စိတ္ျမန္လက္ျမန္ လႊတ္ခနဲ ေျပာတတ္တဲ့ ကိုယ့္ကိုယ္ကိုယ္ ဆင္ျခင္ရန္

စိတ္ျမန္လက္ျမန္ လႊတ္ခနဲ ေျပာတတ္တဲ့ ကိုယ့္ကိုယ္ကိုယ္ ဆင္ျခင္ရန္
စိတ္ျမန္လက္ျမန္ လႊတ္ခနဲ ေျပာတတ္တဲ့ ကိုယ့္ကိုယ္ကိုယ္ ဆင္ျခင္ရန္

စိတ္ျမန္လက္ျမန္ လႊတ္ခနဲ ေျပာတတ္တဲ့ ကိုယ့္ကိုယ္ကိုယ္ ဆင္ျခင္ရန္

ေဒါသ ပါးႏိုင္သမွ် ပါးေအာင္ ေနပါ။ အဲ့ဒီေဒါသက သင့္ကိုသာ နာက်င္ေစပါတယ္။ တကယ္လက္ေတြ႕က်က် စဥ္းစားၾကည့္ရင္….

ေဒါသျဖစ္လာတဲ့ အခါ အဲဒီ ေဒါသရဲ႕ဆိုးက်ိဳး ကို ဦးစြာ ခံစားရတာက ကိုယ္ အရင္ပါပဲ… ၿပီးမွ သူမ်ားေတြဆီ ကူးစက္ တာပါ။

ေဒါသဟာ ေၾကာက္စရာ ေကာင္းပါတယ္…. သူငယ္ခ်င္းၾကားမွာ ရွိတဲ့ ျဖဴစင္တဲ့ ခ်စ္ျခင္းေမတၱာတရားေတြ… မိသားစုၾကားမွာ ရွိတဲ့ ျဖဴစင္တဲ့ ေႏွာင္ဖြဲ႕မႈ သံေယာဇဥ္ေတြ…

ခ်စ္သူခ င္သူေတြ ၾကားက သံေယာဇဥ္ တရားေတြ… ကိုယ့္ ပတ္ဝန္းက်င္က လူေတြနဲ႔ ေကာင္းတဲ့ ဆက္ဆံေရးေတြ…

ဆရာ တပည့္ ၾကားမွာ ရွိတဲ့ ခ်စ္ျခင္းေမတၱာ တရားေတြစတဲ့… လူသားေတြရဲ႕ ေကာင္းတဲ့ အရည္အေသြး၊ တန္ဖိုးေတြကို ဖ်က္ဆီးပစ္တာဟာ ေဒါသပါ။

ေဒါသေၾကာင့္… သူငယ္ခ်င္းေကာင္းေတြ ဆုံးရႈံး သြားႏိုင္တယ္။ မိတ္ေဆြေကာင္းေတြ ဆုံးရႈံး သြားႏိုင္တယ္။ ခ်စ္သူ ခင္သူ အခ်င္းခ်င္း ဆက္ဆံေရးေကာင္းေတြ ဆုံးရႈံး သြားႏိုင္တယ္။

ဆရာေကာင္းေတြ ဆုံးရႈံး သြားႏိုင္တယ္။ ခ်စ္ျခင္းေမတၱာေတြ ဆုံးရႈံး သြားႏိုင္တယ္။ အရာအားလုံး ကို ဆုံးရႈံး သြားႏိုင္တယ္။

အထူးသျဖင့္ သင့္ရဲ႕ျဖဴစင္ေနတဲ့ စိတ္ကိုေတာင္ ဆုံးရႈံး သြားႏိုင္တယ္။ ဒါေၾကာင့္….ေဒါသကို အႏိုင္ယူႏိုင္ေအာင္ ႀကိဳးစားပါ။

ေဒါသေၾကာင့္ သင့္မွာ ရွိတဲ့ ေကာင္းတဲ့ စိတ္အရည္အေသြးေတြ၊ တန္ဖိုးေတြ၊ သိကၡာေတြ၊ မိတ္ေဆြေကာင္းေတြ၊ သူငယ္ခ်င္းေကာင္းေတြ၊ ဆရာေကာင္းေတြ၊ခ်စ္သူ ခင္သူေတြ၊ မိသားစုေကာင္းေတြ၊ ခ်စ္ျခင္းေမတၱာတရား ေတြကို….ဆုံးရႈံး မခံပါနဲ႔။

တကယ္ေတာ့ ဘဝ ဆိုတာဟာ မၿမဲတဲ့ အတြက္ ေဒါသနဲ႔ အသက္ရွင္ေနရတာဟာ မတန္ပါဘူး။ ေဒါသ ျဖစ္လာရင္ ငါ့မြာ႐ြိတဲ့ ေကာင္းတာေတြ အားလုံးကို ဆုံးရႈံးသြားႏိုင္တယ္လို႔ ” သတိရ ” ပါ။ #credit to မူရင္းေရးသားသူ မင္ေနာင္ေနာင္

Unicode

စိတ်မြန်လက်မြန် လွှတ်ခနဲ ပြောတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရန်

ဒေါသ ပါးနိုင်သမျှ ပါးအောင် နေပါ။ အဲ့ဒီဒေါသက သင့်ကိုသာ နာကျင်စေပါတယ်။ တကယ်လက်တွေ့ကျကျ စဉ်းစားကြည့်ရင်….

ဒေါသဖြစ်လာတဲ့ အခါ အဲဒီ ဒေါသရဲ့ဆိုးကျိုး ကို ဦးစွာ ခံစားရတာက ကိုယ် အရင်ပါပဲ… ပြီးမှ သူများတွေဆီ ကူးစက် တာပါ။

ဒေါသဟာ ကြောက်စရာ ကောင်းပါတယ်…. သူငယ်ချင်းကြားမှာ ရှိတဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေ… မိသားစုကြားမှာ ရှိတဲ့ ဖြူစင်တဲ့ နှောင်ဖွဲ့မှု သံယောဇဉ်တွေ…

ချစ်သူခ င်သူတွေ ကြားက သံယောဇဉ် တရားတွေ… ကိုယ့် ပတ်ဝန်းကျင်က လူတွေနဲ့ ကောင်းတဲ့ ဆက်ဆံရေးတွေ…

ဆရာ တပည့် ကြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာ တရားတွေစတဲ့… လူသားတွေရဲ့ ကောင်းတဲ့ အရည်အသွေး၊ တန်ဖိုးတွေကို ဖျက်ဆီးပစ်တာဟာ ဒေါသပါ။

ဒေါသကြောင့်… သူငယ်ချင်းကောင်းတွေ ဆုံးရှုံး သွားနိုင်တယ်။ မိတ်ဆွေကောင်းတွေ ဆုံးရှုံး သွားနိုင်တယ်။ ချစ်သူ ခင်သူ အချင်းချင်း ဆက်ဆံရေးကောင်းတွေ ဆုံးရှုံး သွားနိုင်တယ်။

ဆရာကောင်းတွေ ဆုံးရှုံး သွားနိုင်တယ်။ ချစ်ခြင်းမေတ္တာတွေ ဆုံးရှုံး သွားနိုင်တယ်။ အရာအားလုံး ကို ဆုံးရှုံး သွားနိုင်တယ်။

အထူးသဖြင့် သင့်ရဲ့ဖြူစင်နေတဲ့ စိတ်ကိုတောင် ဆုံးရှုံး သွားနိုင်တယ်။ ဒါကြောင့်….ဒေါသကို အနိုင်ယူနိုင်အောင် ကြိုးစားပါ။

ဒေါသကြောင့် သင့်မှာ ရှိတဲ့ ကောင်းတဲ့ စိတ်အရည်အသွေးတွေ၊ တန်ဖိုးတွေ၊ သိက္ခာတွေ၊ မိတ်ဆွေကောင်းတွေ၊ သူငယ်ချင်းကောင်းတွေ၊ ဆရာကောင်းတွေ၊ချစ်သူ ခင်သူတွေ၊ မိသားစုကောင်းတွေ၊ ချစ်ခြင်းမေတ္တာတရား တွေကို….ဆုံးရှုံး မခံပါနဲ့။

တကယ်တော့ ဘဝ ဆိုတာဟာ မမြဲတဲ့ အတွက် ဒေါသနဲ့ အသက်ရှင်နေရတာဟာ မတန်ပါဘူး။ ဒေါသ ဖြစ်လာရင် ငါ့မွာရွိတဲ့ ကောင်းတာတွေ အားလုံးကို ဆုံးရှုံးသွားနိုင်တယ်လို့ ” သတိရ ” ပါ။ #credit to မူရင်းရေးသားသူ မင်နောင်နောင်

 

Be the first to comment

Leave a Reply

Your email address will not be published.


*