သမိုင္းဝင္အင္းဝတံတားႀကီးကို ဘယ္လိုတည္ေဆာက္ခဲ့လဲ (မသိေသးသူမ်ား အတြက္)

သမိုင္းဝင္အင္းဝတံတားႀကီးကို ဘယ္လိုတည္ေဆာက္ခဲ့လဲ (မသိေသးသူမ်ား အတြက္)
သမိုင္းဝင္အင္းဝတံတားႀကီးကို ဘယ္လိုတည္ေဆာက္ခဲ့လဲ (မသိေသးသူမ်ား အတြက္)

သမိုင္းဝင္အင္းဝတံတားႀကီးကို ဘယ္လိုတည္ေဆာက္ခဲ့လဲ (မသိေသးသူမ်ား အတြက္)

၁၈၈၅ ခု၊ ႏိုဝင္ဘာလ ၂၉ ရက္ေန႔တြင္ မႏၲေလးလည္း အဂၤလိပ္ လက္ေအာက္ လုံးလုံးလ်ားလ်ား က်ေရာက္ၿပီးေနာက္ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံး အဂၤလိပ္အုပ္စိုးမႈ ယႏၲရားႀကီးျဖင့္ အၿပီး အပိုင္ လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္ခဲ့သည္။

ႏိုင္ငံေရး၊ စီးပြားေရးမ်ားကို အဓိကခ်ဳပ္ကိုင္ခ်ယ္လွယ္ခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံတြင္ အဂၤလိပ္အုပ္ခ်ဳပ္ေရး အသား က်သြားေသာအခါ စစ္ဗ်ဴဟာအရ အေရးပါသည့္ စစ္ကိုင္းၿမိဳ႕အနီး

ဧရာဝတီျမစ္တစ္ဆစ္ခ်ိဳးေနရာတြင္ အၿမဲတမ္း တံတား ႀကီး တည္ေဆာက္ရန္ ၁၉၂၇ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၏ ပထမဆုံး ဘုရင္ခံ ဆာဟာကုတ္ဘတ္တလာက အုတ္ျမစ္ခ်ခဲ့ သည္။

တံတားပုံစံဒီဇိုင္းကို ရန္ဒဲလ္ပါးမားႏွင့္ ထရစ္တန္ကုမၸဏီ(Redel Palmer & Trittion Com:) ၏ (အင္ဂ်င္နီယာခ်ဳပ္) မစၥတာေဂ်အီစမ္႐ိုလ္ က ၁၉၂၄ခုႏွစ္တြင္ ပုံစံေရးဆြဲခဲ့ၿပီး ကုန္က်စရိတ္ ၁၅,၅၇၇,၃၁၈ က်ပ္ရွိမည္ဟု ခန႔္မွန္းခဲ့သည္။

တံတားအရွည္ ၃၉၄၈ ေပ၊ ကင္းလြတ္အျမင့္ ေပ ၄၀၊ ေရလယ္တိုင္ ၁၅ လုံး၊ ေရေအာက္ၾကမ္းျပင္မွသံလမ္းထိ အျမင့္ဆုံးတိုင္(FL-RL) ၁၀၂ ေပ၊ ခန္းပြင့္ ၃၅၀ ေပက်ယ္ ၉ ခန္း၊ ခန္းပြင့္ ၂၅၀ ေပက်ယ္ ၁ခန္း၊ ခန္းပြင့္ ေပ ၆၀ က်ယ္ ၆ခန္းပါရွိကာ သံတန္ခ်ိန္ေပါင္း ၁၁၁၄၅တန္ အသုံးျပဳခဲ့သည္။

သံေပါင္ခုံးမ်ားထုက္လုပ္သည့္ ကုမၸဏီမွာ ဘရိတ္ဝိတ္ (Braithwaite Com:) ျဖစ္သည္။ တည္ေဆာက္ၿပီး အမွန္တကယ္ကုန္က်စရိတ္မွာ ၁၄,၃၀၀,၀၀၀ က်ပ္(စတာလင္ေပါင္တစ္သန္းခန႔္) ျဖစ္သည္။

အင္းဝတံတားႀကီးကို ၁၉၂၇ ခုႏွစ္က စတင္ေဆာက္လုပ္ခဲ့ရာ ၁၉၃၄ ခုႏွစ္တြင္ ၿပီးစီးခဲ့သည္။၁၈၉၀ ခုႏွစ္ကတည္းက ေဖာက္လုပ္ၿပီးစီးခဲ့ေသာ စစ္ကိုင္း- ေ႐ႊဘို မီးရထားလမ္းသည္လည္း တံတားႀကီးေၾကာင့္ မႏၲေလးၿမိဳ႕ႏွင့္ တစ္ဆက္တည္း ျဖစ္သြားေပမည္။

ထိုအခါ ၁၈၉၉ ခုႏွစ္ကတည္းက ေဖာက္လုပ္ဆက္သြယ္ခဲ့ေသာ ရန္ကုန္-မႏၲေလး မီးရထားလမ္းႏွင့္လည္း ဆက္သြယ္မိသြားမည္။

၁၉၃၄ ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးသြားေသာ အင္းဝတံတားႀကီးေၾကာင့္ ၇၂၄ မိုင္ရွည္ ရန္ကုန္- ျမစ္ႀကီးနား မီး ရထားလမ္းသည္ မႏၲေလးမွတစ္ဆင့္ အၾကားအလတ္မရွိ ေတာက္ေလွ်ာက္ ဆက္သြယ္ႏိုင္ခဲ့၏။

၁၉၃၄ ခုႏွစ္၊ ဇန္နဝါရီ (၂)ရက္ေန႔တြင္ ဘုရင္ခံ ဆာဟ်ဴးစတီဗင္ဆင္ (Sir Hugh Lansdown Steven Son) က အထူးမီးရထားဘုရင္ခံစီး တြဲျဖဴႀကီးတြင္စီးနင္းကာ ဂတ္ဗိုလ္တြဲတြင္ ခ႐ိုင္မီးရထား သယ္ယူပို႔ေဆာင္ေရး အရာရွိခ်ဳပ္ ဦးတင္က ေခါင္းေပါင္း၊ ပုဆိုးေတာင္ရွည္၊ ရႉး ဖိနပ္အနက္ႏွင့္ လက္၌

အလံစိမ္းႀကီးကို တလူတူလႊင့္ကာ အင္းဝတံတားႀကီးအား မီးရထားျဖင့္ ျဖတ္သန္းၿပီးေနာက္ တံတားတစ္ဖက္မ႑ပ္၌ မႏၲေလး ကြန္ဗင့္ ေက်ာင္းသူေလးတစ္ဦးက ဘုရင္ခံအား ပန္းစည္းဆက္ ႀကိဳဆိုခဲ့သည္။

ထို႔ ေနာက္ တံတားဖြင့္ပြဲကို စည္ေတာ္မ်ား ႐ႊမ္း၍ ခမ္းနားစြာ က်င္းပခဲ့၏။ ဘုရင္ခံအား ပန္းစည္ဆက္ႀကိဳဆိုခဲ့သူ ကြန္ဗင့္ ေက်ာင္းသူေလးမွာ ေနာင္တြင္ မိုးေဒဝါမလွေ႐ႊဟု ထင္ရွားေက်ာ္ၾကားမည့္ သူေလးျဖစ္ခဲ့သည္။

ထိုစဥ္က နာမည္ေက်ာ္ သီခ်င္းေရးဆရာ နန္းေတာ္ေရွ႕ဆရာတင္က “ တံတားႀကီးဆက္ၿပီးၿပီ၊ သြားမည့္ခရီးသည္၊ ငွက္သမၺာန္ကူးတို႔ဆိပ္က အိပ္ ရရွာသည္၊ အခုမ်ားတလည္၊

ျမန္မာလူမ်ိဳးေတြ အလုပ္မရွိလို႔ တံတားႀကီးကို ၾကည့္ကာ ငိုမိသည္၊ ငိုမိပါသည္ ” သီခ်င္း ေရးစပ္ကာ အလုပ္လက္မဲ့ျဖစ္သြားၾကေသာ ေက်းလက္ငွက္သမၺာန္သမားေလးမ်ားဘက္မွ စာနာေပးခဲ့သည္။

၁၉၄၂ ခုႏွစ္ ဧၿပီ ၃ရက္ေန႔၌ မႏၲေလးကို ဂ်ပန္ေလတပ္က အႀကီးအက်ယ္ ဗုံးႀကဲၿပီးေနာက္ အဂၤလိပ္စစ္တပ္မွ ဗိုလ္ခ်ဳပ္ဂ်င္နရယ္ဝီလ်ံစတင္းသည္ ၁၉၄၂ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္ေန႔ ည(၁၂)နာရီထိုးရန္ (၁)မိနစ္အလို၌ စစ္ကိုင္းတံတား ႀကီးအား မိုင္းခြဲဖ်က္ဆီးကာ ျမစ္ႀကီးနားလမ္းအတိုင္း ဆုတ္သြားခဲသည္။

ထို႔ေၾကာင့္ တံတားကုန္းအမွတ္(၇) ႏွင့္ (၈)မွာ ျမစ္အတြင္း က်ိဳးက်ပ်က္စီးခဲ့သည္။လြတ္လပ္ေရးရေသာ္လည္း ပ်က္စီးျပတ္ေတာက္ေနေသာ အင္းဝတံတားကို ျပင္ဆင္ ႏိုင္ျခင္း မရွိခဲ့ေခ်။

စစ္ကိုင္းဆိပ္ကမ္းႏွင့္ မႏၲေလးဘက္မွ အမရပူရ စံေ႐ြးဆိပ္ကမ္းကို ကူးတို႔ျဖင့္ ကူးၾကရသည္။ မီးရထားတြဲမ်ားလည္း ကူးတို႔ျဖင့္ ကူးၾကရ၏။

၁၉၅၃ ခုနစ္၊ ေမလ၌ ထိုစဥ္က ဝန္ႀကီးခ်ဳပ္ဦးႏုကိုယ္တိုင္ အင္းဝတံတားႀကီး ျပင္ဆင္ႏိုင္ေရးအတြက္ ကိုယ္တိုင္ကိုယ္က်ၾကပ္မတ္ကာ

မီးရထားဌာန၏အရာရွိ သီရိပ်ံခ်ီဦးၾကည္ဝင္းေခါင္းေဆာင္သည့္ ျမန္မာအင္ဂ်င္နီယာမ်ား လုံ႔လဝီရိယျဖင့္ အားႀကိဳးမာန္တက္ျပင္ဆင္မႈေၾကာင့္ ပ်က္စီးသြားေသာ အင္းဝတံတားႀကီးကို ၁၉၅၄ ခုႏွစ္ တြင္ ျပဳျပင္ၿပီးစီးခဲ့သည္။

ထို႔ေၾကာင့္ ၁၉၅၄ ခုႏွစ္၊ ေအာက္တိုဘာလ(၂၇)ရက္ နံနက္ (၁၀) နာရီ ၃၀မိနစ္၌ ထိုအခ်ိန္က ႏိုင္ငံေတာ္ သမၼတႀကီး သီရိသုဓမၼ ေဒါက္တာဘဦး ကိုယ္တိုင္ ဖြင့္လွစ္ႏိုင္ခဲ့သည္။ ကုန္က်ေငြ ၅၇၈၉၇၂၇ က်ပ္ ျဖစ္သည္ဟု ဆိုသည္။#CRDဆူးဌက္#ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)

Unicode

သမိုင်းဝင်အင်းဝတံတားကြီးကို ဘယ်လိုတည်ဆောက်ခဲ့လဲ (မသိသေးသူများ အတွက်)

၁၈၈၅ ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးလည်း အင်္ဂလိပ် လက်အောက် လုံးလုံးလျားလျား ကျရောက်ပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး အင်္ဂလိပ်အုပ်စိုးမှု ယန္တရားကြီးဖြင့် အပြီး အပိုင် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။

နိုင်ငံရေး၊ စီးပွားရေးများကို အဓိကချုပ်ကိုင်ချယ်လှယ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အင်္ဂလိပ်အုပ်ချုပ်ရေး အသား ကျသွားသောအခါ စစ်ဗျူဟာအရ အရေးပါသည့် စစ်ကိုင်းမြို့အနီး

ဧရာဝတီမြစ်တစ်ဆစ်ချိုးနေရာတွင် အမြဲတမ်း တံတား ကြီး တည်ဆောက်ရန် ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဘုရင်ခံ ဆာဟာကုတ်ဘတ်တလာက အုတ်မြစ်ချခဲ့ သည်။

တံတားပုံစံဒီဇိုင်းကို ရန်ဒဲလ်ပါးမားနှင့် ထရစ်တန်ကုမ္ပဏီ(Redel Palmer & Trittion Com:) ၏ (အင်ဂျင်နီယာချုပ်) မစ္စတာဂျေအီစမ်ရိုလ် က ၁၉၂၄ခုနှစ်တွင် ပုံစံရေးဆွဲခဲ့ပြီး ကုန်ကျစရိတ် ၁၅,၅၇၇,၃၁၈ ကျပ်ရှိမည်ဟု ခန့်မှန်းခဲ့သည်။

တံတားအရှည် ၃၉၄၈ ပေ၊ ကင်းလွတ်အမြင့် ပေ ၄၀၊ ရေလယ်တိုင် ၁၅ လုံး၊ ရေအောက်ကြမ်းပြင်မှသံလမ်းထိ အမြင့်ဆုံးတိုင်(FL-RL) ၁၀၂ ပေ၊ ခန်းပွင့် ၃၅၀ ပေကျယ် ၉ ခန်း၊ ခန်းပွင့် ၂၅၀ ပေကျယ် ၁ခန်း၊ ခန်းပွင့် ပေ ၆၀ ကျယ် ၆ခန်းပါရှိကာ သံတန်ချိန်ပေါင်း ၁၁၁၄၅တန် အသုံးပြုခဲ့သည်။

သံပေါင်ခုံးများထုက်လုပ်သည့် ကုမ္ပဏီမှာ ဘရိတ်ဝိတ် (Braithwaite Com:) ဖြစ်သည်။ တည်ဆောက်ပြီး အမှန်တကယ်ကုန်ကျစရိတ်မှာ ၁၄,၃၀၀,၀၀၀ ကျပ်(စတာလင်ပေါင်တစ်သန်းခန့်) ဖြစ်သည်။

အင်းဝတံတားကြီးကို ၁၉၂၇ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ရာ ၁၉၃၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။၁၈၉၀ ခုနှစ်ကတည်းက ဖောက်လုပ်ပြီးစီးခဲ့သော စစ်ကိုင်း- ရွှေဘို မီးရထားလမ်းသည်လည်း တံတားကြီးကြောင့် မန္တလေးမြို့နှင့် တစ်ဆက်တည်း ဖြစ်သွားပေမည်။

ထိုအခါ ၁၈၉၉ ခုနှစ်ကတည်းက ဖောက်လုပ်ဆက်သွယ်ခဲ့သော ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့်လည်း ဆက်သွယ်မိသွားမည်။

၁၉၃၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးသွားသော အင်းဝတံတားကြီးကြောင့် ၇၂၄ မိုင်ရှည် ရန်ကုန်- မြစ်ကြီးနား မီး ရထားလမ်းသည် မန္တလေးမှတစ်ဆင့် အကြားအလတ်မရှိ တောက်လျှောက် ဆက်သွယ်နိုင်ခဲ့၏။

၁၉၃၄ ခုနှစ်၊ ဇန်နဝါရီ (၂)ရက်နေ့တွင် ဘုရင်ခံ ဆာဟျူးစတီဗင်ဆင် (Sir Hugh Lansdown Steven Son) က အထူးမီးရထားဘုရင်ခံစီး တွဲဖြူကြီးတွင်စီးနင်းကာ ဂတ်ဗိုလ်တွဲတွင် ခရိုင်မီးရထား သယ်ယူပို့ဆောင်ရေး အရာရှိချုပ် ဦးတင်က ခေါင်းပေါင်း၊ ပုဆိုးတောင်ရှည်၊ ရှူး ဖိနပ်အနက်နှင့် လက်၌

အလံစိမ်းကြီးကို တလူတူလွှင့်ကာ အင်းဝတံတားကြီးအား မီးရထားဖြင့် ဖြတ်သန်းပြီးနောက် တံတားတစ်ဖက်မဏ္ဍပ်၌ မန္တလေး ကွန်ဗင့် ကျောင်းသူလေးတစ်ဦးက ဘုရင်ခံအား ပန်းစည်းဆက် ကြိုဆိုခဲ့သည်။

ထို့ နောက် တံတားဖွင့်ပွဲကို စည်တော်များ ရွှမ်း၍ ခမ်းနားစွာ ကျင်းပခဲ့၏။ ဘုရင်ခံအား ပန်းစည်ဆက်ကြိုဆိုခဲ့သူ ကွန်ဗင့် ကျောင်းသူလေးမှာ နောင်တွင် မိုးဒေဝါမလှရွှေဟု ထင်ရှားကျော်ကြားမည့် သူလေးဖြစ်ခဲ့သည်။

ထိုစဉ်က နာမည်ကျော် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်က “ တံတားကြီးဆက်ပြီးပြီ၊ သွားမည့်ခရီးသည်၊ ငှက်သမ္ဗာန်ကူးတို့ဆိပ်က အိပ် ရရှာသည်၊ အခုများတလည်၊

မြန်မာလူမျိုးတွေ အလုပ်မရှိလို့ တံတားကြီးကို ကြည့်ကာ ငိုမိသည်၊ ငိုမိပါသည် ” သီချင်း ရေးစပ်ကာ အလုပ်လက်မဲ့ဖြစ်သွားကြသော ကျေးလက်ငှက်သမ္ဗာန်သမားလေးများဘက်မှ စာနာပေးခဲ့သည်။

၁၉၄၂ ခုနှစ် ဧပြီ ၃ရက်နေ့၌ မန္တလေးကို ဂျပန်လေတပ်က အကြီးအကျယ် ဗုံးကြဲပြီးနောက် အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ချုပ်ဂျင်နရယ်ဝီလျံစတင်းသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ည(၁၂)နာရီထိုးရန် (၁)မိနစ်အလို၌ စစ်ကိုင်းတံတား ကြီးအား မိုင်းခွဲဖျက်ဆီးကာ မြစ်ကြီးနားလမ်းအတိုင်း ဆုတ်သွားခဲသည်။

ထို့ကြောင့် တံတားကုန်းအမှတ်(၇) နှင့် (၈)မှာ မြစ်အတွင်း ကျိုးကျပျက်စီးခဲ့သည်။လွတ်လပ်ရေးရသော်လည်း ပျက်စီးပြတ်တောက်နေသော အင်းဝတံတားကို ပြင်ဆင် နိုင်ခြင်း မရှိခဲ့ချေ။

စစ်ကိုင်းဆိပ်ကမ်းနှင့် မန္တလေးဘက်မှ အမရပူရ စံရွေးဆိပ်ကမ်းကို ကူးတို့ဖြင့် ကူးကြရသည်။ မီးရထားတွဲများလည်း ကူးတို့ဖြင့် ကူးကြရ၏။

၁၉၅၃ ခုနစ်၊ မေလ၌ ထိုစဉ်က ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် အင်းဝတံတားကြီး ပြင်ဆင်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျကြပ်မတ်ကာ

မီးရထားဌာန၏အရာရှိ သီရိပျံချီဦးကြည်ဝင်းခေါင်းဆောင်သည့် မြန်မာအင်ဂျင်နီယာများ လုံ့လဝီရိယဖြင့် အားကြိုးမာန်တက်ပြင်ဆင်မှုကြောင့် ပျက်စီးသွားသော အင်းဝတံတားကြီးကို ၁၉၅၄ ခုနှစ် တွင် ပြုပြင်ပြီးစီးခဲ့သည်။

ထို့ကြောင့် ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက် နံနက် (၁၀) နာရီ ၃၀မိနစ်၌ ထိုအချိန်က နိုင်ငံတော် သမ္မတကြီး သီရိသုဓမ္မ ဒေါက်တာဘဦး ကိုယ်တိုင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျငွေ ၅၇၈၉၇၂၇ ကျပ် ဖြစ်သည်ဟု ဆိုသည်။#CRDဆူးဌက်#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Be the first to comment

Leave a Reply

Your email address will not be published.


*