ဗိုက္ထဲက ကေလးကို ထိခိုက္ေစႏိုင္တဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြရဲ႕ အျပဳအမူ (၉) ခု

ဗိုက္ထဲက ကေလးကို ထိခိုက္ေစႏိုင္တဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြရဲ႕ အျပဳအမူ (၉) ခု
ဗိုက္ထဲက ကေလးကို ထိခိုက္ေစႏိုင္တဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြရဲ႕ အျပဳအမူ (၉) ခု

ဗိုက္ထဲက ကေလးကို ထိခိုက္ေစႏိုင္တဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြရဲ႕ အျပဳအမူ (၉) ခု

ကိုယ္ဝန္ေဆာင္မိခင္ေတြမွာ စိတ္ဓါတ္က်ျခင္းနဲ႔ စိုးရိမ္ေသာကေတြ မ်ားတဲ့အခါ ကေလးကို လမေစ့ဘဲေမြးတာ၊ ေပါင္မျပည့္ဘဲေမြးတာ ျဖစ္တတ္တယ္လို႔ ေလ့လာမႈေတြက ဆိုပါတယ္။

တစ္ခါတရံမွာ သတိမထားမိလိုက္တဲ့ အျပဳအမူတခ်ိဳ႕ကလည္း ကေလးကို ထိခိုက္ေစ ပါေသးတယ္။

၁။ ရန္ျဖစ္ျခင္း၊ ေအာ္ျခင္း

ရန္ျဖစ္တဲ့အခါ စိတ္ဓါတ္က်ျခင္း၊ ပူပင္ေသာကေရာက္ျခင္းတို႔ကို ျဖစ္ေစလို႔ ကေလးရဲ႕ ဦးေႏွာက္နဲ႔ ကိုယ္ခံအားစနစ္ကို ထိခိုက္ေစပါတယ္။ ဒါ့အျပင္ ရန္ျဖစ္လို႔ေအာ္တဲ့အခါ မိခင္မွာပါ ေခါင္းကိုက္ျခင္း၊ အိပ္မေပ်ာ္ျခင္းေတြ ျဖစ္ေစပါတယ္။

အဲဒါေၾကာင့္ မ်ားမ်ားအနားယူျခင္း၊ အိပ္ေရးဝဝ အိပ္ျခင္း၊ တရားထိုင္ျခင္း၊ လမ္းေလွ်ာက္ၿပီး ေလေကာင္းေလသန႔္ရႉျခင္းတို႔ လိုအပ္ပါတယ္။

၂။ သၾကားစားသုံးမႈမ်ားျခင္း

ကိုယ္ဝန္ေဆာင္ေနစဥ္မွာ သၾကားမ်ားမ်ားစားတဲ့အခါ ကေလးရဲ႕ သင္ယူႏိုင္စြမ္းနဲ႔ မွတ္ဉာဏ္ကို ထိခိုက္ေစပါတယ္။ အဲဒါေၾကာင့္ သၾကားအစား အသီးအႏွံေတြကို ပိုစားသင့္ပါတယ္။

၃။ စိတ္အေျပာင္းအလဲျမန္ျခင္း

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ စိတ္အေျပာင္းအလဲ ျမန္တာက ခဏခဏျဖစ္တတ္ပါတယ္။ စိတ္လႈပ္ရွားေနရင္းကေန ခ်က္ခ်င္း စိတ္ဖိစီးတာေတြ ႀကဳံရတတ္ပါတယ္။

အဲဒီလိုစိတ္အေျခအေနေျပာင္းလဲျမန္တာက ေဟာ္မုန္းေၾကာင့္ပါပဲ။ အဲဒါေၾကာင့္ ေလေကာင္းေလသန႔္ရႉရႈိက္ၿပီး စိတ္ကို ေပါ့ေပါ့ပါးပါး ထားသင့္ပါတယ္။

၄။ ေရေႏြးႏွင့္ေရခ်ိဳးျခင္း၊ ေပါင္းခံေခြၽးထုတ္ျခင္း

ေရေႏြးနဲ႔ ေရခ်ိဳးျခင္း သို႔မဟုတ္ ေပါင္းခံေခြၽးထုတ္ျခင္းတို႔က ခႏၶါကိုယ္ကို လန္းဆန္းေစေပမယ့္ ကေလးအတြက္ေတာ့ မေကာင္းပါဘူး။

အဲဒါေၾကာင့္ ေရေႏြးနဲ႔ေရခ်ိဳးတဲ့အခါ ၁၀ မိနစ္ထက္ ပိုမခ်ိဳးသင့္ပါဘူး။

၅။ ငိုျခင္း

ကိုယ္ဝန္ေဆာင္မိခင္ေတြက စိတ္အေျပာင္းအလဲေၾကာင့္ ငိုတတ္ၾကပါတယ္။ မၾကာခဏငိုျခင္းက အစားစားခ်င္စိတ္ကို နည္းေစၿပီး ေဒါသေတြထြက္လာမွာပါ။

အိပ္ခ်ိန္ေတြလည္း မ်ားလာႏိုင္ပါတယ္။မၾကာခဏငိုခ်င္စိတ္ျဖစ္လာရင္ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

၆။ ျပင္းထန္သည့္စိတ္ေဝဒနာ

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ စိတ္အေျပာင္းအလဲျမန္တာက ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ အဲဒီစိတ္အေျပာင္းအလဲျမန္တာက ျပင္းထန္တဲ့ စိတ္ေဝဒနာကို ျဖစ္သြားေစႏိုင္ပါတယ္။

လကၡဏာေတြကေတာ့ မထင္မွတ္တဲ့ အျပဳအမူေတြ လုပ္လာျခင္း၊ ထိတ္လန႔္တၾကားျဖစ္ျခင္း၊ စိတ္အာ႐ုံေခ်ာက္ခ်ားျခင္းတို႔ပဲ ျဖစ္ပါတယ္။ အဲဒီလို လကၡဏာေတြျပလာရင္ ဆရာဝန္နဲ႔ျပသဖို႔ ေတြေဝမေနသင့္ေတာ့ပါဘူး။

၇။ အိပ္မေပ်ာ္ျခင္း

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ၇၈ ရာခိုင္ႏႈန္းေသာ အမ်ိဴးသမီးေတြက အိပ္မေပ်ာ္တတ္ၾကပါဘူး။ အိပ္စက္ခ်ိန္၆နာရီထက္နည္းတဲ့အခါ ကေလးရဲ႕ဉာဏ္ရည္ဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစႏိုင္ပါတယ္။

အဲဒါေၾကာင့္ လႈပ္လႈပ္ရွားရွားေနျခင္း၊ ေရပိုေသာက္ျခင္း၊ အိပ္မေပ်ာ္တဲ့အခါ စာဖတ္ျခင္းတို႔ကို ျပဳလုပ္ေပးသင့္ပါတယ္။

၈။ လႈပ္ရွားမႈနည္းျခင္း၊ အလြန္စားျခင္း

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဝလာတတ္တာ သဘာဝဆိုေပမယ့္ အဝလြန္လာတဲ့အခါ ကေလးေမြးဖြားတဲ့အခါ အခက္အခဲျဖစ္လာႏိုင္ပါတယ္။

ဒါ့အျပင္ ေနာက္ဆက္တြဲအေနနဲ႔ ကေလးမွာလည္း အဝလြန္လာႏိုင္ပါေသးတယ္။

၉။ ေကာ္ဖီအလြန္ေသာက္ျခင္း

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေကာ္ဖီကို အတိုင္းအတာနဲ႔ပဲ ေသာက္သင့္ပါတယ္။ ကာဖိန္းဓါတ္က အခ်င္းကေနတစ္ဆင့္ ကေလးရဲ႕ေသြးေၾကာေတြထဲကို ေရာက္သြားႏိုင္ပါတယ္။

တစ္ေန႔ကို ေကာ္ဖီ တစ္ခြက္ သို႔မဟုတ္ ႏွစ္ခြက္ေလာက္ေသာက္တာက အဆင္ေျပပါတယ္။Credit…Zombie(LoveMedia)

Unicode

ဗိုက်ထဲက ကလေးကို ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အပြုအမူ (၉) ခု

ကိုယ်ဝန်ဆောင်မိခင်တွေမှာ စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်သောကတွေ များတဲ့အခါ ကလေးကို လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်ဘဲမွေးတာ ဖြစ်တတ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

တစ်ခါတရံမှာ သတိမထားမိလိုက်တဲ့ အပြုအမူတချို့ကလည်း ကလေးကို ထိခိုက်စေ ပါသေးတယ်။

၁။ ရန်ဖြစ်ခြင်း၊ အော်ခြင်း

ရန်ဖြစ်တဲ့အခါ စိတ်ဓါတ်ကျခြင်း၊ ပူပင်သောကရောက်ခြင်းတို့ကို ဖြစ်စေလို့ ကလေးရဲ့ ဦးနှောက်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ရန်ဖြစ်လို့အော်တဲ့အခါ မိခင်မှာပါ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်းတွေ ဖြစ်စေပါတယ်။

အဲဒါကြောင့် များများအနားယူခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်း၊ တရားထိုင်ခြင်း၊ လမ်းလျှောက်ပြီး လေကောင်းလေသန့်ရှူခြင်းတို့ လိုအပ်ပါတယ်။

၂။ သကြားစားသုံးမှုများခြင်း

ကိုယ်ဝန်ဆောင်နေစဉ်မှာ သကြားများများစားတဲ့အခါ ကလေးရဲ့ သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် သကြားအစား အသီးအနှံတွေကို ပိုစားသင့်ပါတယ်။

၃။ စိတ်အပြောင်းအလဲမြန်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အပြောင်းအလဲ မြန်တာက ခဏခဏဖြစ်တတ်ပါတယ်။ စိတ်လှုပ်ရှားနေရင်းကနေ ချက်ချင်း စိတ်ဖိစီးတာတွေ ကြုံရတတ်ပါတယ်။

အဲဒီလိုစိတ်အခြေအနေပြောင်းလဲမြန်တာက ဟော်မုန်းကြောင့်ပါပဲ။ အဲဒါကြောင့် လေကောင်းလေသန့်ရှူရှိုက်ပြီး စိတ်ကို ပေါ့ပေါ့ပါးပါး ထားသင့်ပါတယ်။

၄။ ရေနွေးနှင့်ရေချိုးခြင်း၊ ပေါင်းခံချွေးထုတ်ခြင်း

ရေနွေးနဲ့ ရေချိုးခြင်း သို့မဟုတ် ပေါင်းခံချွေးထုတ်ခြင်းတို့က ခန္ဓါကိုယ်ကို လန်းဆန်းစေပေမယ့် ကလေးအတွက်တော့ မကောင်းပါဘူး။

အဲဒါကြောင့် ရေနွေးနဲ့ရေချိုးတဲ့အခါ ၁၀ မိနစ်ထက် ပိုမချိုးသင့်ပါဘူး။

၅။ ငိုခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေက စိတ်အပြောင်းအလဲကြောင့် ငိုတတ်ကြပါတယ်။ မကြာခဏငိုခြင်းက အစားစားချင်စိတ်ကို နည်းစေပြီး ဒေါသတွေထွက်လာမှာပါ။

အိပ်ချိန်တွေလည်း များလာနိုင်ပါတယ်။မကြာခဏငိုချင်စိတ်ဖြစ်လာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၆။ ပြင်းထန်သည့်စိတ်ဝေဒနာ

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အပြောင်းအလဲမြန်တာက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီစိတ်အပြောင်းအလဲမြန်တာက ပြင်းထန်တဲ့ စိတ်ဝေဒနာကို ဖြစ်သွားစေနိုင်ပါတယ်။

လက္ခဏာတွေကတော့ မထင်မှတ်တဲ့ အပြုအမူတွေ လုပ်လာခြင်း၊ ထိတ်လန့်တကြားဖြစ်ခြင်း၊ စိတ်အာရုံချောက်ချားခြင်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီလို လက္ခဏာတွေပြလာရင် ဆရာဝန်နဲ့ပြသဖို့ တွေဝေမနေသင့်တော့ပါဘူး။

၇။ အိပ်မပျော်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ၇၈ ရာခိုင်နှုန်းသော အမျိူးသမီးတွေက အိပ်မပျော်တတ်ကြပါဘူး။ အိပ်စက်ချိန်၆နာရီထက်နည်းတဲ့အခါ ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

အဲဒါကြောင့် လှုပ်လှုပ်ရှားရှားနေခြင်း၊ ရေပိုသောက်ခြင်း၊ အိပ်မပျော်တဲ့အခါ စာဖတ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

၈။ လှုပ်ရှားမှုနည်းခြင်း၊ အလွန်စားခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဝလာတတ်တာ သဘာဝဆိုပေမယ့် အဝလွန်လာတဲ့အခါ ကလေးမွေးဖွားတဲ့အခါ အခက်အခဲဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ ကလေးမှာလည်း အဝလွန်လာနိုင်ပါသေးတယ်။

၉။ ကော်ဖီအလွန်သောက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီကို အတိုင်းအတာနဲ့ပဲ သောက်သင့်ပါတယ်။ ကာဖိန်းဓါတ်က အချင်းကနေတစ်ဆင့် ကလေးရဲ့သွေးကြောတွေထဲကို ရောက်သွားနိုင်ပါတယ်။

တစ်နေ့ကို ကော်ဖီ တစ်ခွက် သို့မဟုတ် နှစ်ခွက်လောက်သောက်တာက အဆင်ပြေပါတယ်။Credit…Zombie(LoveMedia)

Be the first to comment

Leave a Reply

Your email address will not be published.


*