Unicode
ဟစ်တလာနဲ့ လက္ခဏာဆရာရဲ့ ဟောချက်
ဟစ်တလာဟာငယ်စဉ်က ကျောင်းရောက်လာတိုင်းမှာ ဂျာမဏီမြေပုံကြီးကို အသေးစိတ် ၅ မိနစ်လောက် အမြဲတမ်းကြည့်လေ့ရှိပါတယ်…
ပထဝီဘာသာရပ်သင်တဲ့ဆရာက ဟစ်တလာကို ကျောင်းသားတွေကြားထဲမှာ မတ်တပ်ရပ် ခိုင်းပြီး မေးတယ်…။ မင်း ငါတို့တိုင်းပြည် မြေပုံကို ဘာလို့ နေ့တိုင်းကြည့်ကြည့်နေရရတာလဲ…?
ဟစ်တလာက ပြန်ဖြေတယ်… ” တနေ့ကျရင်ဒီမြေပုံကို ကျွန်တော် ချဲ့မလို့ပါ…” ဆရာနဲ့ ကျောင်းသားအားလုံးက ဝိုင်းရယ်ကြတယ်။ လူပုံက သေးသေး မျက်မှန်က တပ်ထားသေး
အဖေက မရှိ ဒီကလေးက ဂျာမဏီမြေပုံကို ချဲ့မယ်ဆိုတော့ ဝိုင်းရယ် ကြတာပေါ့။
ဒါပေမယ့် ဟစ်တလာက ဂျာမန်မြေပုံကိုတကယ်ပဲချဲ့ခဲ့တယ်။ ဂျပန်ကသာ အမေရိကန်ပုလဲဆိပ်ကမ်းကို ဗုံးမကျဲခဲ့ရင်… ဆိုဗီယက်သာ စစ်ထဲမပါခဲ့ရင်… ဒီနေ့ခေတ်မှာ မှာဂျာမန်မြေပုံက ကမ္ဘာမြေ ၅ ပုံပုံ ၁ပုံ ဖြစ်နေမှာပါ။
ဟစ်တလာ အသက်၁၃နှစ်အရွယ်မှာ ပဲရစ်ကို အလည်သွားတယ်။ ပဲရစ် ကို ရောက်တဲ့အချိန်မှာ ဗေဒင် သွားမေးခဲ့ပါတယ်။ မေးခွန်း တစ်ခု တည်းပါ။
ကျွန်တော် အကြီးအကျယ် အောင်မြင်နိုင်လား…? aဗဒင်ဆရာက လက်ဝါးကို ကြည့်ပြီး
ပြန်ဟောတယ် ” မင်း မအောင်မြင် နိုင်ဘူး ” “ဘာဖြစ်လို့လဲ…?”
ဘာဖြစ်လို့ လဲ ဆိုတော့ မင်းမှာ တံခွန် လို့ ခေါ်တဲ့ အောင်မြင်ရေးလမ်းကြောင်းမပါဘူး။ ဟစ်တလာက ထပ်မေးတယ်… အောင်မြင်ရေးလမ်းကြောင်းဟာ ဘယ်လို ဟာမျိုးလဲ…? ”
ဗေဒင်ဆရာက အောင်မြင်ရေး လမ်းကြောင်းဆိုတာ… လက်ကောက်ရစ်ကနေ လက်ညိုးဆီကို တန်းတန်းမတ်မတ်သွားတဲ့ တံခွန်လမ်းကြောင်းကို ပြောတာပါ။
အဲ့ဒီ လမ်းကြောင်း နက်လေ… ဖြောင့်လေ…အောင်မြင်လေပါပဲ။ မင်းလက်ဝါးပေါ်မှာ ကြည့်ပါလား ဘယ်မှာ ပါလို့လဲ…။
ဟစ်တလာက ”ခဏ နော်ဆရာ” လို့ပြောပြီး သူ့ အိပ်ကပ်ထဲက ခဲတံချွန်ဓားကို ဆွဲထုတ်ပြီး
လက်ဝါးကို အရှည်လိုက် နက်နက်လေး ခွဲချ လိုက်တယ်။ ပြီးတော့ သွေးပန်းထွက်နေတဲ့လက်ကို ဗေဒင်ဆရာကို ပြပြီး ” ရ ပြီဆရာ ဆက်ဟောပါ” တဲ့။
ဗေဒင်ဆရာက ဆက်ဟောတယ်… “မင်း အောင်မြင်မှာ အသေအချာပါပဲ ကလေး” တဲ့။ မင်းလက်ဝါးပေါ်က လမ်းကြောင်းကြောင့်မဟုတ်ဘူး။ မင်းရဲ့ပြင်းထန်တဲ့ စိတ်ဓာတ်ကြောင့်ပါတဲ့…။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*