Unicode
ဗီလားတစ်ကောင် ကျွဲ နွား တစ်ထောင်တဲ့…ကျွဲ၊နွားတွေအတွက် ဘာတွေကောင်းလို့လဲ? (ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်)
ဗီလားတစ်ကောင်ကို နွားတင်းကုတ် ကျွဲတင်းကုတ်များမှာ ချိတ်ဆွဲထားရင်ဖြင့် ကျွဲနွားများ ရောဂါဘယ ကင်းဝေးစေပါတယ်။ ဒီအကောင်ရဲ့အမည်က ”Horseshoe crab (or) Villa” ဗီလား ဖြစ်ပါတယ်။ ကင်းဖို/ကင်းမလို့လည်း ခေါ်ဆိုပါတယ်။
Atlantic သမုဒ္ဒရာထဲ၌ အများဆုံးတွေ့ရှိနိုင်ပါတယ်။ ဆိတ်၊ နွား ၊ကျွဲများကို ဗီလားအခြောက်ကို ရေစိမ်တိုက်ပါက ရောဂါကင်းဝေးပါတယ်။ Horseshoe crabs ပင်လယ်ဗီလားသတ္တဝါတွေဟာ အခုဆိုရင် သက်တမ်းအားဖြင့် နှစ်ပေါင်း (၄၅၀) မီလီယံခန့် ကျော်လွန်၍ လာခဲ့ပါပြီ။
ဒိုင်နိုဆော (Dinosours) သတ္တဝါတွေရှိစဉ် အခါကတည်းက ဗီလားတွေဟာ ယနေ့အချိန်ထိ မျိုးသုဉ်းပျောက်ကွယ်မသွားသေးပါဘူး။ဗီလားဟာ အရမ်းအဖိုးတန်ပြီး သူ့မှာ အရှားပါးဆုံး သွေးကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့သွေးဟာ အပြာရောင် (blue blood) ဖြစ်ပါတယ်။
ဗီလားတွေရဲ့ သွေးဟာ ”Limulus Amebocyte lysate” (LAL) လို့ အမည်ပေးထားတဲ့ ဗက်တီးရီယား ပိုးမွှားသန့်စင် ဆေးတစ်မျိုးကို ထုတ်ယူရရှိပါတယ်။
ဒီဆေးဟာ (Endotoxin detection) အတွက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး လူသားတွေရဲ့သွေး/ တိရစ္ဆာန် သတ္တဝါတွေရဲ့သွေးထဲက ဗက်တီးရီယား ပိုးမွှားများကိုရှာဖွေ စစ်ဆေးတဲ့နေရာမှာ အသုံးပြုပါတယ်။
ဒီဆေးကို သိမ်းဆည်းထားမည်ဆိုလျှင် အနည်းဆုံး အပူချိန် 2-8°c စင်တီဂရိတ် ရှိရပါမယ်။ဗီလား မွေးမြူရေးလုပ်ငန်းဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ မီလီယံနဲ့ချီပြီး ဝင်ငွေရရှိပါတယ်။ ဗီလားဟာ လူသားတို့ စားသုံးရန် မသင့်ပါ။ အဆိပ် ဖြစ်တတ်ပါတယ်။
Villa(ဗီလား) Billa (ဘီလား) မဟုတ်ပါ။ Horse(မြင်း) Shoe(ရှုးဖိနပ်) Crab(ကဏန်းကောင်) Horseshoe crab” ကို ဘာသာ ပြန်ကြည့်ရင်တော့ မြင်းဖိနပ်ဂဏန်း ဖြစ်သွားမှာပေါ့။
နောက်တနည်း အဆင်ပြေအောင်ပြန်ဆိုကြည့်ရင်တော့ (မြင်းခွာကဏန်း) ဆိုရင် ပိုမှန်ပါလိ မ့်မယ်။တကယ်တော့ နေရာဒေသ အလိုက် အခေါ်ဝေါ်တွေ ကွဲလွဲနေခြင်းဟာ အဓိက မကျပါဘူး။
ပုံကိုကြည့်ရင်ဖြင့် သိနိုင်ပါတယ်။ ဒီနာမည် မဟုတ်ဘူး။ ဟိုနာမည် မဟုတ်ဘူးဆိုပြီး ငြင်းဆိုနေကြရင်တော့ မောသွားပါလိမ့်မယ်။မြန်မာပြည်မှာ ပေါလို့ဆိုတာက
နည်းပညာ မရှိတော့ အရာရာဟာ တန်ဖိုးမဲ့နေတတ်ပါတယ်။ ဒီ ဗီလားတွေရဲ့သွေးဟာ သတ္တဝါတွေရဲ့အသက်ပေါင်းများစွာကို ကယ်တင်လျှက် ရှိပါတယ်။
များစွာသော အချက်အလက်တွေကျန်ရှိပါသေးတယ်။ဒီလောက်ပဲအချိန်ရလို့ ဒီမျှလောက်နဲ့ပဲ ဖော်ပြလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဘီလားတစ်ကောင် နွားတစ်ထောင်ပါ။ နွားခြံတင်းကုတ် အမြင့်ဆုံးနေရာမှာဘီလား အဖို ဖြစ်စေ အမဖြစ်စေ အချောက်ကို တွဲထားရင် တော်ရုံ နွားရောဂါ လုံးဝမှမဖြစ်ပါဘူး။ ကိုယ်တိုင်သုံးဖူးပါတယ် ။
Credit…ကိုရဲနိုင်စိုး မြန်မာ့လယ်ယာ
Be the first to comment
Leave a Reply
Your email address will not be published.
*