ေဂြးေတာက္ပင္အား စီးပြားျဖစ္ စနစ္တက် စိုက္ပ်ိဳးနည္း

ေဂြးေတာက္ပင္အား စီးပြားျဖစ္ စနစ္တက် စိုက္ပ်ိဳးနည္း
ေဂြးေတာက္ပင္အား စီးပြားျဖစ္ စနစ္တက် စိုက္ပ်ိဳးနည္း

ေဂြးေတာက္ပင္အား စီးပြားျဖစ္ စနစ္တက် စိုက္ပ်ိဳးနည္း

ေဂြးေတာက္ပင္အား စီးပြားျဖစ္ စနစ္တက် စိုက္ပ်ိဳးနည္းေလးကို ျပန္လည္ မွ်ေဝေလးလိုက္ပါတယ္ေနာ္…

မ်ိဳးေစ့ရရွိႏိုင္မႈ

ေဂြးေတာက္ပင္ဟာ ႏွစ္ရွည္ပင္အမ်ိဳးအစားျဖစ္လို႔ စိုက္ပ်ိဳးၿပီး ၂ လအၾကာမွစ၍ ႏွစ္ရွည္ ဆယ္စုႏွစ္အထိ ခူးယူႏိုင္ေသာ အပင္အမ်ိဳးအစားျဖစ္ပါတယ္။ႏွစ္ရင့္ေဂြးေတာက္ပင္မ်ားတြင္ တစ္ႏွစ္တႀကိမ္ ဖူးပြင့္ ကာ ေႏြရာသီတြင္ အသီး သီးေလ့ရွိပါတယ္ ။

အသီးမ်ားရင့္ၿပီးခ်ိန္တြင္ အသီးမ်ားမွာကြဲအက္၍ အလြန္ေသးငယ္ေသာ အေစ့မ်ားမွာ အေစ့အညႇာတိုင္မွ ဂြမ္းႏွင့္အတူ ေလထဲပါသြားေလ့ရွိၿပီး ဂြမ္းက်ရာေနရာမ်ားတြင္ အေစ့ငယ္က်ကာ အပင္ေပါက္၍ မ်ိဳးပြားေလ့ရွိပါသည္။

ေဂြးေတာက္ပင္အား မ်ိဳးေစ့ယူလိုပါက အသီးရင္မ်ားကိုခူး၍ အေစ့ထုတ္ယူႏိုင္ပါတယ္ ။ သိုမဟုတ္ သစ္ပင္မ်ားတြင္ တြယ္ကပ္ေနေသာ ႏွစ္ရင့္အပင္ႀကီးမ်ား

အနီးတဝိုက္တြင့္ အေစ့က်ေပါက္ေနေသာ ပ်ိဳးပင္ငယ္မ်ားကို ရွာေဖြေ႐ႊ႕ေျပာင္းစိုက္ပ်ိဳးႏိုင္ပါတယ္။ ေဂြးေတာက္ပင္အား စနစ္တက် စီပြားျဖစ္စိုက္ပ်ိဳးလိုပါက ….

အေစ့ခ်ပ်ိဳးေထာင္ျခင္း

က်ေနာ္ စိုက္ပ်ိဳးေသာနည္းလမ္းကေတာ့ ပ်ိဳးအိတ္ (3″×5″ )ဆိုက္တြင္ ႏြားေခ်း ၾကက္ေခ်း ေျမေဆြးတို႔အား သင့္ေလ်ာ္သလိုေရာစပ္ထည့္ကာစနစ္က် မ်ိဳးေစ့ခ်၍ စိုက္ပ်ိဳးေထာင္ပါတယ္။

ပ်ိဳးအိတ္ငယ္တစ္အိတ္တြင္ မ်ိဳးေစ့ တစ္ေစ့သာထည့္ပါတယ္။ စင္ပ်ိဳးေထာင္ၿပီး ၅ ရက္မွ ၇ ရက္အတြင္း အပင္ေပါက္ေလ့ရွိၿပီး ပ်ိဳးသက္ ၄၅ ရက္တြင္စတင္ေ႐ႊ႕ေျပာင္းစိုက္လိုရပါၿပီ။

ေျမျပင္ျခင္း

စိုက္ပ်ိဳးမည့္ေျမေနရာအား ထည္ေရးညပ္ေအာင္ျပဳလုပ္၍ စိုက္ပ်ိဳးေဘာင္အား အနံ ေပ ခန႔္ ႏွင့္ အလွ်ားသင့္ေလ်ာ္သလို စနစ္တက် ျပဳလုပ္ပါတယ္။

ေျမျပင္ရာတြင္ စိုက္မ်ိဳးေျမအား ႏြားေခ်း ၾကက္ေခ်း ေျမေဆြးတို႔အား သမ ေအာင္ေရာစပ္၍ တီစူပါ သို႔ မဟုတ္ ၁၅×၁၅ ဓာတ္ေျမာၾသဇာ အနည္းငယ္ထည့္၍ စိုက္ေဘာင္မ်ား အတြဲ အတန္းညီေအာင္ စနစ္တက်ျပဳျပင္ပါတယ္။

စိုက္ပ်ိဳးျခင္း

ေျမေဆြး ၊ ႏြားေခ်း ၊ ၾကက္ေခ်းတို႔ျဖင့္စနစ္တက် ျပဳျပင္ထားေသာ အနံ ၃ ေပခန႔္ အက်ယ္ စိုက္ေဘာင္တြင္ ပ်ိဳးပင္ငယ္အား ပင္ျခား ၁၀ လက္မ တန္းျခား ၁၂ လက္ မွခန႔္ ျခား၍ အတြဲအတန္း ညီညာမႈရွိေအာင္ စနစ္တက်စိုက္ပ်ိဳးပါတယ္။

ပ်ိဳးပင္တြင္ပါလာေသာ ပ်ိဳးအိပ္အား ပ်ိဳးပင္စိုက္ထားသည့္ ေျမခဲမေၾကမြေစရန္ သတိျပဳ၍ ေ႐ႊ႕ေျပာင္းစိုက္မ်ိဳးရပါမည္။စိုက္ပ်ိဳးရာတြင္ ေနေအး သည့္ ညေနပိုင္းအခ်ိန္ အမ်ားတြင္စိုက္ပ်ိဳးရန္လိုအပ္ပါသည္။

ေရးေလာင္ျခင္းႏွင့္ အပင္ ထိန္းသိမ္းျခင္း

ပ်ိဳးပင္ငယ္အား ေ႐ြ႕စိုက္ခါစ ၃ ရက္အတြင္း တေန႔လွ်င္ ေရ၃ႀကိမ္ခန္း ေရအစိုဓာတ္ရေအာင္ ေလာင္းသည့္ပါတယ္။

အပင္ ရွင္သန္ၿပီခ်ိန္မ်ားတြင္ ေႏြရာသီအခ်ိန္ တြင္ တစ္ေန႔လွ်င္ ည အနက္ ၂ ႀကိမ္ ခန႔္ ေဆာင္ရာသီးႏွင့္ မိုးရာသီမ်ားတြင္ တေန႔ ၁ ႀကိမ္ခန႔္ပုံမွန္ ေရေလာင္ေပး႐ုံျဖင့္ ျပည္စုံလုံေလာက္ခန႔္ရွိပါသည္။

ေ႐ႊ႕ေျပာင္းစိုက္ပ်ိဳးၿပီး ၄၅ ရက္ေနာက့ပိုင္းတြင္ ၁၄ ရက္တြင္ အပင္အ႐ြက္ ဖ်န္းအားေဆး ( အာမို 1 သို႔မဟုတ္ ေကာမတ္ 1) တို႔အား ဖ်န္းေပးသင့္ပါသည္။ ထိုမွသာ မၾကာခဏ အၫြန္ခူးယူႏိုင္ပါမည္။

ေဂြးေတာက္ပင္မ်ားတြင္ အ႐ြက္အား စားေသာ ႐ြတ္ဖ်က္ပိုးမ်ား မၾကာခဏ က်ေရာက္တက္လို႔ ပင္လုံးပ်ံ႕ပိုးသတ္ေဆးတစ္မ်ိဳးအား တစ္လလွ်င္

တစ္ႀကိမ္ခန႔္ ဖ်န္းေပးျခင္း သ္ု႔မဟုတ္ ပိုးေကာင္ က်ေရာခါစအခ်ိန္မ်ားတြင္ လိုအပ္သလို ပိုးသတ္ေဆးဖ်န္းျခင္းျပဳလုပ္သင့္ပါသည္။

အပင္ျဖစ္ထြန္းခ်ိန္တြင္ အပင္အား တေပခြဲခန႔္ ထက္ပို၍ အျမင့္မခဲဘဲ အၫြန႔္မ်ားအား ခူးဖ်က္ေပးရပါမည္။ ထိုမွသာ ညီညာလွပ၍ အ႐ြက္ထြက္ႏႈန္းေကာင္းမြန္မည္ျဖစ္ပါသည္။

ဒါကေတာ့ က်ေနာ္ လက္ေတြစိုက္ပ်ိဳးတဲ့နည္းလမ္းဘဲျဖစ္ပါတယ္…က်ေတာ္ကေတာ့ ေဂြးေတာက္ပင္ကို အခုလိုစနစ္တက် စိုက္ထားပါတယ္။ စိုက္ပ်ိဴးၿပိး ၂လခန႔္အၾကာမွာ စတင္ ခူးလို႔ရပါၿပီ။ အခုပုံကေတာ့ စိုက္ပ်ိဳးၿပီး ၈ လသားျဖစ္ပါတယ္။

အပင္ကို အျမင့္မထားဘဲ ရွည္ထြက္လာတဲ့ အၫႊန႔္ ေတြကို ၁၀ရက္ တခါေလာက္ ျဖတ္ေပးပါတယ္…..။ အပင္ ၁၀၀၀ ေက်ာ္ ကိုေျမေနရာ ေပ ၂၀ ပတ္လည္ေလာက္ဘဲလိုအပ္ပါတယ္။

၁၀ ရက္ကို တစ္ႀကိမ္ေလာက္ခူးလို႔ရပါတယ္။ တစ္ႀကိမ္ခူးရင္ ေဒသေပါက္ေဈး ျဖင့္တြက္လွ်င္၂၀၀၀၀က်ပ္ ဖိုးေလာက္ရပါတယ္ ဗ်ာ။

ဒါေၾကာင့္မို႔ စိုက္ပ်ိဴးေရး ဝါသနာပါၿပိးေျမေနရာ က်င္းေနတဲ့သူေတြအတြက္ စိတ္လည္းခ်မ္းသာ ဒုကၡလည္းမမ်ားဘဲ ဝင္ေငြလည္း လည္း.ပုံမွန္ရေစဖို႔အတြက္ ေဂြးေတာက္ ပင္ကို တႏိုင္တပိုင္စိုက္ပ်ိဴး ၾကဖို႔ အႀကံေပးလိုပါတယ္ဗ်ာ..။ေမတၱာျဖင့္ ျပန္လည္မ်ွေ၀ပါသည္။

Credit-ဦးဘိုႏိုင္ စိုက္ပ်ိဳးေရး -မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ဂွေးတောက်ပင်အား စီးပွားဖြစ် စနစ်တကျ စိုက်ပျိုးနည်း

ဂွေးတောက်ပင်အား စီးပွားဖြစ် စနစ်တကျ စိုက်ပျိုးနည်းလေးကို ပြန်လည် မျှဝေလေးလိုက်ပါတယ်နော်…

မျိုးစေ့ရရှိနိုင်မှု

ဂွေးတောက်ပင်ဟာ နှစ်ရှည်ပင်အမျိုးအစားဖြစ်လို့ စိုက်ပျိုးပြီး ၂ လအကြာမှစ၍ နှစ်ရှည် ဆယ်စုနှစ်အထိ ခူးယူနိုင်သော အပင်အမျိုးအစားဖြစ်ပါတယ်။နှစ်ရင့်ဂွေးတောက်ပင်များတွင် တစ်နှစ်တကြိမ် ဖူးပွင့် ကာ နွေရာသီတွင် အသီး သီးလေ့ရှိပါတယ် ။

အသီးများရင့်ပြီးချိန်တွင် အသီးများမှာကွဲအက်၍ အလွန်သေးငယ်သော အစေ့များမှာ အစေ့အညှာတိုင်မှ ဂွမ်းနှင့်အတူ လေထဲပါသွားလေ့ရှိပြီး ဂွမ်းကျရာနေရာများတွင် အစေ့ငယ်ကျကာ အပင်ပေါက်၍ မျိုးပွားလေ့ရှိပါသည်။

ဂွေးတောက်ပင်အား မျိုးစေ့ယူလိုပါက အသီးရင်များကိုခူး၍ အစေ့ထုတ်ယူနိုင်ပါတယ် ။ သိုမဟုတ် သစ်ပင်များတွင် တွယ်ကပ်နေသော နှစ်ရင့်အပင်ကြီးများ

အနီးတဝိုက်တွင့် အစေ့ကျပေါက်နေသော ပျိုးပင်ငယ်များကို ရှာဖွေရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါတယ်။ ဂွေးတောက်ပင်အား စနစ်တကျ စီပွားဖြစ်စိုက်ပျိုးလိုပါက ….

အစေ့ချပျိုးထောင်ခြင်း

ကျနော် စိုက်ပျိုးသောနည်းလမ်းကတော့ ပျိုးအိတ် (3″×5″ )ဆိုက်တွင် နွားချေး ကြက်ချေး မြေဆွေးတို့အား သင့်လျော်သလိုရောစပ်ထည့်ကာစနစ်ကျ မျိုးစေ့ချ၍ စိုက်ပျိုးထောင်ပါတယ်။

ပျိုးအိတ်ငယ်တစ်အိတ်တွင် မျိုးစေ့ တစ်စေ့သာထည့်ပါတယ်။ စင်ပျိုးထောင်ပြီး ၅ ရက်မှ ၇ ရက်အတွင်း အပင်ပေါက်လေ့ရှိပြီး ပျိုးသက် ၄၅ ရက်တွင်စတင်ရွှေ့ပြောင်းစိုက်လိုရပါပြီ။

မြေပြင်ခြင်း

စိုက်ပျိုးမည့်မြေနေရာအား ထည်ရေးညပ်အောင်ပြုလုပ်၍ စိုက်ပျိုးဘောင်အား အနံ ပေ ခန့် နှင့် အလျှားသင့်လျော်သလို စနစ်တကျ ပြုလုပ်ပါတယ်။

မြေပြင်ရာတွင် စိုက်မျိုးမြေအား နွားချေး ကြက်ချေး မြေဆွေးတို့အား သမ အောင်ရောစပ်၍ တီစူပါ သို့ မဟုတ် ၁၅×၁၅ ဓာတ်မြောသြဇာ အနည်းငယ်ထည့်၍ စိုက်ဘောင်များ အတွဲ အတန်းညီအောင် စနစ်တကျပြုပြင်ပါတယ်။

စိုက်ပျိုးခြင်း

မြေဆွေး ၊ နွားချေး ၊ ကြက်ချေးတို့ဖြင့်စနစ်တကျ ပြုပြင်ထားသော အနံ ၃ ပေခန့် အကျယ် စိုက်ဘောင်တွင် ပျိုးပင်ငယ်အား ပင်ခြား ၁၀ လက်မ တန်းခြား ၁၂ လက် မှခန့် ခြား၍ အတွဲအတန်း ညီညာမှုရှိအောင် စနစ်တကျစိုက်ပျိုးပါတယ်။

ပျိုးပင်တွင်ပါလာသော ပျိုးအိပ်အား ပျိုးပင်စိုက်ထားသည့် မြေခဲမကြေမွစေရန် သတိပြု၍ ရွှေ့ပြောင်းစိုက်မျိုးရပါမည်။စိုက်ပျိုးရာတွင် နေအေး သည့် ညနေပိုင်းအချိန် အများတွင်စိုက်ပျိုးရန်လိုအပ်ပါသည်။

ရေးလောင်ခြင်းနှင့် အပင် ထိန်းသိမ်းခြင်း

ပျိုးပင်ငယ်အား ရွေ့စိုက်ခါစ ၃ ရက်အတွင်း တနေ့လျှင် ရေ၃ကြိမ်ခန်း ရေအစိုဓာတ်ရအောင် လောင်းသည့်ပါတယ်။

အပင် ရှင်သန်ပြီချိန်များတွင် နွေရာသီအချိန် တွင် တစ်နေ့လျှင် ည အနက် ၂ ကြိမ် ခန့် ဆောင်ရာသီးနှင့် မိုးရာသီများတွင် တနေ့ ၁ ကြိမ်ခန့်ပုံမှန် ရေလောင်ပေးရုံဖြင့် ပြည်စုံလုံလောက်ခန့်ရှိပါသည်။

ရွှေ့ပြောင်းစိုက်ပျိုးပြီး ၄၅ ရက်နောက့ပိုင်းတွင် ၁၄ ရက်တွင် အပင်အရွက် ဖျန်းအားဆေး ( အာမို 1 သို့မဟုတ် ကောမတ် 1) တို့အား ဖျန်းပေးသင့်ပါသည်။ ထိုမှသာ မကြာခဏ အညွန်ခူးယူနိုင်ပါမည်။

ဂွေးတောက်ပင်များတွင် အရွက်အား စားသော ရွတ်ဖျက်ပိုးများ မကြာခဏ ကျရောက်တက်လို့ ပင်လုံးပျံ့ပိုးသတ်ဆေးတစ်မျိုးအား တစ်လလျှင်

တစ်ကြိမ်ခန့် ဖျန်းပေးခြင်း သ်ု့မဟုတ် ပိုးကောင် ကျရောခါစအချိန်များတွင် လိုအပ်သလို ပိုးသတ်ဆေးဖျန်းခြင်းပြုလုပ်သင့်ပါသည်။

အပင်ဖြစ်ထွန်းချိန်တွင် အပင်အား တပေခွဲခန့် ထက်ပို၍ အမြင့်မခဲဘဲ အညွန့်များအား ခူးဖျက်ပေးရပါမည်။ ထိုမှသာ ညီညာလှပ၍ အရွက်ထွက်နှုန်းကောင်းမွန်မည်ဖြစ်ပါသည်။

ဒါကတော့ ကျနော် လက်တွေစိုက်ပျိုးတဲ့နည်းလမ်းဘဲဖြစ်ပါတယ်…ကျတော်ကတော့ ဂွေးတောက်ပင်ကို အခုလိုစနစ်တကျ စိုက်ထားပါတယ်။ စိုက်ပျိူးပြိး ၂လခန့်အကြာမှာ စတင် ခူးလို့ရပါပြီ။ အခုပုံကတော့ စိုက်ပျိုးပြီး ၈ လသားဖြစ်ပါတယ်။

အပင်ကို အမြင့်မထားဘဲ ရှည်ထွက်လာတဲ့ အညွှန့် တွေကို ၁၀ရက် တခါလောက် ဖြတ်ပေးပါတယ်…..။ အပင် ၁၀၀၀ ကျော် ကိုမြေနေရာ ပေ ၂၀ ပတ်လည်လောက်ဘဲလိုအပ်ပါတယ်။

၁၀ ရက်ကို တစ်ကြိမ်လောက်ခူးလို့ရပါတယ်။ တစ်ကြိမ်ခူးရင် ဒေသပေါက်ဈေး ဖြင့်တွက်လျှင်၂၀၀၀၀ကျပ် ဖိုးလောက်ရပါတယ် ဗျာ။

ဒါကြောင့်မို့ စိုက်ပျိူးရေး ဝါသနာပါပြိးမြေနေရာ ကျင်းနေတဲ့သူတွေအတွက် စိတ်လည်းချမ်းသာ ဒုက္ခလည်းမများဘဲ ဝင်ငွေလည်း လည်း.ပုံမှန်ရစေဖို့အတွက် ဂွေးတောက် ပင်ကို တနိုင်တပိုင်စိုက်ပျိူး ကြဖို့ အကြံပေးလိုပါတယ်ဗျာ..။မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

Credit-ဦးဘိုနိုင် စိုက်ပျိုးရေး -မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*