#Credit နှင်းနှင်းအေး
Unicode
အိမ်တအိမ် ရဲ့ ကျက်သရေက ဘာလဲ… သိလား?
ပိုက်ဆံ မရှိဘူး လို့ ပါးစပ်က အမြဲ ပြောနေရင်း တနေ့တခြား ကြပ်တည်း လာတာ ပိုသိသာ လာတယ်။
အဆင်မပြေဘူး လို့ ခနခန တွေးနေရင်း ပိုပြီး အဆင်မပြေ ဖြစ်လာတယ်။
စိတ်ညစ် ဖို့ အရမ်းကောင်းတယ် လို့ ပြောရင် ဒီထက် ပိုပြီး စိတ်ညစ်စရာတွေ ဖြစ်လာမယ်။
ဒါ အယူအဆ မဟုတ်ဘူး … ။ ဘာသာရေး အတွေး မဟုတ်ဖူး ။ Psycho သေဘာပဲ…
“ကြားရဖန် များရင် အတွေးတွေ ဖြစ်လာတယ်။ ပြောပါ များရင် အဲ့ဒီအတိုင်း ယုံကြည်လာတယ် ”
ကြာတော့ ကိုယ့် စိတ်ကူးထဲက အတိုင်း ကိုယ့်နှုတ်ထွက် စကားတွေ အတိုင်း ကိုယ့်ဘဝက ပြောင်းသွားတယ်…
မယုံ မရှိနဲ့ .. ပါးစပ် နောက်မှာ ဘဝတွေ ပါတတ်တယ်။ မြတ်စွာဘုရားကလည်း မိန့်တယ် နှုတ်ထွက်စကားတိုင်းဟာ… အကျိုး မခံစားရဘဲ ပျောက်ပျယ်သွားလေ့ မရှိဘူးတဲ့။
ဒါ့ကြောင့် အမြဲတမ်း အကောင်းဘက် က တွေးပါ။ အောင်မြင်သူလို တွေးပါ အောင်မြင်သူတွေနား ချဉ်းကပ်ပါ။ စိတ်နှလုံးသား ကောင်းမွန်သူတွေ နဲ့သာ ပေါင်းသင်ပါ လို့ ပြောကြတာပေါ့…။
လဲကျတာ ဟာ ပြဿနာ မဟုတ်ဖူး။ ပြန် မထချင်တော့တာ (သို့) ငါ ပြန်မထ နိုင်လောက်ပါဘူးလို့ တွေးတာ လက်လျှော့လိုက် တော့မယ် ဆိုတာ ကသာ ပြသနာကြီးပါ…။
မဖြစ်နိုင်ဘူး ဆိုတာထက် ဖြစ်အောင် ဘယ်လို လုပ်ရမလဲကို တွေးဖို့ ပို လိုတာပါ…။
လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့် တွေ ရှိတယ်။ ဖြေရှင်းပုံပေါ် မူတည်ပြီး လူတွေ ရဲ့ ဘဝ အခြေအနေတွေ ကွာသွား တာပါ…။
#Credit နှင်းနှင်းအေး
Be the first to comment
Leave a Reply
Your email address will not be published.
*