ဆင္ မုန္ယိုျခင္း (သို႔) မုန္က်ျခင္း ဆိုတာ ဘာလဲ…(မသိေသးသူမ်ား အတြက္ ဗဟုသုတအျဖစ္ မွ်ေဝေပးလိုက္ပါတယ္…)

ဆင္ မုန္ယိုျခင္း (သို႔) မုန္က်ျခင္း ဆိုတာ ဘာလဲ...
ဆင္ မုန္ယိုျခင္း (သို႔) မုန္က်ျခင္း ဆိုတာ ဘာလဲ...

ဆင္ မုန္ယိုျခင္း (သို႔) မုန္က်ျခင္း ဆိုတာ ဘာလဲ…(မသိေသးသူမ်ား အတြက္ ဗဟုသုတအျဖစ္ မွ်ေဝေပးလိုက္ပါတယ္…)

ဆင္၏နထင္ေနရာတြင္ မုန္ေပါက္ရွိပါသည္။ အ႐ြယ္ေရာက္ၿပီး က်န္းမာေရးေကာင္းမြန္ေသာ ဆင္ေပါက္မ်ားမုန္က်ေလ့ရွိၿပီး အသက္ႀကီး၅၅ႏွစ္ေက်ာ္ထိလည္း မုန္က်မႈ‌ ေတြရွိရပါသည္။

 

မုန္က်ျခင္း(Masth ) သည္ မိတ္ယွဥ္လိုျခင္း ျဖစ္ေပၚေစသည္ဟု တထစ္ခ်မွတ္ယူလို႔မရပါ။ အလိုမက်၊ ဗိုလ္မထားစိတ္႐ိုင္းထႂကြခ်ိန္ျဖစ္သျဖင့္ထိန္းသိမ္းသူအပါအဝင္ဆင္မ(သို႔ ) ဆင္ထီးမ်ားကိုလည္း ရန္ျပဳတတ္ပါသည္။

ဆင္၏ မုန္ေပါက္… ေရာင္လာ ေဖာင္းလာပါက မ်က္မုန္စို႔ေနၿပီ။Masth ဟင္ဒီဘာသာစကားမွဆင္းသက္လာျခင္းျဖစ္ၿပီး ႐ူးသြပ္ျခင္း (intoxication)ျဖစ္သည္။

ဆင္ထီးနထင္ရွိ မုန္ေပါက္ Temporal gland မွ အထီးေဟာ္မုန္း (Testostirone hormone) Level ျမင့္တက္ျခင္းျဖစ္ပါသည္။

အမ်ားအားျဖင့္ ဆင္သစ္ဆြဲငုတ္ထုတ္လုပ္ငန္း ၿပီးဆုံးခ်ိန္ႏွင့္ ဆင္ေက်ာင္းကာလ အနားရခ်ိန္မ်ားတြင္ ဆင္မုန္က်မႈကို ေတြ႕ရွိရတတ္ပါသည္။ မုန္က်ျခင္း‌ ေအာက္ပါအတိုင္း ေတြ႕ရွိရပါသည္။

ပထမအဆင့္

ေနာက္ေျခေထာက္ၾကားရွိသိုေၾကာတင္းလာသည္။ ၎ကို ခါးေတာင္းက်ိဳက္သည္ဟု ေခၚေဝၚပါသည္။ နထင္ရွိ Temporal gland ေယာင္လာသည္။ ၎ကို မုန္အိုးေဖာင္းလာၿပီ မ်က္မုန္စို႔ေနၿပီဟု ‌ေခၚၾကပါသည္။

သိုေၾကာတင္း ခါးေတာင္က်ိဳက္ေနသည့္အဆင့္။ဒုတိယအဆင့္

မုန္ေပါက္Temporal gland မွ အထီးေဟာ္မုန္းအရည္ ၊ မုန္ရည္မ်ား စီးက်လာသည္။ အေပၚမုန္က်ၿပီဟု ေခၚၾကပါသည္။

မုန္ေပါက္အား ၾကက္ေမႊး အုန္းဆီျဖင့္ သန႔္စင္ၾကပ္ေပးျခင္းသည္ အလြန္ေကာင္းမြန္ပါသည္။ သို (_င္တံ) ေတာင့္တင္းလာၿပီး ဝမ္းဗိုက္ထိေကာ့၍ ႐ိုက္ေနတတ္သည္။

တတိယအဆင့္

မုန္ေပါက္မွ မုန္ရည္မ်ားက်ဆင္းမႈသည္ ပါးစပ္အတြင္းသို႔ ေရာက္လာသည္။ ၎ကိုမုန္အာေသာက္သည္ဟုေခၚပါသည္။ _င္တံမွ ဆီးႏွင့္အတူအလြန္စူးရွ‌ ေသာအနံ႔ရွိသည့္

အဆီရည္(မုန္ရည္)မ်ား က်ဆင္း‌ ေနၿပီး‌‌ ေပါင္အတြင္းပိုင္းႏွင့္‌ ေျခ ‌ေထာက္ပိုင္းတို႔တြင္႐ႊဲစို‌ ေနသည္။ ငိုက္ျမည္းေနတတ္ၿပီး အသံ လႈပ္ရွားမႈတခုခု ၾကားသိရပါက နား႐ြက္ကား မ်က္လုံးျပဴးၿပီး ျမင္ေတြ႕သမွ် ရန္မူခ်င္သည္။

မ်က္မုန္(အ‌ေပၚမုန္)က်ၿပီး မုန္အာေသာက္ေနသည့္အဆင့္။

အထီးေဟာ္မုန္းျမင့္တက္ခ်ိန္တြင္ ေသြးတြင္းစုပ္ယူမႈမ်ားၿပီး ထိန္းသိမ္းႏိုင္စိတ္ မရွိေတာ့ဘဲ အမိန႔္မနာခံ ျမင္ေတြ႕သမွ် ရန္မူခ်င္သည့္စိတ္မ်ားၿပီး စိတ္႐ိုင္းဝင္ျခင္းျဖစ္ပါသည္။

ေအာက္မုန္က်ၿပီး အေပၚမုန္ ေအာက္မုန္စုံၿပီဟု ေခၚၾကပါသည္။ ေဟာ္မုန္း level အျမင့္ဆုံးအခ်ိန္ ျဖစ္ပါသည္။

မုန္ေပါက္ ႏွင့္ သို(_င္တံ)မွေဟာ္မုန္းရည္မ်ားထြက္က်ျခင္းတျဖည္းျဖည္းနည္းျခင္းျဖင့္ ေဟာ္မုန္းပုံမွန္အေျခအေနသို႔ ေရာက္ရွိသြားၿပီးေနာက္ မုန္တိတ္ၿပီဟု ေခၚေဝၚၾကပါသည္။

မုန္ကာလ musth period မွာ ၂ပတ္မွ၄လအထိ ၾကာျမင့္တတ္ပါသည္။ တခါတရံ မုန္မစုံဘဲ လျခား၍ တႏွစ္ပတ္လုံးလည္း က်တတ္ပါသည္။

သဘာဝအရ က်န္းမာေရးေကာင္းမြန္၍ မုန္က်ျခင္းျဖစ္သျဖင့္ သဘာဝကိုဆန႔္က်င္ၿပီး မုန္တိတ္ေဆး ေက်ာက္ဖ႐ုံသီး၊ ဘိန္းစသည္မ်ား မေကြၽးရပါ။

ထိန္းသိမ္းေစာင့္ေရွာက္ျခင္း

မုန္ရိပ္ရွိသည္ကို ေတြ႕ရသည္ႏွင့္ ပုံမွန္အသုံးျပဳ ဆင္ကိရိယာမ်ားအစား မုန္ထူး(၆မူးလုံး)မုန္ႀကိဳး (၆မူးလုံး၄၀ေပ)တပ္ဆင္ရပါမည္။ အနီးပတ္ဝန္းက်င္ရွိ စခန္း/႐ြာမ်ားသို႔ ဆင္မုန္ရိပ္ရွိေၾကာင္း အသိေပး အေၾကာင္းၾကားရပါမည္။

အျခားဆင္မ်ားမလာေရာက္ေစရန္ ထိန္းသိမ္းရပါမည္။ ေတာဆင္ဧရိယာျဖစ္ပါက ဆင္အနီးမီးဖိုေပးထားရပါမည္။

အေပၚမုန္က်စဥ္ ေန႔ေက်ာင္းညခ်ည္ထားရွိႏိုင္ၿပီး မုန္အာေသာက္၍ ေအာက္မုန္က်လာပါက ခိုင္ခန႔္ေသာ အရိပ္ရွိသစ္ပင္၊ ညီညာေသာ ေျမ ၊ခလုတ္ ၊က်င္းမရွိသည့္ေနရာမ်ားတြင္ ခ်ည္ေႏွာင္ထားရပါသည္။

သဘာဝအစာ စုပုံခုတ္ေကြၽးရပါမည္။ ဌက္ေပ်ာပင္မ်ားမ်ားေကြၽးႏိုင္ပါက ေရအနည္းငယ္သာတိုက္ေပး၍ရပါသည္။ဆီး/ဝမ္းဂ႐ုစိုက္ၾကည့္ၿပီး ဆားမန္က်ည္းေကြၽးေပးရပါမည္။

ေရတိုက္ရာတြင္ႀကိဳးတဆုံးေနရာတြင္ ပလပ္စတစ္ပုန္းျဖင့္တိုက္ေပးရပါမည္။ ‌ေခ်ာင္းအနီးခ်ည္ပါက‌ ေရတိုက္စရာမလို‌ ေသာ္လည္းမထင္မွတ္ဘဲ ‌ေခ်ာင္းေရႀကီးျခင္းကို ဂ႐ုျပဳရပါမည္။

မုန္ဆင္ထိန္းသိမ္း‌ ေစာင့္ေရွာက္ရာတြင္ ဆင္ဦးစီးတဦးတည္းမဟုတ္ဘဲ အဖြဲ႕ျဖင့္ ကိုင္တြယ္ထိန္းသိမ္းေစာင့္ေရွာက္ရပါသည္။

ဆင္ခ်ည္ေသာေနရာမွားျခင္း၊ ဆင္ကိုဂ႐ုစိုက္မႈမရွိျခင္း၊ ဆင္ကိရိယာခ်ည္ေႏွာင္မႈအား မစစ္ေဆးျခင္း စသည့္အမွားမ်ားေၾကာင့္ ဆင္အသက္ဆုံးရႈံးႏိုင္သကဲ့သို႔

သတိမမူေပါ့ဆမႈေၾကာင့္ အႏၲရာယ္အျပဳခံရၿပီး ဆင္/လူမ်ားထိခိုက္ ဒဏ္ရာရ ဆုံးရႈံးမႈျဖစ္တတ္ပါသည္။

ဗဟုသုတရေစရန္ မွ်ေဝျခင္းျဖစ္ၿပီး အခ်က္အလက္မ်ားမွားယြင္းေနပါက မိမိအားနည္းခ်က္သာျဖစ္ပါေၾကာင္းဝန္ခံအပ္ပါသည္။

Ko Win Zaw (ျမန္မာ့သစ္လုပ္ငန္း)

ကိုးကား။ DI,SOS ၊ ဆင္ထိန္းသိမ္းေစာင့္ေရွာက္ျခင္းလုပ္ငန္းလမ္းၫႊန္ ၊ ေဒါက္တာစိုင္းစံအိုက္(ဆင္ဝန္ထမ္းလက္စြဲ) ၊ ေဒါက္တာေဇာ္မင္းဦး(အာရွဆင္အေၾကာင္းသိေကာင္းစရာ)၊ ဦးတင္ေအာင္လွ(ျမန္မာ့ဆင္)၊ ဦးေအာင္စိုး(ျမန္မာ့ဆင္)

Ko Win Zaw (ျမန္မာ့သစ္လုပ္ငန္း) ေရးသားသည့္ စာစုျဖစ္ပါသည္။crd

Unicode

ဆင် မုန်ယိုခြင်း (သို့) မုန်ကျခြင်း ဆိုတာ ဘာလဲ…(မသိသေးသူများ အတွက် ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်…)

ဆင်၏နထင်နေရာတွင် မုန်ပေါက်ရှိပါသည်။ အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းမွန်သော ဆင်ပေါက်များမုန်ကျလေ့ရှိပြီး အသက်ကြီး၅၅နှစ်ကျော်ထိလည်း မုန်ကျမှု‌ တွေရှိရပါသည်။

မုန်ကျခြင်း(Masth ) သည် မိတ်ယှဉ်လိုခြင်း ဖြစ်ပေါ်စေသည်ဟု တထစ်ချမှတ်ယူလို့မရပါ။ အလိုမကျ၊ ဗိုလ်မထားစိတ်ရိုင်းထကြွချိန်ဖြစ်သဖြင့်ထိန်းသိမ်းသူအပါအဝင်ဆင်မ(သို့ ) ဆင်ထီးများကိုလည်း ရန်ပြုတတ်ပါသည်။

ဆင်၏ မုန်ပေါက်… ရောင်လာ ဖောင်းလာပါက မျက်မုန်စို့နေပြီ။Masth ဟင်ဒီဘာသာစကားမှဆင်းသက်လာခြင်းဖြစ်ပြီး ရူးသွပ်ခြင်း (intoxication)ဖြစ်သည်။

ဆင်ထီးနထင်ရှိ မုန်ပေါက် Temporal gland မှ အထီးဟော်မုန်း (Testostirone hormone) Level မြင့်တက်ခြင်းဖြစ်ပါသည်။

အများအားဖြင့် ဆင်သစ်ဆွဲငုတ်ထုတ်လုပ်ငန်း ပြီးဆုံးချိန်နှင့် ဆင်ကျောင်းကာလ အနားရချိန်များတွင် ဆင်မုန်ကျမှုကို တွေ့ရှိရတတ်ပါသည်။ မုန်ကျခြင်း‌ အောက်ပါအတိုင်း တွေ့ရှိရပါသည်။

ပထမအဆင့်

နောက်ခြေထောက်ကြားရှိသိုကြောတင်းလာသည်။ ၎င်းကို ခါးတောင်းကျိုက်သည်ဟု ခေါ်ဝေါ်ပါသည်။ နထင်ရှိ Temporal gland ယောင်လာသည်။ ၎င်းကို မုန်အိုးဖောင်းလာပြီ မျက်မုန်စို့နေပြီဟု ‌ခေါ်ကြပါသည်။

သိုကြောတင်း ခါးတောင်ကျိုက်နေသည့်အဆင့်။ဒုတိယအဆင့်

မုန်ပေါက်Temporal gland မှ အထီးဟော်မုန်းအရည် ၊ မုန်ရည်များ စီးကျလာသည်။ အပေါ်မုန်ကျပြီဟု ခေါ်ကြပါသည်။

မုန်ပေါက်အား ကြက်မွှေး အုန်းဆီဖြင့် သန့်စင်ကြပ်ပေးခြင်းသည် အလွန်ကောင်းမွန်ပါသည်။ သို (_င်တံ) တောင့်တင်းလာပြီး ဝမ်းဗိုက်ထိကော့၍ ရိုက်နေတတ်သည်။

တတိယအဆင့်

မုန်ပေါက်မှ မုန်ရည်များကျဆင်းမှုသည် ပါးစပ်အတွင်းသို့ ရောက်လာသည်။ ၎င်းကိုမုန်အာသောက်သည်ဟုခေါ်ပါသည်။ _င်တံမှ ဆီးနှင့်အတူအလွန်စူးရှ‌ သောအနံ့ရှိသည့်

အဆီရည်(မုန်ရည်)များ ကျဆင်း‌ နေပြီး‌‌ ပေါင်အတွင်းပိုင်းနှင့်‌ ခြေ ‌ထောက်ပိုင်းတို့တွင်ရွှဲစို‌ နေသည်။ ငိုက်မြည်းနေတတ်ပြီး အသံ လှုပ်ရှားမှုတခုခု ကြားသိရပါက နားရွက်ကား မျက်လုံးပြူးပြီး မြင်တွေ့သမျှ ရန်မူချင်သည်။

မျက်မုန်(အ‌ပေါ်မုန်)ကျပြီး မုန်အာသောက်နေသည့်အဆင့်။

အထီးဟော်မုန်းမြင့်တက်ချိန်တွင် သွေးတွင်းစုပ်ယူမှုများပြီး ထိန်းသိမ်းနိုင်စိတ် မရှိတော့ဘဲ အမိန့်မနာခံ မြင်တွေ့သမျှ ရန်မူချင်သည့်စိတ်များပြီး စိတ်ရိုင်းဝင်ခြင်းဖြစ်ပါသည်။

အောက်မုန်ကျပြီး အပေါ်မုန် အောက်မုန်စုံပြီဟု ခေါ်ကြပါသည်။ ဟော်မုန်း level အမြင့်ဆုံးအချိန် ဖြစ်ပါသည်။

မုန်ပေါက် နှင့် သို(_င်တံ)မှဟော်မုန်းရည်များထွက်ကျခြင်းတဖြည်းဖြည်းနည်းခြင်းဖြင့် ဟော်မုန်းပုံမှန်အခြေအနေသို့ ရောက်ရှိသွားပြီးနောက် မုန်တိတ်ပြီဟု ခေါ်ဝေါ်ကြပါသည်။

မုန်ကာလ musth period မှာ ၂ပတ်မှ၄လအထိ ကြာမြင့်တတ်ပါသည်။ တခါတရံ မုန်မစုံဘဲ လခြား၍ တနှစ်ပတ်လုံးလည်း ကျတတ်ပါသည်။

သဘာဝအရ ကျန်းမာရေးကောင်းမွန်၍ မုန်ကျခြင်းဖြစ်သဖြင့် သဘာဝကိုဆန့်ကျင်ပြီး မုန်တိတ်ဆေး ကျောက်ဖရုံသီး၊ ဘိန်းစသည်များ မကျွေးရပါ။

ထိန်းသိမ်းစောင့်ရှောက်ခြင်း

မုန်ရိပ်ရှိသည်ကို တွေ့ရသည်နှင့် ပုံမှန်အသုံးပြု ဆင်ကိရိယာများအစား မုန်ထူး(၆မူးလုံး)မုန်ကြိုး (၆မူးလုံး၄၀ပေ)တပ်ဆင်ရပါမည်။ အနီးပတ်ဝန်းကျင်ရှိ စခန်း/ရွာများသို့ ဆင်မုန်ရိပ်ရှိကြောင်း အသိပေး အကြောင်းကြားရပါမည်။

အခြားဆင်များမလာရောက်စေရန် ထိန်းသိမ်းရပါမည်။ တောဆင်ဧရိယာဖြစ်ပါက ဆင်အနီးမီးဖိုပေးထားရပါမည်။

အပေါ်မုန်ကျစဉ် နေ့ကျောင်းညချည်ထားရှိနိုင်ပြီး မုန်အာသောက်၍ အောက်မုန်ကျလာပါက ခိုင်ခန့်သော အရိပ်ရှိသစ်ပင်၊ ညီညာသော မြေ ၊ခလုတ် ၊ကျင်းမရှိသည့်နေရာများတွင် ချည်နှောင်ထားရပါသည်။

သဘာဝအစာ စုပုံခုတ်ကျွေးရပါမည်။ ဌက်ပျောပင်များများကျွေးနိုင်ပါက ရေအနည်းငယ်သာတိုက်ပေး၍ရပါသည်။ဆီး/ဝမ်းဂရုစိုက်ကြည့်ပြီး ဆားမန်ကျည်းကျွေးပေးရပါမည်။

ရေတိုက်ရာတွင်ကြိုးတဆုံးနေရာတွင် ပလပ်စတစ်ပုန်းဖြင့်တိုက်ပေးရပါမည်။ ‌ချောင်းအနီးချည်ပါက‌ ရေတိုက်စရာမလို‌ သော်လည်းမထင်မှတ်ဘဲ ‌ချောင်းရေကြီးခြင်းကို ဂရုပြုရပါမည်။

မုန်ဆင်ထိန်းသိမ်း‌ စောင့်ရှောက်ရာတွင် ဆင်ဦးစီးတဦးတည်းမဟုတ်ဘဲ အဖွဲ့ဖြင့် ကိုင်တွယ်ထိန်းသိမ်းစောင့်ရှောက်ရပါသည်။

ဆင်ချည်သောနေရာမှားခြင်း၊ ဆင်ကိုဂရုစိုက်မှုမရှိခြင်း၊ ဆင်ကိရိယာချည်နှောင်မှုအား မစစ်ဆေးခြင်း စသည့်အမှားများကြောင့် ဆင်အသက်ဆုံးရှုံးနိုင်သကဲ့သို့

သတိမမူပေါ့ဆမှုကြောင့် အန္တရာယ်အပြုခံရပြီး ဆင်/လူများထိခိုက် ဒဏ်ရာရ ဆုံးရှုံးမှုဖြစ်တတ်ပါသည်။

ဗဟုသုတရစေရန် မျှဝေခြင်းဖြစ်ပြီး အချက်အလက်များမှားယွင်းနေပါက မိမိအားနည်းချက်သာဖြစ်ပါကြောင်းဝန်ခံအပ်ပါသည်။

Ko Win Zaw (မြန်မာ့သစ်လုပ်ငန်း)

ကိုးကား။ DI,SOS ၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းလမ်းညွှန် ၊ ဒေါက်တာစိုင်းစံအိုက်(ဆင်ဝန်ထမ်းလက်စွဲ) ၊ ဒေါက်တာဇော်မင်းဦး(အာရှဆင်အကြောင်းသိကောင်းစရာ)၊ ဦးတင်အောင်လှ(မြန်မာ့ဆင်)၊ ဦးအောင်စိုး(မြန်မာ့ဆင်)

Ko Win Zaw (မြန်မာ့သစ်လုပ်ငန်း) ရေးသားသည့် စာစုဖြစ်ပါသည်။crd

Be the first to comment

Leave a Reply

Your email address will not be published.


*