မ်က္မျမင္စာေတြအတြက္သီးသန္႕ printer ကို တီထြင္ၿပီး မီလ်ီနာျဖစ္သြားတဲ့ အသက္ ၁၃ ႏွစ္အ႐ြယ္ကေလး

မ်က္မျမင္စာေတြအတြက္သီးသန္႕ printer ကို တီထြင္ၿပီး မီလ်ီနာျဖစ္သြားတဲ့ အသက္ ၁၃ ႏွစ္အ႐ြယ္ကေလး
မ်က္မျမင္စာေတြအတြက္သီးသန္႕ printer ကို တီထြင္ၿပီး မီလ်ီနာျဖစ္သြားတဲ့ အသက္ ၁၃ ႏွစ္အ႐ြယ္ကေလး

မ်က္မျမင္စာေတြအတြက္သီးသန္႕ printer ကို တီထြင္ၿပီး မီလ်ီနာျဖစ္သြားတဲ့ အသက္ ၁၃ ႏွစ္အ႐ြယ္ကေလး

သိပၸံျပပြဲတစ္ခုမွာ ဘယ္လ္ဂ်ီယံလူမ်ိဳး Shubham Banerjee က ပေရာဂ်က္အသစ္တစ္ခုကို တင္ျပခဲ့ပါတယ္။ အဲဒီ ပေရာဂ်က္တင္ျပခ်ိန္မွာ သူ႔အသက္က ၁၃ ႏွစ္သာ ရွိပါေသးတယ္။

“ပရဟိတအသင္းတစ္ခုက ကြၽန္ေတာ့္မိဘေတြဆီကို အလႉခံစာပို႔တဲ့အခါ အေတြးတစ္ခု ရသြားတယ္။ ကြၽန္ေတာ့္ရဲ႕ရည္႐ြယ္ခ်က္ကေတာ့

အျမင္အာ႐ုံ ကြယ္ေပ်ာက္ေနသူေတြကို ေမွ်ာ္လင့္ခ်က္ အလင္းေရာင္ေပးခ်င္တာပါ” လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္က ညအိပ္ရာ မဝင္ခင္အခ်ိန္မွာ အြန္လိုင္းကေန မ်က္မျမင္စာနဲ႔သူ႔ရဲ႕မူကြဲေတြကို ေလ့လာပါတယ္။

တစ္ကမာၻလုံးမွာ အျမင္အာ႐ုံ ကြယ္ေပ်ာက္ေနသူေတြ ၂၈၅ သန္းနီးပါး ရွိပါတယ္။ ၉၀ ရာခိုင္ႏႈန္းက ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြကပါ။

မ်က္မျမင္ေတြအတြက္ printer ကို ေဒၚလာ၂၀၀၀ နဲ႔ ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။ ကမာၻတစ္ဝွမ္းက လူေတြက ဒီ printer ကို အကန႔္အသတ္နဲ႔ ရမွာပါ” လို႔ Shubham က ေျပာပါတယ္။

Shubham က ဆက္လက္ႀကိဳးစားတဲ့အခါ မ်က္မျမင္ေတြအတြက္ ေရာင္စုံ ပလက္စတစ္တုံးေတြကိုလည္း တီထြင္ႏိုင္ခဲ့ပါတယ္။

သူထီထြင္ထားတဲ့ ေရာင္စုံ ပလက္စတစ္တုံးေလးေတြကိုေတာ့ Lego Mindstorms EV3 လို႔ အမည္ေပးထားပါတယ္။

ဒါကေတာ့ သူ႔printer ရဲ႕ ေရွ႕ေျပးပုံစံေတြပါ။

Intel ကုမၸဏီက သူ႔ဆီကို လာေရာက္ဆက္သြယ္ၿပီး ရင္းႏွီးျမဳပ္ႏွံမယ့္အေၾကာင္း ေျပာခဲ့ပါတယ္။ Intelရဲ႕ လာေရာက္ဆက္သြယ္မႈက Shubham ကို အသက္အငယ္ဆုံး စီးပြားေရး စြမ္းေဆာင္ရွင္တစ္ေယာက္ ျဖစ္သြားေစခဲ့ပါတယ္။

အခုဆိုရင္ေတာ့ Shubham က ေဒၚလာသန္းနဲ႔ခ်ီ တန္ဖိုးရွိတဲ့ Braigo Labs Inc ကုမၸဏီကို ပိုင္ဆိုင္သြားပါၿပီ။ သူ႔ရဲ႕printer နဲ႔ပတ္သက္ၿပီး ဆက္လက္ အလုပ္လုပ္ေနဆဲပါပဲ။Credit…Zombie (lovemedia)

ရုပ္သံ

Unicode

မျက်မမြင်စာတွေအတွက်သီးသန့် printer ကို တီထွင်ပြီး မီလျီနာဖြစ်သွားတဲ့ အသက် ၁၃ နှစ်အရွယ်ကလေး

သိပ္ပံပြပွဲတစ်ခုမှာ ဘယ်လ်ဂျီယံလူမျိုး Shubham Banerjee က ပရောဂျက်အသစ်တစ်ခုကို တင်ပြခဲ့ပါတယ်။ အဲဒီ ပရောဂျက်တင်ပြချိန်မှာ သူ့အသက်က ၁၃ နှစ်သာ ရှိပါသေးတယ်။

“ပရဟိတအသင်းတစ်ခုက ကျွန်တော့်မိဘတွေဆီကို အလှူခံစာပို့တဲ့အခါ အတွေးတစ်ခု ရသွားတယ်။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကတော့

အမြင်အာရုံ ကွယ်ပျောက်နေသူတွေကို မျှော်လင့်ချက် အလင်းရောင်ပေးချင်တာပါ” လို့ ဆိုပါတယ်။

“ကျွန်တော်က ညအိပ်ရာ မဝင်ခင်အချိန်မှာ အွန်လိုင်းကနေ မျက်မမြင်စာနဲ့သူ့ရဲ့မူကွဲတွေကို လေ့လာပါတယ်။

တစ်ကမ္ဘာလုံးမှာ အမြင်အာရုံ ကွယ်ပျောက်နေသူတွေ ၂၈၅ သန်းနီးပါး ရှိပါတယ်။ ၉၀ ရာခိုင်နှုန်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေကပါ။

မျက်မမြင်တွေအတွက် printer ကို ဒေါ်လာ၂၀၀၀ နဲ့ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက လူတွေက ဒီ printer ကို အကန့်အသတ်နဲ့ ရမှာပါ” လို့ Shubham က ပြောပါတယ်။

Shubham က ဆက်လက်ကြိုးစားတဲ့အခါ မျက်မမြင်တွေအတွက် ရောင်စုံ ပလက်စတစ်တုံးတွေကိုလည်း တီထွင်နိုင်ခဲ့ပါတယ်။

သူထီထွင်ထားတဲ့ ရောင်စုံ ပလက်စတစ်တုံးလေးတွေကိုတော့ Lego Mindstorms EV3 လို့ အမည်ပေးထားပါတယ်။

ဒါကတော့ သူ့printer ရဲ့ ရှေ့ပြေးပုံစံတွေပါ။

Intel ကုမ္ပဏီက သူ့ဆီကို လာရောက်ဆက်သွယ်ပြီး ရင်းနှီးမြုပ်နှံမယ့်အကြောင်း ပြောခဲ့ပါတယ်။ Intelရဲ့ လာရောက်ဆက်သွယ်မှုက Shubham ကို အသက်အငယ်ဆုံး စီးပွားရေး စွမ်းဆောင်ရှင်တစ်ယောက် ဖြစ်သွားစေခဲ့ပါတယ်။

အခုဆိုရင်တော့ Shubham က ဒေါ်လာသန်းနဲ့ချီ တန်ဖိုးရှိတဲ့ Braigo Labs Inc ကုမ္ပဏီကို ပိုင်ဆိုင်သွားပါပြီ။ သူ့ရဲ့printer နဲ့ပတ်သက်ပြီး ဆက်လက် အလုပ်လုပ်နေဆဲပါပဲ။Credit…Zombie (lovemedia)

Be the first to comment

Leave a Reply

Your email address will not be published.


*