မိန္းမ တစ္ေယာက္ကို ထမင္း ေကြၽးထားႏိုင္႐ုံေလာက္နဲ႔ ေတာ့ လက္မထပ္ပါနဲ႔

မိန္းမ တစ္ေယာက္ကို ထမင္း ေကြၽးထားႏိုင္႐ုံေလာက္နဲ႔ ေတာ့ လက္မထပ္ပါနဲ႔
မိန္းမ တစ္ေယာက္ကို ထမင္း ေကြၽးထားႏိုင္႐ုံေလာက္နဲ႔ ေတာ့ လက္မထပ္ပါနဲ႔

မိန္းမ တစ္ေယာက္ကို ထမင္း ေကြၽးထားႏိုင္႐ုံေလာက္နဲ႔ ေတာ့ လက္မထပ္ပါနဲ႔

မိန္းမ တစ္ေယာက္ကို ထမင္း ေကြၽးႏိုင္႐ုံေလာက္နဲ႔မယူနဲ႔ လက္မထပ္ပါနဲ႔ ထမင္းကေတာ့ သူ႔မိဘလဲဝ ေအာင္ေကြၽးႏိုင္တယ္။ျမန္မာ့ အိမ္ေထာင္ေရးနဲ႔ အမ်ိဳးသမီးတို႔ ခံစားခ်က္ ျမန္မာေယာက္်ားအခ်ိဳ႕ဟာ ကိုယ္တိုင္က တာဝန္မယူႏိုင္ဘဲ မိန္းမယူခ်င္ၾကတယ္။

တာဝန္ယူတယ္ ဆိုတာ လက္ထပ္႐ုံ၊ ေငြေၾကးေထာက္ပံ့ ေပး႐ုံကို ေျပာတာမဟုတ္ဘူးေနာ္…။မိန္းကေလးတစ္ေယာက္ရဲ႕ စိတ္ခံစားမႈကို နားလည္ႏိုင္မႈကို ေျပာတာ။

အဲဒီေတာ့ မိန္းမယူၿပီး ပိုက္ဆံေပးရင္ရၿပီထင္တာ မွားတယ္။ ဒါေပမယ့္ မိန္းကေလးရဲ႕ အိမ္မက္ေတြေရာ ကိုယ့္ရဲ႕ အိမ္မက္ေတြကိုပါ အျပန္အလွန္ အေကာင္အထည္ ေဖာ္ႏိုင္ေအာင္ ကူညီႏိုင္ၾကမယ္ဆို ယူေပါ့။ဒါကမွ တာဝန္ယူႏိုင္မႈ အစစ္ပဲ။

အခ်ိဳ႕က ရွိေသးတယ္… မင္း ငါနဲ႔ ယူၿပီးရင္ ဘာအလုပ္မွ မလုပ္နဲ႔… အိမ္မွာ ကေလးနဲ႔ေအးေအးေဆးေဆး ေနတဲ့။ အဲဒါ တကယ့္ေထာင္ေခ်ာက္ မိန္းမတိုင္းက ကေလးေမြးၿပီး ကေလးကို ျပဳစုေစာင့္ေရွာက္ႏိုင္မႈမွာ ေယာက္်ားေတြထက္သာတာမွန္ေပမယ့္

တစ္သက္လုံး သူတို႔ကို အျပင္ေလာကနဲ႔ မဆက္ဆံခိုင္းရင္ သူက ၾကာတဲ့အခါ အိမ္မွာေနရင္း ေလွာင္အိမ္ထဲက ငွက္လိုျဖစ္ၿပီး အႀကံတုံး ညဏ္တုံး ျဖစ္သြားလိမ့္မယ္။ ဘယ္မိန္းမ မဆို ေယာက္်ားရၿပီးသည့္တိုင္ေအာင္ ကိုယ္စိတ္ဝင္စားတာ တစ္ခုခုကို စြဲစြဲၿမဲၿမဲ လုပ္ႏိုင္ခြင့္ေတာ့ရွိရမယ္။

ဘာလို႔လည္းဆိုေတာ့ မိန္းမ ေတြမွာ အိမ္မွာေနၿပီး သူဝါသနာပါရာ လုပ္ႏိုင္မွသာ သူ႔တန္ဖိုးကို သူမမဲ့မွာ။ မဟုတ္ရင္ သူ႔ေယာက္်ားက တစ္ျခားတစ္ေယာက္ကို စိတ္ဝင္စားေနခဲ့ရင္ သူတို႔မွာ ကိုယ့္တန္ဖိုးေတာင္ ဘာမွန္းမသိေလာက္ေအာင္ စိတ္ဓာတ္က်ရမယ္။

အဲေတာ့ ေယာက္်ားတစ္ေယာက္က မိန္းမတစ္ေယာက္ကို တကယ္ခ်စ္ရင္ အဲ မိန္းမ ကို ကိုယ္ကလည္း respect ေပးရမယ္။ သူလုပ္ခ်င္တာေလးေတြ ေပးလုပ္ရမယ္။ငါပိုက္ဆံ ရွာေကြၽးထားတာ မင္းက ငါေျပာတာပဲ နားေထာင္ ဆိုတာကို ဘယ္မိန္းမမွ ခ်စ္တာလို႔ ခံစားရမွာ မဟုတ္ဘူး။

အဲဒါက သခင္နဲ႔ ကြၽန္ ဆက္ဆံေရး။ လင္နဲ႔မယား ဆိုတာ အျပန္အလွန္ ေဆြးေႏြးတိုင္ပင္ တစ္ေယာက္ေျပာတာ တစ္ေယာက္ ေသခ်ာ နားေထာင္တဲ့ ဆက္ဆံေရးပါ။ ဒါေၾကာင့္ ဘယ္တစ္ေယာက္ကမွ ႏွိမ္ သလို အေရးမပါသလို ဆက္ဆံလို႔ မရဘူး။

ေနာက္တစ္ခုက Healthy relationship ဆိုတာ တစ္ေယာက္အေၾကာင္း တစ္ေယာက္နားလည္ၿပီး ေမတၱာေတြ သည္းခံမႈေတြ နဲ႔ ေရွ႕ဆက္ရတာပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ အေလ်ာ့အတင္းေလးေတြနဲ႔ ဆက္ဆံရတာမ်ိဳးပါ။ အၿမဲတမ္း တင္းလြန္းရင္လည္း ျပတ္တတ္သလို႔ ေလ်ာ့လြန္းရင္လည္း အဆင္မေျပပါဘူး။

တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈ ရွိသည့္တိုင္ ျပႆနာဆိုတာ အေျခအေန အရပ္ရပ္က ဝင္လာမွာမို႔လို႔ ဘယ္လို အေျခအေနေရာက္ေရာက္ အတူတူ ရင္ဆိုင္မယ္ဆိုတဲ့ ရဲေဘာ္ရဲဘက္ စိတ္လည္း လိုတယ္။

ေနာက္တစ္ခုကေတာ့ ေဘးစကားေတြပါ…

ျမန္မာ မိသားစုေတြမွာ အေတာ္စပ္စုၿပီး စကားရႈပ္တဲ့ လူေတြ ပါဝင္ ေနတတ္ပါတယ္။ ကိုယ့္မိသားစုကိစၥ မဟုတ္ပဲ ကိုယ္ဘာမွ မသိဘဲ ဝင္ေယာင္၊ ဝင္ရႈပ္တာနဲ႔ ရန္ျဖစ္စကားမ်ားရတဲ့ လင္မယားေတြ အမ်ားႀကီးပါ။

တကယ္ေတာ့ သူတို႔ဟာ ကူညီသလိုလိုနဲ႔ အဆင္းဘီးတပ္ေနတဲ့ ေဆြမ်ိဳးေတြပါပဲ။ ကြၽန္မ ေျပာတာ ျမန္မာမိသားစု အေတာ္မ်ားမ်ားရဲ႕ ျဖစ္ေနၾက ျပႆနာေတြပါ။ ဒီေတာ့ ေဘးစကားေၾကာင့္ ျပႆနာတက္မယ္ဆို ကိုယ့္လူအသိဆုံးပဲ။

အျပင္လူနဲ႔ ကိုယ့္လူဆိုရင္ ကိုယ့္လူစကားဘဲ ယုံရမွာပဲ။ ကိုယ့္လူနဲ႔ ကိုယ္ျပႆနာတက္ရင္ ႏွစ္ေယာက္လုံး စိတ္ဆင္းရဲ ရတာ ေဘးလူက ေအးေဆး အေနသာႀကီး။ ဒါေၾကာင့္ လင္မယား ျပႆနာတက္ရင္ ကိုယ့္အခ်င္းခ်င္းၾကားမွာ ကိုယ့္ဘာသာပဲ ရေအာင္ရွင္းပါ။ တစ္ခ်ိဳ႕ ကိစၥေတြက အျပင္လူ ပါမွ ရွင္းမရျဖစ္တတ္ပါတယ္။

ေနာက္ ေဘးပတ္ဝန္းက်င္ရဲ႕ေျပာစကားဆိုတာ အင္မတန္မွ အိမ္ေထာင္ေရး ကို ႐ိုတ္ခက္ပါတယ္။ ျမန္မာ့လူေနမႈမွာ သူမ်ားအေၾကာင္းစပ္စုတာဟာ အေလ့တစ္ခုလို ျဖစ္ေနပါၿပီး။

ကြၽန္မရဲ႕ ပုဂၢလအျမင္အရ ဆိုရင္ေတာ့ စပ္စုတာကိုေတာ္ေတာ္မုန္းတဲ့ထဲမွာ ပါတယ္။စပ္စုမယ္၊ စကားသယ္မယ္၊ ဒီစကားဟိုပို႔မယ္… ဘာမဟုတ္တာကို ပုံႀကီးခ်ဲ႕မယ္… ဒါေတြအားလုံးဟာ မုသာဝါဒထဲမွာ အက်ိဳးဝင္တယ္။ အတိအက်ေနနဲ႔ ဆိုရင္ သမၹပၸလာပ လို႔ေခၚတဲ့ ေသးႏုပ္သိမ္ဖ်င္းတဲ့ အတင္းအဖ်င္း စကားထဲမွာ အက်ိဳးဝင္တယ္။

ဒါကိုဘာလို႔ ဗုဒၶဘာသာ ျမန္မာလူမ်ိဳး အမည္ခံၿပီး လုပ္ေနၾကလဲ ဆိုရင္ ဘုရား စကား ကို နားမလည္လို႔လို႔ပဲ ေျပာရမွာပဲ။ကြၽန္မတို႔ ျမန္မာႏိုင္ငံက မိသားစု ေတာ္ေတာ္မ်ားမ်ား ၊ လင္မယား မိတ္ေဆြေတြၾကား ျပႆနာတက္တာ ခုန သမၹပၸလာပ ကို ေပ်ာ္ေပ်ာ္ႀကီး က်ဴးလြန္ေနၾကလို႔။

သူမ်ားကို မသိဘဲ ကဲ့ရဲ႕ တတ္တာလည္း ဝစီကံ က်ဴးလြန္တာပါပဲ။ ကိုယ္တိုင္က မသိလို႔ သိတဲ့သူက ေျပာရင္လည္း ဟုတ္လား… ငါမွမသိတာ ငါထင္တာက ဆိုတာနဲ႔ ထင္ေၾကး ေပးတတ္ျခင္းကလဲ မုသာဝါဒ ေျမာက္တယ္။

ဒီ မုသာဝါဒ သာ ထိန္းႏိုင္ၾကည့္ crime လည္းေလ်ာ့သြားမယ္။ ျပႆနာေတာ္ေတာ္မ်ားမ်ားလည္း ေလ်ာ့သြားမယ္။ တစ္ခ်ိဳ႕ေတြကေျပာတဲ့ white lie ဆိုတာ ရွိေသးတယ္။ ဗုဒၶအဘိဓမၼာမွာ White lie လည္း မရပါဘူး။ မုသာဝါဒ က မုသာဝါဒပဲ။ မုသာဝါဒ မလုံတဲ့သူဟာ ဘာသီလမွ မလုံေတာ့ပါဘူး။

အဲဒါေၾကာင့္ ဘယ္ ဆက္ဆံေရးမဆို ၾကာရွည္တည္ၿမဲ ခ်င္ရင္ အဆုံးစြန္ဆုံး ႐ိုးသားဖို႔ လိုတယ္။ ႐ိုးသားတာကို မႀကိဳက္တဲ့သူက မ႐ိုးသားလို႔ပါပဲ။

ေမတၱာျဖင့္ ျပန္လည္မွ်ေဝျခင္းျဖစ္သည္။မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

မိန်းမ တစ်ယောက်ကို ထမင်း ကျွေးထားနိုင်ရုံလောက်နဲ့ တော့ လက်မထပ်ပါနဲ့

မိန်းမ တစ်ယောက်ကို ထမင်း ကျွေးနိုင်ရုံလောက်နဲ့မယူနဲ့ လက်မထပ်ပါနဲ့ ထမင်းကတော့ သူ့မိဘလဲဝ အောင်ကျွေးနိုင်တယ်။မြန်မာ့ အိမ်ထောင်ရေးနဲ့ အမျိုးသမီးတို့ ခံစားချက် မြန်မာယောက်ျားအချို့ဟာ ကိုယ်တိုင်က တာဝန်မယူနိုင်ဘဲ မိန်းမယူချင်ကြတယ်။

တာဝန်ယူတယ် ဆိုတာ လက်ထပ်ရုံ၊ ငွေကြေးထောက်ပံ့ ပေးရုံကို ပြောတာမဟုတ်ဘူးနော်…။မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုကို နားလည်နိုင်မှုကို ပြောတာ။

အဲဒီတော့ မိန်းမယူပြီး ပိုက်ဆံပေးရင်ရပြီထင်တာ မှားတယ်။ ဒါပေမယ့် မိန်းကလေးရဲ့ အိမ်မက်တွေရော ကိုယ့်ရဲ့ အိမ်မက်တွေကိုပါ အပြန်အလှန် အကောင်အထည် ဖော်နိုင်အောင် ကူညီနိုင်ကြမယ်ဆို ယူပေါ့။ဒါကမှ တာဝန်ယူနိုင်မှု အစစ်ပဲ။

အချို့က ရှိသေးတယ်… မင်း ငါနဲ့ ယူပြီးရင် ဘာအလုပ်မှ မလုပ်နဲ့… အိမ်မှာ ကလေးနဲ့အေးအေးဆေးဆေး နေတဲ့။ အဲဒါ တကယ့်ထောင်ချောက် မိန်းမတိုင်းက ကလေးမွေးပြီး ကလေးကို ပြုစုစောင့်ရှောက်နိုင်မှုမှာ ယောက်ျားတွေထက်သာတာမှန်ပေမယ့်

တစ်သက်လုံး သူတို့ကို အပြင်လောကနဲ့ မဆက်ဆံခိုင်းရင် သူက ကြာတဲ့အခါ အိမ်မှာနေရင်း လှောင်အိမ်ထဲက ငှက်လိုဖြစ်ပြီး အကြံတုံး ညဏ်တုံး ဖြစ်သွားလိမ့်မယ်။ ဘယ်မိန်းမ မဆို ယောက်ျားရပြီးသည့်တိုင်အောင် ကိုယ်စိတ်ဝင်စားတာ တစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်နိုင်ခွင့်တော့ရှိရမယ်။

ဘာလို့လည်းဆိုတော့ မိန်းမ တွေမှာ အိမ်မှာနေပြီး သူဝါသနာပါရာ လုပ်နိုင်မှသာ သူ့တန်ဖိုးကို သူမမဲ့မှာ။ မဟုတ်ရင် သူ့ယောက်ျားက တစ်ခြားတစ်ယောက်ကို စိတ်ဝင်စားနေခဲ့ရင် သူတို့မှာ ကိုယ့်တန်ဖိုးတောင် ဘာမှန်းမသိလောက်အောင် စိတ်ဓာတ်ကျရမယ်။

အဲတော့ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို တကယ်ချစ်ရင် အဲ မိန်းမ ကို ကိုယ်ကလည်း respect ပေးရမယ်။ သူလုပ်ချင်တာလေးတွေ ပေးလုပ်ရမယ်။ငါပိုက်ဆံ ရှာကျွေးထားတာ မင်းက ငါပြောတာပဲ နားထောင် ဆိုတာကို ဘယ်မိန်းမမှ ချစ်တာလို့ ခံစားရမှာ မဟုတ်ဘူး။

အဲဒါက သခင်နဲ့ ကျွန် ဆက်ဆံရေး။ လင်နဲ့မယား ဆိုတာ အပြန်အလှန် ဆွေးနွေးတိုင်ပင် တစ်ယောက်ပြောတာ တစ်ယောက် သေချာ နားထောင်တဲ့ ဆက်ဆံရေးပါ။ ဒါကြောင့် ဘယ်တစ်ယောက်ကမှ နှိမ် သလို အရေးမပါသလို ဆက်ဆံလို့ မရဘူး။

နောက်တစ်ခုက Healthy relationship ဆိုတာ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပြီး မေတ္တာတွေ သည်းခံမှုတွေ နဲ့ ရှေ့ဆက်ရတာပါ။ တစ်ယောက်နဲ့တစ်ယောက် အလျော့အတင်းလေးတွေနဲ့ ဆက်ဆံရတာမျိုးပါ။ အမြဲတမ်း တင်းလွန်းရင်လည်း ပြတ်တတ်သလို့ လျော့လွန်းရင်လည်း အဆင်မပြေပါဘူး။

တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိသည့်တိုင် ပြဿနာဆိုတာ အခြေအနေ အရပ်ရပ်က ဝင်လာမှာမို့လို့ ဘယ်လို အခြေအနေရောက်ရောက် အတူတူ ရင်ဆိုင်မယ်ဆိုတဲ့ ရဲဘော်ရဲဘက် စိတ်လည်း လိုတယ်။

နောက်တစ်ခုကတော့ ဘေးစကားတွေပါ…

မြန်မာ မိသားစုတွေမှာ အတော်စပ်စုပြီး စကားရှုပ်တဲ့ လူတွေ ပါဝင် နေတတ်ပါတယ်။ ကိုယ့်မိသားစုကိစ္စ မဟုတ်ပဲ ကိုယ်ဘာမှ မသိဘဲ ဝင်ယောင်၊ ဝင်ရှုပ်တာနဲ့ ရန်ဖြစ်စကားများရတဲ့ လင်မယားတွေ အများကြီးပါ။

တကယ်တော့ သူတို့ဟာ ကူညီသလိုလိုနဲ့ အဆင်းဘီးတပ်နေတဲ့ ဆွေမျိုးတွေပါပဲ။ ကျွန်မ ပြောတာ မြန်မာမိသားစု အတော်များများရဲ့ ဖြစ်နေကြ ပြဿနာတွေပါ။ ဒီတော့ ဘေးစကားကြောင့် ပြဿနာတက်မယ်ဆို ကိုယ့်လူအသိဆုံးပဲ။

အပြင်လူနဲ့ ကိုယ့်လူဆိုရင် ကိုယ့်လူစကားဘဲ ယုံရမှာပဲ။ ကိုယ့်လူနဲ့ ကိုယ်ပြဿနာတက်ရင် နှစ်ယောက်လုံး စိတ်ဆင်းရဲ ရတာ ဘေးလူက အေးဆေး အနေသာကြီး။ ဒါကြောင့် လင်မယား ပြဿနာတက်ရင် ကိုယ့်အချင်းချင်းကြားမှာ ကိုယ့်ဘာသာပဲ ရအောင်ရှင်းပါ။ တစ်ချို့ ကိစ္စတွေက အပြင်လူ ပါမှ ရှင်းမရဖြစ်တတ်ပါတယ်။

နောက် ဘေးပတ်ဝန်းကျင်ရဲ့ပြောစကားဆိုတာ အင်မတန်မှ အိမ်ထောင်ရေး ကို ရိုတ်ခက်ပါတယ်။ မြန်မာ့လူနေမှုမှာ သူများအကြောင်းစပ်စုတာဟာ အလေ့တစ်ခုလို ဖြစ်နေပါပြီး။

ကျွန်မရဲ့ ပုဂ္ဂလအမြင်အရ ဆိုရင်တော့ စပ်စုတာကိုတော်တော်မုန်းတဲ့ထဲမှာ ပါတယ်။စပ်စုမယ်၊ စကားသယ်မယ်၊ ဒီစကားဟိုပို့မယ်… ဘာမဟုတ်တာကို ပုံကြီးချဲ့မယ်… ဒါတွေအားလုံးဟာ မုသာဝါဒထဲမှာ အကျိုးဝင်တယ်။ အတိအကျနေနဲ့ ဆိုရင် သမ္ဖပ္ပလာပ လို့ခေါ်တဲ့ သေးနုပ်သိမ်ဖျင်းတဲ့ အတင်းအဖျင်း စကားထဲမှာ အကျိုးဝင်တယ်။

ဒါကိုဘာလို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး အမည်ခံပြီး လုပ်နေကြလဲ ဆိုရင် ဘုရား စကား ကို နားမလည်လို့လို့ပဲ ပြောရမှာပဲ။ကျွန်မတို့ မြန်မာနိုင်ငံက မိသားစု တော်တော်များများ ၊ လင်မယား မိတ်ဆွေတွေကြား ပြဿနာတက်တာ ခုန သမ္ဖပ္ပလာပ ကို ပျော်ပျော်ကြီး ကျူးလွန်နေကြလို့။

သူများကို မသိဘဲ ကဲ့ရဲ့ တတ်တာလည်း ဝစီကံ ကျူးလွန်တာပါပဲ။ ကိုယ်တိုင်က မသိလို့ သိတဲ့သူက ပြောရင်လည်း ဟုတ်လား… ငါမှမသိတာ ငါထင်တာက ဆိုတာနဲ့ ထင်ကြေး ပေးတတ်ခြင်းကလဲ မုသာဝါဒ မြောက်တယ်။

ဒီ မုသာဝါဒ သာ ထိန်းနိုင်ကြည့် crime လည်းလျော့သွားမယ်။ ပြဿနာတော်တော်များများလည်း လျော့သွားမယ်။ တစ်ချို့တွေကပြောတဲ့ white lie ဆိုတာ ရှိသေးတယ်။ ဗုဒ္ဓအဘိဓမ္မာမှာ White lie လည်း မရပါဘူး။ မုသာဝါဒ က မုသာဝါဒပဲ။ မုသာဝါဒ မလုံတဲ့သူဟာ ဘာသီလမှ မလုံတော့ပါဘူး။

အဲဒါကြောင့် ဘယ် ဆက်ဆံရေးမဆို ကြာရှည်တည်မြဲ ချင်ရင် အဆုံးစွန်ဆုံး ရိုးသားဖို့ လိုတယ်။ ရိုးသားတာကို မကြိုက်တဲ့သူက မရိုးသားလို့ပါပဲ။

မေတ္တာဖြင့် ပြန်လည်မျှဝေခြင်းဖြစ်သည်။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*