ဘယ္ေလာက္ပဲ ခ်စ္ပါတယ္ေျပာေျပာ လံုး၀ မယူသင့္ လက္မထပ္သင့္တဲ့ ေယာက္်ား (၈) မ်ိဳး

ဘယ္ေလာက္ပဲ ခ်စ္ပါတယ္ေျပာေျပာ လံုး၀ မယူသင့္ လက္မထပ္သင့္တဲ့ ေယာက္်ား (၈) မ်ိဳး
ဘယ္ေလာက္ပဲ ခ်စ္ပါတယ္ေျပာေျပာ လံုး၀ မယူသင့္ လက္မထပ္သင့္တဲ့ ေယာက္်ား (၈) မ်ိဳး

ဘယ္ေလာက္ပဲ ခ်စ္ပါတယ္ေျပာေျပာ လံုး၀ မယူသင့္ လက္မထပ္သင့္တဲ့ ေယာက္်ား (၈) မ်ိဳး

ဘယ္ေလာက္ပဲခ်စ္ပါတယ္ေျပာေျပာ လံုး၀ မယူသင့္ လက္မထပ္သင့္တဲ့ ေယာက္်ား ၈ မ်ိဳးကို ေျပာျပေပးလိုက္ပါတယ္။ ဒီလိုေယာက်္ားမ်ိဳးေတြကို လက္ထပ္ဖို႔မသင့္ပါဘူးေနာ္။

လင္မြဲ

ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ စီးပြားေရး အသိတရား မရွိဘူး ဆိုရင္ အိမ္ေထာင္ေရးဟာ ေရမ႐ွိတဲ့ အိုင္မွာ ေနရတဲ့ငါးလိုပဲ ပူေလာင္ေျခာက္ေသြ႔ လြန္းပါတယ္။ ဒါ့ေၾကာင့္ မြဲတဲ့ ေယာက်္ား မယူေလနဲ႔ ။

လင္နာ

မဂၤလာဦးညကစလို႔ ျဖစ္လိုက္တဲ့ ေရာဂါႀကီးေသး ေပါင္းစံု၊ ပိုးေမြးသလို ေမြးေနရမယ့္ ကိုခ်ဴခ်ာ၊ ကုလိုက္ရတဲ့ေဆး၊ ႐ွိသမ်ွ အကုန္ေျပာင္။ အက်ိဳးစီးပြား တိုးတက္ရာ လမ္းမျမင္ ဆုတ္ယုတ္ ရန္သာ႐ွိ မယူေလနဲ႔အမိ။

လင္အရက္သမား၊ လင္သူရာႀကိဳက္

ခုေခတ္ေတာ့ မူးယစ္ေဆးေသာက္စား မူးယစ္တတ္တဲ့ ေယာက်္ား မိတ္ေကာင္းေဆြေကာင္းမ႐ွိ၊ ဂုဏ္သိကၡာ ကင္းမဲ့၊ ေက်ာ္ေစာမႈနတၳိ၊ စီးပြားဥစၥာ ပ်က္ျပား၊ကိုယ့္လက္ထဲ ေရာက္မွ ျပဳျပင္ ပါ့မယ္၊ ကိုယ္ကိုင္ တြယ္ပါ့ မယ္လို႔ မေတြးနဲ႔။

ကတိေတြ အထပ္ထပ္ေပးလည္း မယံုလိုက္ ေလနဲ႔။ လ်ွာမွာ အ႐ိုးမ႐ွိ။ အလကား ေခြးၿမီးေကာက္ က်ည္ေတာက္ စြပ္ပဲ။

လင္မိုက္

လင္ရမ္းကားထစ္ခနဲ႐ွိ၊ ဆဲေရး၊ ေပးစား၊ အိုးခြက္ပန္းကန္ မက်န္ကုန္ ေအာင္ ႐ိုက္ခြဲ။ ေျခပါလက္ပါ ရမ္းကား။ ယူမိရင္မ်က္ရည္နဲ႔ဒူးနဲ႔ ဝမ္းဆက္ ျဖစ္လိမ္ ့မည္ ။

လင္ဖ်င္း

အစစအရာရာ မိန္းမကသာ ဦးေဆာင္ရတယ္။ အစပိုင္းေတာ့ မိုက္တယ္။ ခ်စ္လို႔ပဲ ဦးစားေပးသေယာင္ေယာင္၊ သာယာစရာလိုလို ဘာလိုလို။

ကိုယ္ပိုင္ ရပ္တည္ခ်က္မ႐ွိ။ ကိုယ္ပိုင္ အစြမ္းအစမ႐ွိ။ ႏြားမ်ားလို သူမ်ားခိုင္းတာ နားစြင့္ၿပီး လုပ္တတ္တဲ့ ေယာက်္ား။ လင္႐ုပ္ေသး ေဝးေဝးကသာေ႐ွာင္။

လင္ပ်င္း

သခ်ာတယ္ ခ်စ္သူဘဝမွာကတည္းက ထမင္းေတာင္ခြံ႔ေကြၽးရလိမ့္မယ္။ မိခင္စိတ္႐ွိတတ္တဲ့ မိန္းကေလးေတြအဖို႔ သေဘာက်စရာပဲ။

ဒီလိုအစား ၾကာၾကာဝါးမွ ခါးမွန္းသိမယ္။ မိတ္ေဆြေကာင္းမ႐ွိ။ အပ်င္းထူ အေရထြက္ စီးပြားမတက္ ။

လင္အို

အိုတဲ့ေယာက်္ား သူမ်ားအတြက္ေရာ၊ မိန္းမ အတြက္ေရာ ဘယ္ေနရာမ်ား အသံုးတဲ့ တာ႐ွိ သတုန္း။ သဝန္တိုတတ္တာ ႏွစ္ေယာက္မ႐ွိ။

သူမစြမ္းတာ သူသိတိုင္း လူတစ္ကာနဲ႔ ေပးစား။ စိတ္ကိုမီးလိုပူေစတဲ့ေယာက်္ား ေဝးရာက ႐ွားေလာ့ ခ်စ္သမီး။

လင္အလိုမျပည့္

ဘယ္ေလာက္ပဲ ေကာင္းေအာင္ လုပ္ေပးေပး ေက်းဇူးတရားကို မသိ၊ အဆိုးအျပစ္ သာ ျမင္တတ္ေျပာတတ္တဲ့ေယာက်္ား။ အျပဳသေဘာ မေဆာင္ အပ်က္သေဘာ၊ အဖ်က္သေဘာ သာ႐ွိတဲ့ ေယာက်္ား အလကားပဲ။

လင္မြဲ လင္နာ လင္သူရာႀကိဳက္ လင္မိုက္ လင္ဖ်င္း လင္ပ်င္း လင္အို အလို ျဖည့္ မျပည့္ဆႏၵ ရွိတံုကလွ်င္ မိန္းမဟူသည္ ဤရွစ္မည္ေၾကာင့္ မၾကည္မသာ အနာတရ ရွိတတ္စြရွင္။

မာန္လည္ဆရာေတာ္ဘုရားႀကီး( မဃေဒဝ က်မ္းမွ ) အနာတရ = မထီမဲ႕ျမင္ ႀကိဳက္ရင္လည္း ယူေတာ္မူ မတားလိုပါ။ဝဋ္ေႂကြးဆပ္လိုတဲ့ သေဘာ ။

Unicode

ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော လုံး၀ မယူသင့် လက်မထပ်သင့်တဲ့ ယောက်ျား (၈) မျိုး

ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော လုံး၀ မယူသင့် လက်မထပ်သင့်တဲ့ ယောက်ျား ၈ မျိုးကို ပြောပြပေးလိုက်ပါတယ်။ ဒီလိုယောကျ်ားမျိုးတွေကို လက်ထပ်ဖို့မသင့်ပါဘူးနော်။

လင်မွဲ

ဘယ်လောက်ပဲ ချစ်ချစ် စီးပွားရေး အသိတရား မရှိဘူး ဆိုရင် အိမ်ထောင်ရေးဟာ ရေမရှိတဲ့ အိုင်မှာ နေရတဲ့ငါးလိုပဲ ပူလောင်ခြောက်သွေ့ လွန်းပါတယ်။ ဒါ့ကြောင့် မွဲတဲ့ ယောကျ်ား မယူလေနဲ့ ။

လင်နာ

မင်္ဂလာဦးညကစလို့ ဖြစ်လိုက်တဲ့ ရောဂါကြီးသေး ပေါင်းစုံ၊ ပိုးမွေးသလို မွေးနေရမယ့် ကိုချူချာ၊ ကုလိုက်ရတဲ့ဆေး၊ ရှိသမျှ အကုန်ပြောင်။ အကျိုးစီးပွား တိုးတက်ရာ လမ်းမမြင် ဆုတ်ယုတ် ရန်သာရှိ မယူလေနဲ့အမိ။

လင်အရက်သမား၊ လင်သူရာကြိုက်

ခုခေတ်တော့ မူးယစ်ဆေးသောက်စား မူးယစ်တတ်တဲ့ ယောကျ်ား မိတ်ကောင်းဆွေကောင်းမရှိ၊ ဂုဏ်သိက္ခာ ကင်းမဲ့၊ ကျော်စောမှုနတ္ထိ၊ စီးပွားဥစ္စာ ပျက်ပြား၊ကိုယ့်လက်ထဲ ရောက်မှ ပြုပြင် ပါ့မယ်၊ ကိုယ်ကိုင် တွယ်ပါ့ မယ်လို့ မတွေးနဲ့။

ကတိတွေ အထပ်ထပ်ပေးလည်း မယုံလိုက် လေနဲ့။ လျှာမှာ အရိုးမရှိ။ အလကား ခွေးမြီးကောက် ကျည်တောက် စွပ်ပဲ။

လင်မိုက်

လင်ရမ်းကားထစ်ခနဲရှိ၊ ဆဲရေး၊ ပေးစား၊ အိုးခွက်ပန်းကန် မကျန်ကုန် အောင် ရိုက်ခွဲ။ ခြေပါလက်ပါ ရမ်းကား။ ယူမိရင်မျက်ရည်နဲ့ဒူးနဲ့ ဝမ်းဆက် ဖြစ်လိမ့်မည် ။

လင်ဖျင်း

အစစအရာရာ မိန်းမကသာ ဦးဆောင်ရတယ်။ အစပိုင်းတော့ မိုက်တယ်။ ချစ်လို့ပဲ ဦးစားပေးသယောင်ယောင်၊ သာယာစရာလိုလို ဘာလိုလို။

ကိုယ်ပိုင် ရပ်တည်ချက်မရှိ။ ကိုယ်ပိုင် အစွမ်းအစမရှိ။ နွားများလို သူများခိုင်းတာ နားစွင့်ပြီး လုပ်တတ်တဲ့ ယောကျ်ား။ လင်ရုပ်သေး ဝေးဝေးကသာရှောင်။

လင်ပျင်း

သချာတယ် ချစ်သူဘဝမှာကတည်းက ထမင်းတောင်ခွံ့ကျွေးရလိမ့်မယ်။ မိခင်စိတ်ရှိတတ်တဲ့ မိန်းကလေးတွေအဖို့ သဘောကျစရာပဲ။

ဒီလိုအစား ကြာကြာဝါးမှ ခါးမှန်းသိမယ်။ မိတ်ဆွေကောင်းမရှိ။ အပျင်းထူ အရေထွက် စီးပွားမတက် ။

လင်အို

အိုတဲ့ယောကျ်ား သူများအတွက်ရော၊ မိန်းမ အတွက်ရော ဘယ်နေရာများ အသုံးတဲ့ တာရှိ သတုန်း။ သဝန်တိုတတ်တာ နှစ်ယောက်မရှိ။

သူမစွမ်းတာ သူသိတိုင်း လူတစ်ကာနဲ့ ပေးစား။ စိတ်ကိုမီးလိုပူစေတဲ့ယောကျ်ား ဝေးရာက ရှားလော့ ချစ်သမီး။

လင်အလိုမပြည့်

ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးပေး ကျေးဇူးတရားကို မသိ၊ အဆိုးအပြစ် သာ မြင်တတ်ပြောတတ်တဲ့ယောကျ်ား။ အပြုသဘော မဆောင် အပျက်သဘော၊ အဖျက်သဘော သာရှိတဲ့ ယောကျ်ား အလကားပဲ။

လင်မွဲ လင်နာ လင်သူရာကြိုက် လင်မိုက် လင်ဖျင်း လင်ပျင်း လင်အို အလို ဖြည့် မပြည့်ဆန္ဒ ရှိတုံကလျှင် မိန်းမဟူသည် ဤရှစ်မည်ကြောင့် မကြည်မသာ အနာတရ ရှိတတ်စွရှင်။

မာန်လည်ဆရာတော်ဘုရားကြီး( မဃဒေဝ ကျမ်းမှ ) အနာတရ = မထီမဲ့မြင် ကြိုက်ရင်လည်း ယူတော်မူ မတားလိုပါ။ဝဋ်ကြွေးဆပ်လိုတဲ့ သဘော ။

Be the first to comment

Leave a Reply

Your email address will not be published.


*