ေယာက္်ားတိုင္းက ေလးအေဖ ျဖစ္ႏိုင္တယ္… ဒါေပမယ့္ ေယာက္်ားတိုင္း ဖခင္ေကာင္းတစ္ေယာက္ေတာ့ မျဖစ္ႏိုင္ပါဘူး

ေယာက္်ားတိုင္းက ေလးအေဖ ျဖစ္ႏိုင္တယ္... ဒါေပမယ့္ ေယာက္်ားတိုင္း ဖခင္ေကာင္းတစ္ေယာက္ေတာ့ မျဖစ္ႏိုင္ပါဘူး
ေယာက္်ားတိုင္းက ေလးအေဖ ျဖစ္ႏိုင္တယ္... ဒါေပမယ့္ ေယာက္်ားတိုင္း ဖခင္ေကာင္းတစ္ေယာက္ေတာ့ မျဖစ္ႏိုင္ပါဘူး

ေယာက္်ားတိုင္းက ေလးအေဖ ျဖစ္ႏိုင္တယ္… ဒါေပမယ့္ ေယာက္်ားတိုင္း ဖခင္ေကာင္းတစ္ေယာက္ေတာ့ မျဖစ္ႏိုင္ပါဘူး

သားသမီး ေမြးေန႔ကို မသိတဲ့သူ သားသမီးတက္ေနတဲ့အတန္းကို မသိတဲ့သူ သားသမီးက ဘာႀကိဳက္တတ္လဲ မသိတဲ့သူ သားသမီးကိုနားဝင္ေအာင္ ဘယ္လိုဆုံးမရမလဲ မသိတဲ့သူ

သားသမီးအနာဂတ္အတြက္ ဘာအစီအစဥ္မွ မရွိတဲ့သူ ဘယ္သူလို႔ ထင္ပါသလဲ….ကေလးေတြအတြက္ အေဖလို႔ ေနရာယူထားတဲ့ တစ္ခ်ိဳ႕ေသာသူေတြေပါ့ရွင္။

အိမ္ေထာင္မက်ေသးတဲ့ မိန္းကေလးေတြက အိမ္ေထာင္ဖက္က ကိုယ့္ကို ခ်စ္ေနရင္ၿပီးေရာထင္တတ္ၾကတယ္။ အိမ္ေထာင္က်ေနတဲ့ မိန္းမေတြကေတာ

အိမ္ေထာင္ဖက္က စီးပြားေရး အဆင္ေျပရင္ ၿပီးေရာထင္တတ္ၾကတယ္။ သားသမီးေတြရွိေနတဲ့ မိသားစုေတြမွာေတာ အေဖ ေနရာ ရွိေနရင္ၿပီးေရာ လက္ခံထားၾကျပန္ပါတယ္။

အေဖေတာ့ အေဖပါပဲ ရွိလည္းမထူး မရွိလည္းမထူးတဲ့ အေဖမ်ိဳးလည္း ရွိပါတယ္ဆိုတာကို ေတာ့ေမ့ေနတတ္ၾကတယ္။

အဲဒီလိုဘာမွမသိတဲ့သူေတြဆီကသားသမီးနဲ႔ ပတ္သက္လာရင္မင္းက အသုံးမက်တဲ့မိန္းမမင္းအသုံးမက်လို႔ ဒီလို ျဖစ္တာလို႔ေျပာထြက္ရဲတဲ့ပါးစပ္ႀကီးပါရွိေနရင္ေတာ့

ဒီမိန္းမဘဝမွာ ေဒါသနဲ႔ပဲ ေန႔စဥ္ျဖတ္သန္းေနရေတာ့မယ္ေပါ့ရွင္။ ကေလးတေယာက္ကို ဗိုက္ထဲမွာ ထည့္ေမြးလိုက္လို႔ ဒီကေလးနဲ႔ ပတ္သက္လာရင္ မိခင္ျဖစ္သူမွာသာ

၁၀၀ရာခိုင္ႏႈန္း တာဝန္ရွိတယ္လို႔ အတၱႀကီးတဲ့ ပတ္ဝန္းက်င္မ်ိဳးက လက္ခံထားတတ္ၾကပါတယ္။ ေငြရွာေပးေနတာပဲမ်က္ႏွာထားနဲ႔ သားသမီးနဲ႔ ပတ္သက္လို႔

ဘာဆိုဘာမွ မသိတဲ့ ဖခင္မ်ိဳးဟာ ဒီမိသားစုထဲမွာအသုံးမဝင္ပါဘူးလို႔အမ်ိဳးသမီးထု ကိုယ္စား ေျပာျပခ်င္မိပါတယ္။ ဘာျဖစ္လို႔လဲသိလား… သားသမီးဆိုတာ ဂ႐ုစိုက္မႈ နဲ႔ ခ်စ္ျခင္းေမတၱာ ေရေလာင္းေပါင္းသင္မွ

ပ်ိဳးပင္မွန္ၿပီး ရွင္သန္ႀကီးထြားခြင့္ရတဲ့ လူသားေတြမို႔လို႔ပါ။ သူတို႔ဘဝမွာ ငါ့အေဖလို႔ေတြးလိုက္တာနဲ႔ အိမ္မွာထိုင္ၿပီး သူႀကိဳက္တာလုပ္ေနတဲ့သူ တခ်ိန္လုံး မ်က္ႏွာသုန္မႈန္ၿပီး ေအာ္ဟစ္ ေငါက္ငမ္းေနတဲ့သူ

အေမကို တခ်ိန္လုံးဆူပူအျပစ္တင္ေနတဲ့ ေယာက်ားႀကီး လို႔ ယူဆမိမယ့္အစား ငါ့ဘဝကို လုံၿခဳံမႈေပးမယ့္သူ ငါ့ကိုအခ်စ္ဆုံးေယာက်ား ငါ့အတြက္ အေရွ႕ကရပ္တည္ ကာကြယ္ေပးမယ့္သူ ငါ့ရဲ႕စံျပဆိုတာမ်ိဳးပဲ ျဖစ္ေနသင့္ပါတယ္။

သားတို႔သမီးတို႔ ေဖေဖေၾကာင့္ ေမေမတို႔ ဒီလိုေနႏိုင္ စားႏိုင္တာ ဆိုတာအျပင္ သူေငြရွာေနေတာ့ သူ႔ကို ေၾကာက္ရမယ္ဆိုတာကိုေတာ့ ႏုနယ္တဲ့ သားသမီးေတြလက္ခံႏိုင္ဖို႔ခဲယဥ္းလွပါတယ္။

အခ်ိန္မရွိလို႔ပါဆိုတဲ့ ဆင္ေျခေနာက္မွာ သားသမီးေလး လူ႔ေလာက ကို ေရာက္လာတဲ့ ေန႔ကို ေမ့ပစ္ရမယ္လို႔ မပါပါဘူး။ အလုပ္ေတြမ်ားလို႔ပါဆိုတဲ့ ဆင္ေျခေနာက္မွာ ငါ့သားသမီးေလးေတြႀကိဳက္တတ္တဲ့ အရာကို

မေလ့လာလည္းရတယ္ဆိုတာ မျဖစ္ႏိုင္ပါဘူး။ စိတ္ရႈတ္ေနလို႔ပါဆိုတဲ့ ဆင္ေျခေနာက္မွာ အိမ္က မိသားစုအေပၚ အျပစ္ရွာ ဆူပူေနဖို႔ မလိုအပ္ပါဘူး။ တကယ္လို႔ေပါ့ေလ

မိန္းမတေယာက္ဘဝမွာ ဒီလိုေယာက်ားတေယာက္ကို သားသမီးတို႔ရဲ႕ဖခင္ေနရာမွာ ထားထားမိတယ္ဆိုရင္ေတာ့ သူ႔အေပၚ ၁၀၀ရာခိုင္ႏႈန္း မွီခိုေနမယ့္အစား ကိုယ့္ရဲ႕

စားဝတ္ေနေရးကို ဖန္တီးႏိုင္မယ့္ လမ္းစတစ္ခု စစဥ္းစားထားလိုက္ပါေတာ့လို႔ ကြၽန္မတိုက္တြန္းမယ္။ ပတ္ဝန္းက်င္ကေတာ့ ဒီလိုလူကို မိသားစုဘဝ မၿပိဳကြဲေရးအတြက္အိမ္မွာရွိေနဖို႔ လိုအပ္တယ္လို႔

လက္ခံထားၾကတယ္။ အိမ္ရွင္မအတြက္ကေတာ့ ဒီလိုလူေၾကာင့္ ကိုယ့္အနာဂတ္ မၿပိဳလဲဖို႔ ကိုယ့္လမ္းကိုယ္ျပင္ဆင္ထားဖို႔ လိုအပ္တယ္လို႔ ကြၽန္မအႀကံေပးလိုက္ပါ့မယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ယောက်ျားတိုင်းက လေးအဖေ ဖြစ်နိုင်တယ်… ဒါပေမယ့် ယောက်ျားတိုင်း ဖခင်ကောင်းတစ်ယောက်တော့ မဖြစ်နိုင်ပါဘူး

သားသမီး မွေးနေ့ကို မသိတဲ့သူ သားသမီးတက်နေတဲ့အတန်းကို မသိတဲ့သူ သားသမီးက ဘာကြိုက်တတ်လဲ မသိတဲ့သူ သားသမီးကိုနားဝင်အောင် ဘယ်လိုဆုံးမရမလဲ မသိတဲ့သူ

သားသမီးအနာဂတ်အတွက် ဘာအစီအစဉ်မှ မရှိတဲ့သူ ဘယ်သူလို့ ထင်ပါသလဲ….ကလေးတွေအတွက် အဖေလို့ နေရာယူထားတဲ့ တစ်ချို့သောသူတွေပေါ့ရှင်။

အိမ်ထောင်မကျသေးတဲ့ မိန်းကလေးတွေက အိမ်ထောင်ဖက်က ကိုယ့်ကို ချစ်နေရင်ပြီးရောထင်တတ်ကြတယ်။ အိမ်ထောင်ကျနေတဲ့ မိန်းမတွေကတော

အိမ်ထောင်ဖက်က စီးပွားရေး အဆင်ပြေရင် ပြီးရောထင်တတ်ကြတယ်။ သားသမီးတွေရှိနေတဲ့ မိသားစုတွေမှာတော အဖေ နေရာ ရှိနေရင်ပြီးရော လက်ခံထားကြပြန်ပါတယ်။

အဖေတော့ အဖေပါပဲ ရှိလည်းမထူး မရှိလည်းမထူးတဲ့ အဖေမျိုးလည်း ရှိပါတယ်ဆိုတာကို တော့မေ့နေတတ်ကြတယ်။

အဲဒီလိုဘာမှမသိတဲ့သူတွေဆီကသားသမီးနဲ့ ပတ်သက်လာရင်မင်းက အသုံးမကျတဲ့မိန်းမမင်းအသုံးမကျလို့ ဒီလို ဖြစ်တာလို့ပြောထွက်ရဲတဲ့ပါးစပ်ကြီးပါရှိနေရင်တော့

ဒီမိန်းမဘဝမှာ ဒေါသနဲ့ပဲ နေ့စဉ်ဖြတ်သန်းနေရတော့မယ်ပေါ့ရှင်။ ကလေးတယောက်ကို ဗိုက်ထဲမှာ ထည့်မွေးလိုက်လို့ ဒီကလေးနဲ့ ပတ်သက်လာရင် မိခင်ဖြစ်သူမှာသာ

၁၀၀ရာခိုင်နှုန်း တာဝန်ရှိတယ်လို့ အတ္တကြီးတဲ့ ပတ်ဝန်းကျင်မျိုးက လက်ခံထားတတ်ကြပါတယ်။ ငွေရှာပေးနေတာပဲမျက်နှာထားနဲ့ သားသမီးနဲ့ ပတ်သက်လို့

ဘာဆိုဘာမှ မသိတဲ့ ဖခင်မျိုးဟာ ဒီမိသားစုထဲမှာအသုံးမဝင်ပါဘူးလို့အမျိုးသမီးထု ကိုယ်စား ပြောပြချင်မိပါတယ်။ ဘာဖြစ်လို့လဲသိလား… သားသမီးဆိုတာ ဂရုစိုက်မှု နဲ့ ချစ်ခြင်းမေတ္တာ ရေလောင်းပေါင်းသင်မှ

ပျိုးပင်မှန်ပြီး ရှင်သန်ကြီးထွားခွင့်ရတဲ့ လူသားတွေမို့လို့ပါ။ သူတို့ဘဝမှာ ငါ့အဖေလို့တွေးလိုက်တာနဲ့ အိမ်မှာထိုင်ပြီး သူကြိုက်တာလုပ်နေတဲ့သူ တချိန်လုံး မျက်နှာသုန်မှုန်ပြီး အော်ဟစ် ငေါက်ငမ်းနေတဲ့သူ

အမေကို တချိန်လုံးဆူပူအပြစ်တင်နေတဲ့ ယောကျားကြီး လို့ ယူဆမိမယ့်အစား ငါ့ဘဝကို လုံခြုံမှုပေးမယ့်သူ ငါ့ကိုအချစ်ဆုံးယောကျား ငါ့အတွက် အရှေ့ကရပ်တည် ကာကွယ်ပေးမယ့်သူ ငါ့ရဲ့စံပြဆိုတာမျိုးပဲ ဖြစ်နေသင့်ပါတယ်။

သားတို့သမီးတို့ ဖေဖေကြောင့် မေမေတို့ ဒီလိုနေနိုင် စားနိုင်တာ ဆိုတာအပြင် သူငွေရှာနေတော့ သူ့ကို ကြောက်ရမယ်ဆိုတာကိုတော့ နုနယ်တဲ့ သားသမီးတွေလက်ခံနိုင်ဖို့ခဲယဉ်းလှပါတယ်။

အချိန်မရှိလို့ပါဆိုတဲ့ ဆင်ခြေနောက်မှာ သားသမီးလေး လူ့လောက ကို ရောက်လာတဲ့ နေ့ကို မေ့ပစ်ရမယ်လို့ မပါပါဘူး။ အလုပ်တွေများလို့ပါဆိုတဲ့ ဆင်ခြေနောက်မှာ ငါ့သားသမီးလေးတွေကြိုက်တတ်တဲ့ အရာကို

မလေ့လာလည်းရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ စိတ်ရှုတ်နေလို့ပါဆိုတဲ့ ဆင်ခြေနောက်မှာ အိမ်က မိသားစုအပေါ် အပြစ်ရှာ ဆူပူနေဖို့ မလိုအပ်ပါဘူး။ တကယ်လို့ပေါ့လေ

မိန်းမတယောက်ဘဝမှာ ဒီလိုယောကျားတယောက်ကို သားသမီးတို့ရဲ့ဖခင်နေရာမှာ ထားထားမိတယ်ဆိုရင်တော့ သူ့အပေါ် ၁၀၀ရာခိုင်နှုန်း မှီခိုနေမယ့်အစား ကိုယ့်ရဲ့

စားဝတ်နေရေးကို ဖန်တီးနိုင်မယ့် လမ်းစတစ်ခု စစဉ်းစားထားလိုက်ပါတော့လို့ ကျွန်မတိုက်တွန်းမယ်။ ပတ်ဝန်းကျင်ကတော့ ဒီလိုလူကို မိသားစုဘဝ မပြိုကွဲရေးအတွက်အိမ်မှာရှိနေဖို့ လိုအပ်တယ်လို့

လက်ခံထားကြတယ်။ အိမ်ရှင်မအတွက်ကတော့ ဒီလိုလူကြောင့် ကိုယ့်အနာဂတ် မပြိုလဲဖို့ ကိုယ့်လမ်းကိုယ်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ကျွန်မအကြံပေးလိုက်ပါ့မယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*