ယုံလြယ္လွ်င္ အမွားျဖစ္တတ္သည့္ အိမ္၊ ျခံ၊ ေျမဝယ္ယူျခင္း…အိမ္ၿခံေျမဝယ္ယူလိုသူမ်ား သတိျပဳစရာမို႕ မ်ွေ၀ေပးလိုက္ပါတယ္

ယုံလြယ္လွ်င္ အမွားျဖစ္တတ္သည့္ အိမ္၊ ျခံ၊ ေျမဝယ္ယူျခင္း...အိမ္ၿခံေျမဝယ္ယူလိုသူမ်ား သတိျပဳစရာမို႕ မ်ွေ၀ေပးလိုက္ပါတယ္
ယုံလြယ္လွ်င္ အမွားျဖစ္တတ္သည့္ အိမ္၊ ျခံ၊ ေျမဝယ္ယူျခင္း...အိမ္ၿခံေျမဝယ္ယူလိုသူမ်ား သတိျပဳစရာမို႕ မ်ွေ၀ေပးလိုက္ပါတယ္

ယုံလြယ္လွ်င္ အမွားျဖစ္တတ္သည့္ အိမ္၊ ျခံ၊ ေျမဝယ္ယူျခင္း…အိမ္ၿခံေျမဝယ္ယူလိုသူမ်ား သတိျပဳစရာမို႕ မ်ွေ၀ေပးလိုက္ပါတယ္

”အိမ္ေဆာက္ေနလာတာ ၁ဝ ႏွစ္ခန႔္ရွိမွ သူ႔ေျမပါဆိုၿပီး ဖယ္ေပးဖို႔ ႏို႔တစ္ပို႔တယ္ဆရာ၊ အဲဒါ ဘာျဖစ္ လာႏိုင္ပါသလဲ”ဟု မိတ္ေဆြတစ္ဦးက စာေရးသူထံ လာေရာက္တိုင္ပင္ေဆြးေႏြးလာပါသည္။

”အေၾကာင္းၾကားစာအရေတာ့ သူ႔အမည္ေပါက္ ပါမစ္ေျမလို႔ဆိုထားပါလား”
”ဟုတ္တယ္ဆရာ””ခင္ဗ်ားတို႔ ဝယ္စဥ္က စာ႐ြက္စာတမ္းေတြ ေသခ်ာမစိစစ္ခဲ့ဘူးနဲ႔ တူတယ္။”

”တကယ္ေတာ့ ကြၽန္ေတာ္တို႔ကလည္း တစ္ဆင့္ဝယ္တဲ့ အိမ္ျဖစ္တယ္” ”ကဲ-ျဖစ္စဥ္ေလး ေျပာျပပါဦး” ”ကြၽန္ေတာ္ဝယ္စဥ္က ၿခံစည္း ႐ိုးက တစ္ျခမ္းပဲ ကာရံထားတယ္။ ဒါေပမယ့္ အိမ္ေသးေသးတစ္လုံးရွိ တယ္။ မီးရွိတယ္။ ေရကေတာ့ လက္ တုန္ကင္လုပ္ေပးထားတယ္။ ဒါနဲ႔ အဆင္ေျပတယ္ဆိုၿပီး ဝယ္ျဖစ္သြားတာပဲ”

”ေဘးပတ္ဝန္းက်င္မွာ အိမ္ေတြရွိသလား” ”ညာဘက္ျခမ္းမွာေတာ့ အိမ္ရွိတယ္။ လူေတြလည္းေနၾကတယ္။ ဘယ္ဘက္ျခမ္းမွာေတာ့ ေျမကြက္လပ္အေနနဲ႔ရွိတယ္။ အခုေတာ့ အိမ္ ေတြနဲ႔ စည္ကားေနပါၿပီ”

”အခုမွလာၿပီး သူ႔ေျမကြက္ပါ။ ဖယ္ေပးပါဆိုၿပီး ႏို႔တစ္ေပးတာမ ဟုတ္လား။ ဒါကလည္း မၾကာမၾကာ ျဖစ္တတ္တဲ့ ျပႆနာတစ္ခုပဲ”

”အိမ္ေဆာက္တုန္းကလည္း ဘယ္သူမွ မကန႔္ကြက္ခဲ့ဘဲနဲ႔ အခုမွ လာၿပီးသူ႔ေျမပါဆိုလို႔ ဥပေဒကခြင့္ျပဳပါသလား”

”ေလာေလာဆယ္ စိတ္ကို တည္ တည္ၿငိမ္ၿငိမ္ထားၿပီး ကြၽန္ေတာ္ေမး တာေလးေျဖေပးပါ”ဟု စာေရးသူက မိတ္ေဆြျဖစ္သူကို ေအးေဆးစြာေျပာလိုက္ပါသည္။

”႐ုတ္တရက္ စာေရာက္လာေတာ့ စိတ္ထဲမွာ အေတာ္ရႈပ္သြားတယ္” ”မွန္ပါတယ္။ ကြၽန္ေတာ္ ခံစား မိပါတယ္။ အခုဝယ္ထားတဲ့ ေျမနဲ႔ ပတ္သက္ၿပီး ဘာစာ႐ြက္စာတမ္း အေထာက္အထားရွိပါသလဲ။ ေျမဂရန္ စာခ်ဳပ္ရွိသလား”

”ဂရန္ေတာ့ မေလွ်ာက္ရေသး ဘူးဗ်ာ။ သူတို႔က ဒီေျမခ်ပါမစ္ျပ တယ္။ ၿပီးေတာ့ သူတို႔ အဆင့္ဆင့္ လက္လႊဲဝယ္ထားတဲ့ စာခ်ဳပ္ႏွစ္ခုေပး တယ္”ဟုဆိုၿပီး စာေရးသူအား အရပ္စာခ်ဳပ္ႏွစ္ခုကို ျပသပါသည္။

”ဒီအရပ္စာခ်ဳပ္ေတြကေတာ့ အေထာက္အထားတစ္ခုအျဖစ္ တင္ ျပႏိုင္တာေပါ့ေလ။ အဓိကအခ်က္က အဲဒီေျမကြက္ရဲ႕ ပါမစ္စာခ်ဳပ္ပါတယ္ မဟုတ္လား။ သူငယ္ခ်င္းျပတဲ့ အခုဒီပါမစ္စာခ်ဳပ္က မိသားစုဓာတ္ပုံလည္း မပါလာပါလား”

”ဟုတ္တယ္။ ကိုယ္ဝယ္စဥ္က အမည္ေပါက္ တိုက္႐ိုက္မဟုတ္ေတာ့ သူေပးတာပဲယူထားလိုက္တာ” ”အင္း-လြယ္လြယ္ကူကူလုပ္ ေတာ့လည္း အမွားပါတတ္တယ္ သူ ငယ္ခ်င္း။ ကိုယ့္အျမင္ေတာ့ ဒီပါမစ္စာခ်ဳပ္က အတုျဖစ္မယ္ထင္တယ္။ ေျမစာရင္းဌာနကို သြားမစုံစမ္းဘူးလား”

”အခုသြားစုံစမ္းေတာ့ ႏို႔တစ္ ေပးတဲ့ သူရဲ႕ အမည္ေပါက္လို႔ သိရတယ္။ ဒါေၾကာင့္ အေတာ္ထိတ္လန႔္ သြားတာသူငယ္ခ်င္း” ”မိမိထံေရာင္းသြားတဲ့ သူကိုဆက္သြယ္လို႔ရေသးလား”

”၉ ႏွစ္ ၁ဝ ႏွစ္ေလာက္ရွိၿပီဆို ေတာ့ လိပ္စာလည္း မသိေတာ့ဘူး။ ေရာင္းစဥ္က အခုအိမ္လိပ္စာနဲ႔ ေရာင္းသြားတာဆိုေတာ့ ဘယ္ဆက္ သြယ္ရမွန္းမသိေတာ့ဘူး”

”ဟုတ္ၿပီေလ၊ ဥပေဒအရ ကြၽန္ ေတာ္တို႔ စဥ္းစားၾကည့္တာေပါ့။ ၿပီး တာေတြေတာ့ ၿပီးခဲ့ၿပီ။ အိမ္လည္း ေဆာက္ေနခဲ့ၿပီ။ ဒီေတာ့ လက္ဝယ္ ရွိေနၿပီဆိုတဲ့အတြက္ နည္းနည္းေတာ့အခြင့္အေရးရွိပါေသးတယ္”

”အခ်ိဳ႕ကေျပာေတာ့ ကြၽန္ေတာ္ တို႔က မူလပိုင္ရွင္ရွိမွန္းမသိလို႔ ဝယ္ မိတာဆိုရင္ ဆင္းေပးရန္ တာဝန္မရွိဘူးဆိုတာ ဟုတ္ပါသလား” ”အိမ္ကေတာ့ ကိုယ္ပိုင္ေငြနဲ႔ ေဆာက္ထားတဲ့အတြက္ မိမိပိုင္အိမ္ လို႔ ေျပာပိုင္ခြင့္ရွိေပမယ့္ ေျမက ပိုင္ ရွင္အစစ္ထံက ဝယ္ယူခဲ့ျခင္းမဟုတ္ လို႔ ပိုင္ဆိုင္ခြင့္ရမွာမဟုတ္ဘူး”

”တကယ္လို႔ တရားစြဲဆိုလာရင္ ဖယ္ေပးရမွာလား”

”ဒါနဲ႔ ပတ္သက္လို႔ ရွင္းေအာင္ ေျပာရရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ ထားတဲ့ ေဒၚခင္လွမူႏွင့္ ေဒၚစိန္စိန္ ၂ဝဝ၃ ခုႏွစ္၊ ျမန္မာႏိုင္ငံ တရားစီရင္ ထုံး စာမ်က္ႏွာ -၁ဝ၅ အမႈမွာ ပိုင္ ရွင္လက္ရွိ ဝင္ေရာက္ေနထိုင္ျခင္းမရွိ ေသးမီ အျခားသူဝင္ေရာက္၍ အိမ္ ေဆာက္ေနထိုင္ျခင္းသည္ က်ဴးေက်ာ္ ေနထိုင္ျခင္းျဖစ္သည္။

ေျမပိုင္ရွင္က ေျမကြက္ကို စြန႔္လႊတ္သည္ဟု မဆို ႏိုင္ေၾကာင္း ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ေျမကြက္ပိုင္ရွင္က အဆို ပါ ေျမကြက္ကို စြန႔္လႊတ္ထားေၾကာင္း အေထာက္အထားျပဖို႔ လိုအပ္မွာ ျဖစ္ပါတယ္”

”အိမ္က ေဆာက္လုပ္ထားတဲ့ အတြက္ အမႈရႈံးရင္ အိမ္တန္ဖိုးရႏိုင္ ပါသလား”
”ဒါကေတာ့ တရား႐ုံးရဲ႕ ဆုံး ျဖတ္ခ်က္ေပၚမွာ မူတည္မွာျဖစ္ပါ တယ္။ အမႈျဖစ္စဥ္က မတူညီတဲ့အ တြက္ တစ္ထစ္ခ်ေတာ့ မေျပာႏိုင္ဘူး သူငယ္ခ်င္း။

ဒါေပမယ့္ သူငယ္ခ်င္း ကို ေရာင္းလိုက္တဲ့ သူအေပၚမွာေတာ့ ေလ်ာ္ေၾကးေတာင္းပိုင္ခြင့္ရွိမွာျဖစ္ပါ တယ္””သူက လိပ္စာရွာမေတြ႕ျဖစ္ေနေတာ့ အဆင္မေျပဘူး” ”ဒါကေတာ့ ႀကိဳးစားရွာရမယ္။ မျဖစ္ရင္ တရားစြဲဆိုရမယ္ သူငယ္ခ်င္း”

”မျဖစ္ေတာ့ဘူးဆိုရင္ေတာ့ ပြဲစားလုပ္ေပးတဲ့ သူကတစ္ဆင့္ရွာရမွာပဲ” ”သူငယ္ခ်င္းရဲ႕ အေရာင္းအ ဝယ္ ကတိစာခ်ဳပ္မွာ အရႈပ္အရွင္း ျပႆနာတစ္စုံတစ္ခုရွိလွ်င္ ေျပလည္သည္အထိ ေဆာင္႐ြက္ေပးပါမည္။

ေျပလည္ျခင္းမရွိပါက ဝယ္သူကို နစ္နာမႈမရွိေစရန္ ေပးေလ်ာ္မည္လို႔ ေဖာ္ျပထားတဲ့အတြက္ တရားစြဲဆို ေတာင္းပိုင္ခြင့္ရွိပါတယ္” ”အခုကိစၥက အေရာင္းအဝယ္ ထပ္တဲ့ သေဘာမဟုတ္ဘူးလား”

”အေရာင္းအဝယ္ထပ္တယ္ဆို တာက ပစၥည္းပိုင္ရွင္က ၎ပိုင္ေျမ နဲ႔ အိမ္တို႔ကို တစ္ဦးထံ ေရာင္းခ် လိုက္မယ္။ ဝယ္သူက ဝင္မေနဘဲ ကာလအၾကာမွာ အိမ္ေျမပိုင္ရွင္က အျခားတစ္ဦးကို ထပ္ေရာင္းတာမ်ိဳး ျဖစ္တယ္”

”ပိုင္ရွင္တစ္ဦးတည္းက ႏွစ္ခါ ေရာင္းတဲ့ သေဘာေပါ့”

”ဟုတ္ပါတယ္။ ဒီလိုကိစၥမ်ိဳးမွာ လည္း လက္မဲ့ျဖစ္သူက ေရာင္းသူ အေပၚ ဝယ္ေဈးအျပင္နစ္နာေၾကးပါ ရထိုက္တယ္လို႔ တရား႐ုံးခ်ဳပ္က ဆုံး ျဖတ္ထားတဲ့ ဦးအဘူႏွင့္ ေဒၚကမာလ္ ဇံပါ (၄)၊ ၁၉၉၄ ခုႏွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထုံးစာမ်က္ႏွာ – ၁၁၈ အမႈမွာဆုံးျဖတ္ထားပါတယ္။

ဒါ ေၾကာင့္ ဥပေဒနဲ႔အညီ နစ္နာေၾကး ရပိုင္ခြင့္ရွိပါတယ္” ”ယုံလြယ္ရင္ အမွားျဖစ္တတ္ တယ္ဆိုတာ သေဘာေပါက္သြားၿပီ။ အမွန္ေတာ့ ဝယ္စဥ္ကတည္းက စာ႐ြက္စာတမ္း မွန္မမွန္ေသခ်ာေလ့လာရမွာ”

”မွန္ပါတယ္။ အိမ္ ၿခံ ေျမဆို တာက အမ်ိဳးမ်ိဳးရွိတယ္။ ဥယ်ာဥ္ၿခံ ေျမ၊ ပါမစ္ေျမ၊ ဂရန္ေျမ၊ လယ္ယာ ေျမ စသျဖင့္ ရႈပ္ေထြးတယ္။ ဒီအ ေပၚမွာ အခြင့္အေရးယူၿပီး အျမတ္ထုတ္တဲ့ သူေတြလည္း ရွိၾကတယ္။

ဒါေၾကာင့္ ဘယ္သူမဆို အိမ္ေျမဝယ္မယ္ဆိုရင္ နားလည္တတ္ကြၽမ္းသူ ေတြနဲ႔ ေသခ်ာေလ့လာစုံစမ္းၿပီးမွ ဝယ္သင့္တယ္ သူငယ္ခ်င္း”ဟု ေဆြးေႏြးလိုက္ပါသည္။

ေမတၱာျဖင့္ ျပန္လည္မ်ွေ၀ေပးျခင္း ျဖစ္ပါသည္။

မူရင္းေရးသားသူ ထီယု (ဥပေဒ အတိုင္ပင္ခံ)အား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ်၊ ခြံ၊ မြေဝယ်ယူခြင်း…အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာမို့ မျှဝေပေးလိုက်ပါတယ်

”အိမ်ဆောက်နေလာတာ ၁ဝ နှစ်ခန့်ရှိမှ သူ့မြေပါဆိုပြီး ဖယ်ပေးဖို့ နို့တစ်ပို့တယ်ဆရာ၊ အဲဒါ ဘာဖြစ် လာနိုင်ပါသလဲ”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးလာပါသည်။

”အကြောင်းကြားစာအရတော့ သူ့အမည်ပေါက် ပါမစ်မြေလို့ဆိုထားပါလား”
”ဟုတ်တယ်ဆရာ””ခင်ဗျားတို့ ဝယ်စဉ်က စာရွက်စာတမ်းတွေ သေချာမစိစစ်ခဲ့ဘူးနဲ့ တူတယ်။”

”တကယ်တော့ ကျွန်တော်တို့ကလည်း တစ်ဆင့်ဝယ်တဲ့ အိမ်ဖြစ်တယ်” ”ကဲ-ဖြစ်စဉ်လေး ပြောပြပါဦး” ”ကျွန်တော်ဝယ်စဉ်က ခြံစည်း ရိုးက တစ်ခြမ်းပဲ ကာရံထားတယ်။ ဒါပေမယ့် အိမ်သေးသေးတစ်လုံးရှိ တယ်။ မီးရှိတယ်။ ရေကတော့ လက် တုန်ကင်လုပ်ပေးထားတယ်။ ဒါနဲ့ အဆင်ပြေတယ်ဆိုပြီး ဝယ်ဖြစ်သွားတာပဲ”

”ဘေးပတ်ဝန်းကျင်မှာ အိမ်တွေရှိသလား” ”ညာဘက်ခြမ်းမှာတော့ အိမ်ရှိတယ်။ လူတွေလည်းနေကြတယ်။ ဘယ်ဘက်ခြမ်းမှာတော့ မြေကွက်လပ်အနေနဲ့ရှိတယ်။ အခုတော့ အိမ် တွေနဲ့ စည်ကားနေပါပြီ”

”အခုမှလာပြီး သူ့မြေကွက်ပါ။ ဖယ်ပေးပါဆိုပြီး နို့တစ်ပေးတာမ ဟုတ်လား။ ဒါကလည်း မကြာမကြာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပဲ”

”အိမ်ဆောက်တုန်းကလည်း ဘယ်သူမှ မကန့်ကွက်ခဲ့ဘဲနဲ့ အခုမှ လာပြီးသူ့မြေပါဆိုလို့ ဥပဒေကခွင့်ပြုပါသလား”

”လောလောဆယ် စိတ်ကို တည် တည်ငြိမ်ငြိမ်ထားပြီး ကျွန်တော်မေး တာလေးဖြေပေးပါ”ဟု စာရေးသူက မိတ်ဆွေဖြစ်သူကို အေးဆေးစွာပြောလိုက်ပါသည်။

”ရုတ်တရက် စာရောက်လာတော့ စိတ်ထဲမှာ အတော်ရှုပ်သွားတယ်” ”မှန်ပါတယ်။ ကျွန်တော် ခံစား မိပါတယ်။ အခုဝယ်ထားတဲ့ မြေနဲ့ ပတ်သက်ပြီး ဘာစာရွက်စာတမ်း အထောက်အထားရှိပါသလဲ။ မြေဂရန် စာချုပ်ရှိသလား”

”ဂရန်တော့ မလျှောက်ရသေး ဘူးဗျာ။ သူတို့က ဒီမြေချပါမစ်ပြ တယ်။ ပြီးတော့ သူတို့ အဆင့်ဆင့် လက်လွှဲဝယ်ထားတဲ့ စာချုပ်နှစ်ခုပေး တယ်”ဟုဆိုပြီး စာရေးသူအား အရပ်စာချုပ်နှစ်ခုကို ပြသပါသည်။

”ဒီအရပ်စာချုပ်တွေကတော့ အထောက်အထားတစ်ခုအဖြစ် တင် ပြနိုင်တာပေါ့လေ။ အဓိကအချက်က အဲဒီမြေကွက်ရဲ့ ပါမစ်စာချုပ်ပါတယ် မဟုတ်လား။ သူငယ်ချင်းပြတဲ့ အခုဒီပါမစ်စာချုပ်က မိသားစုဓာတ်ပုံလည်း မပါလာပါလား”

”ဟုတ်တယ်။ ကိုယ်ဝယ်စဉ်က အမည်ပေါက် တိုက်ရိုက်မဟုတ်တော့ သူပေးတာပဲယူထားလိုက်တာ” ”အင်း-လွယ်လွယ်ကူကူလုပ် တော့လည်း အမှားပါတတ်တယ် သူ ငယ်ချင်း။ ကိုယ့်အမြင်တော့ ဒီပါမစ်စာချုပ်က အတုဖြစ်မယ်ထင်တယ်။ မြေစာရင်းဌာနကို သွားမစုံစမ်းဘူးလား”

”အခုသွားစုံစမ်းတော့ နို့တစ် ပေးတဲ့ သူရဲ့ အမည်ပေါက်လို့ သိရတယ်။ ဒါကြောင့် အတော်ထိတ်လန့် သွားတာသူငယ်ချင်း” ”မိမိထံရောင်းသွားတဲ့ သူကိုဆက်သွယ်လို့ရသေးလား”

”၉ နှစ် ၁ဝ နှစ်လောက်ရှိပြီဆို တော့ လိပ်စာလည်း မသိတော့ဘူး။ ရောင်းစဉ်က အခုအိမ်လိပ်စာနဲ့ ရောင်းသွားတာဆိုတော့ ဘယ်ဆက် သွယ်ရမှန်းမသိတော့ဘူး”

”ဟုတ်ပြီလေ၊ ဥပဒေအရ ကျွန် တော်တို့ စဉ်းစားကြည့်တာပေါ့။ ပြီး တာတွေတော့ ပြီးခဲ့ပြီ။ အိမ်လည်း ဆောက်နေခဲ့ပြီ။ ဒီတော့ လက်ဝယ် ရှိနေပြီဆိုတဲ့အတွက် နည်းနည်းတော့အခွင့်အရေးရှိပါသေးတယ်”

”အချို့ကပြောတော့ ကျွန်တော် တို့က မူလပိုင်ရှင်ရှိမှန်းမသိလို့ ဝယ် မိတာဆိုရင် ဆင်းပေးရန် တာဝန်မရှိဘူးဆိုတာ ဟုတ်ပါသလား” ”အိမ်ကတော့ ကိုယ်ပိုင်ငွေနဲ့ ဆောက်ထားတဲ့အတွက် မိမိပိုင်အိမ် လို့ ပြောပိုင်ခွင့်ရှိပေမယ့် မြေက ပိုင် ရှင်အစစ်ထံက ဝယ်ယူခဲ့ခြင်းမဟုတ် လို့ ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူး”

”တကယ်လို့ တရားစွဲဆိုလာရင် ဖယ်ပေးရမှာလား”

”ဒါနဲ့ ပတ်သက်လို့ ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဒေါ်ခင်လှမူနှင့် ဒေါ်စိန်စိန် ၂ဝဝ၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင် ထုံး စာမျက်နှာ -၁ဝ၅ အမှုမှာ ပိုင် ရှင်လက်ရှိ ဝင်ရောက်နေထိုင်ခြင်းမရှိ သေးမီ အခြားသူဝင်ရောက်၍ အိမ် ဆောက်နေထိုင်ခြင်းသည် ကျူးကျော် နေထိုင်ခြင်းဖြစ်သည်။

မြေပိုင်ရှင်က မြေကွက်ကို စွန့်လွှတ်သည်ဟု မဆို နိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မြေကွက်ပိုင်ရှင်က အဆို ပါ မြေကွက်ကို စွန့်လွှတ်ထားကြောင်း အထောက်အထားပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်”

”အိမ်က ဆောက်လုပ်ထားတဲ့ အတွက် အမှုရှုံးရင် အိမ်တန်ဖိုးရနိုင် ပါသလား”
”ဒါကတော့ တရားရုံးရဲ့ ဆုံး ဖြတ်ချက်ပေါ်မှာ မူတည်မှာဖြစ်ပါ တယ်။ အမှုဖြစ်စဉ်က မတူညီတဲ့အ တွက် တစ်ထစ်ချတော့ မပြောနိုင်ဘူး သူငယ်ချင်း။

ဒါပေမယ့် သူငယ်ချင်း ကို ရောင်းလိုက်တဲ့ သူအပေါ်မှာတော့ လျော်ကြေးတောင်းပိုင်ခွင့်ရှိမှာဖြစ်ပါ တယ်””သူက လိပ်စာရှာမတွေ့ဖြစ်နေတော့ အဆင်မပြေဘူး” ”ဒါကတော့ ကြိုးစားရှာရမယ်။ မဖြစ်ရင် တရားစွဲဆိုရမယ် သူငယ်ချင်း”

”မဖြစ်တော့ဘူးဆိုရင်တော့ ပွဲစားလုပ်ပေးတဲ့ သူကတစ်ဆင့်ရှာရမှာပဲ” ”သူငယ်ချင်းရဲ့ အရောင်းအ ဝယ် ကတိစာချုပ်မှာ အရှုပ်အရှင်း ပြဿနာတစ်စုံတစ်ခုရှိလျှင် ပြေလည်သည်အထိ ဆောင်ရွက်ပေးပါမည်။

ပြေလည်ခြင်းမရှိပါက ဝယ်သူကို နစ်နာမှုမရှိစေရန် ပေးလျော်မည်လို့ ဖော်ပြထားတဲ့အတွက် တရားစွဲဆို တောင်းပိုင်ခွင့်ရှိပါတယ်” ”အခုကိစ္စက အရောင်းအဝယ် ထပ်တဲ့ သဘောမဟုတ်ဘူးလား”

”အရောင်းအဝယ်ထပ်တယ်ဆို တာက ပစ္စည်းပိုင်ရှင်က ၎င်းပိုင်မြေ နဲ့ အိမ်တို့ကို တစ်ဦးထံ ရောင်းချ လိုက်မယ်။ ဝယ်သူက ဝင်မနေဘဲ ကာလအကြာမှာ အိမ်မြေပိုင်ရှင်က အခြားတစ်ဦးကို ထပ်ရောင်းတာမျိုး ဖြစ်တယ်”

”ပိုင်ရှင်တစ်ဦးတည်းက နှစ်ခါ ရောင်းတဲ့ သဘောပေါ့”

”ဟုတ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ လည်း လက်မဲ့ဖြစ်သူက ရောင်းသူ အပေါ် ဝယ်ဈေးအပြင်နစ်နာကြေးပါ ရထိုက်တယ်လို့ တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ဦးအဘူနှင့် ဒေါ်ကမာလ် ဇံပါ (၄)၊ ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်နှာ – ၁၁၈ အမှုမှာဆုံးဖြတ်ထားပါတယ်။

ဒါ ကြောင့် ဥပဒေနဲ့အညီ နစ်နာကြေး ရပိုင်ခွင့်ရှိပါတယ်” ”ယုံလွယ်ရင် အမှားဖြစ်တတ် တယ်ဆိုတာ သဘောပေါက်သွားပြီ။ အမှန်တော့ ဝယ်စဉ်ကတည်းက စာရွက်စာတမ်း မှန်မမှန်သေချာလေ့လာရမှာ”

”မှန်ပါတယ်။ အိမ် ခြံ မြေဆို တာက အမျိုးမျိုးရှိတယ်။ ဥယျာဉ်ခြံ မြေ၊ ပါမစ်မြေ၊ ဂရန်မြေ၊ လယ်ယာ မြေ စသဖြင့် ရှုပ်ထွေးတယ်။ ဒီအ ပေါ်မှာ အခွင့်အရေးယူပြီး အမြတ်ထုတ်တဲ့ သူတွေလည်း ရှိကြတယ်။

ဒါကြောင့် ဘယ်သူမဆို အိမ်မြေဝယ်မယ်ဆိုရင် နားလည်တတ်ကျွမ်းသူ တွေနဲ့ သေချာလေ့လာစုံစမ်းပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း”ဟု ဆွေးနွေးလိုက်ပါသည်။

မေတ္တာဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသည်။

မူရင်းရေးသားသူ ထီယု (ဥပဒေ အတိုင်ပင်ခံ)အား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*