






















Unicode

နေ့စဉ် တရားထိုင်သင့်သော အကြောင်းရင်း (၆) ချက်

နေ့စဉ်နေ့တိုင်း တရားထိုင်ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေက ဘာသာရေးအတွက်သာမက ကျန်းမာရေးအတွက်ပါ အံ့မခန်းပါနော်…။

ဒါကြောင့် နေ့စဉ်နေ့တိုင်း တရားထိုင်သင့်သော အကြောင်းရင်း (၆) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Dopamine ဟော်မုန်းကို မြင့်တက်စေတယ်

ဒီဟော်မုန်းဓါတ်ဟာ၊ သင့်စိတ်ထဲက ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ခံစားချက်တွေကို အပြောင်း အလဲဖြစ်စေတဲ့ ဟော်မုန်းဓါတ်တွေ ဖြစ်ပါတယ်။

တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့စိတ်အတွင်းပိုင်းမှာ ကြည်လင်လာပြီး ငြိမ်းအေးမှု့ကို ဖြစ်စေပါတယ်။ ဒါ့အပြင် နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်။

(၂) Depression နည်းစေတယ်

စိတ်ဓါတ်ကျဆင်းခြင်း၊ (Depression) ဖြစ်နိုင်ချေကို သိသိသာသာကို ကျဆင်းစေပါတယ်။ ထီးကျန်ခြင်း ၊ ဝမ်းနည်းခြင်း စတဲ့ သင့်စိတ်ကို ထိခိုက်စေနိုင်မယ့် အကြောင်းအရာ တွေကို ရင်ဆိုင်ရာမှ ာသင့်စိတ်တွေ သန်မာလာပါတယ်။

(၃) စိတ်ကို ငြိမ်းအေးစေတယ်

ဒါကတော့ တရားထိုင်တဲ့သူတိုင်း ခံစားရပါတယ်။ တရားထိုင်ခြင်းဟာ သင့်စိတ်အေး ချမ်းမှု့ရဲ့ ဇစ်မြစ်တခုလို့လည်း ပြောလို့ရ ပါတယ်။

တရားထိုင်တာဟာ ဘာသာရေးနဲ့ သက်ဆိုင်ရုံတင်မကဘဲ စိတ်ကုထုံးအနေနဲ့ ပါ အသုံးချလို့ရတာကြောင့် လူအတော်များများဟာ တရားထိုင်ခြင်းကို စွဲစွဲမြဲမြဲ လုပ်ဆောင်လာကြပါတယ် ။

(၄) ပျော်ရွှင်ခြင်းဆေးဝါး

တရားထိုင်နေတဲ့အချိန်မှာ သင့်ရဲ့စိတ်ကို ငြိမ်းအေးမှု့ပေးပါလိမ့်မယ်။ ဒီငြိမ်းအေးမှု့ဟာ သင့်ရဲ့မသိစိတ်က ပျော်ရွှင်ခြင်းတွေကိုနှိုးဆွပေးပါတယ်။ သင့်ကိုယ်သင် စိတ်ကျေနပ်မှု့ ရှိလာမယ်။ လောကကြီးကို အကောင်းမြင်တတ်လာမယ်။

ကြုံတွေ့လာမယ့် အဆိုးတွေကိုလည်း အကောင်းမွန်ဆုံး တုန့်ပြန်ရင်ဆိုင်လာနိုင်မယ်။ ပြောရရင်တော့ တရားထိုင်ခြင်းဟာ ပျော်ရွှင်ခြင်း ဆေးဝါးတလက်ပါပဲ။

(၅) အတွေးအခေါ်သစ်တွေကို ရစေတယ်

တရားထိုင်ခြင်းရဲ့ ကောင်းတဲ့ အကျိုးကျေးဇူးတွေထဲမှာ စိတ်ကိုငြိမ်းအေးစေတာ တခုတည်း မဟုတ်သေးပါဘူး။သင့်ရဲ့ စိတ်ကူးဉာဏ်တွေကိုလည်း ကွန့်မြူးစေပါတယ်။

ဒါ့ကြောင့် အောင်မြင်တဲ့သူတိုင်းဟာ တရားထိုင်ခြင်းကို ၊ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ထဲမှာ ထည့်သွင်းလုပ်ဆောင်လေ့ရှိပါတယ်။

(၆) ဈေးပေါသော ကျန်းမာရေးလက်ဆောင်

တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေး တခုထဲအတွက်တင်မဟုတ်ပါဘူး ကိုယ်ကျန်းမာရေးကိုလည်း များစွာ အထောက်အကူ ဖြစ်စေပါတယ်။

တနေ့ကို ဆယ့်ငါးမိနစ်ကနေ နာရီဝက် တနာရီလောက် တရားထိုင်ခြင်းနဲ့ကို သင့်အတွက် ငွေကုန်ကြေးကျ နည်းတဲ့ ကျန်းမာရေး လက်ဆောင်ကောင်းတခု ဖြစ်လာပါလိမ့်မယ်။

မူရင်းရေးသားသူအာ လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*