ျမန္မာေတြ အတုယူသင့္တဲ့ တ႐ုတ္ကုန္သည္ေတြရဲ႕လွည့္ကြက္နဲ႔ စီးပြားရွာၾ

ျမန္မာေတြ အတုယူသင့္တဲ့ တ႐ုတ္ကုန္သည္ေတြရဲ႕လွည့္ကြက္နဲ႔ စီးပြားရွာၾ
ျမန္မာေတြ အတုယူသင့္တဲ့ တ႐ုတ္ကုန္သည္ေတြရဲ႕လွည့္ကြက္နဲ႔ စီးပြားရွာၾ

ျမန္မာေတြ အတုယူသင့္တဲ့ တ႐ုတ္ကုန္သည္ေတြရဲ႕လွည့္ကြက္နဲ႔ စီးပြားရွာၾကပုံမ်ား

တေလာက ေ႐ႊလီျမစ္ထဲ ေျပာင္းဖူးေတြသြန္ပစ္တဲ့သတင္းေတြ ဖရဲသီးေတြ ေရာင္းမရလို႔ဆိုၿပီး ဒါးနဲ႔ခုတ္ၿပီး လႊင့္ပစ္တဲ့ ဗီဒီယိုေတြ တက္လာေတာ့ က်ေနာ္တ႐ုတ္ျပည္မွာ သြားေနခဲ့ဖူးတဲ့အခ်ိန္ကိုသတိရတယ္။

တ႐ုတ္ေတြက စီးပြားေရးကို စီးပြားေရးလိုဘဲလုပ္ပါတယ္။ က်ေနာ့သူငယ္ခ်င္းေျပာဖူးတာက စီးပြားေရးမွာ အားနာတာတို႔ ကိုယ္ခ်င္းစာတာတို႔ သနားတာတို႔ သြားလုပ္ရင္‌ ေရရွည္မွာမြဲမွာတဲ့။ က်ေနာ္လဲအဲ့စိတ္ေၾကာင့္မြဲခဲ့ဖူးပါတယ္။

အဲ့ေနာက္ပိုင္း သိပ္မအားနာတတ္ေတာ့ပါ။ ဘဝကသင္ေပးတယ္လို႔ဘဲ ေျပာရမွာပါ။ တ႐ုတ္ေတြက သီးႏွံေပၚခ်ိန္ဆို ျမန္မာျပည္ကေန အသီးအႏွံေတြ ကားအစင္းလိုက္ဝယ္ပါတယ္။

ဖရဲသီး၊ သရက္သီး၊ ေျပာင္း အစုံဝယ္ပါတယ္။ ဝယ္ဝယ္ျခင္းလဲေဈးကို ပုံမွန္ေပါက္ေဈးထက္ ေျမႇာက္ပီး ဝယ္ပါတယ္။ အဲ့လိုဝယ္လို႔ က်ယ္ေဂါင္ထဲမွာေရာ မူဆယ္မွာေရာ ဖရဲကား ေျပာင္းကား သရက္ကားေတြ ပုံေအာလာပီဆိုတာနဲ႔အဝယ္ခ်ပါေလေရာ..။

သီးႏွံက ပုတ္ကုန္ပါ။ ဟိုအေၾကာင္းျပ ဒီအေၾကာင္းျပ အခ်ိန္ဆြဲပါတယ္။ ေနာက္ဆုံးကုန္သည္က စရိတ္ေထာင္း ဘယ္ေလာက္ေဈးနဲ႔ ရေအာင္ညႇိၿပီး ေအာက္ေဈးနဲ႔ေရာင္းရတာ ႏွစ္တိုင္းပါ။

တ႐ုတ္က အဲ့ထဲကေန သီးႏွံေတြကို အဆင့္ဆင့္ခြဲပီး အသီးလိုက္တမ်ိဳး စည္သြပ္ဗူးတမ်ိဳး ေဖ်ာ္ရည္တမ်ိဳး ယိုဘူးအမ်ိဳးမ်ိဳးေတြ ထုတ္လုပ္ပီး တံဆိပ္လွလွေလးနဲ႔ အိပ္စပိုစ့္ျပန္လုပ္ပါတယ္၊

အေစ့ကို မ်ိဳးျပန္လုပ္ပါတယ္။ ဘာမွ အေလအလႊင့္မရွိပါ။ အဓိက နည္းပညာကို အသုံးခ်သြားပီး စီးပြားေရးလုပ္ၾကတာပါ။ က်ေနာ့သူငယ္ခ်င္းက ႀကံေပၚခ်ိန္ဆို ႀကံတကာေတြ ျမန္မာျပည္က ဝယ္ပါတယ္။

သူလဲ အဲ့လိုပါဘဲ ပထမ‌ေဈးေကာင္းေပး… ေနာက္ပုံလာရင္ ေလ်ာ့ဝယ္။ ႀကိဳက္ရဲ႕သားနဲ႔ပစ္ထား… ႀကံတကာေတြ ကားထဲအရည္ေပ်ာ္ ဂိုေထာင္ထဲအရည္ေပ်ာ္မွ ေအာက္ေဈးနဲ႔ ဝယ္ပါတယ္။

ၿပီးရင္ သူ႔စက္႐ုံက သူတို႔လင္မယား ၂ ေယာက္ဘဲ လုပ္တာပါ။ ျမန္မာ ႀကံတကာခဲေတြကို ေပါင္းအိုးထဲ ျပန္ႀကိတ္ပီး ေဖ်ာ္ပါတယ္။ ၿပီးရင္ ခြၽတ္ေဆးေတြထည့္ နည္းပညာနဲ႔ စစ္လိုက္တဲ့အခါ

ထြက္လာတဲ့ ႀကံတကာ‌ေရေတြက အမဲမဟုတ္ဘဲ အျဖဴေတြ ျဖစ္လာပါတယ္။ အဲ့ႀကံတကာေတြကို ပုံစံခြက္ထဲ ေလာင္းထည့္ပီး အေအးခန္းမွာ ခဲေအာင္လုပ္ၿပီးတာနဲ႔ ပလပ္စတိတ္နဲ႔ လွလွပပ ပါကင္ျပန္ထုတ္ ဂ်ပ္ဖာထဲထည့္ ပါကင္ပိတ္ပီး အိပ္စပိုစ္ျပန္ပို႔ပါတယ္။

ျမန္မာျပည္က ဝယ္တုန္းက ႀကံတကာက မဲမဲသဲသဲ ဝါး႐ြက္နဲ႔ ထုပ္ထားတဲ့ ႀကံတကာေတြက သူ႔ဆီကေန ထြက္လာေရာ ျဖဴေဖြးသန႔္ရွင္းပီး ပါကင္ပိတ္ စားခ်င္စရာ ႀကံတကာ အဝိုင္းေလးေတြ ျဖစ္လာပါေလေရာ။ နည္းပညာကြာသြားတဲ့အခါ

ျမန္မာကေန မိတ္အင္တ႐ုတ္ထုတ္ ျဖစ္သြား ခဲ့ပါတယ္။ အသားဗူးေတြလဲ ဒီလိုပါဘဲ။ အခုခ်ိန္မွာ တ႐ုတ္မ‌ေျပာနဲ႔ ဗီယက္နမ္တို႔ လာအိုတို႔‌ေတာင္ စည္သြပ္ဗူးေတြ ႏိုင္ငံျခားကို ပို႔ေနပါၿပီ။ ေ႐ႊျမန္မာတို႔ အတုယူဖို႔အတြက္ တ႐ုတ္ကုန္သည္ေတြရဲ႕ စီးပြားရွာနည္းေတြပါ။

Credit…J Ko Htay

Unicode

မြန်မာတွေ အတုယူသင့်တဲ့ တရုတ်ကုန်သည်တွေရဲ့လှည့်ကွက်နဲ့ စီးပွားရှာကြပုံများ

တလောက ရွှေလီမြစ်ထဲ ပြောင်းဖူးတွေသွန်ပစ်တဲ့သတင်းတွေ ဖရဲသီးတွေ ရောင်းမရလို့ဆိုပြီး ဒါးနဲ့ခုတ်ပြီး လွှင့်ပစ်တဲ့ ဗီဒီယိုတွေ တက်လာတော့ ကျနော်တရုတ်ပြည်မှာ သွားနေခဲ့ဖူးတဲ့အချိန်ကိုသတိရတယ်။

တရုတ်တွေက စီးပွားရေးကို စီးပွားရေးလိုဘဲလုပ်ပါတယ်။ ကျနော့သူငယ်ချင်းပြောဖူးတာက စီးပွားရေးမှာ အားနာတာတို့ ကိုယ်ချင်းစာတာတို့ သနားတာတို့ သွားလုပ်ရင်‌ ရေရှည်မှာမွဲမှာတဲ့။ ကျနော်လဲအဲ့စိတ်ကြောင့်မွဲခဲ့ဖူးပါတယ်။

အဲ့နောက်ပိုင်း သိပ်မအားနာတတ်တော့ပါ။ ဘဝကသင်ပေးတယ်လို့ဘဲ ပြောရမှာပါ။ တရုတ်တွေက သီးနှံပေါ်ချိန်ဆို မြန်မာပြည်ကနေ အသီးအနှံတွေ ကားအစင်းလိုက်ဝယ်ပါတယ်။

ဖရဲသီး၊ သရက်သီး၊ ပြောင်း အစုံဝယ်ပါတယ်။ ဝယ်ဝယ်ခြင်းလဲဈေးကို ပုံမှန်ပေါက်ဈေးထက် မြှောက်ပီး ဝယ်ပါတယ်။ အဲ့လိုဝယ်လို့ ကျယ်ဂေါင်ထဲမှာရော မူဆယ်မှာရော ဖရဲကား ပြောင်းကား သရက်ကားတွေ ပုံအောလာပီဆိုတာနဲ့အဝယ်ချပါလေရော..။

သီးနှံက ပုတ်ကုန်ပါ။ ဟိုအကြောင်းပြ ဒီအကြောင်းပြ အချိန်ဆွဲပါတယ်။ နောက်ဆုံးကုန်သည်က စရိတ်ထောင်း ဘယ်လောက်ဈေးနဲ့ ရအောင်ညှိပြီး အောက်ဈေးနဲ့ရောင်းရတာ နှစ်တိုင်းပါ။

တရုတ်က အဲ့ထဲကနေ သီးနှံတွေကို အဆင့်ဆင့်ခွဲပီး အသီးလိုက်တမျိုး စည်သွပ်ဗူးတမျိုး ဖျော်ရည်တမျိုး ယိုဘူးအမျိုးမျိုးတွေ ထုတ်လုပ်ပီး တံဆိပ်လှလှလေးနဲ့ အိပ်စပိုစ့်ပြန်လုပ်ပါတယ်၊

အစေ့ကို မျိုးပြန်လုပ်ပါတယ်။ ဘာမှ အလေအလွှင့်မရှိပါ။ အဓိက နည်းပညာကို အသုံးချသွားပီး စီးပွားရေးလုပ်ကြတာပါ။ ကျနော့သူငယ်ချင်းက ကြံပေါ်ချိန်ဆို ကြံတကာတွေ မြန်မာပြည်က ဝယ်ပါတယ်။

သူလဲ အဲ့လိုပါဘဲ ပထမ‌ဈေးကောင်းပေး… နောက်ပုံလာရင် လျော့ဝယ်။ ကြိုက်ရဲ့သားနဲ့ပစ်ထား… ကြံတကာတွေ ကားထဲအရည်ပျော် ဂိုထောင်ထဲအရည်ပျော်မှ အောက်ဈေးနဲ့ ဝယ်ပါတယ်။

ပြီးရင် သူ့စက်ရုံက သူတို့လင်မယား ၂ ယောက်ဘဲ လုပ်တာပါ။ မြန်မာ ကြံတကာခဲတွေကို ပေါင်းအိုးထဲ ပြန်ကြိတ်ပီး ဖျော်ပါတယ်။ ပြီးရင် ချွတ်ဆေးတွေထည့် နည်းပညာနဲ့ စစ်လိုက်တဲ့အခါ

ထွက်လာတဲ့ ကြံတကာ‌ရေတွေက အမဲမဟုတ်ဘဲ အဖြူတွေ ဖြစ်လာပါတယ်။ အဲ့ကြံတကာတွေကို ပုံစံခွက်ထဲ လောင်းထည့်ပီး အအေးခန်းမှာ ခဲအောင်လုပ်ပြီးတာနဲ့ ပလပ်စတိတ်နဲ့ လှလှပပ ပါကင်ပြန်ထုတ် ဂျပ်ဖာထဲထည့် ပါကင်ပိတ်ပီး အိပ်စပိုစ်ပြန်ပို့ပါတယ်။

မြန်မာပြည်က ဝယ်တုန်းက ကြံတကာက မဲမဲသဲသဲ ဝါးရွက်နဲ့ ထုပ်ထားတဲ့ ကြံတကာတွေက သူ့ဆီကနေ ထွက်လာရော ဖြူဖွေးသန့်ရှင်းပီး ပါကင်ပိတ် စားချင်စရာ ကြံတကာ အဝိုင်းလေးတွေ ဖြစ်လာပါလေရော။ နည်းပညာကွာသွားတဲ့အခါ

မြန်မာကနေ မိတ်အင်တရုတ်ထုတ် ဖြစ်သွား ခဲ့ပါတယ်။ အသားဗူးတွေလဲ ဒီလိုပါဘဲ။ အခုချိန်မှာ တရုတ်မ‌ပြောနဲ့ ဗီယက်နမ်တို့ လာအိုတို့‌တောင် စည်သွပ်ဗူးတွေ နိုင်ငံခြားကို ပို့နေပါပြီ။ ရွှေမြန်မာတို့ အတုယူဖို့အတွက် တရုတ်ကုန်သည်တွေရဲ့ စီးပွားရှာနည်းတွေပါ။

J Ko Htay

Be the first to comment

Leave a Reply

Your email address will not be published.


*