ပင္လယ္ဒီေရ ေရတက္/ ေရက် ခန္႔မွန္း တြက္ခ်က္နည္း

ပင္လယ္ဒီေရ ေရတက္/ ေရက် ခန္႔မွန္း တြက္ခ်က္နည္း
ပင္လယ္ဒီေရ ေရတက္/ ေရက် ခန္႔မွန္း တြက္ခ်က္နည္း

ပင္လယ္ဒီေရ ေရတက္/ ေရက် ခန္႔မွန္း တြက္ခ်က္နည္း

ျမစ္၀ကြၽန္းေပၚေဒသ ေရေၾကာင္းမွာ ေလွေလာင္း အသုံးျပဳသူေတြ အတြက္ ဒီတြက္ခ်က္ပုံေလးက ေတာ္ေတာ္ အသုံး၀င္မယ္ ထင္တယ္။

ျမစ္၀ကြၽန္းေပၚ ေဒသေတြက ပင္လယ္ဒီေရ အတက္ အက် က တစ္ရက္မွာ (၂ ) ႀကိမ္ျဖစ္ တယ္။

ေရတက္ ၊ ေရက် တစ္ႀကိမ္ႏွင့္ တစ္ႀကိမ္ ( ၆ ) နာရီ ကြာျခားသည္။ ေရတက္ၿပီး (၆) နာရီ ၾကာေရျပန္က်သည္။

ျမန္မာ လဆန္း/ လဆုတ္ ရက္မ်ား အလိုက္ ေရတက္ခ်ိန္ေတြ တစ္ရက္နဲ႔ တစ္ရက္ မတူၾက ပါ။

ဒီေရ တက္ခ်ိန္ လဆန္း/ ဆုတ္ရက္ အလိုက္ တြက္နည္း method ေလးကို ေရွ႕လူႀကီးသူမ ေတြ မွတ္သား သြားတဲ့ ျမန္မာ့ နည္းပညာေလး က မွတ္သားစရာပါ။

လဆန္း(၁)ရက္… (၁ )က်ပ္မွ တစ္မတ္ ႏႈတ္ သုံးမတ္က်န္….။ တစ္က်ပ္ကို ၆၀မီနစ္ထား တစ္မတ္က (၁၅) မီနစ္ဆိုေတာ့…သုံးမတ္က (၄၅) မီနစ္ျဖစ္လို႔ ပထမအႀကိမ္ေရတက္က ၁၂ နာရီ ၄၅မီနစ္။

လဆန္း(၂) ရက္။ (၂ )က်ပ္မွ ႏွစ္မတ္ႏႈတ္ တစ္က်ပ္ခြဲက်န္….။ နာရီဖြဲ႕…၁ နာရီ ခြဲ ေရတက္။

လဆန္း(၃) ရက္… (၃ ) က်ပ္မွ သုံးမတ္ကို ႏႈတ္ ႏွစ္က်ပ္တစ္မတ္က်န္…။ နာရီဖြဲ႕…၂နာရီ၁၅မီနစ္ ေရတက္ပါ။

လဆန္း (၄ )… (၄) က်ပ္မွ ေလးမတ္ ႏႈတ္ သုံးက်ပ္က်န္….၊ ၃ နာရီ ေရတက္ပါ။ လဆန္း (၅)ရက္… (၅) က်ပ္မွ ငါးမတ္ ႏႈတ္ သုံးက်ပ္သုံးမတ္က်န္…။ ၃ နာရီ ၄၅မီနစ္ေရတက္

ပင္လယ္ဒီေရအတက္အက်က လ ၏ဆြဲအား ေၾကာင့္ျဖစ္တာလို႔ ေက်ာင္းသုံး သိပၸံမွ ာသင္ရ ပါ တယ္။

ဒါေၾကာင့္ လဆန္း၊ လဆုတ္ေတြေၾကာင့္ ျမစ္၀ကြၽန္းေပၚ ေဝါဟာရ စကားအရ…. လဆန္းရက္ေတြက ေရထရက္၊ လျပည့္ေတြက ေခါင္ေရ၊ လဆုတ္ရက္က ေရေသ၊ စသည္ျဖင့္ေရွ႕လူႀကီး ေတြက အမွတ္အသားျပဳ ေခၚေဝၚခဲ့ၾက ပါတယ္။Crd

Unicode

ပင်လယ်ဒီရေ ရေတက်/ ရေကျ ခန့်မှန်း တွက်ချက်နည်း

မြစ်ဝကျွန်းပေါ်ဒေသ ရေကြောင်းမှာ လှေလောင်း အသုံးပြုသူတွေ အတွက် ဒီတွက်ချက်ပုံလေးက တော်တော် အသုံးဝင်မယ် ထင်တယ်။

မြစ်ဝကျွန်းပေါ် ဒေသတွေက ပင်လယ်ဒီရေ အတက် အကျ က တစ်ရက်မှာ (၂ ) ကြိမ်ဖြစ် တယ်။

ရေတက် ၊ ရေကျ တစ်ကြိမ်နှင့် တစ်ကြိမ် ( ၆ ) နာရီ ကွာခြားသည်။ ရေတက်ပြီး (၆) နာရီ ကြာရေပြန်ကျသည်။

မြန်မာ လဆန်း/ လဆုတ် ရက်များ အလိုက် ရေတက်ချိန်တွေ တစ်ရက်နဲ့ တစ်ရက် မတူကြ ပါ။

ဒီရေ တက်ချိန် လဆန်း/ ဆုတ်ရက် အလိုက် တွက်နည်း method လေးကို ရှေ့လူကြီးသူမ တွေ မှတ်သား သွားတဲ့ မြန်မာ့ နည်းပညာလေး က မှတ်သားစရာပါ။

လဆန်း(၁)ရက်… (၁ )ကျပ်မှ တစ်မတ် နှုတ် သုံးမတ်ကျန်….။ တစ်ကျပ်ကို ၆၀မီနစ်ထား တစ်မတ်က (၁၅) မီနစ်ဆိုတော့…သုံးမတ်က (၄၅) မီနစ်ဖြစ်လို့ ပထမအကြိမ်ရေတက်က ၁၂ နာရီ ၄၅မီနစ်။

လဆန်း(၂) ရက်။ (၂ )ကျပ်မှ နှစ်မတ်နှုတ် တစ်ကျပ်ခွဲကျန်….။ နာရီဖွဲ့…၁ နာရီ ခွဲ ရေတက်။

လဆန်း(၃) ရက်… (၃ ) ကျပ်မှ သုံးမတ်ကို နှုတ် နှစ်ကျပ်တစ်မတ်ကျန်…။ နာရီဖွဲ့…၂နာရီ၁၅မီနစ် ရေတက်ပါ။

လဆန်း (၄ )… (၄) ကျပ်မှ လေးမတ် နှုတ် သုံးကျပ်ကျန်….၊ ၃ နာရီ ရေတက်ပါ။ လဆန်း (၅)ရက်… (၅) ကျပ်မှ ငါးမတ် နှုတ် သုံးကျပ်သုံးမတ်ကျန်…။ ၃ နာရီ ၄၅မီနစ်ရေတက်

ပင်လယ်ဒီရေအတက်အကျက လ ၏ဆွဲအား ကြောင့်ဖြစ်တာလို့ ကျောင်းသုံး သိပ္ပံမှ ာသင်ရ ပါ တယ်။

ဒါကြောင့် လဆန်း၊ လဆုတ်တွေကြောင့် မြစ်ဝကျွန်းပေါ် ဝေါဟာရ စကားအရ…. လဆန်းရက်တွေက ရေထရက်၊ လပြည့်တွေက ခေါင်ရေ၊ လဆုတ်ရက်က ရေသေ၊ စသည်ဖြင့်ရှေ့လူကြီး တွေက အမှတ်အသားပြု ခေါ်ဝေါ်ခဲ့ကြ ပါတယ်။Crd

Be the first to comment

Leave a Reply

Your email address will not be published.


*