အေသးအဖြဲေပမယ့္ ဂ႐ုျပဳေစခ်င္ပါတယ္… (ေကာင္းလိုက္တဲ့ ဆုံးမစကား)

အေသးအဖြဲေပမယ့္ ဂ႐ုျပဳေစခ်င္ပါတယ္... (ေကာင္းလိုက္တဲ့ ဆုံးမစကား)
အေသးအဖြဲေပမယ့္ ဂ႐ုျပဳေစခ်င္ပါတယ္... (ေကာင္းလိုက္တဲ့ ဆုံးမစကား)

အေသးအဖြဲေပမယ့္ ဂ႐ုျပဳေစခ်င္ပါတယ္… (ေကာင္းလိုက္တဲ့ ဆုံးမစကား)

အဂၤလိပ္ေတြက ထမင္းစားတာ တို႔လူမ်ိဳးေတြက လက္နဲ႔ စားၾကသလားဆိုၿပီး အထင္ေသးစကား ေျပာခ်င္တယ္။

သူတို႔ကမွ သန႔္ရွင္းတာ၊ ဇြန္းနဲ႔ ခက္ရင္းနဲ႔ စားတာ စားရာမွာ Table Manners ဆိုတာေတြ ရွိတယ္ေပါ့။ အေမတို႔ လူႀကီးေတြက တို႔က လက္နဲ႔ ေတာ့စားတာပဲ။ ယဥ္ေက်းမႈျခင္းမွမတူတာ ကြာျခား တာေပါ့တဲ့။

တို႔က ထမင္းခူးခပ္ၿပီး ထမင္းဝိုင္းဝင္ၾကရင္ စားပြဲေပၚ ခပ္တင္ထားတဲ့ ဟင္းခြက္ကို ကိုယ္ခပ္ခ်င္သလို ခပ္လို႔မရဘူး။

ထမင္းဝိုင္းထဲက အသက္ႀကီးဆုံးလူကို ဦးခ်ၿပီးမွ ကိုယ့္အတြက္ခပ္ရတယ္။ ဦးခ်တယ္ ဆိုတာ လက္ႏွစ္ဖက္နဲ႔ ရွိခိုးလိုက္တာ မဟုတ္ဘူး။

ပန္းကန္ထဲက ဟင္းကေလးကို ဦးဦးဖ်ားဖ်ားခပ္ယူၿပီး အႀကီးဆုံးလူရဲ႕ ပန္းကန္ထဲကို ေလးေလးစားစား ထည့္ေပးလိုက္တာကို ေျပာတာပါ။

ထမင္းပြဲမွာ ဟင္းခပ္ရင္ ညာလက္နဲ႔ မခပ္နဲ႔၊ ဘယ္လက္နဲ႔ ခပ္၊ ကိုယ့္ညာလက္က ဟင္းေပေနတာတဲ့။ ၿပီးေတာ့ ထမင္းထဲ ဟင္းရည္ဆမ္းၿပီး နယ္ဖတ္စားခ်င္ရင္လည္း နယ္ပါ ဖတ္ပါ။

ဒါေပမဲ့ လက္ေခ်ာင္းေတြမွာ ဟင္းလူးထားတဲ့ ထမင္းလုံးေတြ ကပ္ေနရဲ႕နဲ႔ ထမင္းမစားနဲ႔။ အဲဒီလက္ကထမင္းလုံး ကိုယ့္လက္ ေခ်ာင္းေတြနဲ႔ ဖယ္ရွားၿပီးမွ စားတဲ့။

ဟင္းရည္ေသာက္ ရင္လည္း ရႉးရႉးနဲ႔ မေသာက္ရဘူး၊ ဟင္းရည္ေသာက္တာ အသံမျမည္ေစနဲ႔၊ အသုံျမည္ရင္ ႐ိုင္းတယ္တဲ့။

ၿပီးေတာ့ ထမင္းစားတဲ့အခါမွာလည္း ျပပ္ျပပ္နဲ႔ မျမည္ေစနဲ႔။ ေခြးစားတာေသာက္တာကမွ တျပပ္ျပပ္ ျမည္တာ၊ လူစားတာက အသံမျမည္ေအာင္စား၊ အသံ ျမည္ရင္ ႐ိုင္းတယ္တဲ့။

ထမင္းျဖစ္ျဖစ္ ဟင္းျဖစ္ျဖစ္ ထည့္ရင္ ကုန္ႏိုင္႐ုံပဲထည့္၊ ထမင္းပန္းကန္ထဲက ထမင္း ဟာမ်ားေနတယ္၊ ငါ ကုန္မွာမဟုတ္ဘူးလို႔ ထင္ရင္ ထမင္းဇလုံထဲ ျပန္ကဲ့ထည့္၊ စားတဲ့အခါမွာလည္း ပန္းကန္ထဲ ဟင္းက်န္ ထမင္းက်န္ေတြနဲ႔ အၿပီးမသတ္ နဲ႔။

ကိုယ့္ ပန္းကန္ထဲရွိတာ ကုန္ေအာင္စားသြား။ ဒါမွ သိမ္းဆည္းရတဲ့ လူက စိတ္ခ်မ္းသာတယ္၊ ကိုယ္ပဲ ေဆးရ ေၾကာရမွာ ျဖစ္ရင္လည္း အကုန္စားထားတဲ့ ပန္းကန္ကို ေဆးရတာ ေကာင္းတယ္တဲ့။

ထမင္းစားၿပီး ေရေသာက္ရင္လည္း အသံမျမည္ေစနဲ႔၊ တခ်ိဳ႕က တဂြပ္ဂြပ္နဲ႔ ေသာက္တတ္တယ္တဲ့။ လူႀကီးေတြက ဒီလို ေစာင့္ေျပာေနတာ နားေထာင္ေတာ့ ကိုယ္လည္း စားရာ ေသာက္ရာမွာ သပ္သပ္ရပ္ရပ္ စားတတ္ ေသာက္တတ္သြားတာေပါ့တဲ့။

အဲဒါေတြက တို႔ Table Manners ေတြပါပဲတဲ့။ အေမတို႔ ဒီလိုေျပာေတာ့ ဇြန္းနဲ႔ခက္ရင္းသမားမွာ အႀကီးဆုံးလူကို ဦးခ်တဲ့ Manner မ်ိဳးေတာ့ ရွိမယ္ မထင္ပါဘူးလို႔ စိတ္ထဲက ေအာက္ေမ့ၿပီး အေမတို႔က ကိုယ့္ယဥ္ေက်းမႈကို ေလးစားမိတာေပါ့။

ကေန႔လူငယ္ေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ အေမတို႔ ငယ္တုန္းကလို ထမင္းဝိုင္းႀကီးနဲ႔လည္း မစား ၾကရရွာေတာ့ဘူး ထင္ပါရဲ႕။

ထမင္းခ်ိဳင့္ကေလးနဲ႔ ထည့္လာၾကၿပီးေတာ့ အခ်င္းခ်င္းဆုံစားၾက၊ တစ္ဦး နဲ႔ တစ္ဦး ေဝမွ်စားေလာက္ေအာင္လည္း အိမ္ကထည့္ မေပးလိုက္ႏိုင္ေတာ့ ကိုယ့္ခ်ိဳင့္ကေလးကိုပဲ ႏႈိက္စားရ သူေတြက ေတာ္ေတာ္မ်ားေနၿပီထင္ပါရဲ႕။

ေနာက္ အေမတို႔ ငယ္ငယ္က လူႀကီးေတြက သြားရင္ လာရင္ လက္ကို သိပ္လႊဲ သိပ္ရမ္းၿပီး မသြားနဲ႔။

ထဘီကို တအားျဖန႔္ၿပီးမဝတ္နဲ႔၊ လူႀကီးေတြေရွ႕မွာ ခါးေလး ကုန္းၿပီးသြား၊ ရဟန္ သံဃာနဲ႔ေတြ႕ရင္ လမ္းဖယ္ေပးလို႔ မွာေသး သင္ေသးတယ္။

ခုေခတ္မွာ မိန္းကေလးေတြ ထဘီကို တအားျဖန႔္ဝတ္တာ လူတိုင္းလိုလိုပဲ၊ အေမတို႔.အဆုံးအမခံခဲ့ရတာနဲ႔ ျခားနားလိုက္တာ။

ၿပီးေတာ့ စကားေျပာတဲ့အခါမွာလည္း လူႀကီးက ေျပာရင္ ေခါင္းမညိတ္နဲ႔၊ အင္း မလိုက္နဲ႔တဲ့၊ ဟုတ္ကဲ့ လို႔ ေျပာရင္ေတာင္ သံျပတ္ႀကီးမေျပာနဲ႔၊ ဟုတ္ကဲ့ရွင့္ လို႔ေျပာတဲ့၊ သားလုပ္တဲ့လူက သူ႔အေမကို “ခင္ဗ်ားက လည္းဗ်ာ” လို႔ ေျပာရင္ အေမကို ခင္ဗ်ားလုံးႀကီး႐ိုက္ မေျပာပါနဲ႔တဲ့ေလ။ အဲဒါ ႐ိုင္းသတဲ့။

ခုေခတ္လူငယ္ေလးေတြက လူႀကီးကို လမ္းမွာ အ႐ို အေသေပးတယ္လို႔ မရွိၾကဘူး၊ ရင္ေဘာင္တန္း သြား ခ်င္သြား၊ ပခုံးခ်င္းတိုက္ၿပီး ေက်ာ္တက္ခ်င္တက္မယ္။

အေမတို႔ ငယ္ငယ္က အဲဒါမ်ိဳးမလုပ္ရဘူး။

ခုေခတ္မွာ “ဘုန္းႀကီးနဲ႔ စကားမေျပာတတ္ပါဘူး” ဆိုတာကို လူငယ္ေတြက ခပ္တင္းတင္းပဲ ဂုဏ္ယူေန ၾကၿပီေလ။

အေမတို႔တုန္းကေတာ့ အဲလိုမ်ားေျပာရင္ အေငါက္ခံလိုက္ရမယ့္ျဖစ္ျခင္း။ ဟဲ့ လာခဲ့၊ ဆရာေတာ္ ကို ဦးခ်လို႔ ေရွ႕တြင္ေခၚၿပီး ကန္ေတာ့ခိုင္း၊ စကားေျပာ ခိုင္းမွာပဲ။

နင္က တပည့္ေတာ္တို႔ တင္ပါ့တို႔ မေျပာတတ္ ရေအာင္ ဘယ္ကလာတဲ့ ဘာလူမ်ိဳးမို႔လဲလို႔ ေမးမွာပဲ။

အေမ ေရးျပတာေတြကို ကိုယ့္ဆီမွာမရွိရင္ စဥ္းစားၾက။ ေကာင္းတယ္ထင္ရင္ လက္ခံက်င့္သုံးၾကကြယ္။

လူထုေဒၚအမာ၊ ကလ်ာမဂၢဇင္း မတ္လ ၂၀၀၃ ခုႏွစ္

Unicode

အေသးအဖြဲေပမယ့္ ဂ႐ုျပဳေစခ်င္ပါတယ္… (ေကာင္းလိုက္တဲ့ ဆုံးမစကား)

အင်္ဂလိပ်တွေက ထမင်းစားတာ တို့လူမျိုးတွေက လက်နဲ့ စားကြသလားဆိုပြီး အထင်သေးစကား ပြောချင်တယ်။

သူတို့ကမှ သန့်ရှင်းတာ၊ ဇွန်းနဲ့ ခက်ရင်းနဲ့ စားတာ စားရာမှာ Table Manners ဆိုတာတွေ ရှိတယ်ပေါ့။ အမေတို့ လူကြီးတွေက တို့က လက်နဲ့ တော့စားတာပဲ။ ယဉ်ကျေးမှုခြင်းမှမတူတာ ကွာခြား တာပေါ့တဲ့။

တို့က ထမင်းခူးခပ်ပြီး ထမင်းဝိုင်းဝင်ကြရင် စားပွဲပေါ် ခပ်တင်ထားတဲ့ ဟင်းခွက်ကို ကိုယ်ခပ်ချင်သလို ခပ်လို့မရဘူး။

ထမင်းဝိုင်းထဲက အသက်ကြီးဆုံးလူကို ဦးချပြီးမှ ကိုယ့်အတွက်ခပ်ရတယ်။ ဦးချတယ် ဆိုတာ လက်နှစ်ဖက်နဲ့ ရှိခိုးလိုက်တာ မဟုတ်ဘူး။

ပန်းကန်ထဲက ဟင်းကလေးကို ဦးဦးဖျားဖျားခပ်ယူပြီး အကြီးဆုံးလူရဲ့ ပန်းကန်ထဲကို လေးလေးစားစား ထည့်ပေးလိုက်တာကို ပြောတာပါ။

ထမင်းပွဲမှာ ဟင်းခပ်ရင် ညာလက်နဲ့ မခပ်နဲ့၊ ဘယ်လက်နဲ့ ခပ်၊ ကိုယ့်ညာလက်က ဟင်းပေနေတာတဲ့။ ပြီးတော့ ထမင်းထဲ ဟင်းရည်ဆမ်းပြီး နယ်ဖတ်စားချင်ရင်လည်း နယ်ပါ ဖတ်ပါ။

ဒါပေမဲ့ လက်ချောင်းတွေမှာ ဟင်းလူးထားတဲ့ ထမင်းလုံးတွေ ကပ်နေရဲ့နဲ့ ထမင်းမစားနဲ့။ အဲဒီလက်ကထမင်းလုံး ကိုယ့်လက် ချောင်းတွေနဲ့ ဖယ်ရှားပြီးမှ စားတဲ့။

ဟင်းရည်သောက် ရင်လည်း ရှူးရှူးနဲ့ မသောက်ရဘူး၊ ဟင်းရည်သောက်တာ အသံမမြည်စေနဲ့၊ အသုံမြည်ရင် ရိုင်းတယ်တဲ့။

ပြီးတော့ ထမင်းစားတဲ့အခါမှာလည်း ပြပ်ပြပ်နဲ့ မမြည်စေနဲ့။ ခွေးစားတာသောက်တာကမှ တပြပ်ပြပ် မြည်တာ၊ လူစားတာက အသံမမြည်အောင်စား၊ အသံ မြည်ရင် ရိုင်းတယ်တဲ့။

ထမင်းဖြစ်ဖြစ် ဟင်းဖြစ်ဖြစ် ထည့်ရင် ကုန်နိုင်ရုံပဲထည့်၊ ထမင်းပန်းကန်ထဲက ထမင်း ဟာများနေတယ်၊ ငါ ကုန်မှာမဟုတ်ဘူးလို့ ထင်ရင် ထမင်းဇလုံထဲ ပြန်ကဲ့ထည့်၊ စားတဲ့အခါမှာလည်း ပန်းကန်ထဲ ဟင်းကျန် ထမင်းကျန်တွေနဲ့ အပြီးမသတ် နဲ့။

ကိုယ့် ပန်းကန်ထဲရှိတာ ကုန်အောင်စားသွား။ ဒါမှ သိမ်းဆည်းရတဲ့ လူက စိတ်ချမ်းသာတယ်၊ ကိုယ်ပဲ ဆေးရ ကြောရမှာ ဖြစ်ရင်လည်း အကုန်စားထားတဲ့ ပန်းကန်ကို ဆေးရတာ ကောင်းတယ်တဲ့။

ထမင်းစားပြီး ရေသောက်ရင်လည်း အသံမမြည်စေနဲ့၊ တချို့က တဂွပ်ဂွပ်နဲ့ သောက်တတ်တယ်တဲ့။ လူကြီးတွေက ဒီလို စောင့်ပြောနေတာ နားထောင်တော့ ကိုယ်လည်း စားရာ သောက်ရာမှာ သပ်သပ်ရပ်ရပ် စားတတ် သောက်တတ်သွားတာပေါ့တဲ့။

အဲဒါတွေက တို့ Table Manners တွေပါပဲတဲ့။ အမေတို့ ဒီလိုပြောတော့ ဇွန်းနဲ့ခက်ရင်းသမားမှာ အကြီးဆုံးလူကို ဦးချတဲ့ Manner မျိုးတော့ ရှိမယ် မထင်ပါဘူးလို့ စိတ်ထဲက အောက်မေ့ပြီး အမေတို့က ကိုယ့်ယဉ်ကျေးမှုကို လေးစားမိတာပေါ့။

ကနေ့လူငယ်တွေ တော်တော်များများကတော့ အမေတို့ ငယ်တုန်းကလို ထမင်းဝိုင်းကြီးနဲ့လည်း မစား ကြရရှာတော့ဘူး ထင်ပါရဲ့။

ထမင်းချိုင့်ကလေးနဲ့ ထည့်လာကြပြီးတော့ အချင်းချင်းဆုံစားကြ၊ တစ်ဦး နဲ့ တစ်ဦး ဝေမျှစားလောက်အောင်လည်း အိမ်ကထည့် မပေးလိုက်နိုင်တော့ ကိုယ့်ချိုင့်ကလေးကိုပဲ နှိုက်စားရ သူတွေက တော်တော်များနေပြီထင်ပါရဲ့။

နောက် အမေတို့ ငယ်ငယ်က လူကြီးတွေက သွားရင် လာရင် လက်ကို သိပ်လွှဲ သိပ်ရမ်းပြီး မသွားနဲ့။

ထဘီကို တအားဖြန့်ပြီးမဝတ်နဲ့၊ လူကြီးတွေရှေ့မှာ ခါးလေး ကုန်းပြီးသွား၊ ရဟန် သံဃာနဲ့တွေ့ရင် လမ်းဖယ်ပေးလို့ မှာသေး သင်သေးတယ်။

ခုခေတ်မှာ မိန်းကလေးတွေ ထဘီကို တအားဖြန့်ဝတ်တာ လူတိုင်းလိုလိုပဲ၊ အမေတို့.အဆုံးအမခံခဲ့ရတာနဲ့ ခြားနားလိုက်တာ။

ပြီးတော့ စကားပြောတဲ့အခါမှာလည်း လူကြီးက ပြောရင် ခေါင်းမညိတ်နဲ့၊ အင်း မလိုက်နဲ့တဲ့၊ ဟုတ်ကဲ့ လို့ ပြောရင်တောင် သံပြတ်ကြီးမပြောနဲ့၊ ဟုတ်ကဲ့ရှင့် လို့ပြောတဲ့၊ သားလုပ်တဲ့လူက သူ့အမေကို “ခင်ဗျားက လည်းဗျာ” လို့ ပြောရင် အမေကို ခင်ဗျားလုံးကြီးရိုက် မပြောပါနဲ့တဲ့လေ။ အဲဒါ ရိုင်းသတဲ့။

ခုခေတ်လူငယ်လေးတွေက လူကြီးကို လမ်းမှာ အရို အသေပေးတယ်လို့ မရှိကြဘူး၊ ရင်ဘောင်တန်း သွား ချင်သွား၊ ပခုံးချင်းတိုက်ပြီး ကျော်တက်ချင်တက်မယ်။

အမေတို့ ငယ်ငယ်က အဲဒါမျိုးမလုပ်ရဘူး။

ခုခေတ်မှာ “ဘုန်းကြီးနဲ့ စကားမပြောတတ်ပါဘူး” ဆိုတာကို လူငယ်တွေက ခပ်တင်းတင်းပဲ ဂုဏ်ယူနေ ကြပြီလေ။

အမေတို့တုန်းကတော့ အဲလိုများပြောရင် အငေါက်ခံလိုက်ရမယ့်ဖြစ်ခြင်း။ ဟဲ့ လာခဲ့၊ ဆရာတော် ကို ဦးချလို့ ရှေ့တွင်ခေါ်ပြီး ကန်တော့ခိုင်း၊ စကားပြော ခိုင်းမှာပဲ။

နင်က တပည့်တော်တို့ တင်ပါ့တို့ မပြောတတ် ရအောင် ဘယ်ကလာတဲ့ ဘာလူမျိုးမို့လဲလို့ မေးမှာပဲ။

အမေ ရေးပြတာတွေကို ကိုယ့်ဆီမှာမရှိရင် စဉ်းစားကြ။ ကောင်းတယ်ထင်ရင် လက်ခံကျင့်သုံးကြကွယ်။

လူထုဒေါ်အမာ၊ ကလျာမဂ္ဂဇင်း မတ်လ ၂၀၀၃ ခုနှစ်

Be the first to comment

Leave a Reply

Your email address will not be published.


*