလူမ်ိဳး ျဖစ္ပါ တယ္။

ခရက္ဒစ္ေပးပါသည္>>>Mratt Moe Lwin

Unicode

ရန်သူ့ရဲ့ ဦးခေါင်းကို ဖြတ်လာနိုင်ရင် ဆုချီးမြှင့်တဲ့ ဓလေ့ရှိခဲ့တဲ့ နာဂ မျိုးနွယ်စု

အိန္ဒိယ မြန်မာနယ်စပ်မှာ နေထိုင် ကြတဲ့ နာဂ ခေါင်းဖြတ်သမားတွေဟာ သူတို့ရဲ့အသေးစိတ်ကျတဲ့ ဆေးမှင်ကြောင်များနဲ့ ရန်သူ့ခေါင်းကို တိုက်ပွဲမှာ ဖြတ်လာ နိုင်ခဲ့ရင် ဆုငွေချီးမြှင့်တဲ့ ဓလေ့ကို ကျင့်သုံး ခဲ့တာကို

ဓာတ်ပုံဆရာတစ်ယောက်က မှတ်တမ်း တင်နိုင် ခဲ့ပါတယ်။ ဒါ့အပြင် လူခေါင်းခွံများနဲ့ ကျွဲချိုများကို ဆုတံဆိပ်များ ကဲ့သို့ ချိတ်ဆွဲထားပြီး ဒီ ဦးခေါင်းခွံများဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ချမ်းသာကြွယ်ဝမှုကို ဖော်ပြ တယ်လို့ နာဂခေါင်းဖြတ် မျိုးနွယ်စုက ခံယူ ထားကြပါတယ်။

ဒီလို ရှားပါးတဲ့ ဓာတ်ပုံတွေကိုတော့ အိန္ဒိယနိုင်ငံ နာဂပြည်နယ်မှာ အင်္ဂလန် ဓာတ်ပုံဆရာ ပီတီအောက်ဖို့က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ” ကျွန်တော် တကယ် နာဂမျိုးနွယ်စုရဲ့ ဓာတ်ပုံတွေကို ရိုက်ကူး နိုင်ခဲ့တယ်။ မျိုးနွယ်စုမှာ

စစ်တိုက်သူယောက်ျားများ က တိုက်ပွဲ အပြန်မှာ ရန်သူရဲ့ ဦးခေါင်းများကို ဖြတ်ပြီး ပြန်သယ်လာကြတယ်။ နာဂခေါင်းဖြတ် မျိုးနွယ်စုဟာ လူသားစားတဲ့ လူရိုင်းများ မဟုတ်ကြပေမဲ့ တိုက်ပွဲက ပြန်လာပြီဆို ရန်သူဦးခေါင်းတွေကို

ခြင်းတစ်လုံးထဲ ထည့်ပြီး ထိုဦးခေါင်းခွံတွေကို ဆုတံဆိပ်များကဲ့သို့ အိမ်မှာ ခင်းကျင်းထားတယ်။ ဒါ့အပြင် သတ်နိုင်ခဲ့တဲ့ ဦးခေါင်းခွံ များလာရင် ခေါင်းဖြတ် နာဂစစ်သားကို ဂုဏ်ပြုတဲ့အနေနဲ့

ရင်ဘတ်နဲ့ မျက်နှာမှာ ဆေးမှင်ကြောင်များကို ထိုးပေးကြတယ် ” လို့ ဆိုပါတယ်။ ခေါင်းဖြတ်နာဂ မျိုးနွယ်စုဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ထိစပ်နေတဲ့ နယ်စပ်အတွင်းမှာ နေထိုင်ကြပေမဲ့ သူတို့ဟာ မြန်မာနိုင်ငံမှ လူမျိုးများနဲ့ ပိုရင်းနှီးတယ်လို့ ခံယူ ထားကြတယ်လို့ သိရပါတယ်။

လူသတ် ခေါင်းဖြတ်ခဲ့တာဟာ ၁၉၇၀ လောက်မှာ ရပ်တန့်ခဲ့ပေမဲ့ ခေါင်းဖြတ် နာဂတွေဟာ ဒီဓလေ့ကို ရိုးရာ အမွေအဖြစ် ထိန်းသိမ်းထားတုန်းပဲ လို့ သိရပါတယ်။ ခေါင်းဖြတ်နာဂတွေဟာ အိန္ဒိယ ပိုင်နက်မှာ နေထိုင်ကြပေမဲ့

အိန္ဒိယ ယဉ်ကျေးမှုတွေနဲ့ မရောနှောကြသလို့ ဒေဝါလီ ပွဲတော်နေ့တွေမှာတောင် ဝင်ရောက် ဆင်နွှဲလေ့ မရှိ ကြပါဘူး။ ခေါင်းဖြတ် နာဂမျိုးနွယ်စုဟာ ဓားများကို ကိုင်ဆောင်ပြီး အမဲလိုက်လေ့ ရှိကြသလို ကျွဲနွားများ မွေးမြူလေ့ ရှိကြတယ် လို့ သိရပါတယ်။

နာဂမျိုးနွယ်စုဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းနဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဘက်ပိုင်းမှာ အများစု အခြေချ နေထိုင်ပြီး အိန္ဒိယနိုင်ငံ နာဂပြည်နယ်မှာ လူဦးရေ အများဆုံး ဖြစ်ပြီး

မဏိပူရ နဲ့ အာသံတို့မှာလည်း အနည်းငယ် နေထိုင် ကြတယ်လို့ သိရပါတယ်။ နာဂ မျိုးနွယ်စုအတွက် တိုက်ပွဲမှာ ရန်သူကို ခေါင်းဖြတ်ပြီး သယ်လာနိုင်တာထက် ဂုဏ်ယူဖို့ ကောင်းတာ ဘာမှ မရှိသလို ၁၉ ရာစု တောက်လျှောက်မှာ

နာဂလူမျိုးများ ခေါင်းဖြတ်တဲ့ အလေ့အထကို ကျင့်သုံးခဲ့ပြီး ၁၉၇၀ တစ်ဝိုက်မှာတော့ ပျောက်ကွယ်သွားခဲ့တယ်လို့ သိရပါတယ်။ Share – Sooth မှ ကူးယူ ဖော်ပြခြင်း ဖြစ်သည်။ လူမျိုးစုကို ထိခိုက်လိုစိတ် မရှိပါ။ ကျန်တော့် အချစ်ဆုံး သူငယ်ချင်းထဲက တစ်ယောက်က နာဂလူမျိုး ဖြစ်ပါ တယ်။

ခရက်ဒစ်ပေးပါသည်>>>Mratt Moe Lwin

Be the first to comment

Leave a Reply

Your email address will not be published.


*