ကားတစ္စီးကို ကိုယ္တိုင္ျပဳျပင္ထိန္းသိမ္းႏိုင္ဖို႔ လုပ္ေဆာင္ႏိုင္တဲ့ အခ်က္(၁၀)ခ်က္

ကားတစ္စီးကို ကိုယ္တိုင္ျပဳျပင္ထိန္းသိမ္းႏိုင္ဖို႔ လုပ္ေဆာင္ႏိုင္တဲ့ အခ်က္(၁၀)ခ်က္
ကားတစ္စီးကို ကိုယ္တိုင္ျပဳျပင္ထိန္းသိမ္းႏိုင္ဖို႔ လုပ္ေဆာင္ႏိုင္တဲ့ အခ်က္(၁၀)ခ်က္

ကားတစ္စီးကို ကိုယ္တိုင္ျပဳျပင္ထိန္းသိမ္းႏိုင္ဖို႔ လုပ္ေဆာင္ႏိုင္တဲ့ အခ်က္(၁၀)ခ်က္

ကားတစ္စီးကို ကိုယ္တိုင္ထိန္းသိမ္းျပဳျပင္မယ္ဆိုရင္ ကိုယ္တိုင္လုပ္ေဆာင္ႏိုင္တဲ့အခ်က္(၁၀) ခ်က္ ကိုေ႐ြးခ်ယ္ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အင္ဂ်င္ဝိုင္ကို စစ္ေဆးလဲလွယ္ပါ။ အင္ဂ်င္ဝိုင္နဲ႔ Filter ကို ပုံမွန္ စစ္ေဆးၿပီး အသစ္လဲေပးတာက အင္ဂ်င္သက္တမ္းကို ၾကာရွည္ ေစပါတယ္။

၂။ တစ္ႏွစ္ ကို တစ္ႀကိမ္ ေရတိုင္ကီနဲ႔ အေအးေပး စနစ္ကို ေဆးေၾကာေပးၿပီး coolant ကိုလည္း အသစ္ လဲလွယ္ေပးပါ။ coolant နဲ႔ ေပါင္းခံေရကို အခ်ိဳးတူ ေရာစပ္အသုံးျပဳတာက အေအးေပးစနစ္ကို ေကာင္းမြန္ေစၿပီး ေရတိုင္ကီနဲ႔ ပိုက္လိုင္းေတြထဲမွာ အနည္ထိုင္ ပ်က္စီးတာကို ကာကြယ္ ထားႏိုင္ပါတယ္။

၃။ ဂီယာဆီေတြကိုလည္း လဲလွယ္ေပးပါ။ မၾကာခဏ လဲေပးဖို႔ မလိုေပမယ့္ သတ္မွတ္ခ်ိန္ တစ္ခုထားၿပီး လဲေပးရင္ အေကာင္းဆုံး ျဖစ္ပါတယ္။ ဆီေတြ လဲတဲ့ အခါမွာလည္း အၿမဲတမ္း သတ္မွတ္ထားတဲ့ အမ်ိဳးအစား ကိုပဲ အသုံးျပဳပါ။

၄။ သန႔္စင္ ေဆးေၾကာေပးပါ။ ကားရဲ႕အျပင္ဖက္ကို ေဆးေၾကာတာကိုေတာ့ ေျပာစရာ မလိုေလာက္ပါဘူး။ ဒါေပမယ့္ ေအာက္ဖက္ေတြ ကိုလည္း သန႔္စင္ ေဆးေၾကာေပးဖို႔ လိုအပ္ ပါတယ္။ အညစ္အေၾကး ေတြကို ေရအား ေကာင္းေကာင္းနဲ႔ ထိုးၿပီး ေဆးေၾကာေပးတာ အေကာင္းဆုံး ျဖစ္ပါတယ္။

၅။ လႈပ္ရွား လည္ပတ္ေနတဲ့ အရာအားလုံးမွာ အမဲဆီ လိုအပ္တယ္ ဆိုတာ မေမ့ပါနဲ႔။ အမဲဆီ ေသခ်ာ မထိုးထားဘူး ဆိုရင္ ေဘာေတြ ဂြၽိဳင္းေတြက ၾကာရွည္ ခံမွာ မဟုတ္ပါဘူး။

၆။ အေရာင္တင္ဆီ အသုံးျပဳပါ။ အရည္အေသြး ေကာင္းမြန္တဲ့ အေရာင္တင္ဆီေတြက သင့္ရဲ႕ကားေဆးေရာင္ကို သစ္လြင္ လွပေနေစၿပီး အေရာင္ မလြင့္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ အနည္းဆုံး (၆)လ တစ္ႀကိမ္ ေလာက္ေတာ့ အေရာင္တင္ေပးဖို႔ လိုပါတယ္။

၇။ ယူဂ်ိဳင္း(U-Joints) ေတြလိုမ်ိဳး Driveline components ေတြကလည္း ပုံမွန္ ဆီထိုးေပးဖို႔ လိုအပ္ပါတယ္။

၈။ အတြင္းပိုင္းကိုလည္း ကာကြယ္ပါ။ ပါကင္ထိုး ရပ္နားရင္ အရိပ္ထဲမွာ ရပ္ပါ။ ျပတင္းမွန္ေတြမွာ ေနကာျပားေတြ တပ္ဆင္ထားပါ။ ဒါမွ ကားအတြင္းပိုင္းက ပလတ္စတစ္ေတြနဲ႔ ဗီႏိုင္းသားေတြ ေျခာက္ေသြ႕ ပ်က္စီးတာကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။

၉။ ကားဘီးေတြမွာ ရွိတဲ့ ဆုံေတြ ခြက္ေတြကို စစ္ေဆး သန႔္ရွင္းေပးဖို႔လည္း လိုပါတယ္။ ကားဘီးရဲ႕ bearing ေတြနဲ႔ လိုအပ္တဲ့ အမဲဆီ လဲလွယ္ေပးတာက ဘီးအုံလိုက္ျဖဳတ္လဲရတာနဲ႔ ယွဥ္ရင္ ကုန္က်စရိတ္ သက္သာပါတယ္။

၁၀။ ဘရိတ္ဆီ က အစိုဓာတ္ကို စုပ္ယူႏိုင္ပါတယ္။ အစိုဓာတ္မ်ားျခင္းေၾကာင့္ အစိတ္အပိုင္းေတြ သံေခ်းတက္ ပ်က္စီးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဘရိတ္ဆီ လဲလွယ္ေပးၿပီး ဘရိတ္စနစ္ရဲ႕အစိတ္အပိုင္းေတြကို တစ္ႏွစ္ တစ္ခါေလာက္ စစ္ေဆးေပးဖို႔ လိုပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ကားတစ်စီးကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ အချက်(၁၀)ချက်

ကားတစ်စီးကို ကိုယ်တိုင်ထိန်းသိမ်းပြုပြင်မယ်ဆိုရင် ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့အချက်(၁၀) ချက် ကိုရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

၁။ အင်ဂျင်ဝိုင်ကို စစ်ဆေးလဲလှယ်ပါ။ အင်ဂျင်ဝိုင်နဲ့ Filter ကို ပုံမှန် စစ်ဆေးပြီး အသစ်လဲပေးတာက အင်ဂျင်သက်တမ်းကို ကြာရှည် စေပါတယ်။

၂။ တစ်နှစ် ကို တစ်ကြိမ် ရေတိုင်ကီနဲ့ အအေးပေး စနစ်ကို ဆေးကြောပေးပြီး coolant ကိုလည်း အသစ် လဲလှယ်ပေးပါ။ coolant နဲ့ ပေါင်းခံရေကို အချိုးတူ ရောစပ်အသုံးပြုတာက အအေးပေးစနစ်ကို ကောင်းမွန်စေပြီး ရေတိုင်ကီနဲ့ ပိုက်လိုင်းတွေထဲမှာ အနည်ထိုင် ပျက်စီးတာကို ကာကွယ် ထားနိုင်ပါတယ်။

၃။ ဂီယာဆီတွေကိုလည်း လဲလှယ်ပေးပါ။ မကြာခဏ လဲပေးဖို့ မလိုပေမယ့် သတ်မှတ်ချိန် တစ်ခုထားပြီး လဲပေးရင် အကောင်းဆုံး ဖြစ်ပါတယ်။ ဆီတွေ လဲတဲ့ အခါမှာလည်း အမြဲတမ်း သတ်မှတ်ထားတဲ့ အမျိုးအစား ကိုပဲ အသုံးပြုပါ။

၄။ သန့်စင် ဆေးကြောပေးပါ။ ကားရဲ့အပြင်ဖက်ကို ဆေးကြောတာကိုတော့ ပြောစရာ မလိုလောက်ပါဘူး။ ဒါပေမယ့် အောက်ဖက်တွေ ကိုလည်း သန့်စင် ဆေးကြောပေးဖို့ လိုအပ် ပါတယ်။ အညစ်အကြေး တွေကို ရေအား ကောင်းကောင်းနဲ့ ထိုးပြီး ဆေးကြောပေးတာ အကောင်းဆုံး ဖြစ်ပါတယ်။

၅။ လှုပ်ရှား လည်ပတ်နေတဲ့ အရာအားလုံးမှာ အမဲဆီ လိုအပ်တယ် ဆိုတာ မမေ့ပါနဲ့။ အမဲဆီ သေချာ မထိုးထားဘူး ဆိုရင် ဘောတွေ ဂျွိုင်းတွေက ကြာရှည် ခံမှာ မဟုတ်ပါဘူး။

၆။ အရောင်တင်ဆီ အသုံးပြုပါ။ အရည်အသွေး ကောင်းမွန်တဲ့ အရောင်တင်ဆီတွေက သင့်ရဲ့ကားဆေးရောင်ကို သစ်လွင် လှပနေစေပြီး အရောင် မလွင့်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အနည်းဆုံး (၆)လ တစ်ကြိမ် လောက်တော့ အရောင်တင်ပေးဖို့ လိုပါတယ်။

၇။ ယူဂျိုင်း(U-Joints) တွေလိုမျိုး Driveline components တွေကလည်း ပုံမှန် ဆီထိုးပေးဖို့ လိုအပ်ပါတယ်။

၈။ အတွင်းပိုင်းကိုလည်း ကာကွယ်ပါ။ ပါကင်ထိုး ရပ်နားရင် အရိပ်ထဲမှာ ရပ်ပါ။ ပြတင်းမှန်တွေမှာ နေကာပြားတွေ တပ်ဆင်ထားပါ။ ဒါမှ ကားအတွင်းပိုင်းက ပလတ်စတစ်တွေနဲ့ ဗီနိုင်းသားတွေ ခြောက်သွေ့ ပျက်စီးတာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၉။ ကားဘီးတွေမှာ ရှိတဲ့ ဆုံတွေ ခွက်တွေကို စစ်ဆေး သန့်ရှင်းပေးဖို့လည်း လိုပါတယ်။ ကားဘီးရဲ့ bearing တွေနဲ့ လိုအပ်တဲ့ အမဲဆီ လဲလှယ်ပေးတာက ဘီးအုံလိုက်ဖြုတ်လဲရတာနဲ့ ယှဉ်ရင် ကုန်ကျစရိတ် သက်သာပါတယ်။

၁၀။ ဘရိတ်ဆီ က အစိုဓာတ်ကို စုပ်ယူနိုင်ပါတယ်။ အစိုဓာတ်များခြင်းကြောင့် အစိတ်အပိုင်းတွေ သံချေးတက် ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် ဘရိတ်ဆီ လဲလှယ်ပေးပြီး ဘရိတ်စနစ်ရဲ့အစိတ်အပိုင်းတွေကို တစ်နှစ် တစ်ခါလောက် စစ်ဆေးပေးဖို့ လိုပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*