အသက္ ၃၀ ေက်ာ္မွ စီးပြားေရး စလုပ္မယ္ဆိုရင္…(ယူဆခ်က္ေတြ ေကာင္းလြန္းလို႕ ျပန္လည္ မ်ွေ၀ေပးပါသည္။)

အသက္ ၃၀ ေက်ာ္မွ စီးပြားေရး စလုပ္မယ္ဆိုရင္
အသက္ ၃၀ ေက်ာ္မွ စီးပြားေရး စလုပ္မယ္ဆိုရင္

အသက္ ၃၀ ေက်ာ္မွ စီးပြားေရး စလုပ္မယ္ဆိုရင္…(ယူဆခ်က္ေတြ ေကာင္းလြန္းလို႕ ျပန္လည္ မ်ွေ၀ေပးပါသည္။)

တစ္ခါတေလ လာေမးတဲ့ေမးခြန္းေလးပါ။ ကြၽန္ေတာ္က အသက္ႀကီးေနၿပီဗ် စီးပြားေရး စလုပ္သင့္လား… ၿပီးရင္ ဘယ္လိုလုပ္ရမလဲ ေပါ့။

ကိုယ္က ၃၀ မျပည့္ေသးရင္လည္းဖတ္လို႔ရတယ္… ဗဟုသုတအျဖစ္ေပါ့။ စီးပြားေရးတစ္ခုကို စတဲ့ေနရာမွာ အလိုအပ္ဆုံး ၃ ခု (ကြၽန္ေတာ္ ယူဆတာေပါ့ေနာ္) … အစဥ္လိုက္ေျပာပါဆို…

ကြၽမ္းက်င္နားလည္ တတ္သိမႈ… အခ်ိန္… ေငြ ေတြ ျဖစ္ပါတယ္။ ဒီထဲက တစ္ခုခု ရွိရင္ စီးပြားေရးစဖို႔ ျဖစ္ႏိုင္ၿပီး၂ ခု ေလာက္ရွိရင္ စသင့္ ပါတယ္။ ၃ ခုလုံး ရွိရင္ေတာ့ ပိုေကာင္းတာေပါ့ဗ်။

အသက္ ၃၀ လို႔ ေျပာတဲ့ေနရာမွာ အသက္ ၁၅ ႏွစ္ ကေန အလုပ္ စလုပ္ဖူးတဲ့သူေတြ ရွိသလို ၂၅ ေလာက္မွ လုပ္ငန္းခြင္ဝင္တဲ့ သူေတြလဲ ရွိမယ္ဗ်။

ဘာပဲျဖစ္ျဖစ္ ေက်ာင္းၿပီးလို႔ လုပ္ငန္းခြင္ထဲ ဝင္တာ ၅ ႏွစ္က ၁၀ ႏွစ္ၾကား ရွိခဲ့တဲ့သူတစ္ေယာက္ အတြက္

ကြၽမ္းက်င္နားလည္ တတ္သိမႈ ဆိုတဲ့အရာက နယ္ပယ္တစ္ခုခုမွာ ရွိကို ရွိသင့္ေနတဲ့အခ်ိန္ ျဖစ္တဲ့အတြက္ အဲဒါရွိရင္ စဖို႔ စဥ္းစားလို႔ ရပါၿပီ။

ဥပမာ ကိုယ္က အလူမီနီယံ လုပ္ငန္းနယ္ပယ္မွာ ၅ ႏွစ္ေလာက္ က်င္လည္ ခဲ့တယ္ဆိုရင္ ကိုယ္ပိုင္ ဆိုင္ဖြင့္ဖို႔ စဥ္းစားလို႔ ရတယ္ေပါ့ဗ်ာ။

ဒါေပမဲ့ အသက္ ၃၀ ဝန္းက်င္မွာ တိုင္ပတ္ၾကတဲ့ အခ်ိန္ပါ။ ေတာ္ေတာ္ မ်ားမ်ားက ၃၀ ပိုင္းဆို မိသားစု ကိုယ္စီ ရွိေနၾကၿပီ။

ဒါေၾကာင့္ မိသားစုကို ေပးရမဲ့ အခ်ိန္ ၿပီးေတာ့ ေနာက္ဆုံးတစ္ခု ျဖစ္တဲ့ ေငြ ေထာက္ပံ့မႈ ဆိုတာေတြက ရွိလာၿပီ။ ဒါေၾကာင့္ လုပ္ငန္း လုပ္ေတာ့မယ္ဆို အခ်ိန္နဲ႔ ေငြ ရွိလားပဲ ေမးရေတာ့မယ္။

အခ်ိန္ႀကီးပဲ ရွိၿပီး ေငြ မရွိရင္လည္း ရေသးတယ္။ ေငြႀကီးပဲ ရွိၿပီး အခ်ိန္ မရွိရင္ေတာ့ စီးပြားေရးက ခက္မယ္ဗ်။ လုပ္ငန္း စေထာင္တဲ့ အခ်ိန္မွာ ေန႔ေန႔ ညည နားခ်ိန္ မရွိ အလုပ္ေတြ လုပ္ရတယ္ ႀကိဳးစားရတယ္ေလ။

ေနာက္တစ္ခုက အခု အေျခအေနက မတည္ၿငိမ္တာ ျဖစ္တဲ့အတြက္ ေငြရင္း ရတဲ့ လုပ္ငန္း ဆိုရင္ေတာ့ ေငြပိုရွိမွ လုပ္ေစခ်င္တယ္ဗ်။

အထူးသျဖင့္ ႏိုင္ငံျခားက ပစၥည္းေတြ ကို မွီခိုရတဲ့ သူေတြဆိုရင္ေပါ့ဗ်ာ။ ဒီေလာက္ဆိုအၾကမ္းဖ်င္းေတာ့ တြက္တတ္ ၿပီ လို႔ ယူဆလို႔ ရတယ္။ ေမတၱာျဖင့္ ျပန္လည္မ်ွေ၀ပါသည္။Credit-GYS

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

အသက် ၃၀ ကျော်မှ စီးပွားရေး စလုပ်မယ်ဆိုရင်…(ယူဆချက်တွေ ကောင်းလွန်းလို့ ပြန်လည် မျှဝေပေးပါသည်။)

တစ်ခါတလေ လာမေးတဲ့မေးခွန်းလေးပါ။ ကျွန်တော်က အသက်ကြီးနေပြီဗျ စီးပွားရေး စလုပ်သင့်လား… ပြီးရင် ဘယ်လိုလုပ်ရမလဲ ပေါ့။

ကိုယ်က ၃၀ မပြည့်သေးရင်လည်းဖတ်လို့ရတယ်… ဗဟုသုတအဖြစ်ပေါ့။ စီးပွားရေးတစ်ခုကို စတဲ့နေရာမှာ အလိုအပ်ဆုံး ၃ ခု (ကျွန်တော် ယူဆတာပေါ့နော်) … အစဉ်လိုက်ပြောပါဆို…

ကျွမ်းကျင်နားလည် တတ်သိမှု… အချိန်… ငွေ တွေ ဖြစ်ပါတယ်။ ဒီထဲက တစ်ခုခု ရှိရင် စီးပွားရေးစဖို့ ဖြစ်နိုင်ပြီး၂ ခု လောက်ရှိရင် စသင့် ပါတယ်။ ၃ ခုလုံး ရှိရင်တော့ ပိုကောင်းတာပေါ့ဗျ။

အသက် ၃၀ လို့ ပြောတဲ့နေရာမှာ အသက် ၁၅ နှစ် ကနေ အလုပ် စလုပ်ဖူးတဲ့သူတွေ ရှိသလို ၂၅ လောက်မှ လုပ်ငန်းခွင်ဝင်တဲ့ သူတွေလဲ ရှိမယ်ဗျ။

ဘာပဲဖြစ်ဖြစ် ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲ ဝင်တာ ၅ နှစ်က ၁၀ နှစ်ကြား ရှိခဲ့တဲ့သူတစ်ယောက် အတွက်

ကျွမ်းကျင်နားလည် တတ်သိမှု ဆိုတဲ့အရာက နယ်ပယ်တစ်ခုခုမှာ ရှိကို ရှိသင့်နေတဲ့အချိန် ဖြစ်တဲ့အတွက် အဲဒါရှိရင် စဖို့ စဉ်းစားလို့ ရပါပြီ။

ဥပမာ ကိုယ်က အလူမီနီယံ လုပ်ငန်းနယ်ပယ်မှာ ၅ နှစ်လောက် ကျင်လည် ခဲ့တယ်ဆိုရင် ကိုယ်ပိုင် ဆိုင်ဖွင့်ဖို့ စဉ်းစားလို့ ရတယ်ပေါ့ဗျာ။

ဒါပေမဲ့ အသက် ၃၀ ဝန်းကျင်မှာ တိုင်ပတ်ကြတဲ့ အချိန်ပါ။ တော်တော် များများက ၃၀ ပိုင်းဆို မိသားစု ကိုယ်စီ ရှိနေကြပြီ။

ဒါကြောင့် မိသားစုကို ပေးရမဲ့ အချိန် ပြီးတော့ နောက်ဆုံးတစ်ခု ဖြစ်တဲ့ ငွေ ထောက်ပံ့မှု ဆိုတာတွေက ရှိလာပြီ။ ဒါကြောင့် လုပ်ငန်း လုပ်တော့မယ်ဆို အချိန်နဲ့ ငွေ ရှိလားပဲ မေးရတော့မယ်။

အချိန်ကြီးပဲ ရှိပြီး ငွေ မရှိရင်လည်း ရသေးတယ်။ ငွေကြီးပဲ ရှိပြီး အချိန် မရှိရင်တော့ စီးပွားရေးက ခက်မယ်ဗျ။ လုပ်ငန်း စထောင်တဲ့ အချိန်မှာ နေ့နေ့ ညည နားချိန် မရှိ အလုပ်တွေ လုပ်ရတယ် ကြိုးစားရတယ်လေ။

နောက်တစ်ခုက အခု အခြေအနေက မတည်ငြိမ်တာ ဖြစ်တဲ့အတွက် ငွေရင်း ရတဲ့ လုပ်ငန်း ဆိုရင်တော့ ငွေပိုရှိမှ လုပ်စေချင်တယ်ဗျ။

အထူးသဖြင့် နိုင်ငံခြားက ပစ္စည်းတွေ ကို မှီခိုရတဲ့ သူတွေဆိုရင်ပေါ့ဗျာ။ ဒီလောက်ဆိုအကြမ်းဖျင်းတော့ တွက်တတ် ပြီ လို့ ယူဆလို့ ရတယ်။ မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။Credit-GYS

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*