အရြယ္တင္ႏုပ်ိဳရတဲ့ လ်ိဳ႕၀ွက္ခ်က္ကို မွ်ေ၀လိုက္တဲ့ အသက္(၇၀) အရြယ္အမ်ိဳးသမီး

အရြယ္တင္ႏုပ်ိဳရတဲ့ လ်ိဳ႕၀ွက္ခ်က္ကို မွ်ေ၀လိုက္တဲ့ အသက္(၇၀) အရြယ္အမ်ိဳးသမီး

အရြယ္တင္ႏုပ်ိဳရတဲ့ လ်ိဳ႕၀ွက္ခ်က္ကို မွ်ေ၀လိုက္တဲ့ အသက္(၇၀) အရြယ္အမ်ိဳးသမီး

ၾသစေတးလ်အေနာက္ဘက္ပိုင္း ပါ့သ္ၿမိဳ႕က ကယ္ရိုလင္းဟာ့ဇ္ဟာ ကေလးသံုးေယာက္မိခင္ ျဖစ္ပါတယ္။ ကယ္ရိုလင္းဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၂၈)ႏွစ္ေလာက္ကစၿပီး သၾကားစားသံုးမႈကို စြန္႔လႊတ္ခဲ့သူတစ္ဦးပါ။ ဒါေပမယ့္ ကယ္ရိုလင္းရဲ႕ လက္ရွိေတြ႔ရတဲ့ အေနအထားကိုၾကည့္ရင္ သူမရဲ႕စြန္႔လႊတ္မႈဟာ မွန္ကန္ေနခဲ့တာကို ေတြ႔ရမွာပါ။

ယံုႏိုင္ဖို႔ ခက္ခဲေပမယ့္ ကယ္ရိုလင္းက မၾကာခင္ကမွ အသက္(၇၀) ျပည့္သြားခဲ့တာပါ။ သူမရဲ႕ အံ့အားသင့္ဖြယ္ ႏုပ်ိဳပံုနဲ႔ပတ္သက္လို႔ ကယ္ရိုလင္းက လ်ိဳ႕၀ွက္ခ်က္အခ်ိဳ႕ကို မွ်ေ၀ေပးခဲ့ပါတယ္။

သူမက အသက္(၄၀)ေက်ာ္ၿပီးတဲ့ ေနာက္မွာ အရင္ခႏၶာကိုယ္အတိုင္း ျပန္ရဖို႔ဆိုတာ ခက္ခဲေပမယ့္ တကယ္အားစိုက္ၿပီး ၾကိဳးစားတဲ့အခါ အရင္ခႏၶာကိုယ္ အခ်ိဳးအစားအတိုင္း ျပန္ရႏိုင္ေၾကာင္း ဆိုပါတယ္။

ကယ္ရိုလင္းဟာ မနက္စာကို အသီးတစ္မ်ိဳး၊ လက္ဖက္ရည္တစ္ခြက္နဲ႔ စတင္ေလ့ ရွိပါတယ္။ ၿပီးတဲ့အခါ ၾကက္ဥျပဳတ္ႏွစ္လံုး ဒါမွမဟုတ္ ခရမ္းခ်ဥ္သီး၊ ဟင္းႏုနယ္ရြက္ေတြနဲ႔ ေမႊေၾကာ္ထားတဲ့ ၾကက္ဥေၾကာ္ကို စားေလ့ရွိပါတယ္။

တကယ္လို႔ ဗိုက္သိပ္ မစာရင္လည္း ကယ္ရိုလင္းက အသီးေတြကို ဒိန္ခ်ဥ္နဲ႔ေရာၿပီး ေသာက္သံုးပါတယ္။ ေန႔လည္စာကိုေတာ့ ၾကက္သား၊ ေထာပတ္သီး၊ ခ်ိစ္ေတြကို ဆန္မုန္႔ ဘီစကစ္ မဟုတ္ရင္ ေပါင္မုန္႔နဲ႔စားေလ့ရွိပါတယ္။

တစ္ခါတစ္ေလလည္း ဆာလ္မြန္ငါးသုတ္လို အရြက္စံုသုတ္ေတြကိုလည္း စားပါတယ္။ ညစာကိုေတာ့ သူမက ပံုမွန္အားျဖင့္ ၾကက္သားနဲ႔ ငါးပဲစားသံုးတာမ်ားပါတယ္။ ၿပီးေတာ့ အရြက္သုတ္၊ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြနဲ႔ ကန္စြန္းဥေတြကို စားတတ္ပါတယ္။

အဆာေျပစာေတြ အတြက္ေတာ့ ကယ္ရိုလင္းက လက္ဖက္ရည္၊ အေစ့အဆံေတြနဲ႔ ဆန္ဘီစကစ္ေတြကို စားေလ့ရွိပါတယ္။ ႏွစ္ေပါင္း(၃၀)လံုးလံုး ကယ္ရိုလင္းအတြက္ အခ်ိဳေရွာင္ခဲ့ဖို႔ဆိုတာ မလြယ္ကူပါဘူး။ သူမက သၾကားလံုး၀မပါတဲ့ မုန္႔အခ်ိဳေတြကို ကိုယ္တိုင္လုပ္စားတတ္ပါတယ္။

ပရိုတိန္းဟာ ခႏၶာကိုယ္ထဲက ေသြးအခ်ိဳဓာတ္ကို ထိန္းေပးတာေၾကာင့္ ေန႔တိုင္းစားတဲ့ အစားအေသာက္ထဲမွာ ပရိုတိန္းဓာတ္ျပည့္ျပည့္၀၀ရဖို႔ သူမက အျမဲဦးစားေပးပါတယ္။ ညေနဘက္ေတြမွာ ေတာ့ ကယ္ရိုလင္းက အနက္ေရာင္ေခ်ာကလက္ (၂)ခုေလာက္ကို စားျဖစ္ပါတယ္။

ကယ္ရိုလင္းရဲ ႕ႏုပ်ိဳျခင္းနဲ႔ ပတ္သက္တဲ့ လ်ိဳ႕၀ွက္ခ်က္က (၅)ခုရွိပါတယ္။ အဲဒါေတြကေတာ့ သၾကားနဲ႔ ဂ်ံဳလံုး၀မစားတာ၊ ကိုယ္ၾကိဳက္တဲ့အစားအစားကို ခ်င့္ခ်ိန္ၿပီး စားတာ၊ အစာစားတဲ့အခါမွာ ပမာဏမမ်ားေစေအာင္ သတိနဲ႔ စားတာ၊ ေလ့က်င့္ခန္းပံုမွန္လုပ္တာနဲ႔ ဘ၀ကိုအေကာင္းျမင္စိတ္ေမြးတာတို႔႔ပဲျဖစ္ပါတယ္။

ကယ္ရိုလင္းက ကိုယ္ရဲ႕ ရုပ္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီး အိပ္ေရး၀ဖို႔လည္း လိုအပ္ေၾကာင္းနဲ႔ တစ္ေန႔ကို အနည္းဆံုး(၈)နာရီ အိပ္သင့္ေၾကာင္း ေျပာျပပါတယ္။ ကယ္ရိုလင္းဟာ ေန႔စဥ္ တရားထိုင္တတ္သူ တစ္ဦးလည္း ျဖစ္ပါတယ္။

သူမက အသက္အရြယ္နဲ႔ ပတ္သက္လို႔ စိုးရိမ္ေၾကာင့္က် မေနသင့္ေၾကာင္းနဲ႔ အေရးအၾကီးဆံုးကေတာ့ ကိုယ့္ကိုကိုယ္ သူမ်ားနဲ႔ ဘယ္ေတာ့မွ မႏိႈင္းယွဥ္ပါနဲ႔လို႔ တိုက္တြန္းအားေပးခဲ့ပါတယ္။

Credit # (ShweMom)

Unicode

အရွယ်တင်နုပျိုရတဲ့ လျို့ဝှက်ချက်ကို မျှဝေလိုက်တဲ့ အသက်(၇၀) အရွယ်အမျိုးသမီး

သြစတေးလျအနောက်ဘက်ပိုင်း ပါ့သ်မြို့က ကယ်ရိုလင်းဟာ့ဇ်ဟာ ကလေးသုံးယောက်မိခင် ဖြစ်ပါတယ်။ ကယ်ရိုလင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၈)နှစ်လောက်ကစပြီး သကြားစားသုံးမှုကို စွန့်လွှတ်ခဲ့သူတစ်ဦးပါ။ ဒါပေမယ့် ကယ်ရိုလင်းရဲ့ လက်ရှိတွေ့ရတဲ့ အနေအထားကိုကြည့်ရင် သူမရဲ့စွန့်လွှတ်မှုဟာ မှန်ကန်နေခဲ့တာကို တွေ့ရမှာပါ။

ယုံနိုင်ဖို့ ခက်ခဲပေမယ့် ကယ်ရိုလင်းက မကြာခင်ကမှ အသက်(၇၀) ပြည့်သွားခဲ့တာပါ။ သူမရဲ့ အံ့အားသင့်ဖွယ် နုပျိုပုံနဲ့ပတ်သက်လို့ ကယ်ရိုလင်းက လျို့ဝှက်ချက်အချို့ကို မျှဝေပေးခဲ့ပါတယ်။

သူမက အသက်(၄၀)ကျော်ပြီးတဲ့ နောက်မှာ အရင်ခန္ဓာကိုယ်အတိုင်း ပြန်ရဖို့ဆိုတာ ခက်ခဲပေမယ့် တကယ်အားစိုက်ပြီး ကြိုးစားတဲ့အခါ အရင်ခန္ဓာကိုယ် အချိုးအစားအတိုင်း ပြန်ရနိုင်ကြောင်း ဆိုပါတယ်။

ကယ်ရိုလင်းဟာ မနက်စာကို အသီးတစ်မျိုး၊ လက်ဖက်ရည်တစ်ခွက်နဲ့ စတင်လေ့ ရှိပါတယ်။ ပြီးတဲ့အခါ ကြက်ဥပြုတ်နှစ်လုံး ဒါမှမဟုတ် ခရမ်းချဉ်သီး၊ ဟင်းနုနယ်ရွက်တွေနဲ့ မွှေကြော်ထားတဲ့ ကြက်ဥကြော်ကို စားလေ့ရှိပါတယ်။

တကယ်လို့ ဗိုက်သိပ် မစာရင်လည်း ကယ်ရိုလင်းက အသီးတွေကို ဒိန်ချဉ်နဲ့ရောပြီး သောက်သုံးပါတယ်။ နေ့လည်စာကိုတော့ ကြက်သား၊ ထောပတ်သီး၊ ချိစ်တွေကို ဆန်မုန့် ဘီစကစ် မဟုတ်ရင် ပေါင်မုန့်နဲ့စားလေ့ရှိပါတယ်။

တစ်ခါတစ်လေလည်း ဆာလ်မွန်ငါးသုတ်လို အရွက်စုံသုတ်တွေကိုလည်း စားပါတယ်။ ညစာကိုတော့ သူမက ပုံမှန်အားဖြင့် ကြက်သားနဲ့ ငါးပဲစားသုံးတာများပါတယ်။ ပြီးတော့ အရွက်သုတ်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ကန်စွန်းဥတွေကို စားတတ်ပါတယ်။

အဆာပြေစာတွေ အတွက်တော့ ကယ်ရိုလင်းက လက်ဖက်ရည်၊ အစေ့အဆံတွေနဲ့ ဆန်ဘီစကစ်တွေကို စားလေ့ရှိပါတယ်။ နှစ်ပေါင်း(၃၀)လုံးလုံး ကယ်ရိုလင်းအတွက် အချိုရှောင်ခဲ့ဖို့ဆိုတာ မလွယ်ကူပါဘူး။ သူမက သကြားလုံးဝမပါတဲ့ မုန့်အချိုတွေကို ကိုယ်တိုင်လုပ်စားတတ်ပါတယ်။

ပရိုတိန်းဟာ ခန္ဓာကိုယ်ထဲက သွေးအချိုဓာတ်ကို ထိန်းပေးတာကြောင့် နေ့တိုင်းစားတဲ့ အစားအသောက်ထဲမှာ ပရိုတိန်းဓာတ်ပြည့်ပြည့်၀၀ရဖို့ သူမက အမြဲဦးစားပေးပါတယ်။ ညနေဘက်တွေမှာ တော့ ကယ်ရိုလင်းက အနက်ရောင်ချောကလက် (၂)ခုလောက်ကို စားဖြစ်ပါတယ်။

ကယ်ရိုလင်းရဲ့နုပျိုခြင်းနဲ့ ပတ်သက်တဲ့ လျို့ဝှက်ချက်က (၅)ခုရှိပါတယ်။ အဲဒါတွေကတော့ သကြားနဲ့ ဂျုံလုံးဝမစားတာ၊ ကိုယ်ကြိုက်တဲ့အစားအစားကို ချင့်ချိန်ပြီး စားတာ၊ အစာစားတဲ့အခါမှာ ပမာဏမများစေအောင် သတိနဲ့ စားတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာနဲ့ ဘဝကိုအကောင်းမြင်စိတ်မွေးတာတို့ပဲဖြစ်ပါတယ်။

ကယ်ရိုလင်းက ကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အိပ်ရေးဝဖို့လည်း လိုအပ်ကြောင်းနဲ့ တစ်နေ့ကို အနည်းဆုံး(၈)နာရီ အိပ်သင့်ကြောင်း ပြောပြပါတယ်။ ကယ်ရိုလင်းဟာ နေ့စဉ် တရားထိုင်တတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူမက အသက်အရွယ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင့်ကျ မနေသင့်ကြောင်းနဲ့ အရေးအကြီးဆုံးကတော့ ကိုယ့်ကိုကိုယ် သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့လို့ တိုက်တွန်းအားပေးခဲ့ပါတယ်။

Credit # (ShweMom)

Be the first to comment

Leave a Reply

Your email address will not be published.


*