မိန္းမဆိုတာ…

မိန္းမဆိုတာ...
မိန္းမဆိုတာ...

မိန္းမဆိုတာ…

ထမင္းဟင္း ခ်က္တတ္ရမယ္…

ဒါဟာ အမ်ိဳးသမီးျဖစ္လို႔ မဟုတ္ဘူး… ေယာက်ာ္းနဲ႔ ကေလးေတြကို ခ်က္ေကြၽးဖို႔ မဟုတ္ဘူး။ လူတစ္ေယာက္အေနနဲ႔ ေလာကမွာ အသက္ရွင္ေနထိုင္ႏိုင္ဖို႔ တစ္ေယာက္တည္းေနလည္း လုပ္ကို လုပ္တတ္ရမယ့္ အရာျဖစ္လို႔ပါ…

ကိုယ့္ကိုကိုယ္ တန္ဖိုးထားတတ္ရမယ္…

လင္ေကာင္း သားေကာင္းရဖို႔ မဟုတ္ဘူး။ ကိုယ့္ဘဝ၊ ကိုယ့္ခံယူခ်က္နဲ႔ကိုယ္ ယုံၾကည္ခ်က္ရွိရွိနဲ႔ ဂုဏ္ယူစြာ ရပ္တည္ႏိုင္ဖို႔ပါ..

အသက္ေမြးဝမ္းေၾကာင္း ပညာတစ္ခုခုတတ္ကို တတ္ထားရမယ္…

လင္ေယာက်ာ္းကို ရွာေကြၽးဖို႔ မဟုတ္ဘူး။ မည္သူ တစ္ဦးတစ္ေယာက္ကိုမွ ဘဝတစ္ခုလုံးပုံအပ္ၿပီး ေလာကအလယ္မွာ အားငယ္စြာ မေနထိုင္ရဖို႔ပါ…

ဘာသာေရး ကိုင္းရႈိင္းရမယ္…

အိပ္ရာဝင္ခါနီးတိုင္း ေယာက်ာ္းကို ရွိခိုးဖို႔ မဟုတ္ဘူး။ ဘဝမွာ ဘာအခက္အခဲပဲ ႀကဳံလာပါေစ၊ ဘာသာေရး အဆုံးအမကတစ္ဆင့္ စိတ္ကို အမ်ားႀကီး တည္ၿငိမ္ေအးခ်မ္းေစႏိုင္ဖို႔ပါ…

အိမ္မႈကိစၥ ေကာင္းမြန္စြာ စီစဥ္ ကိုင္တြယ္ႏိုင္ရမယ္…

ေယာကၡမနဲ႔ ေယာက်ာ္း ခိုင္းတာ လုပ္ႏိုင္ဖို႔ မဟုတ္ဘူး။ ကိုယ္ေနထိုင္တဲ့ အိမ္ကိုေတာင္ အစီအစဥ္တက် သန႔္ရွင္းသပ္ရပ္စြာ မထားႏိုင္ပဲနဲ႔ မိမိပတ္ဝန္းက်င္၊ မိမိအလုပ္၊ မိမိလူမ်ိဳး တိုးတက္ေျပာင္းလဲဖို႔ ေကာင္းစြာ အစီအစဥ္တက် လုပ္ႏိုင္စြမ္းရွိမွာ မဟုတ္လို႔ပါ…

လွပစြာ ျပင္ဆင္ဝတ္စားတတ္ရမယ္…

ကိုယ္ဟာ လွပစြာ တည္ရွိေနတယ္ဆိုတဲ့ စိတ္ဟာ ကိုယ့္ကို ယုံၾကည္ခ်က္အမ်ားႀကီး ေပးႏိုင္လို႔ပါ…

မနက္ေစာေစာ ထရမယ္…

ကိုယ့္ရည္မွန္းခ်က္ေတြဆီျမန္ျမန္ေရာက္ႏိုင္ေအာင္အလုပ္ေတြပိုမိုၿပီးေျမာက္ေအာင္၊ ရထားတဲ့ အခ်ိန္ကေလးကို လုံေလာက္စြာအသုံးခ်ႏိုင္ဖို႔ပါ…

အလႉအတန္း ရက္ေရာရမယ္…

ေယာက်ာ္းလႉသမွ်ကိုပါရမီလိုက္ျဖည့္ေနဖို႔မဟုတ္ဘူး။ ဘာကိုမွ ေမွ်ာ္လင့္ျခင္းမရွိပဲ လြတ္လပ္စြာ လႉဒါန္းရျခင္းဟာ ႀကီးမားတဲ့ မြန္ျမတ္ျခင္းတစ္ခုျဖစ္ေနလို႔ပါ…

ဒါေတြ အားလုံးကို ေယာက်ာ္းတစ္ေယာက္ကလည္း ေကာင္းမြန္စြာ တတ္ေျမာက္ထားရပါမယ္။ ေယာက်ာ္း၊ မိန္းမ မို႔မဟုတ္ဘူး… လူ တစ္ေယာက္ ျဖစ္ေနလို႔ပါ။

ေန႔စဥ္ လုပ္ေနတဲ့အရာေတြက အေၾကာင္းအရာျခင္း တူရင္ေတာင္ ရည္႐ြယ္ခ်က္နဲ႔ ခံယူခ်က္ မတူရင္ ဘဝတန္ဖိုးကတည္း တူမွာ မဟုတ္ဘူး….

တစ္ဖက္ေစာင္းနင္းတဲ့ အေတြးအေခၚမ်ိဳးက လူ႔ပတ္ဝန္းက်င္ကို အက်ိဳးမျပဳေစဘူး။ ကိုယ့္ကိုေလာင္ၿမိဳက္ေနတဲ့ အရာတစ္ခုကို သူမ်ားလည္း ေလာင္ၿမိဳက္ပါေစ ဆိုၿပီး ျဖန႔္ေဝေနျခင္းက ႀကီးစြာေသာ အကုသိုလ္ ျဖစ္ေစပါတယ္

“လူ” ဆိုတာ တဏွာတစ္ခုတည္းအတြက္ ရွင္သန္ေနတာ မဟုတ္ဘူး… ကိုယ္ရွင္သန္ေနတဲ့ ဘဝရဲ႕တန္ဖိုးနဲ႔ ရပ္တည္ခ်က္ေတြကို ေကာင္းေကာင္းနားလည္ေစခ်င္မိတယ္…

credit…#မိန္းမဆိုတာ

Unicode

မိန်းမဆိုတာ…

ထမင်းဟင်း ချက်တတ်ရမယ်…

ဒါဟာ အမျိုးသမီးဖြစ်လို့ မဟုတ်ဘူး… ယောကျာ်းနဲ့ ကလေးတွေကို ချက်ကျွေးဖို့ မဟုတ်ဘူး။ လူတစ်ယောက်အနေနဲ့ လောကမှာ အသက်ရှင်နေထိုင်နိုင်ဖို့ တစ်ယောက်တည်းနေလည်း လုပ်ကို လုပ်တတ်ရမယ့် အရာဖြစ်လို့ပါ…

ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ရမယ်…

လင်ကောင်း သားကောင်းရဖို့ မဟုတ်ဘူး။ ကိုယ့်ဘဝ၊ ကိုယ့်ခံယူချက်နဲ့ကိုယ် ယုံကြည်ချက်ရှိရှိနဲ့ ဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ..

အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခုတတ်ကို တတ်ထားရမယ်…

လင်ယောကျာ်းကို ရှာကျွေးဖို့ မဟုတ်ဘူး။ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ဘဝတစ်ခုလုံးပုံအပ်ပြီး လောကအလယ်မှာ အားငယ်စွာ မနေထိုင်ရဖို့ပါ…

ဘာသာရေး ကိုင်းရှိုင်းရမယ်…

အိပ်ရာဝင်ခါနီးတိုင်း ယောကျာ်းကို ရှိခိုးဖို့ မဟုတ်ဘူး။ ဘဝမှာ ဘာအခက်အခဲပဲ ကြုံလာပါစေ၊ ဘာသာရေး အဆုံးအမကတစ်ဆင့် စိတ်ကို အများကြီး တည်ငြိမ်အေးချမ်းစေနိုင်ဖို့ပါ…

အိမ်မှုကိစ္စ ကောင်းမွန်စွာ စီစဉ် ကိုင်တွယ်နိုင်ရမယ်…

ယောက္ခမနဲ့ ယောကျာ်း ခိုင်းတာ လုပ်နိုင်ဖို့ မဟုတ်ဘူး။ ကိုယ်နေထိုင်တဲ့ အိမ်ကိုတောင် အစီအစဉ်တကျ သန့်ရှင်းသပ်ရပ်စွာ မထားနိုင်ပဲနဲ့ မိမိပတ်ဝန်းကျင်၊ မိမိအလုပ်၊ မိမိလူမျိုး တိုးတက်ပြောင်းလဲဖို့ ကောင်းစွာ အစီအစဉ်တကျ လုပ်နိုင်စွမ်းရှိမှာ မဟုတ်လို့ပါ…

လှပစွာ ပြင်ဆင်ဝတ်စားတတ်ရမယ်…

ကိုယ်ဟာ လှပစွာ တည်ရှိနေတယ်ဆိုတဲ့ စိတ်ဟာ ကိုယ့်ကို ယုံကြည်ချက်အများကြီး ပေးနိုင်လို့ပါ…

မနက်စောစော ထရမယ်…

ကိုယ့်ရည်မှန်းချက်တွေဆီမြန်မြန်ရောက်နိုင်အောင်အလုပ်တွေပိုမိုပြီးမြောက်အောင်၊ ရထားတဲ့ အချိန်ကလေးကို လုံလောက်စွာအသုံးချနိုင်ဖို့ပါ…

အလှူအတန်း ရက်ရောရမယ်…

ယောကျာ်းလှူသမျှကိုပါရမီလိုက်ဖြည့်နေဖို့မဟုတ်ဘူး။ ဘာကိုမှ မျှော်လင့်ခြင်းမရှိပဲ လွတ်လပ်စွာ လှူဒါန်းရခြင်းဟာ ကြီးမားတဲ့ မွန်မြတ်ခြင်းတစ်ခုဖြစ်နေလို့ပါ…

ဒါတွေ အားလုံးကို ယောကျာ်းတစ်ယောက်ကလည်း ကောင်းမွန်စွာ တတ်မြောက်ထားရပါမယ်။ ယောကျာ်း၊ မိန်းမ မို့မဟုတ်ဘူး… လူ တစ်ယောက် ဖြစ်နေလို့ပါ။

နေ့စဉ် လုပ်နေတဲ့အရာတွေက အကြောင်းအရာခြင်း တူရင်တောင် ရည်ရွယ်ချက်နဲ့ ခံယူချက် မတူရင် ဘဝတန်ဖိုးကတည်း တူမှာ မဟုတ်ဘူး….

တစ်ဖက်စောင်းနင်းတဲ့ အတွေးအခေါ်မျိုးက လူ့ပတ်ဝန်းကျင်ကို အကျိုးမပြုစေဘူး။ ကိုယ့်ကိုလောင်မြိုက်နေတဲ့ အရာတစ်ခုကို သူများလည်း လောင်မြိုက်ပါစေ ဆိုပြီး ဖြန့်ဝေနေခြင်းက ကြီးစွာသော အကုသိုလ် ဖြစ်စေပါတယ်

“လူ” ဆိုတာ တဏှာတစ်ခုတည်းအတွက် ရှင်သန်နေတာ မဟုတ်ဘူး… ကိုယ်ရှင်သန်နေတဲ့ ဘဝရဲ့တန်ဖိုးနဲ့ ရပ်တည်ချက်တွေကို ကောင်းကောင်းနားလည်စေချင်မိတယ်…

credit…#မိန်းမဆိုတာ

Be the first to comment

Leave a Reply

Your email address will not be published.


*