ကေလးနဲ႔ ဒုံးက်ည္

ကေလးနဲ႔ ဒုံးက်ည္
ကေလးနဲ႔ ဒုံးက်ည္

ကေလးနဲ႔ ဒုံးက်ည္

ကေလးေတြဖ်ားရင္ ေဆးတိုက္ရခက္တာ ေဆးတိုက္လို႔မရတာ ခနခနျဖစ္မွာေပါ့ေနာ္…။ ဖ်ားရင္ paracetamol ကို သူ႔ရဲ ခႏၶာကိုယ္အေလးခ်ိန္အလိုက္ ၆ နာရီျခားတစ္ခါ ေသခ်ာဝင္ေအာင္တိုက္ေပးဖို႔ အေရးႀကီးပါတယ္။

ဒီေတာ့ ေဆး လုံးဝ တိုက္လို႔မရတဲ့ ကေလးေတြဆို ဘယ္လိုလုပ္ၾကမလဲ…? Para suppo လို႔ေခၚတဲ့ ဒုံးက်ည္ထည့္ေပးလို႔ရပါတယ္..။ အရင္က ေဆးခန္းလာျပတဲ့ ကေလးေလးတစ္​ေယာက္ကေတာ့ ဒုံးက်ည္ထည့္လိုက္ရင္ သူပါ မိုးေပၚပ်ံသြားမွာလားလို႔ ေမးဖူးတယ္။ ခ်စ္စရာေလးေနာ္။

Para suppo ကလဲ ကေလးရဲ႕ အေလးခ်ိန္နဲ႔လိုက္ၿပီး ထည့္ေပးႏိုင္ရင္ အေကာင္းဆုံးေပါ့..။ 125 နဲ႔ 250 ဆိုၿပီး ရွိတဲ့ ထဲမွာ ကေလး ၃ ႏွစ္ေအာက္ဆို 125 ၃ ႏွစ္ အထက္ဆို 250
ဆိုၿပီး အၾကမ္းဖ်င္း သတ္မွတ္လို ႔ရပါတယ္။

Para suppo ဘယ္လိုထည့္မလဲ…?? Suppo ကို ေရခဲေသတၱာလို ေအးတဲ့ေနရာမွာ ထားပါ။ ဒါမွ ခဲေနၿပီး ထည့္လို႔ အဆင္ေျပမွာပါ။ ၿပီးရင္ ဖြင့္ၿပီး ထည့္မဲ့သူရဲ႕ လက္ညႇိဳးထိပ္မွာ အိမ္မွာ ရွိတဲ့ ဆီ( အုန္းဆီ/ သံလြင္ဆီ) သုတ္ၿပီး para suppo ကို ကိုင္ၿပီး ကေလးရဲ႕ စအိုထဲကို ထည့္ေပးပါေနာ္.. ဒါပါပဲ သိပ္လြယ္ပါတယ္။

Para suppo ေသခ်ာထည့္ႏိုင္ရင္ para အရည္/ အခဲ တိုက္စရာ မလိုပါဘူးေနာ္..။ ကေလး ရဲ႕ ခႏၶာကိုယ္ အေလးခ်ိန္မ်ားေနၿပီး ထည့္တဲ့ para suppo က 125 ဆိုရင္ေတာ့ paracetamol dose လိုအပ္ေနေသးတာမို႔ ပါးစပ္က ထပ္တိုက္ဖို ႔လိုပါလိမ့္မယ္..။

ကေလးေတြဖ်ားရင္ မွိန္းတတ္တာလဲ သဘာဝပါ။ ဒါေပမဲ့ ေသြးလြန္တုပ္ေကြးျဖစ္ရင္လဲ မွိန္းတတ္လို႔ ႐ိုး႐ိးေ ေနမေကာင္းတာလား ေသြးလြန္တုပ္ေကြးေၾကာင့္လား ဆိုတာေတာ့ ခြဲၿပီး သိဖို႔ လဲ လိုပါတယ္ေနာ္…။

ဒီေတာ့ ကေလးဖ်ားရင္ para ဝင္ေအာင္ တိုက္ပါ။ တိုက္လို႔မရရင္ ဒုံးက်ည္ထည့္။ ေခြၽးထြက္လာရင္ အက်ီလဲ ေခြၽးသုတ္ေပး။ ေရပတ္ တိုက္ပါ။ ဓာတ္ဆားရည္ တိုက္ပါ။

အားရွိတဲ့ အရည္ မ်ားမ်ားဝင္ေအာင္ တိုက္ပါ။ ဆန္ျပဳတ္ ထမင္းေပ်ာ့ေပ်ာ့ ေကြၽးႏိုင္ပါတယ္။ ကေလးေတြဖ်ားတာဟာ ၃ ရက္ညကေန ၅ ရက္ ေလာက္ထိ ၾကာတတ္လို႔ အျမန္သက္သာေအာင္ ဆိုၿပီး ေဆးမထိုးပါနဲ႔…။

႐ိုး႐ိုးတုပ္ေကြးမိၿပီး ဖ်ားတာအတြက္ကေတာ့ေ ဆးထိုးဖို႔ (လုံးဝ) မလိုအပ္ပါဘူး လို႔ ေနာ္.. ။

Credit: Dr. Su

Unicode

ကလေးနဲ့ ဒုံးကျည်

ကလေးတွေဖျားရင် ဆေးတိုက်ရခက်တာ ဆေးတိုက်လို့မရတာ ခနခနဖြစ်မှာပေါ့နော်…။ ဖျားရင် paracetamol ကို သူ့ရဲ ခန္ဓာကိုယ်အလေးချိန်အလိုက် ၆ နာရီခြားတစ်ခါ သေချာဝင်အောင်တိုက်ပေးဖို့ အရေးကြီးပါတယ်။

ဒီတော့ ဆေး လုံးဝ တိုက်လို့မရတဲ့ ကလေးတွေဆို ဘယ်လိုလုပ်ကြမလဲ…? Para suppo လို့ခေါ်တဲ့ ဒုံးကျည်ထည့်ပေးလို့ရပါတယ်..။ အရင်က ဆေးခန်းလာပြတဲ့ ကလေးလေးတစ်ယောက်ကတော့ ဒုံးကျည်ထည့်လိုက်ရင် သူပါ မိုးပေါ်ပျံသွားမှာလားလို့ မေးဖူးတယ်။ ချစ်စရာလေးနော်။

Para suppo ကလဲ ကလေးရဲ့ အလေးချိန်နဲ့လိုက်ပြီး ထည့်ပေးနိုင်ရင် အကောင်းဆုံးပေါ့..။ 125 နဲ့ 250 ဆိုပြီး ရှိတဲ့ ထဲမှာ ကလေး ၃ နှစ်အောက်ဆို 125 ၃ နှစ် အထက်ဆို 250
ဆိုပြီး အကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။

Para suppo ဘယ်လိုထည့်မလဲ…?? Suppo ကို ရေခဲသေတ္တာလို အေးတဲ့နေရာမှာ ထားပါ။ ဒါမှ ခဲနေပြီး ထည့်လို့ အဆင်ပြေမှာပါ။ ပြီးရင် ဖွင့်ပြီး ထည့်မဲ့သူရဲ့ လက်ညှိုးထိပ်မှာ အိမ်မှာ ရှိတဲ့ ဆီ( အုန်းဆီ/ သံလွင်ဆီ) သုတ်ပြီး para suppo ကို ကိုင်ပြီး ကလေးရဲ့ စအိုထဲကို ထည့်ပေးပါနော်.. ဒါပါပဲ သိပ်လွယ်ပါတယ်။

Para suppo သေချာထည့်နိုင်ရင် para အရည်/ အခဲ တိုက်စရာ မလိုပါဘူးနော်..။ ကလေး ရဲ့ ခန္ဓာကိုယ် အလေးချိန်များနေပြီး ထည့်တဲ့ para suppo က 125 ဆိုရင်တော့ paracetamol dose လိုအပ်နေသေးတာမို့ ပါးစပ်က ထပ်တိုက်ဖို့လိုပါလိမ့်မယ်..။

ကလေးတွေဖျားရင် မှိန်းတတ်တာလဲ သဘာဝပါ။ ဒါပေမဲ့ သွေးလွန်တုပ်ကွေးဖြစ်ရင်လဲ မှိန်းတတ်လို့ ရိုးရိးေ နေမကောင်းတာလား သွေးလွန်တုပ်ကွေးကြောင့်လား ဆိုတာတော့ ခွဲပြီး သိဖို့ လဲ လိုပါတယ်နော်…။

ဒီတော့ ကလေးဖျားရင် para ဝင်အောင် တိုက်ပါ။ တိုက်လို့မရရင် ဒုံးကျည်ထည့်။ ချွေးထွက်လာရင် အကျီလဲ ချွေးသုတ်ပေး။ ရေပတ် တိုက်ပါ။ ဓာတ်ဆားရည် တိုက်ပါ။

အားရှိတဲ့ အရည် များများဝင်အောင် တိုက်ပါ။ ဆန်ပြုတ် ထမင်းပျော့ပျော့ ကျွေးနိုင်ပါတယ်။ ကလေးတွေဖျားတာဟာ ၃ ရက်ညကနေ ၅ ရက် လောက်ထိ ကြာတတ်လို့ အမြန်သက်သာအောင် ဆိုပြီး ဆေးမထိုးပါနဲ့…။

ရိုးရိုးတုပ်ကွေးမိပြီး ဖျားတာအတွက်ကတော့ေ ဆးထိုးဖို့ (လုံးဝ) မလိုအပ်ပါဘူး လို့ နော်.. ။

Credit: Dr. Su

Be the first to comment

Leave a Reply

Your email address will not be published.


*