ဘ၀လက္တြဲေဖာ္ အိမ္ေထာင္ဖက္ဆိုသည္မွာ

ဘ၀လက္တြဲေဖာ္ အိမ္ေထာင္ဖက္ဆိုသည္မွာ
ဘ၀လက္တြဲေဖာ္ အိမ္ေထာင္ဖက္ဆိုသည္မွာ

ဘ၀လက္တြဲေဖာ္ အိမ္ေထာင္ဖက္ဆိုသည္မွာ

အိမ္ေထာင္ဖက္ဆိုသည္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ မိသားစု တစ္ခုစီကေန ေမြးဖြားၿပီး ဖူးစာဖက္ျဖစ္ ေပါင္းေဖာ္ခြင့္ရတာဟာ အေၾကာင္းမဲ့ ျဖစ္လာတာ မဟုတ္ပါဘူး။

ဘဝဘဝမ်ားစြာက အတူျပဳခဲ့ၾကတဲ့ ေကာင္းမႈ ကုသိုလ္သဒၶါ သီလ စာဂ ပညာေတြတူမွ်ခဲ့တာေၾကာင့္ ဒီဘဝမွာလည္း ဆုံေတြ႕ၾကရပါတယ္။

အၾကင္လက္မယားျဖစ္ၿပီး အခ်စ္ေတြ ေလ်ာ့မသြားၾကပါနဲ႔ ပိုပိုၿပီးေတာ့ ခ်စ္ၾကရမွာပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခြင့္လႊတ္ျခင္း နားလည္ျခင္း စာနာျခင္း သစၥာေစာင့္သိျခင္း စသည္ျဖင့္ခိုင္ၿမဲေနမွ အိမ္ေထာင္ေရးသာယာၾကမွာလည္းျဖစ္တယ္။

ကိုယ္နဲ႔မယူခင္က လွလွပပ ႏုႏုပ်ိဳပ်ိဳ ေခ်ာေခ်ာေမာေမာေလးအိမ္ေထာင့္တာဝန္ေတြထမ္းရင္း..အ႐ြယ္ေတြရင့္လာမယ္အဝ လြန္လာမယ္၊

ႏုပ်ိဳမႈအစားအိုမင္းျခင္းေတြ အစားထိုးလာမယ္။ ပုံပ်က္ ပန္းပ်က္ျဖစ္ခ်င္ျဖစ္လာမယ္။ ဒါေတြဟာ သဘာဝတရားမို႔ေက်ေက်နပ္နပ္ လက္ခံေပးရမယ္။

တခ်ိဳ႕က ေျပာတတ္ၾကတယ္… အိမ္က အဖိုးႀကီးတဲ့၊ အိမ္က အဖြားႀကီးတဲ့ အိမ္ကဟာႀကီး အိမ္ကဟာမႀကီးတဲ့။ တကယ္ဆို ကိုယ့္အေပၚ တကယ္ေမတၱာစစ္နဲ႔ ေပါင္းသင္းေနတဲ့ ၾကင္သူကိုရႈံ႕ခ်တဲ့စကား၊ အရွက္ရေစမယ့္စကား သိကၡာထိပါးေစမယ့္ စကားေတြ ေရွာင္ရွားၾကရမွာပါ။

ဘဝတစ္ခု စတင္တည္ေဆာက္ၾကၿပီဆိုကတည္းက ေအးအတူ ပူအမွ် ငိုလည္းမခြဲ ရီလည္းမခြာ ေကာင္းေမြ ဆိုးေမြ အတူတကြရင္ဆိုင္ ေျဖရွင္းၾကရမွာပါ။

သူ႔အမ်ိဳးလည္းကိုယ့္အမ်ိဳး သူ႔သူငယ္ခ်င္းလည္း ကိုယ့္သူငယ္ခ်င္း စိတ္သေဘာထားႀကီးႀကီးနဲ႔ စိတ္ေကာင္း ႏွလုံးေကာင္းေမြးၿပီးတန္းတူ ဆက္ဆံႏိုင္ေအာင္လည္း ႀကိဳးစားၾကရပါမယ္။

ဟိုဖက္ သည္ဖက္ သူ႔အမ်ိဳး ကိုယ့္အမ်ိဳးသူေပးလည္းကိုယ္ၾကည္ျဖဴ ကိုယ္ေပးလည္း သူၾကည္ျဖဴ စိတ္ထားမွ်တဖို႔ လိုပါတယ္။

တစ္ေယာက္ေအာင္ျမင္မႈကို တစ္ေယာက္က မုဒိတာပြားၿပီး ႏွစ္ႏွစ္ကာကာ ဝမ္းသာရပါမယ္။ တစ္စုံတစ္ရာ ဆုံးရႈံးခဲ့မယ္ဆိုလည္း အျပစ္တင္စကား မေျပာဘဲ… စိတ္ပ်က္ ဝမ္းနည္းတဲ့ အမူအယာ လုံးဝမေပၚေစဘဲ က႐ုဏာပြားၿပီး ႏွစ္သိမ့္ရမွာပါ။

ျဖစ္ေပၚလာတဲ့ အခက္အခဲကို ေခါင္းမေရွာင္ဘဲ အတူေျဖရွင္းၾကရမယ္။ တခ်ိဳ႕မ်ားဆို
အသိေခါင္းပါးစြာ မိသားစု အေရးမစဥ္းစားေတာ့ဘဲ ကိုယ္လြတ္႐ုန္းၿပီး ထြက္ေျပးတတ္၊ သာသနာ့ေဘာင္ထဲ ဝင္တတ္ၾက …။

ေနာက္က မိသားစု ဘယ္လို စားဝတ္ေနေရး က်န္းမာေရး ပညာေရး လူမႈေရး ဘာမွ ျပန္မၾကည့္ဘဲ တစ္ကိုယ္ေကာင္းဆန္တတ္ၾကတာမို႔ သတိျပဳဖြယ္ေကာင္းပါတယ္။

တရားစခန္းဝင္မွ တရားအားထုတ္ႏိုင္တာမဟုတ္ပါ။ ႏွလုံးသြင္းတတ္ရင္ မိမိတို႔ ေန႔စဥ္ေနစဥ္ဘဝမွာပါ တရားပြားမ်ားႏိုင္ပါတယ္။ စိတ္ပါရင္ အိပ္ယာလည္း ရိပ္သာ စိတ္မပါရင္ ရိပ္သာလည္း အိပ္ယာဆိုတာလို ျဖစ္ေနမွာပါ။

ကိုယ့္ဇနီးခင္ပြန္းသည္သာ ကိုယ့္ဘဝရဲ႕ အေဖာ္မြန္ေတြပါ။သူတို႔ေရွ႕မွာ တစ္ျခားသူေတြေတာ္ေၾကာင္း ေကာင္းေၾကာင္း ေခ်ာေမာ လွပေၾကာင္း အားမနာ လွ်ာမက်ိဳး မေျပာမိဖို႔အၿမဲ သတိထားၾကရမွာပါ။

ကိုယ့္အိမ္ေထာင္ဖက္သည္သာ ေသတပန္ သက္တဆုံး အတူလက္တြဲသြားၾကရမွာမို႔ ကိုယ့္ဘဝအတြက္ အေကာင္းဆုံး အေဖာ္မြန္ေတြပါ။ အၿမဲတမ္း ခ်စ္စရာအေကာင္းဆုံးမို႔ခ်ီးက်ဴးစကားေတြ ေျပာၾကားေပးဖို႔ မေမ့လိုက္ၾကပါနဲ႔။

ထာဝရခိုင္ၿမဲေသာအိမ္ေထာင္မ်ား တည္ေဆာက္ႏိုင္ၾကပါေစ။Crd

Unicode

ဘဝလက်တွဲဖော် အိမ်ထောင်ဖက်ဆိုသည်မှာ

အိမ်ထောင်ဖက်ဆိုသည်မှာ တစ်ယောက်နဲ့တစ်ယောက် မိသားစု တစ်ခုစီကနေ မွေးဖွားပြီး ဖူးစာဖက်ဖြစ် ပေါင်းဖော်ခွင့်ရတာဟာ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။

ဘဝဘဝများစွာက အတူပြုခဲ့ကြတဲ့ ကောင်းမှု ကုသိုလ်သဒ္ဓါ သီလ စာဂ ပညာတွေတူမျှခဲ့တာကြောင့် ဒီဘဝမှာလည်း ဆုံတွေ့ကြရပါတယ်။

အကြင်လက်မယားဖြစ်ပြီး အချစ်တွေ လျော့မသွားကြပါနဲ့ ပိုပိုပြီးတော့ ချစ်ကြရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ခွင့်လွှတ်ခြင်း နားလည်ခြင်း စာနာခြင်း သစ္စာစောင့်သိခြင်း စသည်ဖြင့်ခိုင်မြဲနေမှ အိမ်ထောင်ရေးသာယာကြမှာလည်းဖြစ်တယ်။

ကိုယ်နဲ့မယူခင်က လှလှပပ နုနုပျိုပျို ချောချောမောမောလေးအိမ်ထောင့်တာဝန်တွေထမ်းရင်း..အရွယ်တွေရင့်လာမယ်အဝ လွန်လာမယ်၊

နုပျိုမှုအစားအိုမင်းခြင်းတွေ အစားထိုးလာမယ်။ ပုံပျက် ပန်းပျက်ဖြစ်ချင်ဖြစ်လာမယ်။ ဒါတွေဟာ သဘာဝတရားမို့ကျေကျေနပ်နပ် လက်ခံပေးရမယ်။

တချို့က ပြောတတ်ကြတယ်… အိမ်က အဖိုးကြီးတဲ့၊ အိမ်က အဖွားကြီးတဲ့ အိမ်ကဟာကြီး အိမ်ကဟာမကြီးတဲ့။ တကယ်ဆို ကိုယ့်အပေါ် တကယ်မေတ္တာစစ်နဲ့ ပေါင်းသင်းနေတဲ့ ကြင်သူကိုရှုံ့ချတဲ့စကား၊ အရှက်ရစေမယ့်စကား သိက္ခာထိပါးစေမယ့် စကားတွေ ရှောင်ရှားကြရမှာပါ။

ဘဝတစ်ခု စတင်တည်ဆောက်ကြပြီဆိုကတည်းက အေးအတူ ပူအမျှ ငိုလည်းမခွဲ ရီလည်းမခွာ ကောင်းမွေ ဆိုးမွေ အတူတကွရင်ဆိုင် ဖြေရှင်းကြရမှာပါ။

သူ့အမျိုးလည်းကိုယ့်အမျိုး သူ့သူငယ်ချင်းလည်း ကိုယ့်သူငယ်ချင်း စိတ်သဘောထားကြီးကြီးနဲ့ စိတ်ကောင်း နှလုံးကောင်းမွေးပြီးတန်းတူ ဆက်ဆံနိုင်အောင်လည်း ကြိုးစားကြရပါမယ်။

ဟိုဖက် သည်ဖက် သူ့အမျိုး ကိုယ့်အမျိုးသူပေးလည်းကိုယ်ကြည်ဖြူ ကိုယ်ပေးလည်း သူကြည်ဖြူ စိတ်ထားမျှတဖို့ လိုပါတယ်။

တစ်ယောက်အောင်မြင်မှုကို တစ်ယောက်က မုဒိတာပွားပြီး နှစ်နှစ်ကာကာ ဝမ်းသာရပါမယ်။ တစ်စုံတစ်ရာ ဆုံးရှုံးခဲ့မယ်ဆိုလည်း အပြစ်တင်စကား မပြောဘဲ… စိတ်ပျက် ဝမ်းနည်းတဲ့ အမူအယာ လုံးဝမပေါ်စေဘဲ ကရုဏာပွားပြီး နှစ်သိမ့်ရမှာပါ။

ဖြစ်ပေါ်လာတဲ့ အခက်အခဲကို ခေါင်းမရှောင်ဘဲ အတူဖြေရှင်းကြရမယ်။ တချို့များဆို
အသိခေါင်းပါးစွာ မိသားစု အရေးမစဉ်းစားတော့ဘဲ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးတတ်၊ သာသနာ့ဘောင်ထဲ ဝင်တတ်ကြ …။

နောက်က မိသားစု ဘယ်လို စားဝတ်နေရေး ကျန်းမာရေး ပညာရေး လူမှုရေး ဘာမှ ပြန်မကြည့်ဘဲ တစ်ကိုယ်ကောင်းဆန်တတ်ကြတာမို့ သတိပြုဖွယ်ကောင်းပါတယ်။

တရားစခန်းဝင်မှ တရားအားထုတ်နိုင်တာမဟုတ်ပါ။ နှလုံးသွင်းတတ်ရင် မိမိတို့ နေ့စဉ်နေစဉ်ဘဝမှာပါ တရားပွားများနိုင်ပါတယ်။ စိတ်ပါရင် အိပ်ယာလည်း ရိပ်သာ စိတ်မပါရင် ရိပ်သာလည်း အိပ်ယာဆိုတာလို ဖြစ်နေမှာပါ။

ကိုယ့်ဇနီးခင်ပွန်းသည်သာ ကိုယ့်ဘဝရဲ့ အဖော်မွန်တွေပါ။သူတို့ရှေ့မှာ တစ်ခြားသူတွေတော်ကြောင်း ကောင်းကြောင်း ချောမော လှပကြောင်း အားမနာ လျှာမကျိုး မပြောမိဖို့အမြဲ သတိထားကြရမှာပါ။

ကိုယ့်အိမ်ထောင်ဖက်သည်သာ သေတပန် သက်တဆုံး အတူလက်တွဲသွားကြရမှာမို့ ကိုယ့်ဘဝအတွက် အကောင်းဆုံး အဖော်မွန်တွေပါ။ အမြဲတမ်း ချစ်စရာအကောင်းဆုံးမို့ချီးကျူးစကားတွေ ပြောကြားပေးဖို့ မမေ့လိုက်ကြပါနဲ့။

ထာဝရခိုင်မြဲသောအိမ်ထောင်များ တည်ဆောက်နိုင်ကြပါစေ။Crd

Be the first to comment

Leave a Reply

Your email address will not be published.


*