သင့္အတြက္ ဘယ္ ဆင္းကတ္ကုိသုံးရတာအေကာင္းဆုံးလဲဆုိိတာ ဘယ္လုိသိႏုိင္မလဲ

သင့္အတြက္ ဘယ္ ဆင္းကတ္ကုိသုံးရတာအေကာင္းဆုံးလဲဆုိိတာ ဘယ္လုိသိႏုိင္မလဲ

သင့္အတြက္ ဘယ္ ဆင္းကတ္ကုိသုံးရတာအေကာင္းဆုံးလဲဆုိိတာ ဘယ္လုိသိႏုိင္မလဲ

ျမန္မာႏုိင္ငံမွာေတာ့ ဆက္သြယ္ေရးေအာ္ပေရတာေတြ မ်ားမ်ားစားစား သိပ္မရွိပါဘူး။ MPT ၊ Ooredoo ၊ Telenor ၊ Mytel ဆုိၿပီး (၄) ခုထဲ ရွိတာပါ။ မ်ားေသာ အားျဖင့္ ဖုန္းတစ္လုံးမွာ ဆင္းကတ္ (၂)ကတ္ပဲ စုိက္လုိ႔ရတာေၾကာင့္ အဲဒီ (၄)မိ်ဳးထဲကမွ (၂)မ်ိဳးကုိ ျပန္ေရြးၿပီး သုံးရတာပါပဲ။

အထူးသျဖင့္ ကုိယ့္အတြက္ အေကာင္းဆုံး ျဖစ္မယ္ထင္တဲ့ ေအာ္ပေရတာ ကုိ ေရြးၿပီး သုံးရတာေပါ့ေလ။ အေကာင္းဆုံးျဖစ္မယ္ဆုိတာက အင္တာနက္လုိင္းလည္းေကာင္းရမယ္၊ ဖုန္းေဘလ္ျဖတ္တာလည္း သက္သာရမယ္ စတာေတြေပၚ အေျခခံပါတယ္။

ဒီေတာ့ ကုိယ့္အတြက္ အေကာင္းဆုံးျဖစ္မယ့္ ဆက္သြယ္ေရး ေအာ္ပေရတာကုိ ဘယ္လုိေရြးမလဲ။ ဘယ္လုိ Mobile Phone Plan ေတြက ကုိယ့္အတြက္ အေကာင္းဆုံးလဲဆုိတာ ဘယ္လုိသိႏုိင္မလဲဆုိတဲ့ အခ်က္ေလးေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

(၁)။ ကုိယ္တုိင္သုံးၾကည့္ပါ

အခုဆုိရင္ ဆင္းကတ္ေတြက လုံး၀ကုိ ေစ်းေပါေပါနဲ႔ ရေနတာပဲေလ။ ဒီေတာ့ ဆင္းကတ္ (၄)မ်ိဳးေလာက္၀ယ္ၿပီး တစ္ပတ္ တစ္မ်ိဳးေလာက္ ေျပာင္းသုံးၾကည့္ေပါ့။ ဖုန္းေျပာဖုိ႔အတြက္ package ေတြ၀ယ္ထား။ အင္တာနက္သုံးဖုိ႔အတြက္ package ေတြ၀ယ္ထားၿပီး သုံးၾကည့္။

ကုိယ္သုံးတဲ့ ေဒတာ ပမာဏနဲ႔ ဖုန္းေျပာတဲ့အခ်ိန္ေတြကုိ မွတ္ထားၿပီး ႏိႈင္းယွဥ္သုံးၾကည့္။ တခ်ိဳ႕က အင္တာနက္ေတာ့ သုံးလုိ႔ေကာင္းတယ္၊ ဒါေပမယ့္ ဖုန္းေျပာရင္ေတာ့ ပုိက္ဆံပုိကုန္တယ္။ တခ်ိဳ႕ကေတာ့ ဖုန္းေျပာရတာ ေစ်းသက္သာတယ္၊ ဒါေပမယ့္ အင္တာနက္ သုံးရင္္က်ေတာ့ ေစ်းႀကီးေနျပန္ေရာ။

တခ်ိဳ႕က်ေတာ့ ဖုန္းခလည္း ေစ်းႀကီး၊ အင္တာနက္လုိင္းကလည္းမေကာင္း။ သင္ သုံးၾကည့္တာနဲ႔ တင္ သိမွာပါ။ ဘယ္တစ္ခုက သင္နဲ႔ အလုိက္ဖက္ဆံုးလဲဆိုတာ။

(၂)။ ဆုိရွယ္မီဒီယာေပၚမွာ ေလ့လာပါ

ေအာ္ပေရတာေတြက သူတုိ႔ရဲ႕ ဆုိရွယ္မီဒီယာအေကာင့္ေတြကေန သူတုိ႔ရဲ႕ ဖုန္း၀န္ေဆာင္မႈ၊ အင္တာနက္ ၀န္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး ေၾကာ္ျငာေနၾကတာပါ။

ဒါေပမယ့္ ဒီေန႔ေခတ္မွာေတာ့ ဘယ္လုိပဲ ေၾကာ္ျငာ၊ေၾကာ္ျငာ စားသုံးသူကုိ လိမ္ၿပီး ေၾကာ္ျငာလုိ႔ မရေတာ့ပါဘူး။ သင့္အေနနဲ႔ ဆုိရွယ္မီဒီယာေတြေပၚမွာ သူတုိ႔ရဲ႕ ေၾကာ္ျငာပုိ႔စ္ေတြကုိ ျမင္ရၿပီဆုိရင္ အဲဒီ ပုိ႔စ္ေအာက္မွာ ရွိေနတဲ့ ကြန္မန္႔ေတြကုိ သြားဖတ္ၾကည့္ပါ။

သုံးစြဲထားသူေတြရဲ႕ မွတ္ခ်က္ေတြကုိ ေတြ႕ရမွာပါပဲ။ မွတ္ခ်က္ေတြက အေကာင္းေတြမ်ားတယ္ဆုိရင္ သူတုိ႔၀န္ေဆာင္မႈ ေကာင္းတယ္လုိ႔ ယာယီ သတ္မွတ္ထားလုိ႔ရမွာျဖစ္ၿပီး ဆုိးတာေတြမ်ားတယ္၊ အဆင္မေျပတာေတြမ်ားတယ္ဆုိရင္ေတာ့ ဒါက ၀န္ေဆာင္မႈ မေကာင္းလုိ႔ပဲလုိ႔ နားလည္ရမွာပါ။

(၃)။ လက္ေတြ႕သုံးေနတဲ့သူေတြကုိေမးပါ

တစ္ခါတေလက်ရင္ လူေတြက ဆုိရွယ္မီဒီယာေပၚမွာ မွတ္ခ်က္သာ ေပးေနၾကတာ၊ သူတုိ႔ တကယ္သုံးေနၾကတာ မဟုတ္ဘူး။ ဒီအတုိင္းပဲ မဆဲရ မေနႏုိင္လုိ႔ ၀င္ဆဲေနၾကတာပါပဲ။

ဒီေတာ့ ကုိယ့္ရဲ႕ အနီးပတ္၀န္းက်င္မွာရွိေနၿပီး အဲဒီ ေအာ္ပေရတာကုိ တကယ္သုံးေနသူေတြကုိ ေမးၾကည့္ေပါ့။ Telenor ေကာင္းလား၊ Ooredoo ကေရာ ဘယ္လုိလဲဆုိၿပီး။ အမွန္တကယ္ သုံးစြဲသူေတြဆီကေန ၾကားရတဲ့ မွတ္ခ်က္ေတြကုိ အေျခခံၿပီးလည္း သင့္အေနနဲ႔ ဘယ္ဟာကုိ သုံးသင့္ မသုံးသင့္ ေရြးခ်ယ္ႏုိင္မွာပါ။

(၄)။ သူတုိ႔ရဲ႕ hot line ေတြကုိ ဆက္သြယ္ပါ

ကုိယ္သုံးခ်င္တဲ့ ေအာ္ပေရတာနဲ႔ ပတ္သက္ၿပီး စိတ္ထဲမွာ မတင္မက် ျဖစ္ေနတာမ်ိဳး၊ မရွင္းမလင္းျဖစ္ေနတာမ်ိဳးဆုိရင္ သူတုိ႔ကုိ ဆက္သြယ္လုိ႔ရတဲ့ Hot Line နံပတ္ေတြကုိ ဆက္ၿပီး စုံစမ္းၾကည့္ပါ။

သူတုိ႔ရဲ႕ အင္တာနက္၀န္ေဆာင္မႈေတြက ဘယ္လုိ၊ ဖုန္းေခၚဆုိတဲ့အခါ ပုိက္ဆံေကာက္ခံမႈေတြက ဘယ္လုိ စတဲ့ အခ်က္အလက္ေတြကုိ ပုိုလုိ႔ တိတိက်က် သိလာေစၿပီး သင့္ကုိ ဆုံးျဖတ္ရ ပုိမုိ လြယ္ကူေစပါလိမ့္မယ္။

Credit # Shwemon

Unicode

သင့်အတွက် ဘယ် ဆင်းကတ်ကိုသုံးရတာအကောင်းဆုံးလဲဆိုတာ ဘယ်လိုသိနိုင်မလဲ

မြန်မာနိုင်ငံမှာတော့ ဆက်သွယ်ရေးအော်ပရေတာတွေ များများစားစား သိပ်မရှိပါဘူး။ MPT ၊ Ooredoo ၊ Telenor ၊ Mytel ဆိုပြီး (၄) ခုထဲ ရှိတာပါ။ များသော အားဖြင့် ဖုန်းတစ်လုံးမှာ ဆင်းကတ် (၂)ကတ်ပဲ စိုက်လို့ရတာကြောင့် အဲဒီ (၄)မျိုးထဲကမှ (၂)မျိုးကို ပြန်ရွေးပြီး သုံးရတာပါပဲ။

အထူးသဖြင့် ကိုယ့်အတွက် အကောင်းဆုံး ဖြစ်မယ်ထင်တဲ့ အော်ပရေတာ ကို ရွေးပြီး သုံးရတာပေါ့လေ။ အကောင်းဆုံးဖြစ်မယ်ဆိုတာက အင်တာနက်လိုင်းလည်းကောင်းရမယ်၊ ဖုန်းဘေလ်ဖြတ်တာလည်း သက်သာရမယ် စတာတွေပေါ် အခြေခံပါတယ်။

ဒီတော့ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် ဆက်သွယ်ရေး အော်ပရေတာကို ဘယ်လိုရွေးမလဲ။ ဘယ်လို Mobile Phone Plan တွေက ကိုယ့်အတွက် အကောင်းဆုံးလဲဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁)။ ကိုယ်တိုင်သုံးကြည့်ပါ

အခုဆိုရင် ဆင်းကတ်တွေက လုံးဝကို ဈေးပေါပေါနဲ့ ရနေတာပဲလေ။ ဒီတော့ ဆင်းကတ် (၄)မျိုးလောက်ဝယ်ပြီး တစ်ပတ် တစ်မျိုးလောက် ပြောင်းသုံးကြည့်ပေါ့။ ဖုန်းပြောဖို့အတွက် package တွေဝယ်ထား။ အင်တာနက်သုံးဖို့အတွက် package တွေဝယ်ထားပြီး သုံးကြည့်။

ကိုယ်သုံးတဲ့ ဒေတာ ပမာဏနဲ့ ဖုန်းပြောတဲ့အချိန်တွေကို မှတ်ထားပြီး နှိုင်းယှဉ်သုံးကြည့်။ တချို့က အင်တာနက်တော့ သုံးလို့ကောင်းတယ်၊ ဒါပေမယ့် ဖုန်းပြောရင်တော့ ပိုက်ဆံပိုကုန်တယ်။ တချို့ကတော့ ဖုန်းပြောရတာ ဈေးသက်သာတယ်၊ ဒါပေမယ့် အင်တာနက် သုံးရင်ကျတော့ ဈေးကြီးနေပြန်ရော။

တချို့ကျတော့ ဖုန်းခလည်း ဈေးကြီး၊ အင်တာနက်လိုင်းကလည်းမကောင်း။ သင် သုံးကြည့်တာနဲ့ တင် သိမှာပါ။ ဘယ်တစ်ခုက သင်နဲ့ အလိုက်ဖက်ဆုံးလဲဆိုတာ။

(၂)။ ဆိုရှယ်မီဒီယာပေါ်မှာ လေ့လာပါ

အော်ပရေတာတွေက သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေ သူတို့ရဲ့ ဖုန်းဝန်ဆောင်မှု၊ အင်တာနက် ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကြော်ငြာနေကြတာပါ။

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဘယ်လိုပဲ ကြော်ငြာ၊ကြော်ငြာ စားသုံးသူကို လိမ်ပြီး ကြော်ငြာလို့ မရတော့ပါဘူး။ သင့်အနေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ သူတို့ရဲ့ ကြော်ငြာပို့စ်တွေကို မြင်ရပြီဆိုရင် အဲဒီ ပို့စ်အောက်မှာ ရှိနေတဲ့ ကွန်မန့်တွေကို သွားဖတ်ကြည့်ပါ။

သုံးစွဲထားသူတွေရဲ့ မှတ်ချက်တွေကို တွေ့ရမှာပါပဲ။ မှတ်ချက်တွေက အကောင်းတွေများတယ်ဆိုရင် သူတို့ဝန်ဆောင်မှု ကောင်းတယ်လို့ ယာယီ သတ်မှတ်ထားလို့ရမှာဖြစ်ပြီး ဆိုးတာတွေများတယ်၊ အဆင်မပြေတာတွေများတယ်ဆိုရင်တော့ ဒါက ဝန်ဆောင်မှု မကောင်းလို့ပဲလို့ နားလည်ရမှာပါ။

(၃)။ လက်တွေ့သုံးနေတဲ့သူတွေကိုမေးပါ

တစ်ခါတလေကျရင် လူတွေက ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်သာ ပေးနေကြတာ၊ သူတို့ တကယ်သုံးနေကြတာ မဟုတ်ဘူး။ ဒီအတိုင်းပဲ မဆဲရ မနေနိုင်လို့ ဝင်ဆဲနေကြတာပါပဲ။

ဒီတော့ ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်မှာရှိနေပြီး အဲဒီ အော်ပရေတာကို တကယ်သုံးနေသူတွေကို မေးကြည့်ပေါ့။ Telenor ကောင်းလား၊ Ooredoo ကရော ဘယ်လိုလဲဆိုပြီး။ အမှန်တကယ် သုံးစွဲသူတွေဆီကနေ ကြားရတဲ့ မှတ်ချက်တွေကို အခြေခံပြီးလည်း သင့်အနေနဲ့ ဘယ်ဟာကို သုံးသင့် မသုံးသင့် ရွေးချယ်နိုင်မှာပါ။

(၄)။ သူတို့ရဲ့ hot line တွေကို ဆက်သွယ်ပါ

ကိုယ်သုံးချင်တဲ့ အော်ပရေတာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာမျိုး၊ မရှင်းမလင်းဖြစ်နေတာမျိုးဆိုရင် သူတို့ကို ဆက်သွယ်လို့ရတဲ့ Hot Line နံပတ်တွေကို ဆက်ပြီး စုံစမ်းကြည့်ပါ။

သူတို့ရဲ့ အင်တာနက်ဝန်ဆောင်မှုတွေက ဘယ်လို၊ ဖုန်းခေါ်ဆိုတဲ့အခါ ပိုက်ဆံကောက်ခံမှုတွေက ဘယ်လို စတဲ့ အချက်အလက်တွေကို ပိုလို့ တိတိကျကျ သိလာစေပြီး သင့်ကို ဆုံးဖြတ်ရ ပိုမို လွယ်ကူစေပါလိမ့်မယ်။

Credit # Shwemon

Be the first to comment

Leave a Reply

Your email address will not be published.


*