စိတ္ေတြေလးေနျပီး နိမိတ္မေကာင္းသလိုခံစားရတဲ့အခါ ဒါေတြလုပ္ပါ

စိတ္ေတြေလးေနျပီး နိမိတ္မေကာင္းသလိုခံစားရတဲ့အခါ ဒါေတြလုပ္ပါ

စိတ္ေတြေလးေနျပီး နိမိတ္မေကာင္းသလိုခံစားရတဲ့အခါ ဒါေတြလုပ္ပါ

တခါတေလ ဘာလို႕မွန္း မသိဘဲ မေကာင္းတာ တစ္ခုခု ျဖစ္ေတာ့မလို မ်ိဳး စိတ္ ေတြ ေလးလံ ေနတတ္ ပါတယ္။ တကယ္ေတာ့ ဒီလိုျဖစ္တာ ဟာ ကံဆိုးမႈေတြ ျဖစ္ေတာ့မွာေၾကာင့္ မဟုတ္ပါဘူး။

စိတ္ဖိစီးမႈေတြ မ်ားျပီး မသိစိတ္ က ပင္ပန္း ေနတာပါ။ အဲ့လုိမ်ိဳး ျဖစ္ခဲ့ရင္ ဒီအခ်က္ေလးေတြ လုပ္ေပးပါ။ စိတ္ၾကည္လင္ ေပါ့ပါး သြားပါလိမ့္မယ္။

စိတ္ထဲ ရွိတာေတြကို စာအုပ္ထဲ မွာ ခ်ေရးပါ

ဘာလို႕မွန္း မသိဘဲ စိတ္ေတြ ေလးလံ ေနတဲ့အခါ အဲ့ဒီလိုေလးလံ ေနတဲ့ အေၾကာင္း ေတြကို စာအုပ္ထဲမွာ ခ်ေရးလိုက္ပါ။

Close up of woman’s hands writing in spiral notepad placed on wooden desktop with various items

အဲ့ဒါ အျပင္ မေက်နပ္ တာ ေတြ ၊ စိတ္ညစ္စရာေတြ နဲ႕ စိတ္ထဲ ရွိတာ မွန္သမွ် အကုန္သာ ခ်ေရးပါ။ အဲ့ဒီလို ေရးတဲ့ အခါ အစီအစဉ္ က်ဖို႕၊ ဖတ္လို႕ ေကာင္းဖို႕မလိုပါဘူး။ လြတ္လြတ္လပ္လပ္သာခ်ေရးပစ္လုိက္ပါ။ ေနရတာနည္းနည္းေတာ့ ေပါ့ပါးသြားမွာပါ။

ေခတၱခဏအနားယူလိုက္ပါ

ဒီလို ျဖစ္ေနတာဟာ စိတ္ေရာ ၊ လူေရာ အရမ္းကို ပင္ပန္း ေနလို႕ပါ။ အဲ့ဒါေၾကာင့္ ေခတၱခဏေလာက္ ေကာင္းေကာင္း အနားယူ ဖို႕လိုပါတယ္။

အနားယူတဲ့ အခါ စိတ္ညစ္စရာ၊ စိတ္ပင္ပန္းစရာ ဘာဆိုဘာမွ မေတြးဘဲ စိတ္ေရာ လူေရာ နားပစ္လုိက္ပါ။

တစ္ေယာက္ေယာက္ကုိရင္ဖြင့္ပါ

ကိုယ့္ရဲ႕အခက္အခဲ ေတြ၊ စိတ္ညစ္စရာ ေတြကို ရင္ဖြင့္ရံုနဲ႕ အရာရာ ေျပလည္သြားမွာမဟုတ္ပါဘူး။ ဒါေပမယ့္ အဲ့ဒီလို ရင္ဖြင့္လိုက္တဲ့ အခါ စိတ္နည္းနည္း ပါ့သြားျပီး ေလာကမွာ ကိုယ္တစ္ေယာက္တည္း မဟုတ္ပါလား။

ကိုယ္ရင္ဖြင့္တာကို နားေထာင္ေပးမယ့္ လူတစ္ေယာက္ေတာ့ ရွိပါလား ဆိုတဲ့ ခံစားခ်က္ကိို ျဖစ္ေစျပီး အား ျဖစ္ေစပါတယ္။

တရားထိုင္ပါ

စိတ္ပိုင္းဆိုင္ရာ နဲ႕ပတ္သက္လို႕ ဘယ္လို ျပႆနာမ်ိဳးပဲ ျဖစ္ျဖစ္ ဒါေတြကို ေျဖရွင္းဖို႕အတြက္ အေကာင္းဆံုး နည္းလမ္း ကေတာ့ တရားထိုင္ျခင္းပဲ ျဖစ္ပါတယ္။

တရားထိုင္လိုက္တဲ့ အခါ ေယာက္ယက္ခတ္ ရႈပ္ေထြးေနတဲ့ စိတ္ကို ရွင္းလင္း တည္ျငိမ္ သြား ေစျပီး ေလးလံေနတာေတြ ကိုလည္း ေပါ့ပါးသြားေစ ပါတယ္။

ဒါေၾကာင့္ စိတ္ေတြေလး ေနရင္ တရားသာ ထိုင္လိုက္ပါ။ အဆင္ေျပသြားပါ လိမ့္မယ္။ တတ္နိုင္ရင္ေတာ့ ေန႕စဉ္ နာရီဝက္ ၊တစ္နာရီေလာက္ တရားထိုင္တဲ့အက်င့္ေလးလုပ္ထားလိုက္ပါ။

Unicode

စိတ်တွေလေးနေပြီး နိမိတ်မကောင်းသလိုခံစားရတဲ့အခါ ဒါတွေလုပ်ပါ

တခါတလေ ဘာလို့မှန်း မသိဘဲ မကောင်းတာ တစ်ခုခု ဖြစ်တော့မလို မျိုး စိတ် တွေ လေးလံ နေတတ် ပါတယ်။ တကယ်တော့ ဒီလိုဖြစ်တာ ဟာ ကံဆိုးမှုတွေ ဖြစ်တော့မှာကြောင့် မဟုတ်ပါဘူး။

စိတ်ဖိစီးမှုတွေ များပြီး မသိစိတ် က ပင်ပန်း နေတာပါ။ အဲ့လိုမျိုး ဖြစ်ခဲ့ရင် ဒီအချက်လေးတွေ လုပ်ပေးပါ။ စိတ်ကြည်လင် ပေါ့ပါး သွားပါလိမ့်မယ်။

စိတ်ထဲ ရှိတာတွေကို စာအုပ်ထဲ မှာ ချရေးပါ

ဘာလို့မှန်း မသိဘဲ စိတ်တွေ လေးလံ နေတဲ့အခါ အဲ့ဒီလိုလေးလံ နေတဲ့ အကြောင်း တွေကို စာအုပ်ထဲမှာ ချရေးလိုက်ပါ။

အဲ့ဒါ အပြင် မကျေနပ် တာ တွေ ၊ စိတ်ညစ်စရာတွေ နဲ့ စိတ်ထဲ ရှိတာ မှန်သမျှ အကုန်သာ ချရေးပါ။ အဲ့ဒီလို ရေးတဲ့ အခါ အစီအစဉ် ကျဖို့၊ ဖတ်လို့ ကောင်းဖို့မလိုပါဘူး။ လွတ်လွတ်လပ်လပ်သာချရေးပစ်လိုက်ပါ။ နေရတာနည်းနည်းတော့ ပေါ့ပါးသွားမှာပါ။

ခေတ္တခဏအနားယူလိုက်ပါ

ဒီလို ဖြစ်နေတာဟာ စိတ်ရော ၊ လူရော အရမ်းကို ပင်ပန်း နေလို့ပါ။ အဲ့ဒါကြောင့် ခေတ္တခဏလောက် ကောင်းကောင်း အနားယူ ဖို့လိုပါတယ်။

အနားယူတဲ့ အခါ စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာ ဘာဆိုဘာမှ မတွေးဘဲ စိတ်ရော လူရော နားပစ်လိုက်ပါ။

တစ်ယောက်ယောက်ကိုရင်ဖွင့်ပါ

ကိုယ့်ရဲ့အခက်အခဲ တွေ၊ စိတ်ညစ်စရာ တွေကို ရင်ဖွင့်ရုံနဲ့ အရာရာ ပြေလည်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီလို ရင်ဖွင့်လိုက်တဲ့ အခါ စိတ်နည်းနည်း ပါ့သွားပြီး လောကမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါလား။

ကိုယ်ရင်ဖွင့်တာကို နားထောင်ပေးမယ့် လူတစ်ယောက်တော့ ရှိပါလား ဆိုတဲ့ ခံစားချက်ကို ဖြစ်စေပြီး အား ဖြစ်စေပါတယ်။

တရားထိုင်ပါ

စိတ်ပိုင်းဆိုင်ရာ နဲ့ပတ်သက်လို့ ဘယ်လို ပြဿနာမျိုးပဲ ဖြစ်ဖြစ် ဒါတွေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံး နည်းလမ်း ကတော့ တရားထိုင်ခြင်းပဲ ဖြစ်ပါတယ်။

တရားထိုင်လိုက်တဲ့ အခါ ယောက်ယက်ခတ် ရှုပ်ထွေးနေတဲ့ စိတ်ကို ရှင်းလင်း တည်ငြိမ် သွား စေပြီး လေးလံနေတာတွေ ကိုလည်း ပေါ့ပါးသွားစေ ပါတယ်။

ဒါကြောင့် စိတ်တွေလေး နေရင် တရားသာ ထိုင်လိုက်ပါ။ အဆင်ပြေသွားပါ လိမ့်မယ်။ တတ်နိုင်ရင်တော့ နေ့စဉ် နာရီဝက် ၊တစ်နာရီလောက် တရားထိုင်တဲ့အကျင့်လေးလုပ်ထားလိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*