လူေတြ႕တိုင္း မေမးသင့္ေသာေမးခြန္းမ်ား (အေမးခံရတဲ့ သူအဖို႕ တကယ္ကို စိတ္မသက္မသာ ျဖစ္ေစပါတယ္ေနာ္)

လူေတြ႕တိုင္း မေမးသင့္ေသာေမးခြန္းမ်ား
လူေတြ႕တိုင္း မေမးသင့္ေသာေမးခြန္းမ်ား

လူေတြ႕တိုင္း မေမးသင့္ေသာေမးခြန္းမ်ား (အေမးခံရတဲ့ သူအဖို႕ တကယ္ကို စိတ္မသက္မသာ ျဖစ္ေစပါတယ္ေနာ္)

အေမးခံရတဲ့သူအဖို႕ စိတ္မသက္မသာ ျဖစ္ေစတာမို႕ လူေတြ႕တိုင္း မေမးသင့္ေသာေမးခြန္းမ်ား ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…။။

မယူၾကေသးဘူးလား

ေယာက်ာ္းယူတယ္ / မိန္းမယူတယ္ဆိုတာ လြယ္မလိုနဲ႔ ခက္တဲ့အလုပ္ ၊ ကာယကံရွင္ႏွစ္ဦးမွာ လူမျမင္ၾကတဲ့ ႏွစ္ဘက္ညႇိႏႈိင္းစရာေလးေတြ ရွိတတ္ၾကတယ္ ။ အဆင္ေျပတယ္ဆိုရင္ေတာ့ ယူတာၾကာၿပီေပါ့ ။

ဒီလိုေမးခြန္းဆိုတာ တစ္ခါေလာက္ေမးၿပီးရင္ ေတာ္သင့္ၿပီ ။ အတင္းယူေစခ်င္သပါ့ဆိုရင္ စားရိတ္စိုက္ထုတ္ အစစရာရာတာဝန္ယူၿပီး ေပးသာစားလိုက္ၾကေတာ့ ။

ဝိတ္မခ်ေတာ့ဘူးလား

လူတိုင္းကေတာ့ ပိန္ခ်င္ၾကတာခ်ည္းပဲ ။ အစားမေလွ်ာ့ပဲ ေလ့က်င့္ခန္းမလုပ္ပဲ ေအာ္တိုမစ္တစ္ႀကီးကို ပိန္ခ်င္တာ။

ဒါေပမယ့္ တစ္ခ်ိဳ႕က အစာအိမ္ရွိတယ္ အစားခဏခဏစားေပးရတယ္ ၊ တစ္ခ်ိဳ႕ကေတာ့ စားေနရတာကိုက စိတ္ထြက္ေပါက္လို႔ ထင္ၾကတယ္ ။

ဝိတ္ခ်ဖို႔ အရမ္းေျပာတဲ့အခါ သူ႔ခမ်ာ ဒိအတြက္ သူမ်ားေျပာတာေတြေၾကာင့္ ေသာကနဲ႔ ဖိစီးမႈေတြ ျဖစ္ရတယ္။ မေတာ္မတရားဝေနလို႔ က်န္းမာေရးအတြက္ အႀကံျပဳ႐ုံေလာက္ေျပာရင္ ေတာ္သင့္ၿပီ ။

ကိုယ္ဝန္နဲ႔လား

ခပ္ဝဝမိန္းမကေလးေတြက ဗိုက္ပူတတ္ပါတယ္ ။ အိမ္ေထာင္မက်ခင္ကေတာ့ ဒီတိုင္းဝတယ္ ဝိတ္ခ်ဦးေနာ္ ဝလာလိုက္တာလို႔ပဲ ေျပာေပမယ့္ ၊ ေဟာ အိမ္ေထာင္လည္းက်သြားေရာ နဂိုပူေနတဲ့ဗိုက္က ကေလးဗိုက္ျဖစ္ပါေလေရာ ။

လူေတြ႕ရင္ ဒါခ်ည္းေမးေတာ့ ျပန္ေျဖရတဲ့သူေတာင္ မ်က္ႏွာပူတယ္ ။ သူမ်ား family planning နဲ႔သူ ၊ မထူးျခားေသးဘူးလားေမးရင္ ေတာ္သင့္ၿပီ သူမ်ားဗိုက္နဲ႔သူမ်ားကို စိတ္မဆင္းရဲပါေစနဲ႔ ။

ဘာေကြၽးမွာလဲ

ခင္လို႔မင္လို႔ စုၾကစည္းၾက စားၾကေသာက္က်တယ္ ။ တစ္ဘက္က ခ်စ္ခင္လို႔ ဖိတ္တယ္ဆိုရင္ အကြန႔္တက္ခ်င္ၾကတယ္ ။

ဘယ္ဆိုင္မွ စားမွာေနာ္ ဘယ္လိုဆိုမစားဘူး အစရွိသျဖင့္ ။ တစ္ဘက္က ေငြေပါလို႔ ေကြၽးတာလည္း ဟုတ္ခ်င္မွ ဟုတ္မယ္ ။ ရွိတဲ့ဟာေလးနဲ႔ ေကြၽးခ်င္တာလည္း ျဖစ္ႏိုင္တယ္ ။

ဒါကိုမွ မယ္ကြန႔္ ၊ ဖိုးကြန႔္ေတြက ဘယ္လိုမွ စားခ်င္တယ္ ဟိုဆိုင္မွ ရမယ္ေနာ္လို႔ ေ႐ႊလိုက္ကန္းစိုးမသိ ေမးတတ္တာ ေျပာတတ္တာ ေတာ္႐ုံပဲ ေကာင္းသေပါ့ ။

ဘယ္ေလာက္ျမတ္တုန္း

မဂၤလာေတြေဆာင္ၾကတယ္ လက္ဖြဲ႕မွာ ေငြသားရတယ္ ပုံထပ္ေနတဲ့ တစ္ေယာက္အိပ္ယာခင္းေတြ ၊ ေပါင္းအိုးေတြ မ်ားႀကီးရတယ္ ။

ဒါက ဘယ္နားမွ ေရာင္းစားလို႔မရသလို ခ်စ္ခင္လို႔ေပးတာမွာ သိမ္းရတာ ေခါင္းေတာင္ကိုက္တယ္ ။ ေဟာ မဂၤလာေဆာင္ၿပီး ေနာက္ရက္ေတာ့ ပါေလရာေတြက ေမးၿပီ ။

ေ႐ႊဘယ္ေလာက္ရတုန္း ? ေငြဘယ္ေလာက္ရတုန္း ? ျမတ္လား ? ဘယ္သူဘာေပးလဲ ?
သူဘယ္ေလာက္ေပးလဲ ? အစရွိသျဖင့္ မဂၤလာယူေနခ်ိန္မွာ ေဒါသထြက္ေအာက္ ေမးတတ္ၾကတယ္ ။

မဂၤလာေဆာင္တယ္ဆိုတာ ေဈးဗန္းခ်ၿပီး ပစၥည္းေရာင္းတာမဟုတ္ေတာ့ အျမတ္ထြက္ဖို႔မထြက္ဖို႔ထက္ ကိုယ့္တန္ရာတန္ရာေလး အဆင္ေျပေအာင္ လုပ္ၾကတာ ။ ျမတ္ခ်င္လည္း ျမတ္မယ္ ရႈံးခ်င္လည္းရႈံးမယ္ ၊ဒါကစိတ္ထဲရွိၿပီးသား ပမာဏေတြ ။

ၿပီးရင္ရွိေသးတယ္ ဘာလို႔ အဲ့ဟိုတယ္မွာ လုပ္တာလဲ ဟိုဟိုတယ္ဆို ပိုေကာင္းတာေပါ့ ။ နင့္အေျခေနနဲ႔ ဟိုေလာက္မွာ လုပ္သင့္တာ ။ သူတို႔ထုတ္ေပးမလားဆိုေတာ့ လက္ဖြဲ႕ေတာင္ ဟင္းဟင္းးးးး

ေနာက္ အဆိုးဆုံးက မဂၤလာေဆာင္ အျမန္လုပ္လိုက္ေတာ့ ကိုယ္ဝန္ရွိသြားလို႔လားတဲ့ …. ေျပးေျပးသာ နရင္း႐ိုက္လိုက္ခ်င္တယ္လို႔ေျပာရင္ လြန္သလား ။ ေပါက္ကရေတြဟယ္ ….

ျမင္ရႀကဳံရ ၾကားရ နားဝကယ္ မသက္သာ … စတာေနာ္ ခ်စ္လို႔ က်မ ႐ြာျပင္ထြက္ေနေတာ့မယ္ ။

Credit – မူရင္းေရးသားသူ

Unicode

လူတွေ့တိုင်း မမေးသင့်သောမေးခွန်းများ (အမေးခံရတဲ့ သူအဖို့ တကယ်ကို စိတ်မသက်မသာ ဖြစ်စေပါတယ်နော်)

အမေးခံရတဲ့သူအဖို့ စိတ်မသက်မသာ ဖြစ်စေတာမို့ လူတွေ့တိုင်း မမေးသင့်သောမေးခွန်းများ ကို ဖော်ပြပေးလိုက်ပါတယ်နော်…။။

မယူကြသေးဘူးလား

ယောကျာ်းယူတယ် / မိန်းမယူတယ်ဆိုတာ လွယ်မလိုနဲ့ ခက်တဲ့အလုပ် ၊ ကာယကံရှင်နှစ်ဦးမှာ လူမမြင်ကြတဲ့ နှစ်ဘက်ညှိနှိုင်းစရာလေးတွေ ရှိတတ်ကြတယ် ။ အဆင်ပြေတယ်ဆိုရင်တော့ ယူတာကြာပြီပေါ့ ။

ဒီလိုမေးခွန်းဆိုတာ တစ်ခါလောက်မေးပြီးရင် တော်သင့်ပြီ ။ အတင်းယူစေချင်သပါ့ဆိုရင် စားရိတ်စိုက်ထုတ် အစစရာရာတာဝန်ယူပြီး ပေးသာစားလိုက်ကြတော့ ။

ဝိတ်မချတော့ဘူးလား

လူတိုင်းကတော့ ပိန်ချင်ကြတာချည်းပဲ ။ အစားမလျှော့ပဲ လေ့ကျင့်ခန်းမလုပ်ပဲ အော်တိုမစ်တစ်ကြီးကို ပိန်ချင်တာ။

ဒါပေမယ့် တစ်ချို့က အစာအိမ်ရှိတယ် အစားခဏခဏစားပေးရတယ် ၊ တစ်ချို့ကတော့ စားနေရတာကိုက စိတ်ထွက်ပေါက်လို့ ထင်ကြတယ် ။

ဝိတ်ချဖို့ အရမ်းပြောတဲ့အခါ သူ့ခမျာ ဒိအတွက် သူများပြောတာတွေကြောင့် သောကနဲ့ ဖိစီးမှုတွေ ဖြစ်ရတယ်။ မတော်မတရားဝနေလို့ ကျန်းမာရေးအတွက် အကြံပြုရုံလောက်ပြောရင် တော်သင့်ပြီ ။

ကိုယ်ဝန်နဲ့လား

ခပ်ဝဝမိန်းမကလေးတွေက ဗိုက်ပူတတ်ပါတယ် ။ အိမ်ထောင်မကျခင်ကတော့ ဒီတိုင်းဝတယ် ဝိတ်ချဦးနော် ဝလာလိုက်တာလို့ပဲ ပြောပေမယ့် ၊ ဟော အိမ်ထောင်လည်းကျသွားရော နဂိုပူနေတဲ့ဗိုက်က ကလေးဗိုက်ဖြစ်ပါလေရော ။

လူတွေ့ရင် ဒါချည်းမေးတော့ ပြန်ဖြေရတဲ့သူတောင် မျက်နှာပူတယ် ။ သူများ family planning နဲ့သူ ၊ မထူးခြားသေးဘူးလားမေးရင် တော်သင့်ပြီ သူများဗိုက်နဲ့သူများကို စိတ်မဆင်းရဲပါစေနဲ့ ။

ဘာကျွေးမှာလဲ

ခင်လို့မင်လို့ စုကြစည်းကြ စားကြသောက်ကျတယ် ။ တစ်ဘက်က ချစ်ခင်လို့ ဖိတ်တယ်ဆိုရင် အကွန့်တက်ချင်ကြတယ် ။

ဘယ်ဆိုင်မှ စားမှာနော် ဘယ်လိုဆိုမစားဘူး အစရှိသဖြင့် ။ တစ်ဘက်က ငွေပေါလို့ ကျွေးတာလည်း ဟုတ်ချင်မှ ဟုတ်မယ် ။ ရှိတဲ့ဟာလေးနဲ့ ကျွေးချင်တာလည်း ဖြစ်နိုင်တယ် ။

ဒါကိုမှ မယ်ကွန့် ၊ ဖိုးကွန့်တွေက ဘယ်လိုမှ စားချင်တယ် ဟိုဆိုင်မှ ရမယ်နော်လို့ ရွှေလိုက်ကန်းစိုးမသိ မေးတတ်တာ ပြောတတ်တာ တော်ရုံပဲ ကောင်းသပေါ့ ။

ဘယ်လောက်မြတ်တုန်း

မင်္ဂလာတွေဆောင်ကြတယ် လက်ဖွဲ့မှာ ငွေသားရတယ် ပုံထပ်နေတဲ့ တစ်ယောက်အိပ်ယာခင်းတွေ ၊ ပေါင်းအိုးတွေ များကြီးရတယ် ။

ဒါက ဘယ်နားမှ ရောင်းစားလို့မရသလို ချစ်ခင်လို့ပေးတာမှာ သိမ်းရတာ ခေါင်းတောင်ကိုက်တယ် ။ ဟော မင်္ဂလာဆောင်ပြီး နောက်ရက်တော့ ပါလေရာတွေက မေးပြီ ။

ရွှေဘယ်လောက်ရတုန်း ? ငွေဘယ်လောက်ရတုန်း ? မြတ်လား ? ဘယ်သူဘာပေးလဲ ?
သူဘယ်လောက်ပေးလဲ ? အစရှိသဖြင့် မင်္ဂလာယူနေချိန်မှာ ဒေါသထွက်အောက် မေးတတ်ကြတယ် ။

မင်္ဂလာဆောင်တယ်ဆိုတာ ဈေးဗန်းချပြီး ပစ္စည်းရောင်းတာမဟုတ်တော့ အမြတ်ထွက်ဖို့မထွက်ဖို့ထက် ကိုယ့်တန်ရာတန်ရာလေး အဆင်ပြေအောင် လုပ်ကြတာ ။ မြတ်ချင်လည်း မြတ်မယ် ရှုံးချင်လည်းရှုံးမယ် ၊ဒါကစိတ်ထဲရှိပြီးသား ပမာဏတွေ ။

ပြီးရင်ရှိသေးတယ် ဘာလို့ အဲ့ဟိုတယ်မှာ လုပ်တာလဲ ဟိုဟိုတယ်ဆို ပိုကောင်းတာပေါ့ ။ နင့်အခြေနေနဲ့ ဟိုလောက်မှာ လုပ်သင့်တာ ။ သူတို့ထုတ်ပေးမလားဆိုတော့ လက်ဖွဲ့တောင် ဟင်းဟင်းးးးး

နောက် အဆိုးဆုံးက မင်္ဂလာဆောင် အမြန်လုပ်လိုက်တော့ ကိုယ်ဝန်ရှိသွားလို့လားတဲ့ …. ပြေးပြေးသာ နရင်းရိုက်လိုက်ချင်တယ်လို့ပြောရင် လွန်သလား ။ ပေါက်ကရတွေဟယ် ….

မြင်ရကြုံရ ကြားရ နားဝကယ် မသက်သာ … စတာနော် ချစ်လို့ ကျမ ရွာပြင်ထွက်နေတော့မယ် ။

Credit – မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*