သနပ္ခါး ႀကိဳက္တဲ့သူေတြ သနပ္ခါး ၀ယ္မယ္ဆို သတိထားႏိုင္ေအာင္ မ်ွေ၀ေပးလုိက္ပါတယ္ေနာ္…

သနပ္ခါး ႀကိဳက္တဲ့သူေတြ သနပ္ခါး ၀ယ္မယ္ဆို သတိထားႏိုင္ေအာင္ မ်ွေ၀ေပးလုိက္ပါတယ္ေနာ္...
သနပ္ခါး ႀကိဳက္တဲ့သူေတြ သနပ္ခါး ၀ယ္မယ္ဆို သတိထားႏိုင္ေအာင္ မ်ွေ၀ေပးလုိက္ပါတယ္ေနာ္...

သနပ္ခါး ႀကိဳက္တဲ့သူေတြ သနပ္ခါး ၀ယ္မယ္ဆို သတိထားႏိုင္ေအာင္ မ်ွေ၀ေပးလုိက္ပါတယ္ေနာ္…

ၿပီးခဲ့တဲ့ရက္ ကိုယ့္႐ုံးနားရက္ေလးမွာ ကိုယ္စားခ်င္တာေလး ဝယ္ရေအာင္ဆိုၿပီး အိမ္နားက သကၤန္းကြၽန္းဘုရားလမ္းေဈးကို သြားျဖစ္တယ္။

ကိုယ္သြားခ်ိန္က 10-30 ဆိုေတာ့ ေဈးဝယ္သူ ေတာ္ေတာ္နည္းသြားၿပီ။ ေဈးကို ဝင္ဝင္ခ်င္းပဲ သနပ္ခါးေတြ ျဖန႔္ခင္းေ ရာင္းေန တဲ့ေဈးသည္ႏွစ္ေယာက္ေတြ႕တယ္။

ႏွစ္ေယာက္လုံးက အညာကလာတဲ့ ပုံစံေလးေတြ။ တစ္သည္ကေတာ့ အဖြားႀကီးေရာင္းတာ။ ျမင္ေနက်လည္း မဟုတ္… သူကလည္း အတင္းေခၚတာနဲ႔ ကုသိုလ္လည္းရ သမီးေတြကိုလည္း လိမ္းေပးရတယ္… သနပ္ခါး ႀကိဳက္တဲ့ သူငယ္ခ်င္းကိုလည္း လက္ေဆာင္ေပးမယ္ဆိုၿပီးေတာ့

ကိုယ္ထိုင္လိုက္တယ္ဆိုရင္ပဲ…အဲ့အဖြားက အတင္းကို အမ်ားႀကီး ထိုးေ ရာင္းေတာ့တာ။ကိုယ့္လိုပဲ ဝယ္ေနသူ သုံးေယာက္ကိုလည္း အမ်ားႀကီးေရာင္းေနတယ္။ကိုယ္လည္း ေဈးဖိုးတစ္ေသာင္းေက်ာ္ပဲ ပါတာမို႔… ေဈးဖိုး တစ္ဝက္ ေက်ာ္ေက်ာ္ကို သုံးရင္း သနပ္ခါးေတြ အားရပါးရ ဝယ္လာလိုက္တယ္။

အိမ္ေရာက္ေတာ့ အေမကေတာင္ ဘာလုပ္ဖို႔လဲေမးရတဲ့အထိ အမ်ားႀကီးဝယ္လာျဖစ္တယ္။ အဲ့ဒီေန႔က စၿပီး သမီးႏွစ္ေယာက္ကို သနပ္ခါး အသစ္တုံးေလးပဲလိမ္းေပးျဖစ္တယ္။

အဲ့ဒီသနပ္ခါးအႏွစ္က မျဖဴေပမယ့္ ကေလးေတြမ်က္ႏွာမွာေတာ့ ေဖြးေနတာနဲ႔ အဲ့ဒီ အတုံးေလးပဲ ဆက္ လိမ္းေပးျဖစ္တယ္။ သုံးရက္ေျမာက္ေန႔မွာေတာ့ သနပ္ခါး ေသြးေနရင္း အဖက္ေလးတစ္ခ်ပ္ လန္ထြက္သြားတယ္…

အဲ့ဒါနဲ႔ အဲ့အဖက္ကို ဖယ္လည္း ဖယ္လိုက္ေရာ… အဲ့အဖက္ေလးက လက္မွာလာကပ္ တယ္.. ခါတယ္…မက်သြားဘူး။ဒါနဲ႔ ေသခ်ာၾကည့္ေတာ့ ျဖဴျဖဴ ခြၽဲခြၽဲေတြ။ အဲ့ဒါနဲ႔ အျခားေနရာက အေပြးေတြကိုပါ အသာေလးလည္း ခြာၾကည့္ေရာ ေရစိုတဲ့ အသားေတြ အကုန္ပဲ့ပါလာတယ္။

ေကာ္အမွ်ဥ္ေတြ တန္းၿပီး ပါပါလာတာေၾကာင့္ ကြၽန္မလန႔္သြားတယ္…. ႐ုတ္တရက္ ….အံ့လည္း အံ့ၾသသြားတယ္… ကိုယ္မွ မျမင္ဖူးတာကိုးး ဒါဆို သူတို႔ ကပ္ထားတဲ့ သနပ္ခါးနဲ႔ တူတဲ့ အဖက္ေတြက ဘာေတြလဲ ကြၽန္မမသိ။

ကိုယ္သိတာက ကေလးေတြရဲ႕အသားႏုႏုကို ဘာမွန္းမသိတဲ့ အဲ့ဒါေတြ လိမ္းေပးမိေလျခင္းဆိုၿပီး စိတ္လည္းတို ေနာင္တလည္း ရမိတယ္။ေတာ္ေသးတာ သူငယ္ခ်င္းကိုမေပးရေသးလို႔..ဒါေတာင္ ကိုယ္ဝယ္ေနက် သရက္သီးသည္ကို လက္ေဆာင္ဆိုၿပီးတစ္တုံးေပးခဲ့မိေသးတယ္။

အဲ့ဒါနဲ႔ ဝယ္လာသမွ် သနပ္ခါးေတြအကုန္လုံးကို ဆပ္ျပာဆီနဲ႔ ေရေတြစိမ္လိုက္တယ္။ အဲ့လိုလုပ္လိုက္တယ္ ဆိုရင္ပဲ…အနီေရာင္ေတြ ထြက္လာတယ္။

ဒါေပမယ့္ သနပ္ခါး တုံးေတြက မာေနေသးတာနဲ႔ တစ္ရက္နဲ႔ တစ္ည ေရစိမ္ထား လိုက္ တယ္။ညမွာ ႐ုံးက ျပန္ေရာက္ေတာ့မွ ေရစိမ္ထားတဲ့ ေသနပ္ခါးေတြကို ခြာၾကည့္တာ

ပုံမွာ ျမင္တဲ့ အတိုင္း အနံ႔ဆိုး ဆိုးေတြနဲ႔ အတူ အခ်ပ္လိုက္..အတုံးလိုက္ ကြာက် လာတာျမင္လို႔ေတာင္ မေကာင္းဘူး။

ကြၽန္မကေတာ့ စဝယ္ကတည္းက အသက္ႀကီးတဲ့ အဖြားမို႔ လႉရာေရာက္တယ္ဆိုၿပီး ဝယ္ခဲ့တာမို႔ ကေလးေတြကို လိမ္းေ ပးမိတာကို စိတ္ပူတာက လြဲရင္

ေငြကုန္ခဲ့တာကို ေနာင္တမရပါဘူး။ဒါေပမယ့္ ကြၽန္မ ေဘးမွာ ေ႐ြးဝယ္ေနတဲ့ သနပ္ခါး အေဖြးသားနဲ႔ အမ်ိဳးသမီးေတြကိုေတာ့ တစ္ကယ္ စိတ္ပူမိပါတယ္။

အေမေျပာျပတဲ့ အေပၚယံသနပ္ခါးနဲ႔ သိပ္တူတဲ့ အေပြးလွတယ္ေျပာတဲ့ …တင္းတိတ္ျဖစ္ေစတဲ့ အေပြး အေခါက္ေတြနဲ႔ သာ ကပ္ထားတာဆိုရင္ေတာ့ လိမ္းမိသူေတြအတြက္ ေတာ္ေတာ္ေလးကို စိတ္မေကာင္းစရာပါပဲ…။

တစ္ခ်ိဳ႕ သိၿပီးသား ျဖစ္ႏိုင္ေပမယ့္ သနပ္ခါးႀကိဳက္ သူေတြ သတိထားႏိုင္ေအာင္ပါ။Credit

Unicode

သနပ်ခါး ကြိုက်တဲ့သူတွေ သနပ်ခါး ဝယ်မယ်ဆို သတိထားနိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်…

ပြီးခဲ့တဲ့ရက် ကိုယ့်ရုံးနားရက်လေးမှာ ကိုယ်စားချင်တာလေး ဝယ်ရအောင်ဆိုပြီး အိမ်နားက သင်္ကန်းကျွန်းဘုရားလမ်းဈေးကို သွားဖြစ်တယ်။

ကိုယ်သွားချိန်က 10-30 ဆိုတော့ ဈေးဝယ်သူ တော်တော်နည်းသွားပြီ။ ဈေးကို ဝင်ဝင်ချင်းပဲ သနပ်ခါးတွေ ဖြန့်ခင်းေ ရာင်းနေ တဲ့ဈေးသည်နှစ်ယောက်တွေ့တယ်။

နှစ်ယောက်လုံးက အညာကလာတဲ့ ပုံစံလေးတွေ။ တစ်သည်ကတော့ အဖွားကြီးရောင်းတာ။ မြင်နေကျလည်း မဟုတ်… သူကလည်း အတင်းခေါ်တာနဲ့ ကုသိုလ်လည်းရ သမီးတွေကိုလည်း လိမ်းပေးရတယ်… သနပ်ခါး ကြိုက်တဲ့ သူငယ်ချင်းကိုလည်း လက်ဆောင်ပေးမယ်ဆိုပြီးတော့

ကိုယ်ထိုင်လိုက်တယ်ဆိုရင်ပဲ…အဲ့အဖွားက အတင်းကို အများကြီး ထိုးေ ရာင်းတော့တာ။ကိုယ့်လိုပဲ ဝယ်နေသူ သုံးယောက်ကိုလည်း အများကြီးရောင်းနေတယ်။ကိုယ်လည်း ဈေးဖိုးတစ်သောင်းကျော်ပဲ ပါတာမို့… ဈေးဖိုး တစ်ဝက် ကျော်ကျော်ကို သုံးရင်း သနပ်ခါးတွေ အားရပါးရ ဝယ်လာလိုက်တယ်။

အိမ်ရောက်တော့ အမေကတောင် ဘာလုပ်ဖို့လဲမေးရတဲ့အထိ အများကြီးဝယ်လာဖြစ်တယ်။ အဲ့ဒီနေ့က စပြီး သမီးနှစ်ယောက်ကို သနပ်ခါး အသစ်တုံးလေးပဲလိမ်းပေးဖြစ်တယ်။

အဲ့ဒီသနပ်ခါးအနှစ်က မဖြူပေမယ့် ကလေးတွေမျက်နှာမှာတော့ ဖွေးနေတာနဲ့ အဲ့ဒီ အတုံးလေးပဲ ဆက် လိမ်းပေးဖြစ်တယ်။ သုံးရက်မြောက်နေ့မှာတော့ သနပ်ခါး သွေးနေရင်း အဖက်လေးတစ်ချပ် လန်ထွက်သွားတယ်…

အဲ့ဒါနဲ့ အဲ့အဖက်ကို ဖယ်လည်း ဖယ်လိုက်ရော… အဲ့အဖက်လေးက လက်မှာလာကပ် တယ်.. ခါတယ်…မကျသွားဘူး။ဒါနဲ့ သေချာကြည့်တော့ ဖြူဖြူ ချွဲချွဲတွေ။ အဲ့ဒါနဲ့ အခြားနေရာက အပွေးတွေကိုပါ အသာလေးလည်း ခွာကြည့်ရော ရေစိုတဲ့ အသားတွေ အကုန်ပဲ့ပါလာတယ်။

ကော်အမျှဉ်တွေ တန်းပြီး ပါပါလာတာကြောင့် ကျွန်မလန့်သွားတယ်…. ရုတ်တရက် ….အံ့လည်း အံ့သြသွားတယ်… ကိုယ်မှ မမြင်ဖူးတာကိုးး ဒါဆို သူတို့ ကပ်ထားတဲ့ သနပ်ခါးနဲ့ တူတဲ့ အဖက်တွေက ဘာတွေလဲ ကျွန်မမသိ။

ကိုယ်သိတာက ကလေးတွေရဲ့အသားနုနုကို ဘာမှန်းမသိတဲ့ အဲ့ဒါတွေ လိမ်းပေးမိလေခြင်းဆိုပြီး စိတ်လည်းတို နောင်တလည်း ရမိတယ်။တော်သေးတာ သူငယ်ချင်းကိုမပေးရသေးလို့..ဒါတောင် ကိုယ်ဝယ်နေကျ သရက်သီးသည်ကို လက်ဆောင်ဆိုပြီးတစ်တုံးပေးခဲ့မိသေးတယ်။

အဲ့ဒါနဲ့ ဝယ်လာသမျှ သနပ်ခါးတွေအကုန်လုံးကို ဆပ်ပြာဆီနဲ့ ရေတွေစိမ်လိုက်တယ်။ အဲ့လိုလုပ်လိုက်တယ် ဆိုရင်ပဲ…အနီရောင်တွေ ထွက်လာတယ်။

ဒါပေမယ့် သနပ်ခါး တုံးတွေက မာနေသေးတာနဲ့ တစ်ရက်နဲ့ တစ်ည ရေစိမ်ထား လိုက် တယ်။ညမှာ ရုံးက ပြန်ရောက်တော့မှ ရေစိမ်ထားတဲ့ သေနပ်ခါးတွေကို ခွာကြည့်တာ

ပုံမှာ မြင်တဲ့ အတိုင်း အနံ့ဆိုး ဆိုးတွေနဲ့ အတူ အချပ်လိုက်..အတုံးလိုက် ကွာကျ လာတာမြင်လို့တောင် မကောင်းဘူး။

ကျွန်မကတော့ စဝယ်ကတည်းက အသက်ကြီးတဲ့ အဖွားမို့ လှူရာရောက်တယ်ဆိုပြီး ဝယ်ခဲ့တာမို့ ကလေးတွေကို လိမ်းေ ပးမိတာကို စိတ်ပူတာက လွဲရင်

ငွေကုန်ခဲ့တာကို နောင်တမရပါဘူး။ဒါပေမယ့် ကျွန်မ ဘေးမှာ ရွေးဝယ်နေတဲ့ သနပ်ခါး အဖွေးသားနဲ့ အမျိုးသမီးတွေကိုတော့ တစ်ကယ် စိတ်ပူမိပါတယ်။

အမေပြောပြတဲ့ အပေါ်ယံသနပ်ခါးနဲ့ သိပ်တူတဲ့ အပွေးလှတယ်ပြောတဲ့ …တင်းတိတ်ဖြစ်စေတဲ့ အပွေး အခေါက်တွေနဲ့ သာ ကပ်ထားတာဆိုရင်တော့ လိမ်းမိသူတွေအတွက် တော်တော်လေးကို စိတ်မကောင်းစရာပါပဲ…။

တစ်ချို့ သိပြီးသား ဖြစ်နိုင်ပေမယ့် သနပ်ခါးကြိုက် သူတွေ သတိထားနိုင်အောင်ပါ။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*