ရက္လည္ဆြမ္းသြတ္၌ ပရိတ္႐ြတ္သင့္/ မသင့္

ရက္လည္ဆြမ္းသြတ္၌ ပရိတ္႐ြတ္သင့္/ မသင့္
ရက္လည္ဆြမ္းသြတ္၌ ပရိတ္႐ြတ္သင့္/ မသင့္

ရက္လည္ဆြမ္းသြတ္၌ ပရိတ္႐ြတ္သင့္/ မသင့္

လူတစ္ေယာက္ကြယ္လြန္လို႔ ရက္လည္တရားနာတဲ့အခါ “တရားေဟာ ပုဂၢိဳလ္ကအမွ်မေဝမီ ပရိတ္႐ြတ္ခဲ့လွ်င္””ကြယ္လြန္သူ ၿပိတၱာဟာ ပရိတ္သံေၾကာင့္ ထြက္ေျပးသြားရလို႔အမွ်ေဝတဲ့အခါ သာဓုေခၚခြင့္မရဘူးဆိုတာ ဟုတ္ပါသလား ဘုရား ?

“ေျဖ ။ သည္အေမးအတြင္းမွာ ဗုဒၶဘာသာဝင္တိုင္း သိထိုက္တဲ့အခ်က္ကေလးပါေနတယ္… သတိျပဳမိရဲ႕လားကြယ့္ ”

ဗုဒၶဘာသာဝင္မ်ား သိထိုက္တဲ့ အခ်က္ဆိုတာ တျခားမဟုတ္ဘူး။ ရက္လည္ တရား နာတဲ့ အခ်က္ပဲကြယ့္။ ဗုဒၶဘာသာဝင္ေတြဟာ လူေသလို႔(၇)ရက္လည္လွ်င္ဆြမ္းေကြၽး တရား နာတတ္ၾကတယ္။

သည္ အေလ့အထက အႏၲရဘဝ အယူရွိၾကတဲ့ ပုဂၢိဳလ္မ်ားထံက လာတဲ့ အေလ့အထျဖစ္တယ္။ အႏၲရဘဝ အယူရွိၾကတဲ့ ပုဂၢိဳလ္မ်ားက စုတိႏွင့္ ပဋိသေႏၶအၾကားမွာ ဘဝတစ္မ်ိဳး ရွိေသးတယ္လို႔ ယူဆၾကတယ္။

အဲဒီဘဝဟာ ၾကည့္ခ်င္တာကို ျမင္တယ္ လိုရာကို ေရာက္တယ္ စိတ္ထင္သလို ျဖစ္ႏိုင္တယ္ ။ သို႔ေသာ္လည္း အဲသည္ အႏၲရ ဘဝ ဟာ (၇)ရက္မွ်သာ ၾကာတယ္ ။

(၇’)ရက္ လြန္ေျမာက္ခဲ့လွ်င္ ကံအားေလ်ာ္စြာ လားတယ္။ ဒါေၾကာင့္ ေသသူ အႏၲရဘဝကကြၽတ္မည့္ (၇)ေျမာက္ ေန႔မွာ ရွင္ေနသူက ကုသိုလ္ျပဳၿပီး အမွ်အတမ္းေဝလို႔ အႏၲရဘဝကၿပိတၱာဟာ သာဓုေခၚႏိုင္လွ်င္

ေကာင္းရာသုဂတိကိုေရာက္ေစႏိုင္တယ္လို႔ ယူဆၾကၿပီး (၇’)ရက္လည္မွာ (မတကဘတၱ’)ေခၚတဲ့ ေသသူကို ထမင္းေကြၽးျခင္း အမွ်အတန္း ေပးေဝျခင္းအမႈ ျပဳလုပ္ၾကတယ္ ။

(ခုေျပာခဲ့တာက အႏၲရဘဝ အယူရွိတဲ့ပုဂၢိဳလ္ေတြရဲ႕အယူပါ) ဗုဒၶဝါဒီမွာေတာ့ အဲသည္ အႏၲရဘဝ ဆိုတာမရွိဘူး ေသသည္ရဲ႕ အျခားမဲ့မွာ ဘဝသစ္ဆိုတာ ျဖစ္တာပါပဲ။

စာစကားႏွင့္ေျပာလွ်င္ စုတိရဲ႕အျခားမဲ့မွာ ပဋိသေႏၶစိတ္ျဖစ္တယ္ စုတိႏွင့္ ပဋိသေႏၶအၾကားမွာ အႏၲရဘဝဆိုတာ မရွိပါဘူး။ ဒါေၾကာင့္ ေသသူကို ရည္မွန္းၿပီး လႉဒါန္းျခင္း အမွ်အတန္းေပးေဝျခင္းဆိုတာ (၇’)ရက္လည္ရယ္လို သတ္မွတ္ခ်က္မရွိပါဘူး။

သင့္ေလ်ာ္တဲ့အခါ လႉဒါန္းၿပီး အမွ်အတန္းေပးေဝႏိုင္တယ္။ လႉဒါန္းၿပီး အမွ်အတန္းေပးေဝတဲ့အခါ အမွ်အတန္းမေဝမီ ပရိတ္တရားကို ႐ြတ္ခဲ့ေသာ္ ပရိတ္သံေၾကာင့္ ေသသူၿပိတၱာထြက္ေျပးရတယ္ဆိုတာလုံးဝ မဟုတ္ပါဘူး ။

သည္စကားက ရတနသုတ္ဝတၳဳႏွင့္ေရာေထြးၿပီးေျပာတဲ့စကားပဲ ရတနသုတ္က လူေတြကို အႏၲရာယ္ျပဳေနတဲ့ “မိစာၦေကာင္ေတြမို႔ ” ရတနာသုံးပါးဂုဏ္ေက်းဇူးသံၾကားေတာ့ထြက္ေျပးၾကရတယ္။

ယခု ေသသူၿပိတၱာက အကုသိုလ္ကံေၾကာင့္ ၿပိတၱာျဖစ္ေနေသာ္လည္းမိစာၦဒိ႒ိ မဟုတ္တဲ့အတြက္ထြက္မေျပးရပဲကံေကာင္းခဲ့လွ်င္ ပိယကၤရမာတာ,ပုနဗၺသုမာတာ (သဂါထာသံယုတၸါဠိ !၂၁၁ !၂၁၂’)တို႔လို အကြၽတ္တရားေတာင္ ရႏိုင္ခြင့္ရွိေသးတယ္ ။

ဒါေၾကာင့္ ေရွ႕ကမေထရ္ျမတ္ႀကီးေတြဟာ ပရိတ္တရား၊ အသုဘတရားကို ဦးစြာေဟာၿပီးမွေရစက္ခ် အမွ်ေပးေဝျခင္း ျပဳေစၾကတယ္။ သာမႈ- နာမႈ – အလႉ မွန္သမွ်ေရစက္ခ် အမွ်ေပးေဝးျခင္းဟာေနာက္ဆုံးအဆင့္ျဖစ္တယ္ ။

ဒါေၾကာင့္ ပရိတ္သံၾကားရတဲ့အတြက္ ေသသူၿပိတၱာထြက္ေျပးရတယ္ဆိုတာ မဟုတ္ဘူးလို႔ ေျဖၾကားလိုက္ပါတယ္ကြယ္” “သာဓု~ သာဓု ~သာဓု~~’

(တည္ေတာဆရာေတာ္ဘုရားႀကီး၏ ယေန႔ဗုဒၶဝါဒဆိုင္ရာ အေမး အေျဖမ်ားစာအုပ္ အတြဲ -၂ -မွ ကူးယူေဖာ္ျပပါသည္’)

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ရက်လည်ဆွမ်းသွတ်၌ ပရိတ်ရွတ်သင့်/ မသင့်

လူတစ်ယောက်ကွယ်လွန်လို့ ရက်လည်တရားနာတဲ့အခါ “တရားဟော ပုဂ္ဂိုလ်ကအမျှမဝေမီ ပရိတ်ရွတ်ခဲ့လျှင်””ကွယ်လွန်သူ ပြိတ္တာဟာ ပရိတ်သံကြောင့် ထွက်ပြေးသွားရလို့အမျှဝေတဲ့အခါ သာဓုခေါ်ခွင့်မရဘူးဆိုတာ ဟုတ်ပါသလား ဘုရား ?

“ဖြေ ။ သည်အမေးအတွင်းမှာ ဗုဒ္ဓဘာသာဝင်တိုင်း သိထိုက်တဲ့အချက်ကလေးပါနေတယ်… သတိပြုမိရဲ့လားကွယ့် ”

ဗုဒ္ဓဘာသာဝင်များ သိထိုက်တဲ့ အချက်ဆိုတာ တခြားမဟုတ်ဘူး။ ရက်လည် တရား နာတဲ့ အချက်ပဲကွယ့်။ ဗုဒ္ဓဘာသာဝင်တွေဟာ လူသေလို့(၇)ရက်လည်လျှင်ဆွမ်းကျွေး တရား နာတတ်ကြတယ်။

သည် အလေ့အထက အန္တရဘဝ အယူရှိကြတဲ့ ပုဂ္ဂိုလ်များထံက လာတဲ့ အလေ့အထဖြစ်တယ်။ အန္တရဘဝ အယူရှိကြတဲ့ ပုဂ္ဂိုလ်များက စုတိနှင့် ပဋိသန္ဓေအကြားမှာ ဘဝတစ်မျိုး ရှိသေးတယ်လို့ ယူဆကြတယ်။

အဲဒီဘဝဟာ ကြည့်ချင်တာကို မြင်တယ် လိုရာကို ရောက်တယ် စိတ်ထင်သလို ဖြစ်နိုင်တယ် ။ သို့သော်လည်း အဲသည် အန္တရ ဘဝ ဟာ (၇)ရက်မျှသာ ကြာတယ် ။

(၇’)ရက် လွန်မြောက်ခဲ့လျှင် ကံအားလျော်စွာ လားတယ်။ ဒါကြောင့် သေသူ အန္တရဘဝကကျွတ်မည့် (၇)မြောက် နေ့မှာ ရှင်နေသူက ကုသိုလ်ပြုပြီး အမျှအတမ်းဝေလို့ အန္တရဘဝကပြိတ္တာဟာ သာဓုခေါ်နိုင်လျှင်

ကောင်းရာသုဂတိကိုရောက်စေနိုင်တယ်လို့ ယူဆကြပြီး (၇’)ရက်လည်မှာ (မတကဘတ္တ’)ခေါ်တဲ့ သေသူကို ထမင်းကျွေးခြင်း အမျှအတန်း ပေးဝေခြင်းအမှု ပြုလုပ်ကြတယ် ။

(ခုပြောခဲ့တာက အန္တရဘဝ အယူရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အယူပါ) ဗုဒ္ဓဝါဒီမှာတော့ အဲသည် အန္တရဘဝ ဆိုတာမရှိဘူး သေသည်ရဲ့ အခြားမဲ့မှာ ဘဝသစ်ဆိုတာ ဖြစ်တာပါပဲ။

စာစကားနှင့်ပြောလျှင် စုတိရဲ့အခြားမဲ့မှာ ပဋိသန္ဓေစိတ်ဖြစ်တယ် စုတိနှင့် ပဋိသန္ဓေအကြားမှာ အန္တရဘဝဆိုတာ မရှိပါဘူး။ ဒါကြောင့် သေသူကို ရည်မှန်းပြီး လှူဒါန်းခြင်း အမျှအတန်းပေးဝေခြင်းဆိုတာ (၇’)ရက်လည်ရယ်လို သတ်မှတ်ချက်မရှိပါဘူး။

သင့်လျော်တဲ့အခါ လှူဒါန်းပြီး အမျှအတန်းပေးဝေနိုင်တယ်။ လှူဒါန်းပြီး အမျှအတန်းပေးဝေတဲ့အခါ အမျှအတန်းမဝေမီ ပရိတ်တရားကို ရွတ်ခဲ့သော် ပရိတ်သံကြောင့် သေသူပြိတ္တာထွက်ပြေးရတယ်ဆိုတာလုံးဝ မဟုတ်ပါဘူး ။

သည်စကားက ရတနသုတ်ဝတ္ထုနှင့်ရောထွေးပြီးပြောတဲ့စကားပဲ ရတနသုတ်က လူတွေကို အန္တရာယ်ပြုနေတဲ့ “မိစ္ဆာကောင်တွေမို့ ” ရတနာသုံးပါးဂုဏ်ကျေးဇူးသံကြားတော့ထွက်ပြေးကြရတယ်။

ယခု သေသူပြိတ္တာက အကုသိုလ်ကံကြောင့် ပြိတ္တာဖြစ်နေသော်လည်းမိစ္ဆာဒိဋ္ဌိ မဟုတ်တဲ့အတွက်ထွက်မပြေးရပဲကံကောင်းခဲ့လျှင် ပိယင်္ကရမာတာ,ပုနဗ္ဗသုမာတာ (သဂါထာသံယုတ္ပါဠိ !၂၁၁ !၂၁၂’)တို့လို အကျွတ်တရားတောင် ရနိုင်ခွင့်ရှိသေးတယ် ။

ဒါကြောင့် ရှေ့ကမထေရ်မြတ်ကြီးတွေဟာ ပရိတ်တရား၊ အသုဘတရားကို ဦးစွာဟောပြီးမှရေစက်ချ အမျှပေးဝေခြင်း ပြုစေကြတယ်။ သာမှု- နာမှု – အလှူ မှန်သမျှရေစက်ချ အမျှပေးဝေးခြင်းဟာနောက်ဆုံးအဆင့်ဖြစ်တယ် ။

ဒါကြောင့် ပရိတ်သံကြားရတဲ့အတွက် သေသူပြိတ္တာထွက်ပြေးရတယ်ဆိုတာ မဟုတ်ဘူးလို့ ဖြေကြားလိုက်ပါတယ်ကွယ်” “သာဓု~ သာဓု ~သာဓု~~’

(တည်တောဆရာတော်ဘုရားကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေး အဖြေများစာအုပ် အတွဲ -၂ -မှ ကူးယူဖော်ပြပါသည်’)

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*