Crd: မူရင်း
Unicode
ဆီထမင်း လုပ်နည်းလေး တင်ပေးပါဆိုလို့ တင်လိုက်ပါပီနော်
ပါဝင်ပစ္စည်းများ… ကောက်ညှင်း ဆန် (နို့ဆီဗူး ၁ ဗူး)၊ ရေနွေး (နို့ဆီဗူး ၁ ဗူး)၊ ကြက်သွန်နီ ၂ လုံး၊ ဆား / နနွင်းမှုန့် (အနည်းငယ်)၊ ဆီ ဇွန်း (၄ ဇွန်း)။
တွဲဘက် စားသုံးရန်… အာဗြဲခြောက်ဖုတ် ဆီစိမ်၊ နှမ်းထောင်း ၊ ပဲပြုတ်၊ ဆီတိုဟူးမုန်ညှင်းချဉ် ။
ဒါဆို ဘယ်လိုလုပ်လဲ ကြည့်လိုက်ရအောင်
ကောက်ညှင်း ကို ည ထဲက ရေစိမ်ပြီး မနက် ချက်ခါနီး ရေစစ် ထားပါ။ ဆီထည့်ပြီး ကြက်သွန်နီကို အညိုရောင် သန်းအောင် ကြော်ပြီး ခွက်တစ်ခုထဲ ထည့်ပါ။ နနွင်းမှုန်.ထည့်ပါ။ ရေစစ်ထားတဲ့ ကောက်ညှင်းဆန်ကို ထည့် လှော်ပါ။
ဆား ထည့်ပါ။ ကောက်ညှင်းဆန်များ မာလာတဲ့ အထိ လှော်ပေးပါ။ မာလာပြီ ဆိုရင် ရေနွေး တစ်ခွက်ထည့်ပြီး မွှေ ပေးပါ။ ရေခန်းလျှင် အဖုံး အုပ်ပြီး မီးနည်းနည်းဖြင့်တည်ပါ။
၅ မိနစ်ခန့် ကြာလျှင် ကောက်ညှင်းဆန် ကို အထက်အောက် လှန်ပေးပြီး အဖုံး ပြန်အုပ်ပါ။ ဒီပုံစံ နှင့် ၅ မိနစ်ခြားတစ်ခါ လှန် ပေးပါ။ ကောက်ညှင်းဆန် အပျော့ အမာ စမ်းကြည့် ပါ။
မာနေသေးရင် ရေနည်းနည်း ထည့်ပေးပါ။ ကောက်ညှင်းဆန်များ ပျော့စီးလာပြီ ဆိုရင် ရ ပါ ပြီ။ ဂျိုးကြိုက်ရင် အိုးကပ်အောင် မီးပြင်း ထပ်တည် ပေးပါ။
ကဲ ဒါဆိုရင်တော့ ဆီထမင်းလေး ရပြီ ဖြစ် ပါတယ်။ ဆီထမင်း ရပြီ ဆိုရင်တော့ ပဲပြုတ်လေးဖြူး အာဗြဲခြောက် / နှမ်းထောင်းလေး နဲ့ တွဲဖက် စားသုံးလို့ ရပြီ ဖြစ် ပါတယ်။
Crd: မူရင်း
Be the first to comment
Leave a Reply
Your email address will not be published.
*