ခိုင္ၿမဲေသာ စီးပြားေရးကိုထူေထာင္လိုသူမ်ားအတြက္ နည္းလမ္း

ခိုင္ၿမဲေသာ စီးပြားေရးကိုထူေထာင္လိုသူမ်ားအတြက္ နည္းလမ္း
ခိုင္ၿမဲေသာ စီးပြားေရးကိုထူေထာင္လိုသူမ်ားအတြက္ နည္းလမ္း

ခိုင္ၿမဲေသာ စီးပြားေရးကိုထူေထာင္လိုသူမ်ားအတြက္ နည္းလမ္း

လူတိုင္း ခ်မ္းသာ လိုၾကသည္။ သို႔ေသာ္ လုပ္သူတိုင္း စီးပြားမျဖစ္ေပ။ ခ်မ္းသာလိုပါက….

က။ ေလာကုတၱရာ စည္းကမ္း

ခ။ ေလာကီစည္းကမ္း … ႏွစ္ရပ္ကို လိုက္နာရန္ လိုအပ္သည္။

က။ ေလာကုတၱရာ စည္းကမ္း

၅ပါးသီလ လုံရမည္။ အထူးသျဖင့္ (မုသာဝါဒ-လိမ္ညာေျပာဆိုျခင္း) လုံပါေစ။ ေဈးႏႈံးကိုေမးလ်င္ ေရာင္းႏိုင္မည့္ေဈးကိုသာေျပာပါ။စကားအပိုမေျပာရ။

အခ်ိဳ႕က လိမ္ညာၿပီး မိမိ ဝယ္ေဈး ကို ျမႇင့္ ေျပာသည္။ အခ်ိဳ႕က က်ိန္တြယ္ၿပီး (ေမာင္ႀကီးႏွမ က်ားကိုက္ ေသရပါေစရဲ႕) ဟု လိမ္ ညာ ေျပာသည့္ အျပင္ က်ိန္တြယ္ တတ္ၾက၏။

မိမိ ရရွိေသာ အျမတ္ မွ (၅%) ကို အိမ္ရွိ ျမတ္စြာဘုရား (ဆြမ္း၊ ဆီမီး၊ ပန္း၊ ေရခ်မ္း) အတြက္ လႈဒါန္းရန္ သုံးပါ။

မိ မိ ရရွိေသာ အျမတ္ မွ (၁၀%) ကို သံဃာေတာ္မ်ား အတြက္ လႈဒါန္းရန္ သုံးပါ။ မိမိ ရရွိေသာ အျမတ္ မွ (၁၀%) ကို လူ တိရစာၦန္ မ်ား အတြက္ လႈဒါန္းရန္ သုံးပါ။

ခ။ ေလာကီ စည္းကမ္း

ရေသ့ႀကီး ဦးခႏၲီ၏ (ေငြဝင္ ဂါထာ) ကို ေန႔စဥ္ ႐ြတ္ပါ။ တနလၤာေန႔ မနက္ (သို႔) ညေန (၇) နာရီ ခန႔္တြင္ ေခြးမ်ားကို (ေႂကြ ပုဂံ ) အေပၚတြင္ ငါးေၾကာ္ တင္ၿပီး (ထမင္း မပါဘဲ) ေကြၽးပါ။

မိမိ ကံဇာတာ တက္မည့္ အခ်ိန္ကို ကြၽမ္းက်င္သူ မ်ားအား ေမးပါ။ ကံျမင့္ခ်ိန္တြင္ တက္ကုန္၊ ႐ြက္ကုန္ ဖြင့္ ေလွာ္ခတ္ ပါက စီးပြားျဖစ္ အလြန္ ျမန္မည္။

မွတ္ခ်က္။ အခ်ိန္ရက တက္ကုန္၊ ႐ြက္ကုန္ ဖြင့္ ေလွာ္ခတ္ရမည့္ အခ်ိန္ ကို (၇) ရက္ သားသမီးအတြက္ ေဖာ္ျပ ေပးပါမည္။ က်ယ္ဝန္း လွသည္။

ထို စည္းကမ္း (၂)မ်ိဳး ကို လိုက္နာၿပီး ရရွိေသာ ဒါန ကုသိုလ္ အက်ိဳးကို လူ နတ္ ျဗဟၼာမ်ားအား ညစဥ္ ပုံမွန္ (၉) နာရီ တြင္ အမွ် ေပးေဝပါ။ (၈)ႏွစ္ အတြင္း ခ်မ္းသာ ေစရပါမည္။

ေစတနာမွန္ျဖင့္
(ဦးဖိုးနီ)

Unicode

ခိုင်မြဲသော စီးပွားရေးကိုထူထောင်လိုသူများအတွက် နည်းလမ်း

လူတိုင်း ချမ်းသာ လိုကြသည်။ သို့သော် လုပ်သူတိုင်း စီးပွားမဖြစ်ပေ။ ချမ်းသာလိုပါက….

က။ လောကုတ္တရာ စည်းကမ်း

ခ။ လောကီစည်းကမ်း … နှစ်ရပ်ကို လိုက်နာရန် လိုအပ်သည်။

က။ လောကုတ္တရာ စည်းကမ်း

၅ပါးသီလ လုံရမည်။ အထူးသဖြင့် (မုသာဝါဒ-လိမ်ညာပြောဆိုခြင်း) လုံပါစေ။ ဈေးနှုံးကိုမေးလျင် ရောင်းနိုင်မည့်ဈေးကိုသာပြောပါ။စကားအပိုမပြောရ။

အချို့က လိမ်ညာပြီး မိမိ ဝယ်ဈေး ကို မြှင့် ပြောသည်။ အချို့က ကျိန်တွယ်ပြီး (မောင်ကြီးနှမ ကျားကိုက် သေရပါစေရဲ့) ဟု လိမ် ညာ ပြောသည့် အပြင် ကျိန်တွယ် တတ်ကြ၏။

မိမိ ရရှိသော အမြတ် မှ (၅%) ကို အိမ်ရှိ မြတ်စွာဘုရား (ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း) အတွက် လှုဒါန်းရန် သုံးပါ။

မိ မိ ရရှိသော အမြတ် မှ (၁၀%) ကို သံဃာတော်များ အတွက် လှုဒါန်းရန် သုံးပါ။ မိမိ ရရှိသော အမြတ် မှ (၁၀%) ကို လူ တိရစ္ဆာန် များ အတွက် လှုဒါန်းရန် သုံးပါ။

ခ။ လောကီ စည်းကမ်း

ရသေ့ကြီး ဦးခန္တီ၏ (ငွေဝင် ဂါထာ) ကို နေ့စဉ် ရွတ်ပါ။ တနင်္လာနေ့ မနက် (သို့) ညနေ (၇) နာရီ ခန့်တွင် ခွေးများကို (ကြွေ ပုဂံ ) အပေါ်တွင် ငါးကြော် တင်ပြီး (ထမင်း မပါဘဲ) ကျွေးပါ။

မိမိ ကံဇာတာ တက်မည့် အချိန်ကို ကျွမ်းကျင်သူ များအား မေးပါ။ ကံမြင့်ချိန်တွင် တက်ကုန်၊ ရွက်ကုန် ဖွင့် လှော်ခတ် ပါက စီးပွားဖြစ် အလွန် မြန်မည်။

မှတ်ချက်။ အချိန်ရက တက်ကုန်၊ ရွက်ကုန် ဖွင့် လှော်ခတ်ရမည့် အချိန် ကို (၇) ရက် သားသမီးအတွက် ဖော်ပြ ပေးပါမည်။ ကျယ်ဝန်း လှသည်။

ထို စည်းကမ်း (၂)မျိုး ကို လိုက်နာပြီး ရရှိသော ဒါန ကုသိုလ် အကျိုးကို လူ နတ် ဗြဟ္မာများအား ညစဉ် ပုံမှန် (၉) နာရီ တွင် အမျှ ပေးဝေပါ။ (၈)နှစ် အတွင်း ချမ်းသာ စေရပါမည်။

စေတနာမှန်ဖြင့်
(ဦးဖိုးနီ)

Be the first to comment

Leave a Reply

Your email address will not be published.


*